Super Sunday

in #myanmar6 years ago

ကျနော့်အတွက် ဒီတပတ် super sunday ကတော့ ကျနော့်သူငယ်ချင်းမိသားစုဖြစ်တဲ့ဆီကို အလည်သွားရောက်ခဲ့ပါတယ် ။

မန်းလေးမှာလည်း သူနဲ့အတူက သွားအတူစားအတူ တမြို့ထဲနေသူငယ်ချင်းပါ ။ UK မှာ ကျောင်းတက်မယ်ဆိုတော့လဲ သူနဲ့ကျနော် အတူတူလာဖြစ်ပြီး သူက အခုဒီမှာအိမ်ထောင်ကျပြီး သားသမီးတွေရနေလေပြီ ။

received_2009474299275215.jpeg

ကိုယ့်နိုင်ငံမှာနေတာမဟုတ်တော့ ရှိတဲ့သူငယ်ချင်းကို မိသားစုဆွေမျိုးအစစ်လို ခင်မင်ရတာပေါ့ ။ ငယ်ပေါင်းသူငယ်ချင်းဖြစ်တော့ ပိုပြီးခင်ရသလို တကယ့်ညီကိုတွေလိုလဲ နေလာခဲ့ကြတာ ဆယ်စုနှစ်ကျော်လာခဲ့ပါပြီ ။

ကျနော်ရောက်တော့ သူ့ အမျိုးသမီးက မြန်မာထမင်းဟင်းချက်ကျွေးဘို့  မီးဖိုချောင်ဝင်ပြီး ကလေး၂ယောက်ကလဲ ကျနော့်ကို ခနနှုတ်ဆက်ပြီး ဆော့နေကြတယ် ။ ကျနော်တို့ ၂ယောက်ကတော့ မြန်မာပြည်မှာ ငယ်ငယ်က ဆိုးခဲ့တာတွေပြန်ပြောရင်း ရီကြမောကြပေါ့ဗျာ ။

received_2009474292608549.jpeg

ကျနော်တို့  မန်းလေးအိမ်မှာနေတုန်းကလိုဘဲ ဂစ်တာတီးကြ သီချင်းဆိုကြနဲ့ စားကြသောက်ကြပေါ့ ။ ကိုယ့်ရပ်ရွာကိုလဲ လွမ်းမိသလိုလိုဖြစ်နေကြပြီး ပြန်ချင်တဲ့စိတ်တွေလည်း ဖြစ်နေမိတယ် ။

ပျော်ရာမှာမနေရဘဲ တော်ရာမှာနေရတော့လည်း အလိုက်သင့်နေထိုင်တတ်အောင် ကြိုးစားခဲ့လို့  ကျနော်တို့ နေသားတကျဖြစ်နေခဲ့ပါပြီ ။

received_898250990354752.jpeg

ညနေစောင်းတော့ ကျနော်ပြန်တော့မှာ နှုတ်ဆက်ရင်း သူငယ်ချင်းမိသားစုနဲ့ အမှတ်တရဓာတ်ပုံရိုက်ပြီး ပြန်လာခဲ့တယ် ။ ကလေးတွေနဲ့မိသားစုတခုဖန်တီးထားတဲ့ ကျနော့်သူငယ်ချင်းရဲ့ ပျော်ရွှင်စရာမိသားစုလေးဟာ နှုတ်ဆက်ရင်း စိတ်မကောင်းဖြစ်ကြသလို ကျနော်လည်းစိတ်ထဲ ခံစားရတယ် ။

သူများနိုင်ငံမှာနေတဲ့ မြန်မာပြည်က အရင်းနှီးဆုံးသူငယ်ချင်းဆိုတော့လည်း နှစ်ဦးလုံးပြန်တွေ့ချိန်မှာ အိမ်ကိုလွမ်းတဲ့စိတ်လေးတွေ ဖြစ်မိတာမျိုးပေါ့ ။

2424782_S.png

crd image source

ဒီတပတ် စူပါဆန်းဒေးရဲ့ အမှတ်တရပေါ့ဗျာ ။

@paingheinkyaw

Sort:  

You got a 1.54% upvote from @postpromoter courtesy of @ionlysay!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

မြန်မာစာအသုံးမှာ ခဏ လို့သုံးပါတယ်၊ ရီမောမစား ရယ်မော၊ ရယ်ရယ်မောမော လို့သုံးသင့်ပါတယ်ဗျာ။

ဟုတ်ကဲ့ ဆရာ

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 64060.81
ETH 3129.62
USDT 1.00
SBD 4.17