publisher များအတွက်

in #myanmar5 years ago

publisher ဆိုတာကတော့ ကြော်ငြာဝန်ဆောင်မှုကုမ္ပဏီတွေဖြစ်တဲ့ google, facebook, adfly, amazon စတဲ့နေရာတွေကနေ မိမိရဲ့ website, application, youtube, instant article, ad break စတဲ့အရာတွေမှာ ကြော်ငြာပြသအောင် တောင်းခံပြီး မိမိကိုယ်ပိုင်နေရာတွေမှာ ကြော်ငြာကြလို့ ကြော်ငြာခတွေယူရတဲ့ သူတွေပဲဖြစ်ပါတယ်။
ဒီလိုတောင်းခံပြီး လိုက်ရင် သူတို့ကမိမိတို့ ရဲ့ ကြော်ငြာလက်ခံထည့်သွင်းမည့်နေရာတွေကို စစ်ဆေးပါတယ်။ နေရာတိုင်းမှာ သူ့ policy တွေ ချမှတ်ချက်တွေရှိနေပါတယ်။ သူတို့ရဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ နေရာတွေကို သူတို့ဆီမှာ လာရောက်ကြော်ငြာတဲ့ ကြော်ငြာရှင်တွေရဲ့ ကြော်ငြာတွေ ဝင်ရောက်ထည့်သွင်းပြီး နှစ်ဦးနှစ်ဖက် ကြော်ငြာခတွေ ဝေစုခွဲယူခြင်းပါ။ ဒီအထဲမှာ google ကတော့ စည်းမျဉ်းသတ်မှတ်ချက် အများဆုံးလို့ပြောနိုင်ပါတယ်။ ကျွန်တော်တို့မြန်မာတွေအတွက်တော့ website တွေမှာ မြန်မာစာနဲ့ ထောက်ပံ့မှုမရသေးတာက အဓိကစိန်ခေါ်မှုကြီးပါ။ ဒါပေမဲ့ youtube, application တွေမှာတော့ မြန်မာစာကို လက်ခံပေးပါတယ်။
google ရဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
website အတွက်
-sex ပိုင်းဆိုင်ရာအရေးအသားနဲ့ ပုံတွေကိုအသုံးပြုခွင့်မပေးပါဘူး။
-မထောက်ပံ့ပေးတဲ့ ဘာသာစာပေတွေရေးသားလို့မရပါဘူး။ အသုံးပြုချင်ရင် စာများကို ပုံအဖြစ်ပြောင်းလဲအသုံးပြုနိုင်ပါတယ်။
-လက်နက်ရောင်းဝယ်ရေးပို့စ်တွေရေးသားတင်ပြလို့မရပါဘူး။
-ကလေးငယ်တွေနဲ့မသင့်လျှော်တဲ့ပို့စ်တင်လို့မရပါဘူး။
-မိမိဆိုက်ကိုဝင်ရောက်လာသူတွေကို ကြော်ငြာများ ကလစ်ခိုင်းတာမျိုးမလုပ်ရပါဘူး။
-မိမိကိုယ်တိုင်လည်း ကြော်ငြာများကို ကလစ်ခွင့်မရှိပါဘူး။
-copyright ရှိပြီးသားတွေကို ကော်ပီကူးပြီးတင်ခွင့်မရှိပါဘူး။
-ပုံတွေကိုအသုံးပြုရင် မူရင်းကို credit ပေးတင်ရပါတယ်။
-မိမိဆိုက်ဝင်ကြည့်နှုန်းကို အမှန်မဟုတ်ပဲ အခြား traffic exchange တွေသုံးစွဲခွင့်မရှိပါဘူး။
-hacking, cracking တွေအကြောင်းရေးသားခြင်းမပြုလုပ်ရပါဘူး။
ဒီအချက်တွေကို လိုက်နာနိုင်လျှင် မိမိအကောင့်ပျက်စီးခြင်းလုံးဝမဖြစ်နိုင်ကြောင်းပါ။ ပြသနာတစ်ခုခုဖြစ်ခဲ့လျှင် သူတို့ရဲ့ ဆုံးဖြတ်ချက်သာအဓိကဖြစ်ပါတယ်။
youtube သမားတွေအတွက် ဥပဒေ
-အဓိက ကတော့ song or music မှာပါ။ copyright ရှိပြီးသား သီချင်းတွေ လှုပ်ရှားမှု ဗွီဒီယိုတွေ မိမိတင်သည့် ဗွီဒီယိုဖိုင်မှာ မပါဝင်ရပါဘူး။
-ခွင့်ပြုချက်မရှိပဲ ကော်ပီကူးယူပြီး ပြန်လည်တင်ခွင့်မရှိပါဘူး။
-မိမိပြုလုပ်သည့် ဗွီဒီယိုတွေမှာ non-copyright song တွေပဲ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။
-ငွေပေးချေးပြီး ဗွီဒီယိုကြည့်ခိုင်းတာမျိုးမရှိရပါဘူး။
-ကြော်ငြာများကိုလည်း မိမိကိုယ်တိုင် မကလစ်ရပါဘူး။
-သံဇဉ်နဲ့ လှုပ်ရှားမှုတွေကို ကိုယ်ပိုင် ဖန်းတီးထားခြင်းကို အလေးထားပါတယ်။
-sex ပိုင်းဆိုင်ရာတင်လျှင် sex ဖြစ်ကြောင်း အကြောင်းကြားတင်ခွင့်ရှိပြီး 18+ ထက်ပိုလို့မရပါဘူး။
-ကလေးကတွေကို စိတ်ချောက်ချားစေတဲ့ ဗွီဒီယိုဖိုင်တွေ တင်ခွင့်မရှိပါဘူး။
application သမားတွေအတွက်
-hacking, cracking ဆိုင်ရာ app များကို ခွင့်မပြုပါဘူး။
-18+ app များခွင့်မပြုပါဘူး။
-ငွေပေးပြီး ကြော်ငြာကလစ်ခိုင်းခြင်း မပြုလုပ်ရပါဘူး။
-hacking, cracking တွေ အပြည့်ရှိနေသည့် website ကို app ထဲထည့်သွင်းထားခြင်း ခွင့်မပြုပါဘူး။
-ကလေးငယ်များကြောက်လန့်စေတဲ့ app ရေးသားခြင်းမပြုလုပ်ရပါဘူး။
-ကြော်ငြာများကို မိမိကိုယ်တိုင် မကလစ်ရပါဘူး။
ဒါတွေကတော့ gooogle ကသတ်မှတ်ထားတဲ့ policy တွေပါ။ ဒီအထဲက မိမိဖောက်ဖျက်ထားလျှင် သို့မဟုတ် ပြုလုပ်ထားလျှင် မစစ်ဆေးခင် တော့ ရရှိနေမှာဖြစ်ပြီး တွေ့ရှိတာနဲ့ အကောင့်ကိုပျက်စေမှာဖြစ်ပါတယ်။

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64999.89
ETH 3101.81
USDT 1.00
SBD 3.87