ဒေါ်လေး များနှင့် ကျမ

in #myanmar6 years ago (edited)

🌺 ယနေ့ အိမ်မှာ ဧည့်စုံသည်။ အဒေါ်နှစ်ယောက်
အိမ်ကိုအလည်လာသဖြင့် ကျမအမ၊ တူမတွေက
ကန်တော့ကြရန် တစ်သုတ်ပြီးတစ်သုတ်ဝင်ထွက်
နေကြသောကြောင့်ဖြစ်သည်။

🌺 အဒေါ်နှစ်ယောက်မှာ အမေ့ညီမများဖြစ်၍
အဒေါ်အကြီးမှာ ကျန်းမာရေးအခြေအနေကြောင့်
မန္တလေးကို လာခဲသောကြောင့်ဖြစ်သည်။ အဒေါ်ငယ်မှာမူ တစ်လတစ်ခေါက်မှန်မှန်ရောက်လေသည်။

image
🌺 ဒေါ်ကြီးမှာ ဝ၍ အမေနှင့်တူသဖြင့် ကျမမှာ
ဒေါ်ကြီးကိုကြည့်ပြီး အမေများရောက်နေသလားဟု မဖြစ်နိုင်သော်လည်း တွေးထင်မိသည်။ ဒေါ်ကြီးမှာ အမေအသက်ရှင်စဉ်က အဝတ်အစားများဝတ်ထား သည့်အပြင် ဝလဲဝသဖြင့် ကျမထင်မိသည်မှာမလွန်
ပေ။

🌺 ဒေါ်ကြီးတို့ညီအမနှစ်ယောက်သည် အခါတွင်း
တွင် ရိပ်သာတွင်တရားစခန်းဝင်ပြီး ရွာသို့မပြန်ခင် တူမများရှိရာ ကျမတို့်အိမ်သို့ အလည်ဝင်လာခြင်း
ဖြစ်သည်။ အဒေါ်များရောက်နေကြောင်း ညီမမှ ဖုန်းဆက်အကြောင်းကြားသဖြင့် ရုံးမှတခေါက်ပြန်လာ
တွေ့ရသည်။ ကျန်အမများကိုလည်း ဖုန်းဆက်ပြောရာ ညမှဆုံကြမည်ပြော၍ ကျမလည်း အဒေါ်များအား ခဏစကားပြောပြီး ရုံးသို့ပြန်လာသည်။

image
🌺 ညနေရောက်သော် ချိန်းဆိုထားသော ညီအမများ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ရောက်လာကြ
သည်။ အမေမဆုံးခင်ကာလများတွင် အမေ့ကိုမည်သို့မည်ပုံပြုစုကြောင်း၊ အမေ့အကြောင်းများကို ပြန်လည်စမြှုံ့ပြန်ကြရင်း အမေ့ကို သတိရနေကြသည်။ ထို့နောက် ညီအမများမှ အဒေါ်နှစ်ယောက်အား
ကန်တော့ကြရာ ဒေါ်ကြီးမှ ဆုပေးနေသည်မှာမဆုံး
တော့ပေ။ ခဏအကြာတွင် ရောက်တတ်ရာရာ
အကြောင်းမျိုးစုံဖြင့် စကားဝိုင်းက ပိုမိုဆူညံလာ
သည်။

🌺 ဒေါ်ကြီးမှာ တူမများနှင့် တွေ့ဆုံရ၍ထင်သည်။
စိတ်လန်းဆန်းတက်ကြွလာသည်ကိုတွေ့ရသည်။
ရွာတွင်ဤကဲ့သို့စကားမပြောဟုအဒေါ်ငယ်ကဆို
သည်။ ကျမမှာ သူတို့စကားများနားထောင်နေရ
သဖြင့် မှတ်တမ်းတင်ဓာတ်ပုံလေးများ ရိုက်ဖို့ပင်
မေ့နေသည်။

image
🌺 ညီအမများနှင့် သူတို့မှပေါက်ဖွားလာသော သားသမီးများကြောင့် ကျမအိမ်ကလေးမှာ ထိုင်စရာ
နေရာပင်မရှိတော့ပေ။ ကျမမှာဒေါ်ကြီးတို့လာ၍
ဝမ်းသာမိသည်မှန်သော်လည်း ညအိပ်လျှင် ရာသီဥတုကပူသည့်အပြင် ကျဉ်းမြောင်းလှသော
အိမ်ရှေ့ဧည့်ခန်းလေး၌ လူသုံးယောက်မည်သို့အိပ်ရပါ့မလဲဟု တွေးတောပူပန်နေမိသည်။ နောက်မှ
ခြင်ထောင်မပါပဲ အိပ်လျှင် အဆင်ပြေနိုင်ကြောင်း
တွေးမိသဖြင့် ဝမ်းသါသွားရသည်။

🌺 နံနက်ရောက်သော် အဒေါ်တို့လည်း ရွာသို့
ပြန်ကြမည်ဖြစ်သောကြောင့် နံနက်စာ ကျွေးမွေးပြီး အဒေါ်တို့ကို ကန်တော့ကြသည်။ ကျမကဒေါ်ကြီး အား ရွာသို့မပြန်သေးပဲ တပတ်လောက်ဆက်နေရန် တိုက်တွန်းရာ ဒေါ်ကြီးမှ မနေချင်ကြောင်း၊ ဘယ်လို
ပင်နေထိုင်ရ အဆင်ပြေပါစေ၊ မိမိရပ်ရွာမှာပဲပျော်
ကြောင်းပြောသဖြင့် အမေ့ကိုယ်စား ဒေါ်ကြီးကိုပြုစုရန်အကြံကိုလက်လျော့ပြီး ကားဂိတ်သို့လိုက်ပို့
လိုက်ရသည်။

image

Writing @nweoomon
Photo @nweoomon

Sort:  

You got a 25% upvote from @aungzawhtwe courtesy of @nweoomon ! its cool fee free .

ကျေးဇူးပါရှင်

အားရစရာဗျာ အမျိုးတွေက
တောင့်ချက်

ဒါတောင်အကုန်မပါသေး 😁😁

Loading...

You got a 25% upvote from @kyawhlaing courtesy of @nweoomon !

Congratulations! This post has been upvoted from the communal account, @minnowsupport, by nweoomon from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.032
BTC 59249.61
ETH 2526.11
USDT 1.00
SBD 2.46