သံယောဇဉ်

in #myanmar6 years ago

သံယောဇဉ်ဆိုတာ ဖြတ်ရခက်သည့်အရာဟုသာ သိထားပေမယ့် ပြတ်ချိန်တန်ရင်တော့လည်း အလိုလိုပြတ်သွားပြီး ကိုယ်ကအထူးတလည် ဖြတ်ရန်ပင်မလိုခဲ့ပါ ။

သံယောဇဉ်ဆိုတာ ဘာဆိုတာကို မိမိရရ လက်ဆုပ်ကိုင်ပြလို့  မရတော့လည်း ပုံသဏ္ဍာန်ဘယ်လိုရှိပြီး ဘာအရောင် ဘယ်အရွယ်အစားဆိုတာကိုလဲ မသိရပါ ။ ပြောရမယ်ဆို auto ဖြစ်နိုင်ပြီး auto အလိုလိုပျောက်နိုင်သော အရာတခုလို့ ထင်မိတယ် ။

1469130_S.jpg

crd image source

ကျနော် ပုံမှန်သွားနေကျ စားနေကျ အလုပ်လုပ်နေကျ နေရာတွေဟာ ကျနော်အတွက် ပုံမှန်မြင်တွေ့ဆက်ဆံနေကျနေရာတခုပေါ့ ။ အဲ့ဒီပတ်ဝန်းကျင်မှာရှိတဲ့ မြင်နေတဲ့လူတွေဟာလည်း ကျနော်ပြောဆိုနေကျ ပုံမှန်ပါဘဲ ။

ကျနော်အလုပ်ပြန်တိုင်း ဘတ်စ်ကားအတူစောင့်နေကျလိုလို ဖြစ်နေခဲ့တဲ့ဦးလေးတယောက်ရှိတယ်ဗျ ။ သူနဲ့က အမြဲမဆုံတတ်ပေမယ့် ဆုံတဲ့ရက်ကများနေခဲ့တယ်ပေါ့ ။ သတိထားမိရုံလောက်တော့ ကျနော့်စိတ်ထဲမှတ်ထားမိတယ် ။

2564314_S.jpg

crd image source

ကျနော်ဒီနေ့ ပြန်ချိန်မှာ သတိထားထားမိတာက ဒီနေ့ အပြန်မှာ ဘတ်စ်ကားစောင့်တာ ဦးလေးကို ကျနော်မတွေ့မိဘူး ။ နောက်နေ့အပြန်မှာလဲ ဦးလေးကို ထပ်ရှာမိတယ် ။ မနေ့ကမတွေ့တဲ့စိတ်က ကျနော်ကို သတိပေးနေသလိုဖြစ်လို့  ကျနော်သတိထားရှာကြည့်မိတာပါ ။

၂ရက်မြောက်မဆုံဖြစ်တဲ့ဦးလေးကို ပထမရက်က မဆုံဖြစ်သလိုဘဲ သူအစောပြန်သွားတာဘဲဖြစ်မှာလို့  စိတ်ထဲဖြေသိမ့်ရင်း ကိုယ့်အိမ်ကိုယ်ပြန်လာခဲ့တယ် ။ ဒါပေမယ့် မနက်ဖြန်ကျနော်အလုပ်ကို စောပြန်မယ်စိတ်ကူးမိခဲ့တယ် ။

1567903_S.jpg

crd image source

၃ရက်မြောက် စောပြီးအလုပ်ပြန်တော့လည်း အဲ့ဒီဦးလေးကို တွေ့မလားစိတ်နဲ့ ကျနော်စောင့်ရင်း ဘတ်စ်ကားတွေမစီးဘဲ စောင့်နေခဲ့တာ ပုံမှန်အိမ်ပြန်ချိန်ထက်ကို နောက်ကျတဲ့အထိဆိုပါတော့ ။ ကျနော်စောင့်ခဲ့ပေမယ့် မလာပါဘူး ။

ကျနော့်စိတ်ထဲမှာ ဦးလေးကြီးအတွက် ဘာမှမဆိုင်ဘဲ ပူပန်မိလာတယ် ။ ဦးလေးကြီးနေမကောင်းလို့ လား ? အလုပ်များပြောင်းသွားတာလား ? စသည်ဖြင့် ဦးလေးကြီးတော့ မသိဘူးဗျာ ကျနော်တော့ တွေးပူပေးနေမိတာ ။

အလုပ်အပြန် ဘတ်စ်ကားအတူစီးနေကျလူတယောက်ကို မတွေ့မိတာနဲ့ ကျနော့်မှာ ဘယ်ကဘယ်လိုဝင်လာတဲ့ သံယောဇဉ်လဲမသိပါဘူး ပူပန်နေမိတာ ။ သွေးမတော်သားမစပ်ဘဲ စိတ်ပူပေးနေခဲ့ရတယ် ။

နောက်ရက်တွေမှာလည်း ကျနော့်စိတ်က ရှာနေမိတော့ ကိုယ့်စိတ်ကို ထိန်းရင်း သတိပြန်ထားနေရတယ် ။ ညနေအလုပ်ပြန်တော့ ဦးလေးကြီးနဲ့ဆုံတုန်းက မေးထားတဲ့သူ့ အလုပ်ဆီကို ကျနော်သွားမေးတဲ့ထိပါဘဲ ။ မေးလိုက်တော့ အကြောင်းစုံသိနိုင်မယ်လေ ။

3053945_S.jpg

crd image source

ဦးလေးကြီးအလုပ်ဆိုင်က ပြောလိုက်တာက အလုပ်ပြောင်းသွားတာမဟုတ် မြန်မာပြည်ကို အပြီးပြန်သွားကြောင်းပြောပြလိုက်ပါတယ် ။ အဲ့လိုကြားလိုက်ရတော့ ကျနော့်ပူပေးနေတဲ့စိတ်တွေဟာ လျော့ကျခဲ့ပြီး ဦးလေးကြီးအတွက် စိတ်ချသွားခဲ့တယ် ။

နောက်နေ့တွေမှာ ကျနော်ဘတ်စ်ကားစောင့်တော့ ထူးဆန်းတာက ဦးလေးကြီးကို ကျနော်မစောင့်မိတော့သလို သတိမထားလဲမထားမိတော့တာ တပတ်လောက်တောင်ရှိနေပြီဘဲ ။ ဒါဟာ သံယောဇဉ်ဖြစ်မိနေတဲ့ ဦးလေးကြီးဟာ သူ့ နေရာ သူ့ အိမ်မှာ ရှိနေတယ်လို့  ကျနော်စိတ်အေးစွာ သိခဲ့ရတော့ ပူပန်တဲ့စိတ်တွေမရှိတော့ဘဲ သံယောဇဉ်ဟာလဲ အလိုလိုပျောက်သွားခဲ့ရတာလို့  ထင်မိတယ် ။

432563_S.jpg

crd image source

သူဟာ ကျနော်ရှိနေတဲ့နေရာမှာ မနေတော့တာရယ် သူနဲ့ကျနော်ဟာ နိုင်ငံတခုဆီမှာရှိနေတယ်ဆိုတာရယ် အခုအချိန်မှာ ဘယ်လိုမှ ဘတ်စ်ကားအတူစီးလို့ မရနိုင် မဖြစ်နိုင်ဘူးဆိုတဲ့တွေက ဦးလေးကြီးအပေါ်မှာ ဖြစ်နေတဲ့သံယောဇဉ်ကို အလိုလိုဖြတ်တောက်သွားလိုက်တာလို့ ထင်မိတယ် ။

နောက်ဆုံးကျနော်မှတ်ယုမိတာက လူတိုင်းဟာ ကိုယ့်ဆွေမျိုးမိဘနှင့် အပေါင်းအသင်းမိတ်ဆွေများ အပေါ်မှာ အတူနေထိုင်ကြရာက သံယောဇဉ်ဖြစ်မိပြီး ပူပင်သောကရောက်ကြရတာကို နားလည်းမိလာတယ် ။ ကျနော့်မှာ ဘာမှမဆိုင်တဲ့ ဘတ်စ်ကားအတူစီးမိတဲ့ဦးလေးကြီးကို ပူပန်နေမိတော့ သားသမီးများကို ပူပန်နေသောမိဘများ အတွက်က ပြောစရာပင်ရှိမည်မထင်တော့ပါ ။

@paingheinkyaw ( author )

Sort:  

ဖတ်နေတဲ့သူတောင် ဦးလေးကြီးဘာများဖြစ်လို့ပါလိမ့်လို့ စိတ်ပူသွားမိပါတယ်..။ တော်သေးပါရဲ့နော် မြန်မာပြည်ပြန်သွားတယ်ဆိုလို့ ။

ဟုတ်တာပေါ့ဗျာ ကျနော်လဲအဲ့လိုပူခဲ့ရတာ

Hi LOVE YOUR POST MAN!!! LIKE MY POST TOO!!!!! HERE IS THE LINK: https://steemit.com/bots/@abusereports/last-minute-upvote-list-2018-05-02

This post, with over $50.00 in bidbot payouts, has received votes from the following:

buildawhale payout in the amount of $24 STU, $50 USD.
appreciator payout in the amount of $14 STU, $30 USD.
smartsteem payout in the amount of $11 STU, $24 USD.
rocky1 payout in the amount of $8 STU, $16 USD.
upme payout in the amount of $6 STU, $12 USD.

For a total calculated bidbot upvote value of $63 STU, $132 USD before curation, with approx. $16 USD curation being earned by the bidbots.

This information is being presented in the interest of transparency on our platform @paingheinkyaw and is by no means a judgement of your work.

ဖြတ်ရခက်တဲ့ သံယောဇဉ်ပါပဲလေ။ ဦးလေးကြီးကို စိတ်တောင်ပူမိတယ်။

တစ်ချောင်ငင်နဲ့ နှစ်ချောင်းငင်မှားတာတွေ၊ သတ်ပုံအချို့ကျနေတာလေးတွေတော့ရှိတယ်ဗျာ။ တင်ပြပုံကောင်းတဲ့ post လေးတစ်ခုပါ။

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 66441.00
ETH 3217.31
USDT 1.00
SBD 4.22