“ဝေအတူ ကြွေအတူ”

in #myanmar6 years ago

38446285_460845687723422_2499775355452129280_n.jpg

“ဝေအတူ ကြွေအတူ”

တကယ်တော့ကျွန်တော်အခုရေးသည့် စာတစ်ပုဒ်ဟာ လွန်ခဲ့တဲ့နှစ်လက အစပျိုးရေးသား ထားခြင်းပါ။ ထိုလွန်ခဲ့သည့် လက အချိန်ကို ပြန်ပြောရလျင် ကျွန်တော်တို့ MSCမှာ တစ်ဦးနှင့်တစ်ဦး၊ တစ်ယောက်နှင့်တစ်ယောက် နားလည်မှုများလွဲမှားကြ၊ စည်းလုံးမှုများ လျော့ရဲလာကာ ၀ါးအစည်းပြေသလို တစ်ကွဲတစ်ပြား ဖြစ်နေသည်ကြသည်ဟုကျွန်တော် မြင်မိသည်။ ဒါကြောင့်ပင် MSCအဖွဲ့ကြီး ပြန်လည်စည်းလုံးရေးအတွက် တစ်စုံတစ်ခု အထောက်အပံ့ရလိမ့်မည်ဟု မျော်မှန်းကာ ကျွန်တော်ဒီစာလေးကိုရေးသားခဲ့ပါသည်။

ကျွန်တော် ကွီးရွှေ တစ်စုံတစ်ခုကို တင်ပြလိုလျင် နီးစပ်ရာ၊ တူရာတူရာအကြောင်း ပမာပုံဆောင် ဥပမာလေးများနှင့် တင်ပြတတ်သည်ကို အများသိကြသည့်အတိုင်း ယခုလည်း ပုံပမာဆောင်ကာ ပြောပြပါဦးမည်။

တခါတုန်းက ဖြူကောင်ငယ်လေးများ နေထိုင်ရာတောအုပ်မှာ ရာသီဥတုဆိုးရွားလွန်းသော အလွန်အေးသည့် ကပ်ဘေးကြီးတစ်ခု ဆိုက်ရောက်လေတယ်။ ဆိုးရွားသော ဆောင်းရာသီ အတွင်းတွင် ဖြူကောင်ငယ်များဟာ ရာသီဥတုဒဏ်ကို မခံစားနိုင်ကြပဲ တစ်ကောင်ပီး တစ်ကောင် တဖြုတ်ဖြုတ်နှင့် သေကုန်ကြလေသည်။ ထိုအခါ အတွေ့အကြုံရှိသော အသက်ကြီး ဖြူကောင်ကြီးများက ဒီလိုနေလျင် ငါတို့ဖြူကောင်များ မျိုးပြုတ်လိမ့်မည် အေးလွန်းသည့် ဆောင်းရာသီဒဏ်ကို ကာကွယ်နိုင်ရန် ငါတို့အချင်းချင်း အနွေးဓါတ်ရရန် နီးနီးကပ်ကပ် နေထိုင်မှဖြစ်တော့မည်ဟုဆုံးဖြတ်ကြလေသည်။

ဖြူကောင်.jpg
Credit Image Source

ထိုဆုံးဖြတ်ချက်အတိုင်း ဖြူကောင်တို့သည် အချင်းချင်းနီးနီးကပ်ကပ် နေထိုင်ကြသည့်အခါ တိုသော၊ ရှည်သော၊ ချွန်သော အမျိုးမျိုးသော သူတို့၏ အထူးပြုအမွှေးအတောင် များကြောင့် အချင်းချင်း ထိခိုက်နစ်နာခြင်းဖြစ်ကြရလေသည်။ ထိုအခါ အနွေးဓါတ်ရ သော်လည်း ဆူးတောင်များကြောင့် ထိခိုက်နစ်နာမိကြသည်ကို သည်းမခံနိုင်၊ ခွင့်မလွှတ်နိုင်၊ မခံစားနိုင်ကြသော ဖြူကောင်အချို့မှာကား အုပ်စုနှင့်သီးခြားဝေးရာ၍ နေကြလေသည်။ သို့သော် ထိုဖြူကောင်တို့မှာ ဆိုးရွားသောအအေးဒဏ်ကို မခံစားနိုင် ဖြစ်လေရကား ဆောင်းနှင်းတော အအေးထဲတွင် သေပွဲဝင်ကြရလေသည်။

ထိုအခြင်းအရာကိုကြည့်၍ ကျန်သောဖြူကောင်အုပ်စုသည် အချင်းချင်း ထိမိခိုက်မိသည့် မပြောပလောက်သည့် အနာအဆာလေးများကို သည်းခံ၍နေထိုင်မှသာ အသက်သေခြင်းမှ လွတ်မြောက်နိုင်သည်ကို ပို၍သိရှိမြင်တွေ့ကြရသည်။ နီးကပ်စွာနေခြင်းမှ အနွေးဓါတ် ကိုပိုမိုရရှိသလို ဒီလိုနီးကပ်စွာနေထိုင်ခြင်းကြောင့် ရလာသည့်ဒဏ်ရာလေးများကို သည်းခံကြရမည်၊ လက်ခံကြရမည်၊ နောက်ဆုံးကုန်ကုန်ပြောရလျင် ထိုဒဏ်ရာ လေးများ ကိုပင် ချစ်တတ်လာကြရမည်။ ထိုသို့ အချင်းချင်း ချစ်ခင်ရမည်၊ အနွံတာခံရမည်၊ သည်းခံရမည်၊ ချစ်တတ်ရမည်ဆိုသည့် အသိများရှိလာကြပီးနောက်တွင် ဖြူကောင်အုပ်စု လေးသည် ဆိုးရွားသော ဆောင်းရာသီကို ကျော်လွန်ဖြတ်သန်းနိုင်ကြလေတော့သည်။

စည်းလုံးခြင်း.jpg
Credit Image Source

ဤပုံဆောင်ဝတ္ထုလေးသည် အိမ်နီးခြင်း၊ မိတ်ဆွေသင်္ဂဟ၊ အပေါင်းအသင်း၊ ဆွေမျိုးညာတိ၊ အသင်းအဖွဲ့၊ လူမျိုးစု၊ တော၊ မြို့၊ နိုင်ငံမှသည် ကမ္ဘာလုံးဆိုင်ရာ လူသားများအားလုံး လက်ကိုင်သုံး ကျင့်ထုံးတစ်ရပ်ဖြစ်ကြောင်း စာပေနယ်ပါယ်အသီးသီးတွင် ရေးသားဖော်ကြူး ခဲ့ကြပြီးဖြစ်သည်။ ကျွန်တော်မှ ထပ်ဆင့်တဖန် တင်ပြပေးခြင်းဖြင့် ကျွန်တော်များ MSCညီအကိုမောင်နှမများအားလုံးသည် ဆိုလိုသည့်အဓိပ္ပါယ်ကို သိရှိနားလည်ကြမည်ဟု မျှော်လင့်ပါသည်။

ဒီပုံဝတ္ထုလေးကနေ ကျွန်တော်ဘာရလိုက်လဲဆိုတော့ ပြည့်စုံသောအရည်အချင်းနှင့် လူတိုင်းလူတိုင်း မရှိနိုင်သလို၊ တစ်ယောက်အားနည်းချက်ကို တစ်ယောက်ချစ်ခင်၊ လက်ခံတတ်ဘို့လိုသည်ဆိုတာကို ရရှိခဲ့ပါတယ်။ စည်းလုံးမှုသည် ခွန်အားကိုဖြစ်စေသလို၊ ချစ်ခင်ခြင်း မေတ္တာဓါတ်ကိုလည်း ဖြစ်စေနိုင်တာကို တွေ့ရှိခဲ့ရပါတယ်။ ဒါတွေအားလုံး ကျွန်တော်တို့ MSC မှာ ပြည့်စုံနေပြီလို့ ယုံကြည်ပါတယ်။

ယခုဆိုလျင် စည်းစည်းလုံးလုံးနှင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ယုံကြည်ချက် ထားပေးကြကာ ရရှိလာသော ဒဏ်ရာအနာလေးများကို ချစ်တတ်ကြသော MSCအဖွဲ့ သားများ ဖြစ်နေကြပြီဟု ကျွန်တော်ကွီးရွှေ မြင်မိပါသည်။ ပရိုမိုးရှင်းရရန်စာတွေ ရေးတင်ကြ၊ လွတ်လပ်စွာဝေဖန်ကြ၊ ကွန်မန့်များ ပလူပျံအောင် ပြောဆိုဆွေးနွေးနေကြ၊ ချစ်ကြခင်ကြ၊ အနွံတာခံကြ၊ တယောက်မှားလျင်တယောက်ဖေးကူကြ၊ အခက်အခဲရှိလျင် ၀ိုင်းဝန်းကြံ ဆောင် အဖြေရှာကြ။ ထိုသို့ လမ်းစဉ်ဖြင့် ကျွန်တော်များ အတူတကွ လျောက်လှမ်းနေကြပြီဟု ယုံမှားသံသယမရှိ မှတ်ယူလိုက်ပါသည်။

ကျွန်တော်တို့သည် “ဝေလဲအတူ ကြွေလဲအတူ” ပေါ့။

steemit MSC photo.png

DQmSDxjJoaopWgDwuEVTeLtfPdjCdqHdchc2NLYyj6yQe8c.png

Writer >>>@nyinyiwin(Steemit) MSC-006

Writing End Time >>> 12:30 AM (25.8.2018)

#Myanmar #Community #Unity #Literature #Writing

DQmSDxjJoaopWgDwuEVTeLtfPdjCdqHdchc2NLYyj6yQe8c.png

Sort:  

ပုံဆောင်ကောင်းသည် လေးစားဖွယ်ရာပင်...

ဟုတ်ကဲ့ ကိုဘီလျံရေ ကျနော်လဲ သိမှတ်ဖူးတာလေးတွေနဲ့ တဖက်တလမ်းကနေ တင်ပြပေးနေရတာပဲဗျာ။ အားပေးနေလို့

ဟုတ်တယ်အကို။ဘယ်သူမှပြည့်စုံတယ်ဆိုတာမရှိ။အချင်းချင်းညီညွတ်ပြီး အတူတူလက်တွဲကာ လျောက်လှမ်းမှသာ အောင်မြင်မှုပန်းတိုင်းကိုရောက်မယ်အကို

ဒါပေါ့ဗျာ အတူတူ နီးနီးကပ်ကပ်နေရင်နွေးထွေးပါတယ်ဗျာ့။

MSC ကို မွီးမထက် ပိုချစ်နေလို့နော် ဟွန့်

ချစ်ပါ ချစ်ပါ များများချစ်ပါ ငဒိုရေ

mscက လူဒိုင်း လူဒိုင်းဟာ မိသားစုဝင်တွေလိုပါဘဲ သည်းခံစိတ် နားလည်တက်တဲ့ စိတ်တွေနဲ့ steemခရီးရှည်ကြီးကို ကြိုးစားပန်းစား လျှောက်လှမ်းနေကျပါတယ်

ဟုတ်ပါတယ် မစုလှိုင် ဒါမှသာ ရေရှည် လျောက်လှမ်းနိုင်ကြမှာပါ။

သည်းခံချစ်ခြင်းမေတ္တာနှင့်စည်းလုးံကြလျှင်အရာရာအောင်မြင်နိုင်ပါသည်

မှန်တာပေါ့ဗျာ။

စေတနာကောင်းမွန်တဲ့ စာတစ်ပုဒ်ပါ

ဟုတ်ကဲ့ ကိုစောရေ အားပေးလို့ ပျော်တယ်ဗျာ။

အရမ်းကို ချစ်ဖို့ကောင်းတဲ့ ပုံပမာလေး အရမ်းကိုချစ်သွားပြီ ကွီးရွှေရေ...

ဟား ကောင်လေး နောက်ရဘူးလေ အဲလို အရမ်းချစ်သွားပီလို့ ပြောရဘူးလေ အမလေး ပြောရင်း ကြက်သီးထတယ် ငိငိ။

ဟိဟိ ဆရာတင်က ချစ်ရမယ်ဆိုဆို့ 😁😁😁

အမငီး သတိထားပီး ချစ်ပါကွယ် ။ အချစ်ကြမ်းထာ ။

Congratulations! This post has been upvoted from the communal account, @minnowsupport, by nyinyiwin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ကူညီ ဖေးမ နားလည် သည်းခံကြရမှာပေါ့ ဝေလည်း မွှေး ကြွေလည်း မွေး ပါရစေလား ကွှီးရွှေရေ ☺☺☺

ဟုတ်ပ ဟုတ်ပ ။

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70541.68
ETH 3582.21
USDT 1.00
SBD 4.74