ကြားဖူးသမျှ ပရလောကအကြောင်း

in #myanmar5 years ago (edited)

စိတ်ထဲမှာ သရဲအကြောင်းနဲ့ပတ်သက်ပြီး ရေးမယ်လို့ စိတ်ကူးနေတာကြာပါပြီ။ တကယ်လက်တွေ့
အကောင်အထည် မဖော်နိုင်သေးဘူး။ ဒါပေမယ့်
ဖေ့စ်ဘွတ်ခ်မှာ ဖတ်လိုက်ရတဲ့ မော်ဒယ်
ယွန်းဆက်ပိုင် သေတဲ့နေရာမှာ သရဲခြောက်တဲ့
သတင်းတွေ နောက်ပြီး မင်းသွေးကလည်း အိပ်မက် တွေ ပေးတယ်ဆိုပြီး သတင်းတွေတက်လာတယ်။

image
image source

ဒီနေ့လည်ကျ ရုံးမှာအလုပ်ပါးချိန် လက်ဖက်ရည်
သောက်ကြရင်း လုပ်ဖော်ကိုင်ဖက်အမကြီး
တစ်ယောက်ကို မော်ဒယ်မအကြောင်း စကားစမိ
တယ်။ ပြောလဲပြောရော အမကြီးက သရော်ပြုံး ပြုံးတယ်။ အဲ့ဒါက စိတ်ခြောက်ခြားလို့တဲ့။ သရဲဆိုတာ
မြို့မှာ မရှိဘူးတဲ့။ လူဦးရေ ဒီလောက်ထူထပ်နေတာ ။ သူတို့ဘယ်မှာ နေမလဲတဲ့။ ကိုယ်လဲအတိအကျ
မသိ၊ ပြိုင်လဲမငြင်းချင်တာနဲ့ သူပြောသမျှ
နားထောင်နေလိုက်တယ်။

ကိုယ်လဲ တခါမှ သရဲအခြောက်မခံရဖူးတော့ အတိအကျမသိ၊ ကြားဖူးနားဝတော့ ရှိတာပေါ့။ သရဲဆိုလို့ အမေပြောပြတာလေးသတိရမိသေးတယ်။ ကျမအမေက စိတ်ဓာတ်မာပြီး စကားပြောရင်
ရှင်းရှင်းဘွင်းဘွင်းပြောတတ်ပါတယ်။ ဟာသ
ဥာဏ်ရှိပြီး စပ်လဲစပ်စုတတ်ပါတယ်။

image
image source

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကပေါ့။ အမေရွာပြန်တော့ ရွာထဲက အိမ်တစ်အိမ်မှာ သရဲပူးလို့ဆိုပြီး ပူးခံရတဲ့ မိန်းမဆီကနေ သရဲနှင်ဖို့ကြိုးစားနေကြတာပေါ့။ အဲ့
အကြောင်း အမေသိတော့သရဲပူးခံရတဲ့အိမ်လိုက်သွားပြီး ”နေအုံး...မနှင်နဲ့အုံး၊ ဒါမျိုးဆိုတာ မသေခင်တုန်းက ပြောစရာစကားကျန်ခဲ့လို့ ပူးတာ ငါ
မေးကြည့်အုံးမယ်” ဆိုပြီး မေးတာပေါ့။

သရဲဖြစ်နေသူက လူ့ဘဝတုန်းက ဘာသာရေးအရမ်းလုပ်သူတစ်ယောက်ပါ။ ဥပုသ်သီလလည်း မပြတ်
ဆောက်တည်ပြီး အလှူအတန်းလည်း ရက်ရောသူပါ။ သူ့အိမ်က ဆုတောင်းပြည့်ဘုရားနဲ့ လမ်းပဲခြားတာပါ။ သရဲလူ့ဘဝတုန်းက တစ်ရွာလုံးက အမိုးလို့
ခေါ်ကြပါတယ်။ ဒီလိုလူက သရဲဖြစ်နေတယ်
ဆိုတော့ အမေက အဲ့သရဲကိုအင်တာဗျူးတာပေါ့။

”ခု ဘာပြောချင်လို့ ပူးတာလဲ” ဆိုတော့ ထမင်းစား
ချင်လို့ပါတဲ့။ ဒါနဲ့အမေက ”ဟဲ့..ပြင်ကျွေးလိုက်ကြ
စမ်း” ဆိုတော့ ”ဒီလိုစားမရလို့ ဆုတေါင်းပြည့်ဘုရားဝင်ပေါက်မှာ ပုံကျွေးပါ” တဲ့။ ကျကျနနကျွေးမရဘူးနော်။ ဒါနဲ့အမေကဆက်ပြီး မေးတာပေါ့။

image
image source

” ညည်းသမီးတွေကို ဘာပြောချင်သေးလဲ”
မေးတော့ သူ့သမီးတွေခေါ်ခိုင်းတယ်။ ရောက်လာ
တော့ ”ဘယ်သူ့ကိုဘယ်လောက်ချေးထားတာ ပြန်ရ
ပြီလား၊ ဘယ်သူ့ကို ဆွဲကြိုးငှါးထားတာ ပြန်ပေး
ပြီးပြီလား။ သူက ဘယ်သူကို ပေးစရာရှိတယ်” အဲ့ဒါ
တွေပြောပြတယ်။ သမီးတွေက ငိုတာပေါ့။ အမေက ”ညည်းက ဒီလောက်ကုသိုလ်တွေလုပ်ရဲ့နဲ့ သရဲဖြစ်ရသလား” ဆိုတော့ အဲ့စိတ်တွေကြောင့်ပါတဲ့။

သူက ဘုရားဝင်းထဲမှာနေတယ်တဲ့။ မည်သူမည်ဝါ
တွေကိုလည်းတွေ့တယ်တဲ့။ အမေက ”အမိုး...ပြောချင်တာပြောပြီးရင်ပြန်ထွက်တော့၊ နောက်ဒီလိုမလုပ်ပါနဲ့၊ ကုသိုလ် လုပ်ပေးမယ်၊ သာဓုခေါ်နိုင်အောင်ကြိုးစား” လို့ ပြောတော့ ”ဟုတ်”လို့ပြောပြီး ထွက်သွားတယ်တဲ့။

နောက်တခါအမေကြုံရတာကလည်း ရွာမှာပဲ။
အကြောင်းစုံတော့မမှတ်မိတော့ဘူး။ သရဲက
ယောက်ျားတစ်ယောက်။ ထုံးစံအတိုင်း အမေက နင်သရဲဖြစ်တော့ ဘယ်မှာနေလဲဆိုတော့ သူ့အိမ်နောက် ဖေးက သစ်ပင်မှာ ပုတ်သင်ညိုယောင်ဆောင် နေ
တယ်တဲ့။

image
image source

နောက်တခုက သူများပြောတာပါ။ ညောင်ပင်ဝန်း
ဘက် ရွာတစ်ရွာမှာကျောင်းထိုင်ဘုန်းကြီး ပျံလွန်
တော်မူပြီးတော့ မကျွတ်ဘူး။ ဘုန်းကြီးဆီမှာလည်း ဒကာ၊ ဒကာမတွေလှူထားတဲ့ငွေ မနည်းဘူးတဲ့။
ဘုန်းကြီးရဲ့ ကိုယ်ပိုင်အသုံးအဆောင်တွေ ယူသုံးတာနဲ့ ဟိုပစ္စည်းပစ်ချ၊ ဒီပစ္စည်းပစ်ချနဲ့ သွားကြည့်ရင်လဲ ခြေရာလက်ရာမပျက်ဘူး။

ဘယ်လိုပရိတ်ရွတ်ရွတ် မကျွတ်လို့ နောက်ဆုံးတော့ သူ့ပစ္စည်းတွေကို အခန်းတစ်ခုတည်းထည့်ပြီး
သော့ခပ်ထားရတယ်တဲ့။ ခုတော့ ကျွတ်လောက်
ပါပြီ။ ဘုန်းကြီးရဲ့ငွေတွေလဲ သူ့အမျိုးတွေယူသွား
တယ်လို့ ပြောကြတာပဲ။

တမလွန်ကိစ္စဆိုတော့လည်း တိတိကျကျသိဖို့
ခဲယဉ်းပါတယ်။ လေလိုပေါ့။ ရှိမှန်းသိပေမယ့် ကိုင်တွယ်ပြဖို ခက်ခဲတယ်။ ဒီအကြောင်းအရာတွေဟာ တဆင့်ကြားရတာတွေပါ။ ကျမကတော့ သရဲ
ရှိတယ် ဆိုတာယုံတယ်။ သရဲလည်းဝိဥာဏ်ပဲလေ။
သေခါနီး အစွဲတစ်ခုကြောင့် မကျွတ်တာလို့ထင်
တယ်။ ကျမအနေနဲ့ကတော့ သရဲရှိခြင်းမရှိခြင်း
ထက် ရခဲလှတဲ့လူ့ဘဝကနေ အရင်းမရှုံးအောင်
နေနိုင်ဖို့ကအဓိကလို့ပဲ မှတ်ယူပါတယ်။

Author @nweoomon
MSC.265
18.10.2018

Sort:  

ဝင်ပူးတာတေ မကြုံဖူးဘူး 😊

Posted using Partiko Android

သွားကြည့်ဖူးတယ်။ အဝေးကဆိုတော့ သိပ်မဆန်းဘူး။ သင်္ချိုင်းမှာ ခလုပ်တိုက်တော့ သရဲပါလာလို့သွားကြည့်တာ

အမငီး သရဲကြောက်လို့ သရဲကားတွေ fb ကသရဲ အကြောင်းတွေဖတ်ဘူးကြည့်ဘူးလို့ 😅

ဒါလေးတစ်ခုတော့ ဖတ် ကြည့်စေချင်တယ် 😁😁

ကျွန်တော်ကတော့ ငယ်ငယ်တုန်းက ခဏခဏကြုံဖူးတယ်

Posted using Partiko Android

ဟုတ်လားကြောက်ဖူးလား အမတောကြောက်တယ်

ဒါ မျိုး​တွေက မရှိမဟုပ်​ပါ ရှိပါသည်​ ဒါ​ပေမဲ့လူတိုင်း​တော့ မကြုံဘူးနိုင်​ပါ

ကြုံမျာကြုံရရင် အသက်ထွက်မလားမသိ

ပရ‌လောကဆိုတာရှိပါတယ်‌။ အန်‌တီေ ပြာသလို မ‌သေခင်‌ ကုသိုလ်‌‌ကောင်းမှုလုပ်‌ဘို့ အ‌ရေးကြီးပါတယ်‌။

ဟုတ်တယ် လူ့ဘုံက ကုသိုလ်လုပ်ဖို့ အကောင်းဆုံးတဲ့ စာထဲမှာ ဖတ်ဖူးတယ်

Congratulations! This post has been upvoted from the communal account, @minnowsupport, by nweoomon from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

💟💟💟💟💟

သရဲ​တော့တစ်​ခါမှမကြုံဖူးဘူး...သရဲကားလည်းကြိုက်​ပါတယ်​...တကယ်​​တွေ့ရင်​​တော့​အော်​​ပြေးမလား....ဒီတိုင်းရပ်​​နေမိမလားမသိဘူး....

Posted using Partiko Android

သရဲမှန်းသိလိုက်ရကတည်းက ငုတ်တုတ်မေ့သွားတာ

ကျွန်​​တော်​​တော့ ယုံတယ်​ ဒါ​ပေမယ့်​ မကြုံဖူး​သေးဘူး 😁

Posted using Partiko Android

အတူတူပါပဲ ကိုယ်တွေ့တော့မရှိသေးဘူး

ဟုတ်​တယ်​ ကြုံလဲ မကြုံ့ချင်​ဘူး 😁😁

Posted using Partiko Android

အစွဲတစ်ခုက ဘယ်မှမသွားနိုင်အောင်ဆွဲထားတတ်တယ်လို့ဆရာတော်ကြီးများ ဟောကြားဖူးပါတယ်

ဟုတ်ကြားဖူးတာပဲ သေခါနီးဇောကအရေးအကြီးဆုံးပဲတဲ့

ကျွန်တော်တော့သရဲတော့ အခြောက်မခံဖူးဘူး
ဒါမယ့် သေတဲ့သူငယ်ချင်းနဲ့ တော့ အိပ်မက်ထဲ စကာျးပြာဖူးတယ်
Postတောင် အခန်းဆက် ရေးထင်ထားပါသေးတယ်

ဖတ်ဖူးတယ်

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.033
BTC 63243.61
ETH 3078.23
USDT 1.00
SBD 3.89