အမနှင့် သူ၏ချစ်သူလေးများ (ဇာတ်သိမ်းပိုင်း)

in #myanmar6 years ago (edited)

ပထမပိုင်းဖတ်ရန်
https://steemit.com/myanmar/@nweoomon/am-wng-thu-e-undefinedsthundefinedlundefined-e463296d5a716

ဘဲပေါက်လေးများမှာ အမနှင့်တွေ့သောအခါ
လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ အမက သူတို့ကို
ထမင်းရည်ထဲတွင် ထမင်းထည့်၍ ကျွေးသည်။
ခရမ်းချဉ်သီးလေးစိပ်ခွဲ၍ ကျွေးသည်။ တခါတလေ
ခြင်းထဲမှထုတ်ပြီး အိမ်ထဲမှာ လွှတ်ထားသည်။ အမက ”ကွီ” ဟု အသံပြုလျှင် နှစ်ကောင်သား အမဆီပြေးလာလေ့ရှိသည်။

image
image source
ပြီးလျှင် အမတင်ပျဉ်ခွေ ပေါ် အလုအယက်တက်
ကြသည်။ အမက သူတို့ကို လက်ဖြင့်ကိုင်ပြီး
”ကောင်လေးတွေ” ဘာညာ စသဖြင့် စကားများပြောလျှင် နှုတ်သီးဖြင့် အမလက်ကို ဖွဖွကိုက်တတ်သေးသည်။ ကျမတို့ခေါ်လျှင်တော့ မလာ။ ဇွတ်ခေါ်လျှင်လည်း အီးပန်းပြီး ပြန်ဆင်းသွားတတ်၍နောက်
တော့ မခေါ်ဝံ့တော့။

အမအသံကြားလျှင် သူတိုတွေ ပိုဆူညံသည်။ တနေ့တနေ့ ကျွေးလိုက်ရသည့် ခရမ်းချဉ်သီး
ကလည်းမနည်း။ တစ်လလောက်အတောအတွင်း
ကြီးထွားမှုက သိသိသာသာ ရှိလာသည်။ ပြောလျှင် လည်းငရဲကြီးအုံးမည်။ သေမည်မှတ်ပြီးမွေးပါ
သည်။ ဘဲပေါက်လေးမှသည် ဘဲလားမြောက်လာ
ကြပြီ။ ခြင်းကြားနှင့်မဆံ့တော့။ အိမ်ထဲလည်း
မလွှတ်ရဲပြီ။ သူတို့ဖင်က တစွတ်စွတ်နှင့် ထွက်နေ
တော့ အိမ်ညစ်ပတ်သည်။ ကြာလာတော့ နောက်
ဖေး နေရာကဘဲချီးနံ့နံလာသည်။

image

တစ်ရက်တော့ ကျမကနောက်ဖေးဝရံတာထွက်ပြီး အဝတ်လှန်းသည်။ ဘဲတစ်ကောင်က ခြင်းကြားထဲမှ ခေါင်းပြူပြီး ကျမခြေသလုံးကို နှုတ်သီးဖြင့် လှမ်းထိုးသည်။ ကျမလဲ ရုတ်တရက်ဆိုတော့ အရမ်းလန့် သွားသည်။ ထို့နောက်တော့ လန့်သွားသည်က
တစ်ကြောင်း၊ ဘဲချေးနံ့ နံသည်ကတစ်ကြောင်း ထိုဘဲနှစ်ကောင်ကို ဈေးသည်တစ်ဦးထံရောင်းလိုက်
သည်။ စိတ်မကောင်းပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ။

လွန်ခဲ့သောငါးနှစ်ခန့်ကတော့ နောက်ထပ်ရွှေဂဲ
တစ်ကောင် ထပ်မွေးပြန်ပါသည်။ ထိုရွှေဂဲကလည်း အမကလွဲ၍ ကျန်အိမ်သူအိမ်သားများကို အကိုင်
မခံပေ။ ဥမှပေါက်ခါစလေးကို မွေးခြင်းဖြစ်သည်။ ထိုရွှေဂဲက ရွှေဂဲပါးဝလွန်းသည်။ ခရမ်းချဉ်သီး
မစားပေ။ ၅၀ တန် ပွိုင့်နေကြာစေ့ကိုအလွန်ကြိုက်သည်။ ကြိုးတန်းတွင် လမ်းမလျှောက်တတ်ဘဲ
ရေချိုးခန်းပေါက်တွင်သာ နေသည်။

image
image source

ကျမတို့မှာ ရေချိုးလျင် သူ့ပဲကြောက်နေရသည်။ အလစ်တွင် ဝင်ဝင်ပြီး ကိုက်တတ်၍ ခြေချောင်းတွေမှာ ဒဏ်ရာဗရပွနှင့်ဖြစ်သည်။ နောက်တော့ ရေချိုးခန်း ဝင်ချင်လျင် ရွှေဂဲကို အရင်အုပ်ဆောင်းနှင့် အုပ်ပြီးမှ ဝင်ရသည်။ အိမ်လည်းလုံသည်။ သူစိမ်း
တစ်ယောက်ယောက်ကများ ဟင်းအိုးထမင်းအိုး
ဖွင့်ကြည့်လျှင် ဆူညံနေအောင်အော်သည်။

ကျမတို့သူ့ကို ချစ်၍ကိုင်လျင် မျက်စံကသေးပြီး ရန်လိုတဲ့ပုံပေါက်သွားတတ်သည်။ သို့သော် အမကကိုင်လျှင်မူ လည်ပင်းကို တပတ်လည်အောင်မော့ကြည့်
ပြီး စကားတွေပြောတတ်သည်။ သူလည်း အော်ရီဒူး ဖုန်းကတ်တွေ စရောင်းသည့်နေ့မှာပင် အိမ်ကထွက်သွားသည်။ တောင်ပံကိုက်ထားတော့ ဝေးဝေး
မပျံနိုင်။ အိမ်မှာလူမရှိချိန် ထွက်သွားခြင်း ဖြစ်
သည်။ လိုက်ရှာသော်လည်းမတွေ့တော့။

image

အမလည်း နောက်ထပ် မျက်ရည်ကျရပေါ့။ အခု
တော့လည်း အိမ်မှာ တကယ်ကို ဘာကောင်မှ
မမွေးစေရတော့။ အမေလည်းဆုံးသွားတော့ အိမ်မှာလည်း လူသိပ်မကျန်တော့ပေ။ အမကလည်း တခြားမှာ အိမ်ထောင်ကျနေပြီး သူ့ဘဝနှင့်သူ ဖြစ်နေပေပြီ။
ရှိသည့်သံယောဇဉ်တွေတောင်မှ မဖြတ်နိုင်တာ။
နောက်ထပ်သံယောဇဉ်တွယ်စရာတွေ မရှာလိုတော့
ပြီ။ တခါတလေတော့လည်း လမ်းသွားရင်း ရွှေဂဲ
လေးတွေ တွေ့ရတော့လည်း မွေးကြည့်ချင်သား။
ရွှေဂဲလေးတွေကမှ ကျမအမကိုချစ်သလို ကျမကို
မချစ်တော့လည်း ဒီတိုင်းကြည့်နေယုံပဲ။

image

Author @nweoomon
Photo @nweoomon
MSC.265
14.10.2018

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by nweoomon from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

💝💝💝💝💝

ကြက်တူးရွေးနဲ့ အဲ့ချီတက်ကို ကိုက်ခိုင်းလိုက်
ဒင်းကို မှတ်လောက်အောင် ကိုက်ခိုင်း ရွှေခဲရေ
”ကွီး” 😁

ကိုက်လို့ရရင် ကိုက်ခိုင်းချင်တယ်

သံ‌ယောဇဉ်‌ကို အပိုမရှာတာ ‌ကောင်းပါတယ်‌ ။

အဲ့ဒါအမှန်ပဲ
ဒီလောက်သတိထားနေတာတောင် သံယောဇဉ်ကတွယ်သွားသေး

ရွှေဂဲလေးက ဘယ်ကို ထွက်ခွာသွားတာပါလိမ့်နော်
သံယောဇဉ်ဆိုတာ တော်တန် ဖြတ်ဖို့ မလွယ်ဘူးအမရေ

စစချင်းတုန်းကတော့ ဟိုနေရာတွေ့တယ်ပြော ဒီနေရာ တွေ့တယ်ပြောနဲ့ တကယ်သွားရှာကြည့် မရှိတော့ဘူး

ရွှေဂဲလေးတွေက ချစ်ဖို့ကောင်းတာ့ လှောင်အိမ်ထဲ ခည့်ထားခံရတယိ

Posted using Partiko Android

ချစ်ဖို့ကောင်းတော့ အပိုင်သိမ်းခံရတာပေါ့

တိရစ္ဆာန်မွေးရတာ အဲဒီလိုသံယောဇဉ်တွေများလွန်းလို့ မမွေးချင်တော့တာအမှန်ပဲဗျ

ဟုတ်
အခု မမွေးတော့ဘူးလုပ်နေတာတောင် ရွေငါးလေးတွေရှိသေးတယ် 😁

ခိုလေးတစ်ကောင်မွေးဖူးတယ်၊သူအကြောင်းလည်းတင်ဖူးတယ်၊သူတိုတွေကလူကိုခင်တတ်တယ်

Posted using Partiko Android

ခိုမမွေးကောင်းဘူးဆို ညည်းတတ်လို့တဲ့ ပြောတာကြားဖူးတာပဲ

မွေးတာတော့မဟုတ်ဘူး။အသိုက်ကပြုတ်ကျပြီးမပြန်နိုင်လို့ ခေါ်ထားရာက သူ့ဘာသူမပြန်တော့တာ သွားရာလိုက်နေတာ ဟိုတုန်းက စာပို့ခိုတွေတော့ မွေးထားကြတာပဲနော

Posted using Partiko Android

ဘဲတွေ မွှေးဖူးတယ် ကိုးနှစ်လောက်ကြာပြီးတော့ အသက်ကြီးပြီး တစ်ကောင်ပြီးတစ်ကောင် သွားရော ခရမ်းချဉ်သီးတော့ အတော်ကြိုက်ကြတယ် ။

ဟုတ်တယ် ခရမ်းချဉ်သီးတပိဿာဆို ခဏလေးရယ်

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.034
BTC 66540.93
ETH 3186.50
USDT 1.00
SBD 4.11