သည်းခံခြင်းဆိုရာတွင်

in #myanmar5 years ago

တနေ့က ဖေ့ဘုတ်မှာ ဗီဒီယိုဖိုင်လေးတစ်ခုတက်လာတယ်။ တရုတ်ဗီဒီယိုထင်တယ်။ ဘာကိုရိုက်ပြသလဲဆိုတော့ လမ်းထောင့်တစ်ခုမှာ ခွေးတစ်ကောင်ကို လူ
တစ်ယောက်က မောင်းထုတ်နေတာပါ။ အဲ့လူက
မောင်းထုတ်မဲ့သာ မောင်းထုတ်နေတာ။ သူ
မောင်းထုတ်တဲ့ ခွေးက ပိုင်ရှင်ရှိပါတယ်။ ခွေးပိုင်ရှင်က သူ့ခွေးကို လည်ပတ်ကြိုးကနေ ဆွဲခေါ်သွားပါ
တယ်။ နောက်တစ်ကောင်ကတော့ လည်ပတ်မပါပါဘူး။

image

မောင်းထုတ်တဲ့သူက တော်တော်စိတ်ဆိုးနေပုံရပါ
တယ်။ ခွေးပိုင်ရှင်က သူ့ခွေးသူဆွဲခေါ်သွားတာ
တောင် နောက်ကနေ ခွေးကို ခဲနဲ့လိုက်ထုနေပါတယ်။
ခွေးကလဲ သခင်က ဇွတ်ခေါ်လို့သာပါသွားရတယ်။ အဲ့လူကိုလည်ကြည့် လည်ကြည့်နဲ့ပါ။ ဘေးကခွေး ကိုတော့ မထုပါဘူး။

တချက်....နှစ်ချက်.....ခဲနဲ့အငြိုးတကြီးလိုက်ထု
တယ်။ သုံးချက်ရောက်တော့ လည်ပတ်နဲ့ခွေးဟာ
သည်းမခံတော့ပါဘူး။ သခင့်လက်ထဲကနေ ဇွတ်ရုန်းထွက်ပြီး သူ့ကိုခဲနဲ့ထုတဲ့တစ်ယောက်ကို ပြေးကိုက်ပါတော့တယ်။ လည်ပတ်နဲ့ခွေးက ကိုက်တော့ လည်ပတ်မပါတဲ့ခွေးကလည်း လိုက်ကိုက်ပါတယ်။

အဲ့လူ လဲကျသွားပါတယ်။ ခွေးနှစ်ကောင်ဟာ
တစ်ကောင်က မျက်နှာ၊ တစ်ကောင်က ခြေတွေ
လက်တွေကို ကိုက်ကြပါတယ်။ လျှပ်တပြက်
အတွင်း ဖြစ်သွားတာပါ။ ခွေးပိုင်ရှင်က ရုတ်တရက်
တော့ ကြောင်ကြည့်နေပါတယ်။ နောက်မှသတိဝင်လာပြိး သူ့ခွေးကို ဆွဲခေါ်သွားပါတယ်။ အဲ့ခါမှ ခဲနဲ့ထုတဲ့လူလဲ လွတ်သွားပြီး သူ့အိမ်ထဲသူ ပြန်ဝင်သွားပါတယ်။

image

နောက်တစ်ခုကတော့ ကြောင်ပါ။ အိမ်ပိုင်ရှင်က
ကြောင်ကို သူ့အိမ်ထဲကနေ ခြေထောက်နဲ့ခတ်ခတ်
ပြီး မောင်းထုတ်တာပါ။ ကြောင်က ခြေထောက်
လွတ်ရုံ ရှောင်ပြီးသွားနေပါတယ်။ အိမ်အပြင်
ရောက်လို့ အိမ်ပိုင်ရှင်အမျိုးသမီးလည်း လှည့်ပြန်
မယ်လုပ်တဲ့အခါ အဲ့ကြောင်က အမျိုးသမီးပေါ် ခုန်တက်ပြီး မျက်နှာကို သူ့ရဲ့လက်သည်းတွေနဲ့ ကုပ်ပါတယ်။ အမျိုးသမီးလဲကျသွားပြီဆိုတော့မှ ကြောင်က အေးအေးဆေးဆေးထွက်သွားပါတယ်။

image

ဒီလိုပါပဲ....လောကကြီးမှာ လူဖြစ်ဖြစ် တိရိစ္ဆာန်
ဖြစ်ဖြစ် အတတ်နိုင်ဆုံးသည်းခံပြီးနေပါတယ်။ မခံ
နိုင်တော့တဲ့အခါ တစ်ကြိမ်တစ်ခါတော့ အစွမ်းပြမိ
ကြတာပါပဲ။ လောကကြီးကလည်း ခက်ပါတယ်။
အင်း...လောကကြီးမဟုတ်ဘူး။ လူတွေ၊ လူတွေ။ လူတွေကလည်းခက်ပါတယ်။ သည်းခံမှန်းသိရင်
ပိုအနိုင်ကျင့်ချင်ကြတယ်။ သည်းမခံတတ်တဲ့သူကျ အလျော့ပေးဆက်ဆံတတ်ကြတယ်။ ကိုယ့်ဖာသာ
တရားပြတယ်။ နေပစေ သူမဟုတ်တာလုပ်ရင် သူပဲခံရမယ်ပေါ့။

သည်းခံခြင်းနှင့်ပတ်သက်ပြီး ကျမသူငယ်ချင်းပြော
ပြတာ အရမ်းကောင်းတယ်။ မနိုင်တဲ့သူကို သည်းခံ တဲ့သူထက် နိုင်မယ်မှန်းသိရဲ့နဲ့ သည်းခံတဲ့သူက
ပိုမြင့်မြတ်တယ်တဲ့။ တနေ့ကလည်း ဖေ့ဘုတ်မှာ စာသားလေးတစ်ခု ဖတ်ရတယ်။ အတတ်နိုင်ဆုံး
သည်းခံပါ။ သည်းမခံနိုင်တဲ့တနေ့ အဆုံးစွန်ထိ ပြန်တိုက်ပါတဲ့။ ဒါကတော့ ဘုရားဟောနဲ့တော့မညီဘူး
ပေါ့။ ဒါပေမယ့်လူတွေကလည်း သည်းခံတဲ့သူကို ပိုအနိုင်ကျင့်တတ်ကြတော့ နဂါးမှန်းသိအေါင်
အမောက်ထောင်ပြသင့်ရင် ပြရမယ်လို့ ကျမထင်
တယ်။

နောက်ထပ် ဗီဒီယိုလေးတစ်ခုလည်း ကြည့်လိုက်ရ
သေးတယ်။ မွတ်ဆလင်တွေထင်ပါရဲ့။ နွားတွေကို ကုန်ကားအသေးစားလေးပေါ်တင်နေတာ။အခြား နွားတွေက ကားပေါ်ကောင်းမွန်စွာ တက်သွားပေ
မယ့် နွားတစ်ကောင်ကတော့ ပေကပ်နေတယ်။ မွတ်ဆလင်တစ်ယောက်က ဂျိုနှစ်ချောင်းကိုင်ပြီးကားပေါ်ဇွတ်ဆွဲခေါ်တော့ ခေါင်းကိုဝှေယမ်း၊ ကိုယ်လုံးကို
ခါပြီး ကုလားလက်ထဲက ဂျိုကိုလွတ်အောင်လုပ်
တယ်။ အဲ့လူကလည်း သတိကောင်းချက်။ မလွှတ်ဘူး။

နောက်...ခါရင်းပြုရင်းနဲ့ မလှမ်းမကမ်းက ရေဗွက်
အိုင်ထဲကျသွားတယ်။ အဲ့ခါကျ နွားက အဲ့လူကို ဗွက်အိုင်ထဲနစ်အောင် သူ့ကိုယ်လုံးနဲ့ဖိ၊ ပြီးတော့
ခြေထောက်နဲ့တက်နင်းလုပ်တယ်။ အခြားသူတွေက ဝိုင်းဆွဲတော့မှ ထိုလူသက်သာရာရတော့တယ်။ အဲ့ဒါ
ကြည့်ပြီးပိုတရားရမိတယ်။ လူဖြစ်ဖြစ်၊ တိရိစ္ဆာန်
ဖြစ်ဖြစ် သည်းခံနိုင်စွမ်းကုန်တဲ့အခါ အဆုံးစွန်ထိ ပြန်တိုက်ခိုက်ကြပါလားလို့။

မိတ်ဆွေတို့ရော သည်းခံခြင်းနဲ့ပတ်သက်ပြီး ဘယ်လိုသဘောထားလဲဆိုတာ မျှဝေပေးပါလား။

Author @nweoomon
Photo @nweoomon
MSC.265
11.11.2018

Sort:  

သည်းခံသည်ဆိုရာဝယ် ချီးတက်မပါပေါ့
ဟုတ်လား မနွယ်ဦးမွန်

သဗ္ဗေသတ္တာမှာ ချိတက်မပါဘူး
မြင်ကပ်တာ
သူကြောင့် စာတွေရေးဖို့စိတ်မပါချင်ဘူး

Congratulations! This post has been upvoted from the communal account, @minnowsupport, by nweoomon from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

🌹🌹🌹🌹🌹

ချီးတက်ကိုတော့ သည်းမခံလိုက်နဲ့ နော်😁

သူလာမမန့်အောင် ဘယ်လိုလုပ်ရမှန်းမသိဘူး။ ရေးသမျှတိုင်း လာလာမန့်နေတော့ကြာတော့ စိတ်ပျက်လာပြီ

Discord မှာ သွားပြောရပါမယ်

Posted using Partiko Android

သည်းခံခြင်းဆိုတာ သူအတိုင်းအတာနဲ့သူရှိပါသည်

Posted using Partiko Android

ဟုတ်တယ်၊ limit ကျော်သွားရင်တော့...

ခန္တီစ မင်္ဂလော

Posted using Partiko Android

သည်းခံခြင်းသည် အမြတ်ဆုံးဆိုသော်လည်း အဲ့ချီတက်မပါ

သီးခံလေလေ ပိုနိုင်လေလေပဲပေါ့။လူ့သဘာဝတွေပဲလေ။သီးခံခြင်းဟာ အောင်မြင်ခြင်းတဲ့ နိဗ္ဗါန်သွားရာလမ်းကြောင်းပေါ်မှာပဲ မှန်တာဖြစ်ပါတယ်။အဲဒီလမ်းကြောင်းနယ်ပယ်အတွက်ပဲ ဟောထားတာ။အားလုံးအတွက် ဟောတာမဟုတ်ဘူးလို့ ပြောပါရစေ။အဲဒီလိုများဖြစ်နေသလားလို့။

အဲ့လိုပဲမှတ်ယူရတော့မှာပဲ

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.033
BTC 64275.02
ETH 3139.81
USDT 1.00
SBD 4.14