မြန်မာ့ ပညာရေးနှင့် ကျွန်တော့်အမြင်

in #myanmar6 years ago (edited)

မြန်မာ့ ပညာရေးနှင့် ကျွန်တော့်အမြင်



မြန်မာနိုင်ငံရဲ့ပညာရေးစနစ်က ကျရှုံးနေတယ်။ အောင်မြင်မှုမရှိဘူး။ဒါသင်
ဒါကျက်စနစ်ကိုပဲ သုံးနေတယ်။ စသဖြင့် အမျိုးမျိုးမြင်ကြပါလိမ့်မယ်။ဘွဲ့ရပေ
မဲ့ အလုပ်မရှိဘူး။ဒါကတော့ နိုင်ငံတော်မှာ လုပ်ငန်းတွေနည်းနေတယ်။တစ်
ဖက်ကလဲ ကျွမ်းကျင်ဝန်ထမ်းမရှိဘူး။အခုတော့ သက်မွေးကျောင်းတွေ ဖွင့်ဖို့
ကြိုးစားနေတယ်။မြန်မာလူမျိုးတွေကလဲ ဘွဲ့ရမှပဲ အထင်ကြီးတာကလဲ
ပြဿနာတစ်ခုပဲ။

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်က ကျောင်းသား၊ကျောင်းသူတွေကို လွတ်လပ်
စွာ တွေးတောခွင့်မပေးဘူး။ ဥပမာဆိုပါစို့။ ဆန္ဒန်ဆင်မင်းဇတ်လမ်းဆိုတာ
အပြင်မှာသာ ဖတ်ရရင် အတော်ဖတ်လို့ကောင်းတာ။ ဒါပေမဲ့ သင်ရိုးညွှန်း
တမ်း အနေနဲ့လဲ ပြဌန်းလိုက်ရော ဘယ်သူမှ မဖတ်ချင်ကြတော့ဘူး။ ဒီဇတ်
လမ်းက ပေးတဲ့ သင်ခန်းစာယူစရာ ဆင်ခြင်စရာ တွေကို ခေါင်းထဲမရောက်
  တော့ဘူး။ဆရာမ ဘယ်အချိန်နုတ် ချပေးမလဲ။ ဘယ်လိုကျက်ရမလဲ ဆိုတာ
ပဲ ခေါင်းထဲရောက်တော့တယ်။ ဒီဇတ်လမ်းက ပေးတဲ့ ရသတွေလဲ ဘယ်
 ရောက်သွားလဲ မသိတော့ဘူး။" အစွယ်ကို လိုသူမိဖုရား၊ အသွားစေခိုင်းသူ
မင်းဧကရာဇ်၊ လေးပစ်သူဘုရားကျွန်တော်မျိုး၊ ကြံဖော်ကြံဖက် သုံးယောက်
တွင်မှ ငမိုက်သားမုဆိုး နင်ချည့်ပင်သေ ပေတော့ဟု သတ်လျှင်လဲ သေရ
ပါတော့မည်' စသဖြင့် ရေးဖွဲ့တာတွေ အရမ်းကောင်းပါတယ်။ဘုရားလောင်း
ဆင်မင်းကို သတ်ဖို့အတွက် သကင်္န်းခြုံပြီးတော့မှ လုပ်ကြံတာကလဲ သင်ခန်း
စာယူစရာပါ။ သကင်္န်းခြုံတိုင်းလဲ သူတော်ကောင်းမဟုတ်ပါဘူး။ စူဠသုဘဒ္ဒါက
သူ့အပေါ်ကို ခါခြင်  ကောင်ကျလို့ဆိုပြီး အငြိုးထားခဲ့ပါတယ်။ မိန်းမနှစ်ယောက်
ရှိတဲ့ ဒုက္ခကိုခံစားမိပါတယ်။

တစ်ကယ်ဆို ဒီဇတ်လမ်းကို အလွတ်ကျက်ဖို့လိုလို့လား။ခံစားမှု ရသတွေကို
ခံစားဖို့၊ သင်ခန်းစာယူစရာ အတုယူစရာတွေကို အတုယူဖို့၊ကိုယ်တိုင်ခံစား
 ရေးဖွဲ့တတ်ဖို့ စတာတွေအတွက်ကိုပဲ ရည်ရွယ်ချက်ထား သင်ကြားပေးသင့်
ပါတယ်။
လွတ်လပ်စွာတွေးခေါ်မှုကို ပိတ်ပင်တဲ့နေရာမှာ မင်းတုန်းမင်းရဲ့ ငယ်စဉ်က
ငါးခြောက်ပြား ပျောက်သွားတဲ့ အကြောင်းကို စံထားပြောဆိုလေ့ရှိပါတယ်။
ကျောင်းသားရဲ့ တစ်မူထူးခြားနေတဲ့ အမြင်ကိုလက်မခံပဲနဲ့ ငါတွေးသလိုပဲ
တွေးရမယ်လို့ သင်ကြားပေးခဲ့တဲ့ ဆရာ တစ်ယောက် ကြောင့် ဘဝမှာ ရင်
နာစရာတွေ ကြုံခဲ့ ရတဲ့ ကျောင်းသားလေးတစ်ယောက်အကြောင်းကို ရေးဖွဲ့
ထားတာပါ။နောက်တစ်ပုဒ်ကတော့ တိုက်စစ်ဆိုတဲ့ ဝတ္ထုလေးပါ။ ဆရာမ
 လေးက ဘယ်လိုပဲဖြေထားထား သူ့လက်ထဲမှာ ပေးထားတဲ့ အဖြေနဲ့ မတူ
တာဆို အမှတ်မပေးဘူး ဆိုတဲ့ ဝတ္ထုပါ။ Osmosis အကြောင်းကို စာအုပ်ထဲ
မှာက မုန်လာဥနဲ့ သင်ထားတယ်။ ကျောင်းသားဖြေထားတာက အာလူးနဲ့
ဖြေထားတယ်။ဒီအတွက်မှားတယ်ဆိုပြီး အမှန်မပေးပဲထားပါတယ်။

နောက်တစ်ခုပြောချင်တာက ပုဂ္ဂိုလ်ခင်မှ တရားမင်တယ်ဆိုတဲ့ အကြောင်းပါ။
ကျောင်းသားဘဝကို လူတိုင်းနီးပါး ဖြတ်သန်းဖူးမှာပါ။ အဲ့ဒိမှာ ပိုက်သာဂိုရ
သီအိုရမ် ဆိုပြီး သင်ဖူးပါလိမ့်မယ်။ဒါပေမဲ့ ပိုက်သာ ဂိုရ ဆိုတာ ဘယ်သူလဲ
ဆိုတာ သိကြပါသလား။ သူ့ရဲ့ တီထွင်မှုတွေက အများကြီးပါ။ သူ့တပည့်တွေ
ကတော့ ပလေတို၊ အရစ္စတိုတယ်တို့ပဲဖြစ်ပါတယ်။ဒါပေမဲ့ ဘယ်သူမှ မသိ
ပါဘူး။အဲ့ဒိလိုပဲ အက်ဒီဆင်ဆိုတာဘယ်သူလဲ။ သူဘယ်လောက်တော်သလဲ
ဘယ်သူမှမသိပါဘူး။စာအုပ်ထဲမှာ ပါသလောက်ကိုပဲ ဆရာတွေကလဲ
သင်ကြတယ်။အဲ့ဒိအတွက် အလေးထားမှုက လျော့သွားပါတယ်။


ဘယ်လူပုဂ္ဂိုလ်ကိုမှ အထင်မကြီးအောင်လုပ်ထားတဲ့ ပညာရေးစနစ်ဖြစ်နေ
တာကလဲ ဒီပညာရေးစနစ်ကို ကျရှုံးစေခဲ့တယ်။ကျွန်တော်တို့မြန်မာတွေက
အထုပ္ပတိဆိုရင် မဖတ်သလောက်ပါပဲ။ပိုက်ဆံတွေကိုပဲ ကြည့်လေ။ကမ္ဘာ
 ပေါ်မှာ မြန်မာနိုင်ငံတစ်ခုပဲ တိရိစ္ဆာန်ပုံနဲ့ထုတ်ပါတယ်။ အလေးထားစရာ၊  
အတုယူစရာ လူမရှိအောင်လို့လုပ်ထားတာပါ။ကျွန်တော်ငယ်ငယ်က စာ
စီစာကုံးတစ်ခုထဲမှာ ဦးသန့်လိုစာများများဖတ်ဖို့ ရေးထားပါတယ်။ဦးသန့်
ဆိုတာ ဘယ်သူလဲ။ အခုခေတ်လူတွေသိကြတော့မှာ မဟုတ်ပါဘူး။ဦးသန့်
ဆိုတာ ကုလသမဂ္ဂ အတွင်းရေးမှုး နှစ်ကြီမ်ဆက်တိုက်ဖြစ်ဖူးတယ်။ မြန်မာ
နိုင်ငံမှာ ဒီလိုလူမျိုးတွေရှိခဲ့ဖူးတယ်ဆိုတာ လူအတော်များများ မသိကြတော့
ဘူး။ ဆရာတွေ ဆရာမတွေကလဲ ပြောပေးဖို့လိုပါတယ်။ဥပမာ ဦးသန့်လို
စာများများဖတ်ဖို့၊ဗိုလ်ချုပ်အောင်ဆန်းလို နိုင်ငံချစ်စိတ်ရှိဖို့ စသဖြင့်ပေါ့လေ။
ဗိုလ်ပီတာ ဆိုရင်လဲ ဘယ်သူမှန်းသိကြမယ် မထင်တော့ပါဘူး။ သူ့
အကြောင်းတော့ မရေးတော့ပါဘူး။တစ်ကယ်လို့ မြန်မာ့ပညာရေးတိုးတက်
ချင်ရင် လူငယ်တွေကို သူတို့ အထင်ကြီး လေးစား အတုယူရမည့် သူတွေ
ရှိလာအောင် လုပ်ပေးဖို့လိုတယ်လို့ထင်ပါတယ်။


@originalworks

upvote

Written by @ptcmyanmar
MSC 095

Reference link : 1, 2

Sort:  

I like this post

ဟုတ်တယ်ဗျ၊ပညာရေးကတခုခုတော့လုပ်မှရတော့မယ်။

မှန်ပါရဲ့ဗျာ

ကလေးတွေကိုအရေးမထားတာ ခုချိန်ထိလို့ပြောရမယ်ထင်တယ်ဗျ

စာ​မေးပွဲ​အောင်​ဖို့အတွက်​ချည်းမဟုတ်​ဘဲ...တကယ်​တတ်​​​မြောက်​ပြီးအသုံးချနိုင်​ဖို့ဦးစား​ပေးသင့်​တယ်​လို့ထင်​တယ်​။

Congratulations! This post has been upvoted from the communal account, @minnowsupport, by ptcmyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews/crimsonclad, and netuoso. The goal is to help Steemit grow by supporting Minnows and creating a social network. Please find us in the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

This post has received a 2.39 % upvote from @buildawhale thanks to: @ptcmyanmar. Send at least 1 SBD to @buildawhale with a post link in the memo field for a portion of the next vote.

To support our daily curation initiative, please vote on my owner, @themarkymark, as a Steem Witness

ဒါသင်ဒါ ကျက် စနစ်ထက် ... အကြောင်းအရာကို သင်ပေး ကိုယ်တိုင် research လုပ်ပြီး နားလည် စေတဲ့ စနစ်ကို ပြောင်းသင့်နေတာကြာပါပြီ။ အဲဒီလို လုပ်ပေးဖို့က သင်ပေးတဲ့ ဆရာဆရာမ တွေကိုက အရည်အသွေး အရည်အချင်း ပြည့် မှ ဖြစ်နိုင်မှာပါ။

yes. I agree.

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70733.96
ETH 3563.16
USDT 1.00
SBD 4.76