ဂိမ်းကစားနေဆဲပါ

in #myanmar5 years ago (edited)

အခုတစ်လောတော့ ထုံးစံအတိုင်း Drugwars နဲ့ Nextcolony ဂိမ်းနှစ်မျိုးကို ကစားဖြစ်နေပါတယ်။Drugwars ကတော့ upgrade လုပ်ပြီးနောက်ပိုင်း အရင်လိုတိုက်ပွဲတွေအများကြီး မတိုက်ဖြစ်တော့ပါဘူး။အခု upgradeလုပ်ထားတဲ့ Drugwarsက တိုက်ပွဲတွေတိုက်ရခက်စေတာကြောင့်လည်း ပါပါတယ်။အရင်တုန်းကတော့ ကိုယ်တိုက်ချင်တဲ့ accountတွေကို spy တစ်ကောင်စီဆက်တိုက်လွှတ်ကာ resources များများရှိနေတဲ့ accountတွေကို အလွယ်တကူရွေးတိုက်လို့ရပေမဲ့ အခုupgradeက တိုက်ပွဲတစ်ခါတိုက်ရင် mapဆီတစ်ခါသွား ကိုယ်တိုက်မဲ့ accountရွေး spyလွှတ်စသဖြင့် တစ်ပွဲတစ်ခါ mapဆီသွားသွားလုပ်နေရတာဟာ အလုပ်ရှုပ်သလို အင်တာနက် ဒေတာလည်း ကုန်စေတာကြောင့် သိပ်မတိုက်ဖြစ်တော့ပါဘူး။အခုက တိုက်ရင်လည်း resources များများပိုလျှံနေတဲ့ accountက ရှာရခက်ပါတယ်။ဒါကြောင့် အရင်လို တိုက်ပွဲများများတိုက်ပြီး resources မရှာတော့ဘဲ upvote ရရုံလေးလောက်သာ တိုက်ပွဲတစ်ပွဲ၊နှစ်ပွဲလောက် နေ့စဉ်တိုက်ပြီး ကစားနေပါတယ်။

အခုupgrade မှာတိုက်ပွဲများများတော့ မတိုက်ဖြစ်ပေမဲ့ new base လေးတွေတော့ ထပ်ဆောက်ပါတယ်။မူလ base အပြင် နောက်အသစ်လေးခု စုစုပေါင်း ငါးခုတောင် ရှိပါတယ်။အခုက resources အတွက် တိုက်ပွဲတိုက် ရှာရတာလည်းမလွယ်တော့ baseအသစ်လေးတွေဖွင့် ပြီး resources ရှာဖွေနေရတာပဲ။ဒုတိယမြောက် baseလေးကတော့ resources တွေ တော်တော်လေးထွက်နေပြီမို့ လိုရင် ဒုတိယbase လေးဆီက လှမ်းယူလို့ ရနေပါပြီ။ကျန်တဲ့ base သုံးခုကတော့ အခုမှစတင်တည်ဆောက်ထားတာဆိုတော့ ဘာမှ သိပ်မထွက်သေးပါဘူး။ထို base လေးတွေလည်း နောက်ပိုင်းကျရင်တော့ resources များများထွက်လာမှာပါ။အဲ့ဒီ့ကျရင်တော့ ကိုယ်မြှင့်ချင်တဲ့ အဆောက်အဦးမြှင့်ဖို့အတွက် resources တွေအချိန်စောင့်တင်စရာ သိပ်မလိုတော့ဘဲ အခြား baseတွေဆီကနေ အလွယ်တကူ ရယူနိုင်မှာပါ။အခု drugwars အသစ်က တိုက်ပွဲသိပ်တိုက်လို့ မလွယ်ပေမဲ့ resources ရဖို့ ကိုယ့်ဘာသာကိုယ် base အသစ်လေးတွေ ဆောက်နိုင်တာ တော်တော်အဆင်ပြေပါတယ်။

ပြောရရင် Drugwars ကတော့ အပြောင်းအလဲတွေရှိပေမဲ့ အခုချိန်ထိ ကစားလို့ အဆင်ပြေတဲ့ ဂိမ်းတစ်ခုပါပဲ။Nextcolony ကတော့ သူနဲ့ ဆန့်ကျင်ဘက် ကစားရတာ သိပ်အဆင်မပြေတဲ့ဂိမ်းပါ။Nextcolony ဂိမ်းက steemများများရင်းနိုင်တဲ့ အင်အားကြီးသူတွေ ကြီးစိုးတဲ့ဂိမ်းပါ။ဂြိုလ်တွေရှာဖွေတဲ့ နေရာမှာလည်း အင်အားကြီးသူတွေကြီးစိုး။တိုက်ခိုက်မှု့မှာလည်း သူတို့ပဲကြီးစိုးနဲ့ ကျွန်မတို့လို အင်အားနည်းသူတွေက မနည်းကြိုးစားရှင်သန်နေရတာပါ။နောက်ပြီးဂိမ်းက ကစားရတာမလွယ်တဲ့ အပြင် ခုချိန်ထိ အကျိုးအမြတ်တွေ ခွဲဝေမပေးသေးတာလည်း နည်းနည်းဆိုးပါတယ်။အကျိုးအမြတ်တွေတော့ ခွဲဝေပေးသင့်ပြီထင်တာပါပဲ။

မှတ်ချက်။ ။hf 21၊hf 22 စနစ် အပြောင်းအလဲတွေကြောင့် ပုံတင်လို့ မရဘူး ဖြစ်သွားပါတယ်။

https://nextcolony.io/

Author-myothuzar,MSC-033

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

Coin Marketplace

STEEM 0.29
TRX 0.11
JST 0.033
BTC 63458.69
ETH 3084.37
USDT 1.00
SBD 3.99