Health

in #myanmar6 years ago

ကျန်းမာရေးသည် အသပ်ရှင်နေထိုင်ကြသော သူအားလုံးအတွက် အရေးပါလှပါတယ် ။ ကျန်းမာခြင်းသည် လာဒ်တပါးဟု ဆိုထားကြပါတယ် ။

2150140_S.png

credit image source

ကျန်းမာရေးကောင်းနေစဉ်အချိန်မှာ သတိမပြုဘဲ -- -- * ကျန်းမာရေးနှင့် မညီညွတ်သောအစားအစားများကိုစားခြင်း

  • ကျန်းမာရေးကို ထိန်းသိမ်းခြင်းမပြုဘဲ အိပ်ချိန်မမှန် စားချိန်မမှန်ကြဘဲ အလုပ်ကိုလွန်ကဲစွာလုပ်ခြင်း

  • ကျန်းမာရေးကောင်းမွန်အောင် အထောက်အကူဖြစ်စေတဲ့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းများ မပြုလုပ်ခြင်း

စတဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းမွန်တဲ့အချက်များကို မေ့ထားပြီး ကိုယ်စီကိုယ်ငှ အကြောင်းအမျိုးမျိုးတွေကြောင့် အလုပ်လုပ်ကြရ ငွေရှာရကြပါတယ် ။

1884784_S.jpg

credit image source

ကျန်းမာရေးလေးက ဖောက်လာပြီး နေမကောင်းဖြစ်လာတော့မှ ဆေးခန်းပြေး ဆေးထိုးကြ တာများပါတယ် ။ ဒါကလဲ ကိစ္စကိုယ်စီ ကိုယ့်အကြောင်းနဲ့ကိုယ်ဖြစ်သောကြောင့် ဝေဖန်ခြင်းမပြုလိုပါ ။

ဆိုလိုခြင်တာက ကျန်းမာရေးကောင်းတုန်း ဖိလုပ်ထားသမျှ ရှာထားသမျှတို့ သည် သူ့ အချိန်နှင့်သူ အလုပ်လုပ်သည်ထက်ပိုလုပ်ထားခဲ့ခြင်းကြောင့် ကျန်းမာရေးကို ထိခိုက်လာပြီး နေမကောင်းဖြစ်တော့ ထိုအလုပ်ကို ဆက်မလုပ်နိုင်ဘဲ အနားယူရတာပါဘဲ ။

3233158_S.jpg

credit image source

အဲ့ဒီတော့ အအိပ်ပျက် အစားပျက်ခံပြီးရှာထားတာတဲ့ငွေဟာလည်း ဆေးကုဘို့ ဖြစ်သွားသလို အနားယူလိုက်ရတဲ့ရက်တွေဟာလည်း အချိန်ပုပ်သွားတာပါဘဲ ။

ပုံမှန်အိပ်ချိန်အိပ် စားချိန်စားပြီး အလုပ်ကိုလဲ ပုံမှန်လုပ်သွားခဲ့ရင် ကျန်းမာရေးဟာလည်း ဆိုးဆိုးရွားရွားတော့ မထိခိုက်နိုင်ပါဘူး ။

ခန္ဓာရှိထားတဲ့အတွက် ကျန်းမာရေးကလည်း ကောင်းခြင်း ဆိုးခြင်းဆိုတာတော့ရှိမှာပါ ။ မဖြစ်သင့်ဘဲ ဖြစ်ရတာမျိုးကို ကျနော်ဆိုလိုခြင်းပါ ။ ဆင်ခြင်နေထိုင်လို့  ကျန်းမာရေးကို ဂရုတစိုက်နဲ့ နေထိုင်ကြရင် ကောင်းမယ်ပေါ့ ။

3269653_S.jpg

credit image source

ကိုယ်အသက်ရှင်သရွေ့ ကိုယ့်အတွက်နဲ့ ကိုယ်မိသားစုအတွက် စတဲ့ အလှူအတန်းအတွက် ငွေဆိုတာ ရှာနေကြရမှာပါ ။ တရက်ထဲ မအိပ်မစား ရှာဖွေလို့  တသက်လုံးပြီးသွားတာမှ မဟုတ်တာ ။

ဒါကြောင့်

  • ငွေကိုလည်းရှာပါ

  • အလုပ်ကိုလဲ အချိန်နဲ့အချိန်လုပ်ပါ

  • စားချိန်အိပ်ချိန်မှန်ပြီး ကျန်းမာရေးကိုလည်း ဂရုစိုက်ပါ

  • ကျန်းမာရေးသည် ကိုယ်ရှာဖွေထားသော ငွေနဲ့ဝယ်မရသည့်အတွက် ကျန်းမာရေးကောင်းတုန်းမှာ ဆင်ခြင်နေထိုင် ရှာဖွေကြစေလိုပါသည် ။

2114313_S.jpg

credit image source

@paingheinkyaw ( author )

Sort:  

စောင်းမပြောနဲ့ တည့်တည့်ပြော

ဟားး ဟုတ်တယ်ဆရာ အဲ့လိုပြော

မပြောရဲဘူးခမျ ခိခိ

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 63607.88
ETH 2506.13
USDT 1.00
SBD 2.59