နည်းနည်းတော့ အဆင်ပြေလာပြီ

in #myanmar5 years ago (edited)

image

Image Source

အခုချိန်မှာတော့ Nextcolony မှာဂြိုလ်လေးနှစ်လုံးတော့ ပိုင်ဆိုင်ထားပြီဖြစ်သည်။ယခင်ရက်တွေတုန်းက မိုင်းတွင်းတွေ တင်နေခဲ့ကာ shipyardလည်း level 13ထိပြီးဆုံးနိုင်ခဲ့ပါသည်။ထို့ကြောင့် ယခုချိန်မှာတော့ ဂြိုလ်အသစ်က Explorerတွေထုတ်လုပ်နိုင်နေပြီဖြစ်သည်။ဂြိုလ်အသစ်က Explorer အသစ်ထုတ်လို့ရသွားပြီဖြစ်သဖြင့် ယခုအချိန်မှာတော့ ဆော့ရတာ နည်းနည်း အဆင်ပြေသလို ခံစားလာရသည်။

ယခင်ရက်တွေတုန်းကတော့ မူရင်းဂြိုလ်ကပဲ Explorer ထုတ်လို့ရသည့် အခြေအနေဖြစ်နေတော့ ဆော့ရတာအခက်အခဲဖြစ်နေသည်။ယခင် စာတစ်ပုဒ်မှာ ရေးသားခဲ့ဖူးသည့်အတိုင်း resourcesပိုင်း တော်တော်အခက်အခဲဖြစ်နေသည်။Explorer Il ထုတ်ဖို့ blueprintလည်း ဝယ်ထားသည်မို့ Explorer ll ထုတ်ရန် ကြိုးစားနေသည့်အချိန်တွင် မိမိလက်ရှိ Explorerများ အချို့က တိုက်ခံရပြီးပျက်စီး၊အချို့ကလည်း သူ့အလိုလိုပြုတ်ကျပြီးပျက်စီးနေကြသည့်အတွက် Explorerအများအပြားလည်း ထုတ်ဖို့လိုအပ်နေသည်။ထို့ကြောင့် ထိုအချိန်တွင် လူက Explorer II ထုတ်ဖို့ပဲ ကြိုးစားရမလိုလို၊Explorer အသစ်တွေပဲ ထပ်ထုတ်ရမလိုလို ဖြစ်ကာ ဝေခွဲမရ ဖြစ်နေရသည်။

ထို့ပြင် Explorer II ထုတ်ဖို့အတွက်လည်း သူ့အတွက်ချည်းပဲ resources စောင့်ထုတ်ကာ ထုတ်လုပ်ဖို့က လည်း အဆင်မပြေသေး။သူ့အတွက်လိုအပ်သည့် resources ပမာဏကလည်း များနေသည်မို့ လက်ရှိမိုင်းတွင်းသိုလှောင်ရုံအချို့ကိုလည်း အဆင့်မြှင့်တင်ဖို့ လိုအပ်နေသေးသည်။ထို့ကြောင့် မိုင်းတွင်းသိုလှောင်ရုံတွေ level အရင်တင်ပြီးပါမှ Explorer ll စတင်ထုတ်နိုင်မည်။ထို့ပြင် Explorer II ထုတ်ဖို့ကလည်း resources ပမာဏအများကြီးလိုအပ်နေသေးသည့် အတွက် သုံးရက်လောက်စောင့်ထုတ်ရပေဦးမည်။Nextcolony တွင် အခုတလော လုပ်စရာတွေက တော်တော်များနေပြီး resourecs အခက်အခဲကြောင့် လုပ်ချင်တာများ မလုပ်နိုင်သည့် အခြေအနေမျိုး ဖြစ်နေသည်။

အရင်ရက်တွေတုန်းကတော့ Explorer II ထုတ်ဖို့ သိုလှောင်ရုံတွေ အဆင့်မြှင့်သည့်ဘက် ကို ဦးစားပေးလိုက်တော့ Explorer ထုတ်လုပ်မှု့ ရပ်ဆိုင်းနေရသည်။ထို့ကြောင့် ဂြိုလ်အသစ်ရှာဖွေမှု့အပိုင်းတွင် Explorer လေး နှစ်လုံး၊သုံးလုံးလောက်သာ လွှင့်ကာ ရှာဖွေနိုင်သောကြောင့် အဆင်မပြေဖြစ်နေသည်။သို့သော် လက်ရှိမှာတော့ ဂြိုလ်အသစ်လေးမှလည်း shipyard level 13 အထိပြီးသွားကာ Explorer အသစ်များ ထုတ်လုပ်ကာ ရှာဖွေ နိုင်ပြီ ဖြစ်သော ကြောင့် နည်းနည်း အဆင်ပြေလာရလေသည်။

ဒီစာရေးပြီးနောက်ရက်ပိုင်းအတွင်း ဂြိုလ်များ ထပ်တွေ့လာရသည်။ထို့အကြောင်းကိုတော့ နောက်စာများတွင်မှ ရေးသားပေဦးမည်။

https://nextcolony.io/

Author-myothuzar,MSC-033

Sort:  

very good
အရင်ထက်ပို အဆင်ပြေလာတာ ဝမ်းသာပါတယ် ဒီထက်လဲပိုပြီးအဆင်ပြေပါစေ

Posted using Partiko Android

ဟုတ်ကဲ့ အကို။

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank you.

Posted using Partiko Android

Next Colony က Token တွေတောင် လက်ဆောင်ပေးနေပြီဆိုပါလား

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64359.90
ETH 3105.50
USDT 1.00
SBD 3.87