ကုသိုလ်ပြုသည်ဆိုရာဝယ်

in #myanmar6 years ago

ဒီနှစ်သြဂုတ်လ (၁၃) ရက်နေ့က ကျမအမေဆုံးတာ တစ်နှစ်တင်းတင်းပြည့်တဲ့နေ့ပါ။ အမေ့ (၁) နှစ်
ပြည့် ကုသိုလ်အဖြစ် အမေ့ကိုရည်စူးပြီး အိမ်မှာ
ဘုန်းကြီး(၅) ပါး ပင့်ဖိတ်၍ အာရုံဆွမ်းကပ်ပါတယ်။
အမေဆုံးပြီးကတည်းက လစဉ် (၁၃) ရက်နေ့ရောက်တိုင်း ဆွမ်းခံကိုယ်တော်လေးတွေကို ဆွမ်းလောင်းလှူခဲ့ပါတယ်။ ကျမတတ်နိုင်သလောက်ပေါ့။

image

ဆွမ်းလောင်းတာကတော့ အမေ့အတွက် အထူး
ကုသိုလ်ပေါ့။ နေ့စဉ်ကုသိုလ်ကတော့ အိမ်ကို ဆွမ်းခံ ကိုယ်တော်နှစ်ပါးရှိပါတယ်။ ညစဉ်ကုသိုလ်ကတော့ ပဌာန်းပူဇော်တာပါပဲ။ အမေဆုံးပြီးကတည်းက ဘာကုသိုလ်ပဲလုပ်လုပ် ”(၃၁) ဘုံကျင်လည်ကုန်သော
ဝေနေယျသတ္တဝါများနှင့် တကွ (၁၃.၈.၂၀၁၇)နေ့က ကွယ်လွန်သွားသော မိခင်ကြီး ဒေါ်မြတင်အား အမျှ
ပေးပါတယ်။ ဤကုသိုလ်အဖို့ကို မိခင်ကြီးဒေါ်မြတင်သည် တဆင့်စကားတဆင့်နားဖြင့် အမျှရ၍ သာဓု
ခေါ်ဆိုနိုင်ပါစေ” လို့ အမြဲရွတ်ဆိုပြီး အမျှပေးပါ
တယ်။

image

အမေရှိစဉ်ကတည်းက ချွေးနှဲစာလေးနဲ့ တတ်နိုင်
သမျှ ကုသိုလ်လုပ်ခဲ့ပေမယ့် အမေဆုံးပြီးတော့
ပိုလုပ်ဖြစ်ပါတယ်။ ကျမက ကုသိုလ်လုပ်ပြီး အမျှ
တွေပေးနေပေမယ့် အမေတကယ်ရမရ မသိပါဘူး။ ကိုယ့်စိတ်ထဲမှာတော့ အမေအမျှရ၊ ကျွတ်လွတ်ပြီး
ကောင်းမွန်ရာဘုံဘဝမှာ ရောက်နေစေချင်တာပေါ့။ အကယ်၍...မရဘူးဆိုရင်ရော...?။ တမလွန်ဘဝကို ကျမတို့ ဘယ်သူမှ မမြင်နိုင်တာ အမျိုးမျိုးဖြစ်နိုင်တာပဲ။

image

အမေကိုကုသိုလ်တိတိပပရစေချင်တာ ဘယ်လို
လုပ်ရပါ့မလဲလို့ တွေးနေတုန်း (၁) နှစ်ပြည့်မတိုင်ခင် တစ်လလောက်အလိုမှာ ကျမ စာအုပ်လေးတစ်အုပ်
လက်ဆောင်ရပါတယ်။ ဆရာ ပြည်ကျော်လွင်
(ပညာရေး) ရေးသားတဲ့ ကွယ်လွန်သူအတွက်
ရည်စူး၍ အလှူဒါနပြုလုပ်နည်းဆိုတဲ့ စာအုပ်ကလေးပါ။ စာအုပ်လက်ဆောင်ရလို့ ဖတ်ပြီးတော့ စာအုပ်ထဲမှာ ဆရာရေးသားထားတဲ့အချက်တွေကို ကျမ
လက်ခံနိုင်ပါတယ်။

image

ဆရာရေးသားထားတဲ့အကျဉ်းချုပ်က. လူတစ်ဦး
ထောင်ကျရင် အဲ့လူထောင်ထဲမှာအဆင်ပြေစေဖို့
အပြင်ကလူက ပံ့ပိုးပေးရပုံနဲ့နှိုင်းယှဉ်ပြသွားတာပါ။
ပြီးတော့ ကွယ်လွန်သူအတွက်ဆောင်ရွက်ပေးရမယ့်လုပ်ငန်းစဉ်တွေကို ရှင်းလင်းချက်နှင့်တကွ ရေးထား တော့ ကျမအဖို့ လက်ခံနိုင်တဲ့အကြောင်းပြချက်
လုံလောက်လို့လဲ ဆောင်ရွက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

image

image

အိမ်မှာ ဆွမ်းခံကြွတဲ့ ဦးဇင်းကလဲ ဘယ်လို တရားပြလဲဆိုတော့ ကွယ်လွန်သူအတွက် ရည်စူးပြီး
ကုသိုလ်ကောင်းမှု လုပ်တာဟာ အိမ်ကို အလည်လာတဲ့ ဧည့်သည်ကို ဧည့်ဝတ်ကျေတာနဲ့ တူပါတယ်တဲ့။
ကျမတို့တွေဟာ အိမ်ကို ဧည့်သည်လာတဲ့အခါ
ဧည့်သည်ကို စားစရာတမျိုးမျိုးနဲ့ ဧည့်ခံလေ့ရှိကြပါတယ်။ ဧည့်သည်က မစားဘူးဆိုရင် ဒီစားစရာ
တွေကို လွှင့်မပြစ်ကြပါဘူး။ အိမ်ရှင် ကျမတို့ပဲ ပြန်စားရတာပေါ့။ ရည်စူးကုသိုလ်ကလဲ ဒီသဘောမျိုးပါပဲတဲ့။ ကွယ်လွန်သူအတွက်ကုသိုလ်လုပ်ပေမယ့်
ကွယ်လွန်သူက အကြောင်းမျိုးစုံကြောင့် အမျှမရဘူး ဆိုရင်တောင် ဒီအလှူအတွက် မိမိက ကုသိုလ်ရပါတယ်တဲ့။

ကိုရင်လေးတွေကို ဆွမ်းလောင်းရတာကလဲ ပျော်စရာ ကောင်းပါတယ်။ ကိုရင်လေးတွေက ဆွမ်း
ဟင်းထက် ဝတ္ထုငွေလှူတာကို ပိုသဘောကျကြ
တယ်။ ဝတ္ထုငွေလှူတဲ့အခါမျိုးကျ စကားလက်ဆင့်ကမ်းပြီး အချင်းချင်းလက်တို့်တတ်ကြပါသေးတယ်။

image

ဘာပဲပြောပြော အမေဆုံးသွားလို့ ပူဆွေးငိုကြွေး နေမယ့်အစား အမေ့အတွက်ရည်စူးပြီး အခုလို
ကိုယ်တတ်နိုင်သမျှ ကုသိုလ်ကောင်းမှုလေးတွေ ပြုလုပ်နေခြင်းကလဲ အမေ့ကျေးဇူးဆပ်ရာရောက်တဲ့အပြင် ကိုယ့်အတွက်လဲ သံသရာအထိ အကျိုးရှိလို့ ယခုထက်ပိုပြီး ကုသိုလ်ကောင်းမှုလေးတွေဆက်လုပ်သွားမယ်လို့ တိတ်တိတ်လေး ဆုံဖြတ်ချက်ချထားမိပါတယ်။

Author@nweoomon
Photo@nweoomon
MSC 265
30.8.2018

Sort:  

အသိတစ်ချက် အမှန်တိုးပါတယ်

အသိတစ်ခုရသွားတယ်ဆိုလို့ ကျေးဇူးပါနော်

    
      ရတယ်
ကောင်းတယ်ဗျာ

ဟုတ်ကဲ့ အရှုံးထဲက အမြတ်ပေါ့

Congratulations! This post has been upvoted from the communal account, @minnowsupport, by nweoomon from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Thanks💐💐💐💐

ကောင်းမွန်သော အကျင့်လေးပါ...
သေပြီးသူကို မကျွတ်လွတ်မှာ.စိတ်က စွဲမနေဖို့ အရေးကြီးပါတယ်
ပြုသမျှကုသိုလ်တွေ အတွက် သာဓု သာဓု သာဓု ပါဗျာ

ဟုတ်ကဲ့ပါရှင်
တတ်နိုင်သမျှ အမေ့အတွက်ကုသိုလ်လေးတွေလုပ်သွားပါ့မယ်

သာဓုပါဗျာ ခုလို လုပ်​​ပေးလို့

ဟုတ်ကဲ့ပါရှင်

G2 link မှာ ဘာ့ လာမချတာလဲ ညီမ အချင်းချင်း v&m ရအောင်လို့😊

မေ့နေတာမမကြည်ရေ အခုလင့်ချရင်မှီအုံးမလားမသိ

စိတ်လေးထားတတ်လိုက်တာ အစ်မရေ.... ဒါဟာလည်း သူတော်ကောင်း သူမြတ်လောင်းတွေကို ချဉ်းကပ်ပူဇော်ရတဲ့ အကျိုးကျေးဇူးပေါ့နော...။ ညီမတို့လည်း တနေ့နေ့တချိန်ချိန် ကြုံရဦးမယ့် အဲ့ဒီ့နေ့အတွက် ကြိုတင်ပြင်ဆင်ဖို့ အသိတိုးရပါတယ်..။ ကုသိုလ်ကောင်းမှုများအတွက် သာဓု ခေါ်ပါတယ်ရှင့်..။

နေ့တိုင်းကုသိုလ်လုပ်နိုင်ရင် ပိုကောင်းတာပေါ့ညီမရေ
ကျေးဇူးပါနော်

မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့လုပ်ရပ်ပါပဲ သာဓုပါဗျာ

ဟုတ်ကဲ့
ကျေးဇူးတင်ပါတယ်ရှင်

ကောင်းသောကုသိုလ်ပါ

ဟုတ်ပါတယ်

ဒီထက်​ပို​ကောင်းမှုကုသိုလ်​များများလုပ်​နိုင်ပါ​​​စေလို.

ပေးတဲ့ဆုပြည့်ပါရစေနော်

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70797.92
ETH 3553.00
USDT 1.00
SBD 4.76