မောင်မြ(၁)

in #myanmar6 years ago

image

တစ်ခါတုန်းက ရွာတစ်ရွာမှာ မောင်မြဟုအမည်တွင်သော လူငယ်လေးတစ်ဦး ရှိလေသည်။မောင်မြသည် အလွန်ဆင်းရဲသည့်အပြင် ရုပ်ရည်ကလည်း ဆိုးသွမ်းလှသူဖြစ်၍ ရွာရှိလူအများက ပေါင်းသင်းဆက်ဆံခြင်း မပြု ကြဘဲ ရှောင်ဖယ်ခြင်းကို ခံရလေသည်။ထို့ကြောင့် မောင်မြအား ယခုချိန်ထိ အရင်းနှီးဆုံး ပေါင်းသင်းဆက်ဆံနေသူဟူ၍ အမေနှင့်မောင်ထင်ဟူသော သူငယ်ချင်းတစ်ယောက်သာ ရှိလေသည်။

ရွာထဲရှိ လူအများစုသည် မောင်မြကိုတွေ့လျှင် ရုပ်ရည်ဆိုးရွားမှု့ကြောင့် သရဲသစ္ဆေကိုပဲ တွေ့သယောင်ယောင်အပြုအမှုမျိုး,မောင်မြနှင့် ပေါင်းသင်းဆက်ဆံရလျှင် မင်္ဂလာမရှိသလို အပြုအမှုမျိုး ပြုမှုတတ်ကြသည်။ထိုသို့ပြုမှုဆက်ဆံမှု့များကြောင့် မောင်မြသည် လည်း စိတ်ထိခိုက်ကာ မိမိကို ချစ်ခင်သော အမေနှင့်မောင်ထင်မှလွဲ၍ ကျန်သောလူများနှင့် ပေါင်းသင်းဆက်ဆံခြင်းကို တတ်နိုင်သမျှ ရှောင်ရှားလေသည်။

တစ်နေ့မှာတော့ မောင်မြနှင့် မောင်ထင်သည် လယ်ထွန်အပြီး အနားယူနေချိန်တွင် ရွာထဲရှိ အိမ်တစ်အိမ်မှ အလှူအတွက်ဖွင့်ထားသော သီချင်းသံတစ်သံအား ရုတ်တရက် ကြားလိုက်ရသည်။ထိုအချိန်တွင် မောင်မြသည်လည်း ဘာရယ်မဟုတ် အမှတ်မထင်ကြားရသော သီချင်းသံသဲ့သဲ့လေးအတိုင်း လိုက်ပါဆိုငြီးလိုက်မိသည်။ထိုအခါ ဘေးမှာရှိသော မောင်ထင်က မောင်မြအား "မင်းအသံ တယ်ကောင်းပါလား"ဟု ချီးကျူးလိုက်လေရာ မောင်မြအထူးအားတက်ဝမ်းသာသွားရလေသည်။ထိုအခါမှစ၍ မောင်မြသည် မိမိကြားဖူးသမျှ ,မိမိသိဖူးသမျှ သီချင်းများကို လယ်ထွန်ရင်း,နွားကျောင်းရင်း သီဆိုဟစ်ကျွေးနေလေတော့သည်။

ယခင်ကမောင်မြကိုမပေါင်းသင်းမဆက်ဆံချင်ဘဲ ရှောင်တိန်းတတ်ကြသော ရွာသူရွာသားများသည်လည်း မောင်မြလယ်ထွန်နေသော လယ်ကွင်းမှအဖြတ် မောင်မြ၏သီချင်းဆိုသံကြားလျှင် ရှေ့သို့ဆက်မလျှောက်နိုင်ဘဲ အလိုလိုပင် မတ်တတ်ရပ်ပြီး နားထောင်နေမိတတ်ကြသည်။အနည်းဆုံး သီချင်းတစ်ပုဒ်လောက်အထိပြီးအောင်နားထောင်ပြီးခါမှ ရှေ့သို့ ဆက်သွားနိုင်လေသည်။ဤသို့ဖြင့် မောင်မြ၏သီချင်းဆိုကောင်းမှု့,အသံကောင်းမှု့ ဂုဏ်သတင်းများသည် ရွာသူရွာသားများကြားတွင် အလျှင်အမြန် ပျံ့နှံ့သွားလေသည်။ထိုအချိန်မှစ၍ ရွာသူရွာသားများ
းသည်လည်း ယခင်ကလို မောင်မြအား ရှောင်တိန်းခြင်းမပြုတော့ဘဲ တစ်စတစ်စပေါင်းသင်းဆက်ဆံလာလေသည်။

လယ်ထွန်အပြီး အနားယူချိန်များတွင်လည်း အရိပ်ရသောနေရာတစ်နေရာ၌ ရွာသူရွာသားများ စုဝေးထိုင်ကာ ထိုနေရာသို့ မောင်မြအား ခေါ်ယူ၍ သီချင်းဆိုပြရန် ပွဲတောင်းလေ့ရှိကြသည်။သဘောကောင်းသောမောင်မြသည်လည်း ရွာသူရွာသားများ ဆန္ဒအတိုင်း သူ၏သာယာချိုမြသော အသံလေးဖြင့် ဖျော်ဖြေတင်ဆက်ပေးလေသည်။ဤသို့ဖြင့် မောင်မြသည် ယခင်ကလို လူတစ်ကာပေါင်းသင်းဆက်ဆံမှု့မပြုချင်သော မောင်ရုပ်ဆိုးမဟုတ်တော့ဘဲ အသံသာသာဖြင့်လူအများနှစ်ခြိုက်အောင်ကြည်နူးအောင် ဖျော်ဖြေတင်ဆက်ပေးနေသော အသံကောင်းသောမောင်မြအဖြစ် လူတစ်ကာ၏ချစ်ခင်မှု့ကို ရရှိခဲ့လေသည်။

ဆက်ရန်-

Photo credit- https://www.shutterstock.com/image-illustration/purple-cartoon-hairy-monster-3d-275768201?src=naDVBqWxnvtTDS3zcItbYA-1-23

MSC-033,Author-myothuzar

Sort:  

အပိုင်းဆက်မျှော်နေမယ်နော်

ဟုတ်ကဲ့။

အသံကောင်းရင် ဘော်ဒါများလာတယ်ပေါ့

ဟုတ်တယ်။လူချစ်လူခင်များလာတယ်။

အသံလည်းချို သ​ဘောလည်း​ကောင်းတဲ့​မောင်​မြ​ပေါ့

ဟုတ်ပ...ဟုတ်ပ။

မောင်​မြအ​ကြောင်းဆက်​ဖတ်​ဖို့​စောင့်​​နေပါ့မယ်​...

ဟုတ်ကဲ့။ကျေးဇူးပါရှင့်။

အရည်အချင်းတစ်ခုပဲဗျို့

ဟုတ်တယ်။

အသံကြား သနားဆိုတဲ့ ဆုတောင်းပြည့်လို့ နဲ့တူတယ်

တင်ပါ့ဘုရား။

ကျွန်တော်လည်းရုပ်ဆိုးပေမယ့် အသံက...အဲ..ပိုဆိုး

စာရေးကောင်းတဲ့ဦးအတွက် ရုပ်ရည်နဲ့အသံက အရေးမကြီးပါဘူး။

မြန်မာအိုက်ဒေါလ် ၀င်ပြိုင်ခိုင်းပါကွယ် မောင်မြအသံလေး နားထောင်ချင်လို့။

အင်း..ဝင်ပြိုင်ရရင်ကောင်းမလားလို့ စဉ်းစားနေတာ။

ပါရမီအသံရှင် ဖြစ်မယ်

ဟုတ်တယ် အမ။

Aww, အသံကောင်းရင်
အဲ့ဂလိုလား😂

ဟုတ်...အဲ့ဂလိုပဲ။

Coin Marketplace

STEEM 0.32
TRX 0.11
JST 0.034
BTC 66654.57
ETH 3250.95
USDT 1.00
SBD 4.33