“အတူလှမ်းကြရာဝယ်”

in #myanmar6 years ago

IMG_20171211_182328.jpg

“အတူလှမ်းကြရာဝယ်”

တစ်နေ့နှင့် တစ်နေ့ ကျွန်တော်များ စတီးမစ်ယူဆာများ မောပန်းနေကြပီလား၊ ခြေကုန်လက်ပန်းကျ လာကြပီလား၊ အရေးအတွေးတို့ အနယ်ထိုင်သွားကြလေပီလားမသိ ယခုတစ်လော စတီးမစ် ရေယာဉ်ကြောဝယ် ပိုစ်လေးများ အတင်ကြဲနေကြသည်ကိုတွေ့နေရသည်။

ကျွန်တော် သတိထား လေ့လာမိသလောက် ပုံမှန်ရေးတင်နေသူများ ရှိကြသလို အချို့အချို့သော တက်သစ်စ လူငယ်လေးများ ပိုစ်အတင်ကြဲလာသည်ကိုတွေ့ရသည်။
ထို့ကြောင့် ကျနော် လဲတတ်သလောက်မှတ်သလောက်လေး အားပေးခြင်ပါတယ် စတီးမစ်မိတ်ဆွေ အပေါင်းတို့။ ယခုဆိုလျင် စတင်းဈေးကွက်သည် အတက်ပိုင်းသို့ ဦးတည်နေပေပြီ။ ယခင်ခ ဘုတ်တစ်ခုလျင် 0.05 သာ ပေးနိုင်သော ကျနော်သည်ပင်လျင် ယခုဆိုလျင် 0.08 အထိ ပေးနိုင်လာပါပြီ။

img.jpeg
Credit Image Source

မိတ်ဆွေတို့၏ ပိုစ်များတွင်လည်း reward များ ပိုမိုတိုးတက် ရရှိလာကြသည်ကိုတွေ့မြင်ရသည်။ ယခုချိန်လို အခါမျိုးတွင် အားထုတ်ကြိုးစားကြကာ စာများရေးသား ပိုစ်များတင်ကြပါ။ အခွင့်အရေးသည် သူ့အချိန်နှင့် သူလာကြသည်။ ဒီလိုအချိန်မှာ ပိုစ်မတင် စာမရေးကြရင်ဖြင့် ရှေ့ကသွားနှင့်လေသော မိမိနှင့် စာရေးဖော် စာရေးဖက်များကို လိုက်မှီရန် ခက်ခဲပေလိမ့်မည်။ အတူတူ ကြိုးစားလာကြသူများ ဖြစ်နေသည့်အတွက် ကျနော်ရောက်လျင် ကျနော့မိတ်ဆွေများလည်း ကိုယ်ခရီးရောက်သလို တန်းတူရောက်စေချင်သည်။

အတူတူကြိုးစားကြသည်ဆိုရာ၌ ကျနော်တို့ ငယ်ငယ်က ကြားဖူးခဲ့သော ယုန်နှင့်လိပ် အပြေးပြိုင်သည့် ပုံပြင်လေးကို သတိရမိသည်။ ထိုပုံပြင်လေးနှင့်တော့ အသွင်သဏ္ဍန်မတူပါ၊ ကျနော်တို့သည် ပြိုင်ပွဲဝင်များ မဟုတ်ကြပါ၊ သို့သော် ရည်ရွယ်ချက်ခြင်း တူကြသောသူများ ဖြစ်ကြပါသည်။ စတီးမစ်လမ်းတွင် လျောက်လှမ်း နေကြသော မိတ်ဆွေများဖြစ်ကြ၍ အတူတူကြိုးစား နေကြတာခြင်းတူပါသည်။

img.jpeg
Credit Image Source

ထိုပုံပြင်လေးတွင် အပြေးမြန်သော ယုန်သူငယ်လေးက ပန်းတိုင်သို့ရောက်ရန် အချိန်များစွာယူရန် မလိုအပ်သော သူ၏ အားသာချက်ကို ယုံကြည်နေခဲ့သည်။ သို့သော် သူသည် သူ၏ ဇွဲလုံလ၊ ၀ီရိယကိုမူကား ကြိုးစားအားထုတ်ခြင်းမရှိခဲ့ချေ။ နားနားနေနေ အရိပ်မှာနေကာ အပျင်းထူနေမိပေသည်။ ဤသို့ဖြင့် အသွားနှေးသော လိပ်ငယ်လေးမှာ သူ၏ အားနည်းချက်ကို သူသိသဖြင့် ဖြေးဖြေးမှန်မှန် ဇွဲသန်သန်ဖြင့် ရှေ့ဆက်တက်လှမ်းခဲ့သည်။ သို့ဖြင့် လိပ်ငယ်လေးမှာ သူ၏ ဇွဲလုံလ၊ ၀ီရိယဖြင့် အောင်ပွဲဆင် ပန်းတိုင်သို့ရောက်ရှိခဲ့ပေသည်။ ယုန်ငယ်လေးမှာ မူကား တစ်ရေးနိုး၍ထကြည့်လေသောအခါမှ သူ၏အရှုံးကို နောင်တရမိနေရတော့သည်။

ထိုဥပမာလေးကို ကြည့်၍ ကျွန်တော်များ မြန်မာစတီးမစ် မိတ်ဆွေများသည် တစ်ခရီးတည်း အတူသွားနေကြသော သူများဖြစ်နေသည်ခြင်းအတူတူ ထိုယုန်သူငယ်လေးနှင့် လိပ်ငယ်လေးတို့အား စံနမူနာယူသင့်ပေသည်။ တစ်နေ့နှင့်တစ်နေ့ စာရေးအားကောင်းသူများက အပျင်းထူမနေကြပဲ လုံလမလျော့ကြ စေချင်။ ထို့အတူ စာရေးခြင်း အားနည်းသူလေးများကလည်း ဇွဲမလျော့ကြစေချင်။ စတီးမစ် ပလက်ဖောင်းကြီးသည် ကျွန်တော်တို့အတွက် မကြာမီအချိန်အတွင်း ပန်းခင်းလမ်းကြီးဖြစ်လာပေတော့မည်။

unity.gif

သို့ဖြစ်ပါ၍ လူတိုင်းလူတိုင်း မိမိတို့၏ ရရှိခံစားနိုင်သော အခွင့်အရေးကို အကျိုးရှိရှိ ရယူနိုင်ကြရန်။ စာများများရေးကြပါ။ ပိုစ်များကို တစ်နေ့တစ်ပုဒ်တော့ တင်နိုင်အောင် ကြိုးစားကြပါလို့ ပြောချင်ပါတယ်။

စီးမစ်လမ်းသည် ဖြောင့်ဖြူးနေပါ၏။ စတင်းဈေးတို့သည်လည်း အတိုင်းအတာတစ်ခုထိ တက်လာနေကြပါ၏။ ပရိုလမ်းသည်လည်း အသင့်ဖောက်ပီး ဖြစ်နေပါ၏။ လျောက်လှမ်းသူတို့သည် အဘယ့်ကြောင့် နောက်တွန့်နေကြ သနည်း။ မိုးရွာတုန်း ရေခံကြပါကုန်။ လသာတုန်း ဗိုင်းငင်ကြပါကုန်။ အလိုရှိရာ စတီးမစ် ပင်လယ်ပြင်မှာ သာသာယာယာ ကူးခတ်ကြပါကုန်လော့ ချစ်သော စတီးမစ်မိတ်ဆွေအပေါင်းတို့ခင်ဗျား။

steemit last photo.jpg

Writer >>>@nyinyiwin(Steemit) MSC-006

Writing End Time >>>03:00 PM (25.4.2018)

#Myanmar #Community #Unity #Idea #Knowledge

DQmYieE13wzKzAfeKYSm3tGT8WFgYLv4F8Rcv8za9y1JJxt_1680x8400.png

Steemit photos for paragraph.jpg

Sort:  

ဟုတ်ကဲ့ဆြာ ကုန်ကြမ်းပေးပါလို့ ရေးပါ့မယ်လို့🙃🙃

Group မှာ ပြောရင်း ကုန်ကြမ်းပေးမယ်လေ။ ရေးဘို့သာပြင်ထား။ ပီပီပြင်ပြင်ရေးနော် အဟိ။

ဟုတ်​ကိုကြီး​ရေ .. မိုးရွာတုန်း ​ရေခံနိုင်​ဖို့ ပုံး​တွေ အဆင်​သင့်​ပြင်​ထားပါတယ်​ဗျ ..

ကြိုးစားလေ အကျိုးရှိလေပေါ့ဗျာ။

အေးဗျာ တစ်ရက်တစ်ရက်ပိုပိုနည်းလာကြတယ် ဗျာ

ခုချိန်က ပိုပိုရေးကြရမယ့်အချိန်လေကိုသာအေးရ။ တနေ့တလံ ပုဂံဘယ်ပြေးမလဲ။

ဟုတ်ကဲ့ပါ ဘဘ. စမီးတနေ့တစ်ပုဒ်မှန်မှန်တင်နိုင်အောင်ကြိုးစားပါမယ်ဘဘ.. ဟိ😊😊😊

အေးအေး သမီးရေ များများရေး ဘဘ ဘုတ်ပါဝါကျနေလို့ ညပိုင်းမှ သမီးတို့ပိုစ် တွေကို ဘုတ်မန့်မပေးမယ်။

ဟုတ်‌ကဲ့ ဆရာကြိုးစားပါ့မယ်‌။

ကြိုးစားအားထုတ်နေရင် တိုးတက်လာမှာ အမှန်ပဲလေ။

မကြာမှီကာလတွင် steemit ရွှေခေတ်သို့ရောက်တော့မည်။ ဒချိ ဒချိ။

ဟုတ်တာပေါ့ ကိုထွေးရေ ရွှေရောင်စတီးမစ် ရွှေခေတ်ရောက်ပီ။

ကျွန်တော်ကတော့ တနေ့ တပုဒ်လောက် ကြိုးစားတင်နေပါတယ်ခင်ဗျာ။

ကိုမြင့်ဘလော့ကို ကျနော်မရောက်တာကြာပီ လာခဲံအုန်းမယ်။ လူမရောက်သော်လဲ ဘုတ်ရောက်ပါတယ်ဗျာ။

MSCကြီးဒီထက်ပို အောင်မြင်ပါစေဗျာ

ရေရှည်အတွက် အားလုံး ကိုယ်တတ်နိုင်တဲ့ဘက်ကနေ တဖြေးဖြေး ရွေ့နေရင် နောင်တချိန်မှာ သူများထိပ်တန်းဖြစ်ကြမှာပါ။

တက်နိုင်သလောက်ကြိုးစားရေးနေပါတယ်ဗျာ

ဟုတ် ကိုမြန်မာကိုကိုရေ ညီဘလော့လဲ လာခဲ့အုန်းမယ်။

ကျွန်တော်လဲ သင်္ကြန်ပြီးကတည်းက စာကိုကောင်းကောင်းမရေးနိုင်သေးဘူးဗျာ ဈေးတက်တုန်း ရေးနိုင်အောင်ကြိုးစားလိုက်ဦးမယ်ဗျို့

ကြိုးစားပီး လုံ့လလေး စိုက်လိုက်ပါဗျာ ခုလိုအချိန်က စာများများရေးသင့်ပါတယ်။ အားပေးနေပါမယ်။

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70625.87
ETH 3563.07
USDT 1.00
SBD 4.71