စာလုံးပေါင်းလေးတွေ မှန်စေချင်

in #myanmar6 years ago (edited)

”ရော့...သမီးဒီစာလေး အန်နွယ့်ကို ခုရိုက်ပေးနော်၊ အရေးကြီးလို့”

ဒီရက်ပိုင်း အလုပ်အရမ်းရှုပ်သည်။ ဇလီဖားပေါင်းစက်ရုံ ဝန်ထမ်းများရဲ့ လစာဘေလ်ခုထိမဆွဲရသေး။ ဒီကြားထဲ စာရင်းစစ်တွေရောက်နေတော့ ပိုအလုပ်ရှုပ်သည်။ ကန်ထရိုက်တွေရဲ့ ကျောက်ဖိုးငွေတောင်းခံလွှာ၊ ဇလီဖားပေးချေမှုစာရင်းတွေလဲ စစ်ဆေးနေတာမပြီး သေး။

1536124360-picsay.jpg

အလုပ်များပါတယ်ဆိုမှ ကွန်ပျူတာရိုက်တဲ့သူတွေက စာလုံးပေါင်းမှန်အောင် မရိုက်ကြတော့ စာတွေပြန်ပြင် ရတာ အချိန်ပိုကုန်သည်။ ရုံးတွင်ကွန်ပျူတာ ရိုက်သူ သုံးဦးရှိသည်။ ကလေးမလေးတွေက အလုပ်ပြီးချင်ဇော ဖြင့် မြန်မြန်ရိုက်ပေးကြပေမယ့် တခါတရံစာလုံးပေါင်း မမှန်သဖြင့် စိတ်ရှုပ်ရတတ်သည်။

စာရိုက်သူ သုံးဦးတွင် နှစ်ဦးမှာ ကျမက စာမှား၍ ပြင်ခိုင်း ရင်း ထိုသို့မမှားသင့်ကြောင်း၊ section က အမှားရေး လာလျှင်တောင် အမှန်ပြင်ပေးရမည့်အကြောင်း၊ ဘယ် စာလုံးကအမှန်၊ ဘယ်စာလုံးက အမှားစသဖြင့် ထောက်ပြသင်ပေးလျှင် နာယူတတ်သော်လည်း ကျန် တစ်ဦးမှာ ကတ်သီးကတ်သတ်ဖြင့် အမှားများသာရိုက် သည်။ သူတို့ကိုကြည့်ပြီး ကျမ သင်ခန်းစာယူရသည်။ ဒီလောကတွင် အမှားကို အမှန်ပြင်ပေးလျှင် ကြိုက်သူ ရှိသလို မကြိုက်သူလည်းရှိတတ်ပါလား။

20180905_095346.jpg

မိမိ section မှထွက်သော စာကို ကွန်ပျူတာရိုက်ပြီး လျှင် အကြမ်းတစ်ရွက်ထုတ်ပေးပြီး စာလုံးပေါင်း မှန်၊ မမှန်၊ စာအရေးအသားများ၊ စာပိုဒ်ကျန်မကျန်ပြန် စစ်ဆေးရသည်။ ကျမက ထိုစာကြမ်းကို စစ်ဆေး၍ မှားလျှင်ပြန်ပြင်စေပြီး ပြန်ထုတ်ခိုင်းရသည်။

20180824_155825.jpg

သူတို့မှားတဲ့ အမှားလေးတွေပြန်ပြင်ရင်း၊ တချို့လူတွေ မှားတတ်တာကို သတိထားမိလာရသည်။ အထူးသဖြင့် ဖေ့စ်ဘွတ်ခ်တွင် အတွေ့များလာရသည်။ ဥပမာ... ပတ်သက်၍ကို တသတ်နှင့် သတ်ထားတာမျိုး။ (ပတ်သတ်)၊ (လုပ်တတ်)သည်ကို လုပ်တက်သည်ဟု ကသတ်နှင့် တက်တာမျိုး။ စားကြသည်။ လုပ်ကြသည် ကို ယပင့်နှင့် (စားကျ)၊ (လုပ်ကျ) ကျတာမျိုးပေါ့။

ပြီးတော့ တလောကလဲ ဖေ့စ်ဘွတ်ခ်မှာ ဟာသအနေနဲ့ ရှယ်ကြတဲ့ စာကို ဖတ်ပြီးစိတ်မကောင်းဖြစ်ရသေးသည်။ ဘာတဲ့ တစ်ခဲနက်ကို ဝါကျဖွဲ့ပါဆိုတော့ ထန်းညက် တစ်ခဲနက်နေသည်တဲ့။ ထမင်းဆိုင်တစ်ဆိုင်ကလည်း ထမင်းဆီးဆမ်းရပြီတဲ့။ စားရမှာတောင်မသတီတော့။ ရှယ်တဲ့သူတွေက ဟာသအနေဖြင့် ရှယ်ကြသော်လည်း ကျမကတော့ အော်...ကလေးတွေ အမိဘာသာစကား မြန်မာစာကိုတောင် မှန်အောင်မရေးနိုင်ကြဘူး ဆိုပြီး ဝမ်းနည်းမိသည်။

20180824_155936.jpg

မြန်မာစာကလည်း ကိုယ့်မိခင်ဘာသာစကားပေမယ့် သတိမထားလျင် အလွန်မှားတတ်သည်။ခုခေတ်ကလေး တွေက ပိုဆိုးသည်ဟုထင်ပါသည်။ စာမှ သိပ်မဖတ်ကြ တော့တာကိုး..။ မြန်မာစကားက ဝေါဟာရကလည်း အလွန်ကြွယ်ဝသည်။ မစင်တစ်မျိုးတည်းတောင် အခေါ် အဝေါ် (၁၀) မျိုးလောက်ရှိသည်။

အားလုံးသိပြီးသားဖြစ်မှာပါ။ မြန်မာလူမျိုးနဲ့ နိုင်ငံခြား သား နဲ့ ဝေါဟာရပြိုင်ကြရင်း မစင်ပုံတစ်ပုံတွေ့တော့ ”လာ...ဟိုအကွယ်ကနေပြီး အဲ့ဒီမစင်ကို နောက်ထပ် ဘယ်လိုခေါ်လဲနားထောင်ကြည့်” ဆိုပြီး နှစ်ဦးသား ခြုံကွယ်ကနေနားထောင်နေကြတာ။ မစင်ပုံ၊ ချီးပုံ၊ အခင်းကြီးသွားသည်၊ အောက်ဝမ်းကျသည်၊ ကျင်ကြီး၊ တောထိုင်၊ ဝမ်းသွား၊ ဓာတ်သွားသည် စသဖြင့် တစ်ယောက်တစ်မျိုး ပြောသွားကြတော့ နိုင်ငံခြားသား ရှုံးသွားသတဲ့။

FB_IMG_1535884265455.jpg
https://ibb.co/eYNZUe

နောက်ထပ်လဲ ဝေါဟာရကြွယ်ဝပုံတွေ ပြောထားတဲ့ စာများရှိသေးသော်လည်း စာရှည်နေမှာစိုး၍ ဒီလောက် နှင့်ပဲ လက်စသတ်ပါတော့မည်။ ကျမ အတွေ့အကြုံအရ တချို့က အမှားထောက်ပြသည်ကို မကြိုက်၍ မပြောပြ တော့သော်လည်း မမှားသင့်သောစာလုံးပေါင်း အမှား တွေကိုကြည့်ရင်း စိတ်ထဲ ကျလိကျလိဖြင့် အလွန် အူယားမိပါတယ်လို့ ပြောရင်း ကျမစာလေး အဆုံးသတ် ပါတယ်။

FB_IMG_1535384141880.jpg
https://ibb.co/f1ZEUe

Author @nweoomon
MSC.265
5.9.2018

Sort:  

ပြုပြင်ပေးသူကို ရန်သူလို့ထင်တတ်တဲ့သူတွေ အများကြီးရှိပါတယ်...
ဒါနဲ့ သူရိုက်တဲ့ ဂိန် သန့်ရှင်းဆိုတာ စာရိုက်သူက ခွေး တွေ ကြည့်မရလို့ဖြစ်မယ် လက်ထောင် မန်နေဂျာ ကတော့ ဟုတ်လောက်တယ်နေမယ် ☺☺☺

မေကြည့်တော့ စာရိုက်ရင်း ငိုက်သွားလို့တဲ့ 😁😁

ဟားဟား မှန်းပါရစေနက် အိုးပါးရေ😁😁

အိုပါးရဲ့ ရင်တွင်းဖြစ်လေးတွေ 😁😁

Congratulations! This post has been upvoted from the communal account, @minnowsupport, by nweoomon from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

💐💐💐

မှားမှာပဲ မှားမှာပဲ ငါ့ကိုလာမတားနဲ့ 😁😁
တစ်ခဲနက် ဝါကျဖွဲ့ပြပါ 😁

ထန်းညက်ဆယ်လုံးတွင် တစ်ခဲနက်နေသည်။

ထန်းညက်က အညိုရောင်ပါဗျ😁😁

ဟုတ်တယ် နွေဦးရေ ဦးဇင်းထင်မိတာကတော့ ဖိဘုတ်ပေါ်က ဘမ်းစကားတွေက တရားခံလို့ မြင်မိတယ် ကျောင်းနေအရွယ် ကလေးတွေက ဖိဘုတ် ဘာညာသုံးတတ်နေပြီလေ အဲ့တော့ ဖိဘုတ်ပေါ်က တွေ့သမျှစကားတွေကို အမှားအမှန်မခွဲတတ်တော့ဘူး သူ့ တို့ ဘဝထဲအထိ ဘမ်းစကားတွေက ကပ်ငြိတွယ်သွားတဲ့ သဘောမှာရှိတယ်

တင်ပါ့ဘုရား အမှားတွေသုံးနေရင်း အမှန်မသိတော့မှာ စိုးရိမ်မိတယ်ဘုရာ့

ဟုတ်တယ် ကိုယ်တိုင်လည်းလေ အသတ်တွေဆို မကွဲပြားလို့ အရမ်းသတိထားနေရတယ်...စတီးမစ်မှာပဲဖြစ်ဖြစ် ၊ ဖေ့စ်ဘွတ်မှာပဲဖြစ်ဖြစ် ဘယ်မှာပဲရေးရေး နှုတ်တစ်ရာ စာတစ်လုံး မို့လို့ ကိုယ်မသိဘဲ ပါသွားတဲ့အမှားကို တတ်သိနားလည်သူတွေ ထောက်ပြလာရင် ၀န်ခံပီး အမှားပြင်လိုက်တာပဲ..။ ဒါပေမယ့် တချို့ကကြတော့ အဲ့လိုပြင်ပေးမိရင် ရစ်တယ် ၊ ဆရာလုပ်တယ်ထင်ကြတာနော်... သူတို့ဘာလို့ အဲ့လိုထင်တာလဲမသိဘူးနော်..။

ဟုတ်တယ်ညီမရေ တချို့က တခါမှားလို့ပြောရင် လက်ခံပေမယ့် နောက်တခါမှားလို့ပြောရင် လက်မခံချင်ကြတော့ဘူး

ဟုတ်‌ကဲ့ ဂရုစိုက်‌ပါ့မယ်‌။

ကျေးဇူးတင်ပါတယ်ရှင် 😁😁

ဟားးး အားရပါးရရီလိုက်ပါတယ်လို့

ရယ်လိုက်ပါ မတ်မတ်စုရေ

ဟုတ်​တယ်​ရှင်​။အမှား​တွေက​တော်​​တော်​​တွေ့​နေရတာ

ညီမရော သတိထားမိတယ်ပေါ့

အချို့စကားလုံး​တွေမှာစာလုံး​ပေါင်းမှားတာနဲ့အဓိပ္ပာယ်​လွဲကုန်​တယ်​....ဖတ်​ရတာဗဟုသုတရသလို​​​​ရယ်​ချင်​တာလည်းမထိန်းနိုင်​😁😁

ဟုတ်ပါ့

Coin Marketplace

STEEM 0.27
TRX 0.11
JST 0.033
BTC 63900.26
ETH 3063.07
USDT 1.00
SBD 4.21