အရက်​ရဲ့ဆိုးကျိုး

in #myanmar6 years ago

အဲ့ဒီအရက်​ကိုမ​သောက်​ပါနဲ့လား​ဖေ​ဖေရယ်​....သမီးကြီးမူမူ၏​ပြောစကားကိုဂရုမစိုက်​ပဲစားပွဲ​ပေါ်ရှိအရက်​ခွက်​ကိုဦးထွန်း​လူ​ကောက်​​မော့လိုက်​သည်​။ဧည့်​ခန်းတွင်​စာကျတ်​​နေ​သောသားငယ်​​လေးလူ​အေးက​တော့အ​ဖေနှင့်​အမဖြစ်​သူအကြားဘာမှဝင်​မ​ပြောပဲစာအုပ်​မှာသာမျက်​နှာအပ်​ထားလိုက်​သည်​။

ဖေ​ဖေကျန်းမာ​ရေးထိခိုက်​မှာစိုးလို့...​ပြောတာပါ​ဖေ​ဖေရယ်​...သမီးတို့​မောင်​နှမမျက်​နှာလဲငဲ့ကြည့်​ပါအုံး....​ကျောင်းမှာဆိုရင်​မိဘမစုံလို့မျက်​နှာငယ်​ရတာကတစ်​မျိုး...အရက်​သမားကြီးလိုဖြစ်​​နေတဲ့​ဖေ​ဖေ့​ကြောင့်​သမီးတို့​မောင်​နှမဆိုရင်​လူ​တွေက..အထင်​​သေးတဲ့အကြည့်​​တွေနဲ့ပဲကြည့်​တာကိုခံ​နေရတာ...​မောင်​​လေးကငါးတန်းဆို​တော့သိပ်​မသိ​သေး​ပေမယ့်​...သမီးကကိုးတန်း​လေ...အပျိုအရွယ်​ဖြစ်​​နေပြီ...အဲ့လိုအကြည့်​​တွေခံရ​တော့သမီးရှက်​တာ​ပေါ့....
image
ဟေ့....ဒီမှာ....ရှက်​တာ​တွေမရှက်​တာ​တွေငါ့လာ​ပြောမ​နေနဲ့....နင်​တို့အ​မေကြူကြူဆုံးပါးသွားပြီးကတည်းက...ငါနင်​တို့​မောင်​နှမကိုလူတစ်​လုံးသူတစ်​လုံးဖြစ်​​အောင်​....ထားထားတာပဲ...ဘာ​တွေများမျက်​နှာငယ်​​နေရလဲ...အရမ်းချမ်းသာ​အောင်​မထားနိုင်​​ပေမယ်​...မပူမပင်​ရပဲပြည့်​ပြည့်​စုံစုံထား​ပေးတယ်​​လေ...ဘာ​တွေများလိုအပ်​​နေလဲ​ပြောစမ်း....ဦးထွန်းလူ၏​ပြောစကားများက...​ဒေါသလွှမ်း​နေသည်​....အရက်​​သောက်​​တော့ဘာဖြစ်​လဲ...ကိုယ့်​ပိုက်​ဆံနဲ့ကိုယ်​​သောက်​တာ​လေ...ဘယ်​သူ့ဂရုစိုက်​ရမှာလဲ....
image
တိုးတိုး​ပြောပါ​ဖေ​ဖေရယ်​....ပတ်​ဝန်းကျင်​ ကြားလို့မှမ​ကောင်း...သမီးရှက်​တယ်​....​အေးဒါဆိုရင်​သမီးကလဲကိုယ့်​အလုပ်​ကိုယ်​လုပ်​​လေ....အ​ဖေကိုပြန်​ပြီးတရားချမ​နေနဲ့...မိ​ကျောင်းမင်း​ရေခင်းပြလာလုပ်​မ​နေနဲ့....ကိုယ့်​​ကျောင်းစာကိုပဲကြိုးစား...လိုအပ်​တာရှိရင်​​ပြော....အ​ဖေကိုဆရာလာလုပ်​မ​နေနဲ့...သူများဆရာလုပ်​တာမကြိုက်​လို့ထွန်းလူဆိုတဲ့​ကောင်​က....ကိုယ်​ပိုင်​သစ်​စက်​​ထောင်​နိုင်​​အောင်​ကြိုးစားခဲ့တာ...နားလည်​ရဲ့လား...
ဦးထွန်းလူတ​ယောက်​အ​တော်​မူး​နေ​ပေပြီ....စကားသံများကလဲကျယ်​​လောင်​လွန်​လှသည်​...
image
ဖေ​ဖေမကြိုက်​ရင်​လဲ​နောက်​မ​ပြော​တော့ပါဘူး​ဖေ​ဖေရယ်​...သမီး​တောင်းပန်​ပါတယ်​...ခုဘာမှထပ်​မ​ပြောပါနဲ့​တော့​နော်​...​ဘေးပတ်​ဝန်းကျင်​လဲအားနာဖို့​ကောင်းပါတယ်​...ခု​ဖေ​ဖေအရမ်းမူး​နေပြီ...ထမင်းစား​တော့မလား...သမီးထမင်းဝိုင်းပြင်​လိုက်​​တော့မယ်​​နော်​....​တော်​ပြီ​ဖေ​ဖေထမင်းမစား​တော့ဘူး...မပြင်​နဲ့​တော့...သမီးလဲသွားနား​တော့....အရက်​​သောက်​ပြီးအစား​တော့စားအုံးမှ​ပေါ့​ဖေ​ဖေရယ်​...ကြာလာရင်​ကျန်းမာ​ရေးထိခိုက်​မှာ​ပေါ့...​မေ​မေဆုံးပြီးကတည်းက...စိတ်​ညစ်​တာကိုအ​ကြောင်းပြပြီး​...ဖေ​ဖေဒီအရက်​ကိုပဲအ​ဖော်​ပြုခဲ့တာ​လေ...​တော်​ပြီ..မူမူ...သွားအိပ်​​တော့ဘာမှဆက်​မ​ပြော​တော့နဲ့....​ဖေ​ဖေလဲအိပ်​​တော့မှာ.....

မူမူတစ်​​ယောက်​က​တော့အိပ်​ယာထဲတွင်​...လူးလိမ့်​ရင်းအိပ်​မ​ပျော်​ခဲ့​ပေ....​မေ​မေရှိစဉ်​ကအချိန်​​တွေကိုပြန်​လည်​မြင်​​ယောင်​​နေမိသည်​...ထိုအချိန်​က​ပျော်​ရွှင်​စရာမိသားစု​လေးတစ်​စုဖြစ်​ခဲ့ပါတယ်​...​မေ​မေ့အ​ကြောင်း​တွေးမိပြန်​​တော့....မူမူတစ်​​ယောက်​မျက်​ရည်​ကျမိပြန်​ပီ...​လောကကြီးရယ်​​မေ​မေ့ကိုဘာ​ကြောင့်​များ...အ​စောကြီးလူ့ဘဝက​နေ...​ခေါ်​ဆောင်​သွားရတာလဲ....ကင်​ဆာဆိုတဲ့​ရောဂါကြီးကိုလဲစိတ်​နာမိတယ်​...ဒီ​ရောဂါကပဲ​မေ​မေ့ရဲ့အသက်​ဝိဥာဉ်​ကို...နှုတ်​ယူသွားခဲ့တာ​လေ...ဒီအချိန်​မှာမူမူအလိုချင်​ဆုံးဆုတစ်​ခု...​တောင်းပါဆိုလျှင်​...​မေ​မေ့ကိုပဲပြန်​​ခေါ်ခိုင်းချင်​တယ်​...​မေ​မေသာရှိရင်​...​ဖေ​ဖေလဲခု​လောက်​အထိအရက်​​သောက်​ဖြစ်​မှာမဟုတ်​...မဖြစ်​နိုင်​မှန်းသိ​ပေမယ့်​....ဒီဆုကိုပဲမူမူ​တောင်းချင်​မိတာပါ...​တွေးရင်း​တွေးရင်​မျက်​ရည်​​တွေစီးကျရင်​ဖြင့်​....မူမူအိပ်​​ပျော်​သွားခဲ့​လေပြီ....

မနက်​အိပ်​ယာနိုး​တော့....ညကဘယ်​​လောက်​ငိုခဲ့မိသည်​မသိ...မူမူမျက်​လုံးများမို့အစ်​​နေသည်​...နံနက်​စာချက်​ပြုတ်​ပြီး...​မောင်​​လေးကိုလဲ​ကျောင်းသွားဖို့...ပြင်​ဆင်​​ပေးရသည်​...​ဖေ​ဖေ့အတွက်​လဲနံနက်​စာပြင်​ဆင်​​ပေးခဲ့ပြီး...​မောင်​နှမနှစ်​​ယောက်​​ကျောင်းသွား​တော့သည်​...ဦးထွန်းလူအိပ်​ယာနိုး​တော့​ခေါင်း​တွေတအားကိုက်​​နေသည်​...သမီးကြီးမူမူပြင်​​ပေးထားခဲ့​သော...နံနက်​စာစားပြီး...သစ်​စက်​သို့ထွက်​သွားခဲ့သည်​...
image
မမ​ရေ...ထမင်းစားကြမယ်​​လေ...​မောင်​​လေးဗိုက်​ဆာ​နေပြီ....​ကျောင်းကပြန်​​ရောက်​ပြီးကတည်းက...ဘာမှမစားရ​သေး​တော့လဲ...ဗိုက်​ဆာ​နေမှာ​ပေါ့...ဟုတ်​သားပဲည​နေ၆နာရီ​တောင်​ထိုး​တော့မှာပဲ....​ဖေ​ဖေက​တော့ဒီည​နောက်​ကျမယ်​လို့...လှမ်း​ပြောထားတဲ့အတွက်​...​မောင်​နှမနှစ်​​ယောက်​သားညစာစားကြသည်​...ညစာစားပြီး​ကျောင်းစာလုပ်​​နေရင်း...ည၉နာရီထိုး​လောက်​ကြ​တော့​...မောင်​​လေးက​တော့အိပ်​​ချေပြီ...မူမူက​တော့​ဖေ​ဖေပြန်​အလာကို​စောင့်​​ပေးရ​ပေအုံးမည်​....

ဒေါက်​...​ဒေါက်​....အိမ်​​ရှေ့မှတံခါး​ခေါက်​သံကြား​လို့...

ဖွင့်​ကြည့်​လိုက်​​တော့...​ဖေ​ဖေပြန်​လာတာပဲ...​ဖေ​ဖေ့သူငယ်​ချင်းနှစ်​​ယောက်​လိုက်​ပို့​ပေးတာ...​ဖေ​ဖေက​တော့အရမ်းမူး​နေပြီ...​ဖေ​ဖေ့ကိုအိပ်​ယာထဲတွဲပို့​ပေးပြီး...​ဖေ​ဖေ့သူငယ်​ချင်းဦးသိန်း​မောင်​က...သမီး​ရေသမီးတို့တစ်​ပတ်​အတွင်း...ဒီအိမ်​ကဖယ်​​ပေးရ​တော့မယ်​...ရှင်​...ဘာဖြစ်​လို့လဲ...သမီးအ​ဖေ​လေဒီ​နေ့အရမ်းမူးပြီး...ဟိုဘက်​ရပ်​ကွက်​ကအသုဘအိမ်​မှာဖဲသွားရိုက်​တယ်​...ဦးတို့​တောင်​အံ့သြ​နေတာ...သူတစ်​ခါမှ​လောင်းကစားလုပ်​တာမ​တွေ့ဖူးဘူး​လေ...အဲ့ဒါသူ​ဆော့စရာလက်​ထဲမှာ​ငွေကုန်​သွား​တော့...အိမ်​ဂရမ်​ကိုတရုတ်​ကြီးဆီမှာ​ပေါင်​ပြီးရိုက်​တာ...အကုန်​ရှုံးသွားတယ်​သမီး...ဦးတို့လဲတားတာပဲဘယ်​လိုမှတားမရဘူး...အဲ့ဒါတရုတ်​ကြီးကတစ်​ပတ်​အတွင်းဖယ်​​ပေးရမယ်​တဲ့...သမီးသိ​အောင်​​ပြောပြတာပါ...ဦးတို့ပြန်​လိုက်​ပါအုံးမယ်​...

သမီးတို့​တော့ဘဝပျက်​ပါပြီ​ဖေ​ဖေရယ်​...ဒီအိမ်​ကဖယ်​​ပေးရင်​ဘယ်​မှာသွား​နေရမလဲ...သစ်​စက်​မှာအဖီဆွဲ​နေရ​တော့မလား...လုပ်​ရက်​လိုက်​တာ​ဖေ​ဖေရယ်​...

မနက်​လင်းလို့...သမီးကြီးမူမူ...ငိုယိုပြီးအ​ကြောင်းစုံ​ပြောပြ​တော့မှ...ဦးထွန်းလူတစ်​​ယောက်​အသိဝင်​လာသည်​...​ခေါင်းငိုက်​စိုက်​ချလျှက်​...​တွေ​တွေကြီးစဉ်းစား​နေ​လေသည်​...ပြီး​တော့​ရေခဲ​သေတ္တာဆီသို့...အကြည့်​​ရောက်​သွားသည်​...​ရေခဲ​သေတ္တာဆီသို့လှမ်း...​လျှောက်​သွားပြီးတံခါးဖွင့်​...လက်​ကျန်​အရက်​ပုလင်းအားထုတ်​ယူလိုက်​​တော့...ထပ်​​သောက်​အုံးမလို့လားဆိုတဲ့အထင်​နဲ့မူမူကြည့်​​နေမိသည်​....ဒီအရက်​...ငါ့သားသမီး​တွေမျက်​နှာငယ်​​စေတဲ့...အရက်​...ငါ့ဂုဏ်​သိက္ခာကျ​စေတဲ့အရက်​...စီပွား​ရေး..လူမှု​ရေးအားလုံးထိခိုက်​​စေတဲ့အရက်​...လူကိုအသိတရားမဲ့​စေတဲ့အရက်​...ဒီ​နေကစပြီးငါလုံးဝမ​သောက်​​တော့ဘူးကွာ...ခလွမ်​...​ပြော​ပြောဆိုဆိုလက်​ထဲမှပုလင်းအား..ဦးထွန်းလူရိုက်​ခွဲပစ်​လိုက်​သည်​...
image
ဝမ်းသာလိုက်​တာ​ဖေ​ဖေရယ်​...သမီးတို့ဒီအိမ်​မရှိလဲဘာမှမဖြစ်​ဘူး..ခြံထဲမှာအိမ်​​သေး​သေး​လေးတစ်​လုံးပြန်​​ဆောက်​ပြီး...​နေလို့ရတယ်​...​ဖေ​ဖေ့ရဲ့အသိတရားကိုအိမ်​တစ်​လုံးနဲ့လဲလိုက်​ရ​ပေမယ့်​...သမီးတို့​မောင်​နှမ​ကျေနပ်​ပါတယ်​​ဖေ​ဖေ....သားနဲ့သမီးရယ်​​ဖေ​ဖေ​တောင်းပန်​ပါတယ်​...​ဖေ​ဖေမိုက်​မဲမိတဲ့အချိန်​​တွေအတွက်​...ဒီ​နေ့ကစလို့​ဖေ​ဖေ့သားသမီး​တွေ...စိတ်​ချမ်းသာ​စေရမယ်​လို​ဖေ​ဖေကတိ​ပေးပါတယ်​....သားအဖသုံးဦးဖက်​ပြီးမျက်​ရည်​များကျဆင်း​နေကြသည်​....သို့​ပေမယ့်​ဒီမျက်​ရည်​ကဝမ်းသာလို့ကျ​သောမျက်​ရည်​များပင်​...ဖြစ်​​တော့သည်​။

ဆက်​လက်​ကြိုးစားပါအုံးမည်
Photo credit. Googleimage
Author. nainglinn
MSC 114

Sort:  

အရက်နဲ့အိမ်လဲရပေမဲ့တန်ပါတယ်
မူးနေရင် ကြိုးစားနိုင်မှာမဟုတ်ဖူးလေနော့်

ဟုတ်​ပါတယ်​​ဗျ

အရာရာတိုင်းကတန်​လျှင်​​ဆေးလွန်​လျှင်​​ဘေး​ပေါ့​ဗျာ အလွန်​အကျွံမဖြစ်​ဖို့လိုတာ​ပေါ့​ဗျာ

အမှန်​​ပေါ့ဗျာ

အရက်ဆိုသည်မှာ ကောင်းကျိုးမပေးတာ
တော့ သေချာပါတယ် Bro ။
ဆေးဖြစ်ဝါးဖြစ်သာ မှီဝဲသင့်ပါတယ်ဗျ။

ဟုတ်​တာ​ပေါ့ဗျာ

ရှောင်နိုင်ရင် အကောင်းဆုံးပါ

အမှန်​ပါပဲဗျာ

ဇာတ်လမ်းလေးကောင်းတယ်

ဟုတ်​​ကျေးဇုးပါ

အများကြီးသောက်ရင်မကောင်းပါ

အမှန်​ပါပဲ

အရက်က ရှောင်နိုင်ရင် အကောင်းဆုံးပါ။

အ​ကောင်းဆုံး​ပေါ့ဗျာ

အချိန်မီ အသိဝင်တာ တော်သေးတာပေါ့ စကားပြောတွေကို ခွဲရေးရင် အတော်ကြည့်ကောင်းမှာဗျ

ဘယ်​လို​ရေးရပါ့​ပြောပြ​ပေးအုံးကို​​စော​ရေ

အပြင်အဆင်ပိုင်းပါ ဆရာ @tinhlaingoo ရဲ့ရေးဟန်ကို ဖတ်ကြည့်ပါဗျာ ကျွန်တော်လည်း အတုခိုးနေရတာပါ စကားပြော အပုဒ်ကို ဘယ်လိုနေရာချလဲပေါ့ဗျာ

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64320.07
ETH 3154.23
USDT 1.00
SBD 4.34