“အဖေပေးသည့် အမွေ-၂”

in #myanmar6 years ago

38446285_460845687723422_2499775355452129280_n.jpg

“အဖေပေးသည့် အမွေ-၂”

ပထမပိုင်း စာမြည်း -- သားအဖနှစ်ယောက် တောင်ထိပ်တွင် ရောက်ရှိနေ၏။ အဖေဖြစ်သူက သားဖြစ်သူကို မည်သို့အမွေပေး မည်နည်း--

သားဖြစ်သူက သူ့ဖခင်ကြီးခိုင်းသည့်အတိုင်း အသံကုန်ဟစ်အော်လိုက်ပါတယ်။ “ဟေး--- ဟေး---”လို့ သူ၏အသံကို အမြင့်ဆုံးဖြစ်အောင် ဟစ်အော်လိုက်သည်။ ဒီအခါမှာ တောင်းတန်းများထံမှ သားဖြစ်သူ အော်သကဲ့သို့ “ဟေး---”လို့ ပဲ့တင်သံများ ပြန်လာကြလေသည်။ “ဘာအသံ ပြန်ကြားရလဲ သားရေ” “ကျွန်တော်အော်လိုက်တဲ့ အတိုင်း ပဲ့တင်သံတွေ ပြန်ကြားရတယ်အဖေ” “ကောင်းပီ ဒီတခါ မိုက်လားဟေ့လို့ အော်ကြည့်စမ်း” သားဖြစ်သူကလဲအော်တယ် “မိုက်လားဟေ့”၊ တောင်တန်းကလည်း ပဲ့တင်သံပြန်တယ် “မိုက်လားဟေ့”။ ကဲနောက်တခါ “ကောင်းကောင်းနေ”လို့ အော်ပါအုန်း။ “ကောင်းကောင်းနေ”--“ကောင်းကောင်းနေ”။ သားဖြစ်သူ အော်သလို ပဲ့တင်သံတို့ သည်လား ပြန်လာကြလေ၏။

သားဖြစ်သူ၏ အဖြစ်ကို ကြည့်လျက် ဖခင်ကြီးမှ ပြုံးပြန်လေတယ်။ “ကဲ သားရေ သားလိုချင်တဲ့အမွေတွေ အဖေကသားကို အကုန်ပေးလိုက်ပြီသားရေ”လို့ ဖခင်ကြီးမှ ပြောလာသည်ကို သားဖြစ်သူမှာ နားမလည်နိုင်ဖြစ်နေလေတော့သည်။ “ဘာပစ္စည်းမှ သားလက်ထဲမရောက်သေးပဲ အဖေက အမွေတွေပေးတယ် ပြောတယ်၊ ဘယ်မှာလဲ အဖေပေးတဲ့အမွေ”လို့ သားဖြစ်သူကလက်ဖြန့်ပြကာ ပြန်မေးလေတယ်။ ဒီအခါမှာ ဖခင်ကြီးမှ ပြန်လည်ရှင်းပြသည်ကတော့--


Credit Image Source

အဖေတို့ တောင်တက်တယ်ဆိုတာ ငါ့သားရှေ့ဆက်ရမယ့် ဘ၀လမ်းတစ်ခုလိုပဲသားရေ။ တောင်ပေါ်မှာ ဘာရှိတယ်၊ ဘယ်နားမှာ ဘယ်လိုအခက်အခဲရှိမယ်ဆိုတာ မသိနိုင်ဘူး။ ဒီလိုပဲ ဘ၀လမ်းဆိုတာ ရှေ့မှာ မရေရာ မသေချာတာတွေကြည့်ပါပဲ။ အဖေ့ရဲ့ အားထားရာ တောင်ဝှေးဟာလဲ လမ်းတ၀က်လောက်မှာ ကျိုးခဲ့တယ်လေ။ ဒီလိုပဲ သားရဲ့ဘ၀လမ်းကို ဆက်လျောက်ရင်း အားကိုးအားထားပြုရာ တစ်ခုခုဆုံးရှုံးခြင်း ဆိုတာတွေ တွေ့ကြုံ လာရမယ် သားရေ၊ ဒါကိုဘယ်လိုဖြေရှင်းပီး ရှေ့ဆက်မရလဲ သိထားဘို့လိုအပ်တယ်သား။ အဲဒီနောက်တော့ တောင်ထိပ်ကို ရောက်တဲ့အခါမှာ အဖေဟာ အိုမင်းမစွမ်းလို့ ရေငတ်နေတာတောင် ရေရှာမသောက်နိုင်ဘူးလေ ဒီအခါမှာ ရေရှာပေးနိုင်တဲ့ သားကရှိနေတယ်ပေါ့။ ဒီလိုဖြစ်အောင် ငါ့သားရဲ့ ဘ၀လမ်းကိုလဲ လိုအပ်တဲ့နေရာမှာ လိုအပ်တဲ့ အကူအညီများရရှိဘို့ ငါ့သားမှာ မိတ်ဆွေကောင်းတွေ လိုအပ်တယ်သား။ ဒီလို မိတ်ဆွေများဆိုရာမှာလဲ ပထမအကြိမ်မှာ ရေကိုတွေ့ပီး ရေပါအောင် မယူတတ်တဲ့ ငါ့သားလိုမိတ်ဆွေမျိုးထက် ဒုတိယအကြိမ် ငါးသားရေသယ်သလို ရေကိုတွေ့ပီး ရေကိုဘယ်လိုပါအောင် သယ်ယူရမလဲဆိုတာသိတဲ့ အသိဥာဏ်ရှိတဲ့၊ အတွေ့အကြုံရှိတဲ့ မိတ်တွေကောင်းကို ရှာဖွေပေါင်းသင်းရမယ်သား။ အဖေ့လို အိုမင်းနေမှ တောင်ကိုတက်နေရမယ့်အစား ငယ်ငယ်ရွယ်ရွယ် သန်စွမ်းနေချိန်မှာ ဘ၀ တောင်တန်းပေါ်ကို တက်ထားပီး အမြင့်နေရာမှာ နေနိုင်အောင်ကြိုးစားရမယ်သား။

အဲဒီနောက်တော့ အဖေတို့ရောက်နေတဲ့ တောင်ထက်မြင့်တဲ့ တောင်တန်းကို ငါ့သားမြင်တွေ့ရသလို သားရဲ့ဘ၀မှာ နောက်ထပ်မြင့်မားတဲ့ ဘ၀နေထိုင်ခြင်းတွေကို တွေ့ရမယ်၊ ဒီအခါမှာ ငါ့သားဟာ လက်ရှိရောက်နေတဲ့ အမြင့်မှာ တည်ငြိမ်စွာ နေထိုင် နိုင်ခြင်းကို တည်ဆောက်ပီး ရောင့်ရဲတင်းတိမ် နေထိုင်တတ်ရမယ်။ နောက်ထပ် မြင့်မားတဲ့တောင်ကို တက်ဖို့ကြိုးစားနေရင် ငါ့သားဘ၀မှာ အိုမင်းပြီး မသန်မစွမ်းဘ၀နဲ့ လိုရာမရောက်နိုင် ဖြစ်နေရတဲ့ အဖေ့လိုအဖြစ်မျိုး ငါ့သားကြုံတွေ့ရမယ်။ တောင်တန်းမှာ မြင့်သထက်မြင့်သော တောင်တန်းရှိသလို၊ ဘ၀မှာလည်း ကိုယ့်လက်ရှိဘ၀ထက်သာသော၊ မြင့်သောအရာများ အမြဲရှိနေမှာငါ့သား၊ ဒါကို သတိပြုဆင်ခြင်တတ်ရမယ်သား။

mountain.jpg
Credit Image Source

နောက်တခါ ငါ့သားရဲ့အော်သံကို ပဲ့တင်သံပြန်ကြားရသလိုပါပဲ သားရဲ့ဘ၀မှာ ငါ့သားလုပ်သမျှဟာ တောင်တန်းဆီက ပဲ့တင်သံပြန်လာသလို ကောင်းတာလုပ်ရင် ကောင်းတာပြန်ရမယ်၊ မကောင်းတာလုပ်ရင် မကောင်းတာပြန်ရမယ်သား။ ဒါဟာ လောကသဘာဝ နိယာမ အမှန်တရားတစ်ခုဆိုတာ သားသိရှိသွားပီမို့ ကောင်းကောင်း နားလည် ကျင့်သုံးနိုင်လိမ့်မယ်လို့ အဖေမှတ်ယူလိုက်တော့မယ်သား။ အခု အဖေပြောပြ ခဲ့တာတွေဟာ သားအတွက် အဖေပေးလိုတဲ့ အဖေ့ရဲ့အမွေတွေပါပဲကွယ်။ ငါ့သားသာ ဒီအမွေကို ကောင်းကောင်း အသုံးချတတ်ရင် တန်ဖိုးဖြတ်မရတဲ့ အမွေတွေပါသားရေ။

အဖေဖြစ်သူ၏ စကားအဆုံးတွင်တော့ “သားနားလည်ပါပီအဖေ၊ ငယ်စဉ်က သားမိုက်မှားမိခဲ့ တာတွေကို ၀န်ချတောင်းပန်ပါတယ်၊ ကျန်ရှိတဲ့ အချိန်လေးမှာ အဖေ့ကို ပြုစုစောင့်ရှောက် ပြီး အလုပ်ကြိုးစားလုပ် ပါတော့မယ်အဖေ။ အဖေ့ပေးတဲ့အမွေတွေနဲ့ သားဘ၀တစ်ခုလုံး ချမ်းချမ်းသာသာ နေနိုင်ပါပြီလို့ မှတ်ယူလိုက်ပါတော့အဖေ”လို့ သားဖြစ်သူမှ ပြန်ပြောလေ တော့သည်။


Credit Image Source

ဤတွင် ကျွန်တော်ပြောလိုသော ပုံဆောင်ဝတ္ထုလေးသည် ပြီးဆုံးပါလေသည်။ ထိုပုံဝတ္ထုမှ ကျွန်တော်တို့အားလုံးအတွက် အမွေ၏ အနက်အဓိပ္ပါယ်ကို ကောင်းကောင်းဖွင့်ဆို ရှင်းပြသွားသည်ကို တွေ့မြင်ကြရပါမည်။အမွေဟူသည် ပစ္စည်းဥစ္စာတစ်မျိုးတည်းကို ဆိုလိုသည်မဟုတ်ချေ။ နှလုံးသားအသိ၊ ဥာဏ်အသိ၊ ဘ၀အတွေ့အကြုံအသိများကို လက်ဆင့်ကမ်းပေးခြင်းပင် ဖြစ်ကြောင်း မှတ်သားတွေ့ရှိလိုက်ရပါသည်။ ထိုပုံဝတ္ထုလေးကိုဖတ်မိပြီးသည့်နောက် သားသား၊မီးမီး၊ ညီအစ်ကိုမောင်နှမများတို့သည် အမွေ၏တန်ဘိုးကို နားလည်နိုင်ကြသော သားကောင်း၊ သမီးကောင်းများ ဖြစ်ကြပါစေ။ ထို့အတူ ဦးဦးဒေါ်ဒေါ်၊ အကိုအစ်မများကလည်း မိမိတို့၏မျိုးဆက် နောင်လာနောင်သား၊ သားသမီးတို့အား အမွေကောင်း၊ အမွေမွန်များ လက်ဆင့်ကမ်းနိုင်ကြပါစေလို့ ဆန္ဒပြုရင်း ကျွန်တော်၏ “အဖေပေးသည့်အမွေ”အား နိဂုံးချုပ်လိုက်ရပါသည်။

steemit MSC photo.png

DQmSDxjJoaopWgDwuEVTeLtfPdjCdqHdchc2NLYyj6yQe8c.png

Writer >>>@nyinyiwin(Steemit) MSC-006

Writing End Time >>> 12:00 PM (22.8.2018)

#Myanmar #Literature #Writing #Life #Blog

DQmSDxjJoaopWgDwuEVTeLtfPdjCdqHdchc2NLYyj6yQe8c.png

Sort:  

‌ကောင်းလိုက်‌တာဗျာ။ဆိုလိုရင်းထက်‌ ‌ရေးသားပုံကို ‌ပို‌လေ့လာမိတယ်‌။ဝှက်‌ဖဲ ‌တွေ ‌ပြောပြီး တစ်‌ချပ်‌ ခြင်း လှန်‌ ပြသွားတာ။ဘဝအသိ‌တွေလည်းတိုး‌စေပါတယ်‌။

ဟုတ်ကဲ့ ကိုမဟော်ရေ ခုလိုအားပေးနေတော့ ကျနော်ရေးရတာ အားရှိသွားပီဗျာ။

အသိဥာဏ်ပညာ တိုးတက်ရေးဦးပေးရေးပါတယ် ကွှီးရွှေရေ

ဟုတ်ပါတယ်ဗျာ မိဘများက သားသမီးကို အပေးသင့်ဆုံးအမွေပါဗျာ။

ဟုတ်ကဲ့အမွေယူသွားပါပြီ

အမွေရသွားပီဆို ၀မ်းသာပါတယ်ဗျာ။

ကိုယ် ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံ ပြန်လာမည်

အမှန်ပါပဲ ကိုဘီလျံရေ။

အ​ဖေ​ပေးတဲ့အ​မွေကတန်​ဖိုးမဖြတ်​နိုင်​​အောင်​ပါဘဲ....👍

ဟုတ်ပဗျာ ယူတတ်သူများအတွက်တော့ အဖိုးဖြတ်မရနိုင်အောင် တန်ဘိုးကြီးလှပါတယ်။

ကျွန်တော်တော့ ခေါင်းစဉ်လေးကို ကိုယ့်ဘာသာကိုယ်အတွေးထဲပြောင်းကြည့်မိတယိ
"ပဲ့တင်သံကဲ့သို့ သောအကျိုး(အမွေ) "ဆိုပြီးပေါ့

ဟုတ်ကဲ့ကိုဝင်းကိုရေ အတွေးလေးတွေ ချဲ့တွေးလို့ရပါတယ်ဗျ။

Congratulations! This post has been upvoted from the communal account, @minnowsupport, by nyinyiwin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဖတ်ရတာ အနှစ်သာရရှိပါတယ်ဗျာ

ဟုတ်ကဲ့ဗျာ အခုလို အားပေးတော့ ကျေနပ်အားရှိပါတယ်ဗျာ။

ကောင်းလိုက်တဲစာရှင်
ဖတ်ရတာ အနှစ်သာရရှိပါ့

ဟုတ်ကဲ့ ခုလို လာရောက်အားပေးမှုကို ကျေးဇူးတင်လျက်ပါဗျာ။

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.034
BTC 66540.93
ETH 3186.50
USDT 1.00
SBD 4.11