အနုပညာရှင်ကိုကြိုက်ခြင်း

in #myanmar6 years ago (edited)

image

လူတိုင်းမှာ ကိုယ်ကြိုက်တဲ့,ကိုယ်ချစ်တဲ့ အနုပညာရှင်တွေတော့ ရှိကြတယ်မဟုတ်လား။အများကြီး မဟုတ်တောင် နည်းနည်းပါးပါးတော့ကြိုက်တတ်ကြတယ်။တစ်ချို့ကျတော့လည်း စွဲစွဲလန်းလန်းကိုအားပေးတယ်။တစ်ချို့ကျတော့လည်း သာမန်လောက်ပဲကြိုက်ကြတယ်။အနုပညာရှင်ကို ကြိုက်ချင်းမှာ ကောင်းကျိုး,ဆိုးကျိုးတွေလည်းရှိတယ်။

အနုပညာရှင်ကို စွဲစွဲလန်းလန်းကြိုက်တတ်တဲ့သူဟာ သူကြိုက်တဲ့ အနုပညာရှင်ပါတဲ့ လက်လှမ်းမီသမျှကားတွေ,showတွေ,အစီအစဉ်တွေ,ဓါတ်ပုံတွေ,သတင်းတွေ မှန်သမျှ လိုက်ကြည့်တတ်တယ်။အနုပညာရှင်တွေရောင်းတဲ့ ပစ္စည်းတွေလည်း ဝယ်တတ်တယ်။အသက်ငယ်ရွယ်သူတစ်ချို့,စွဲစွဲလန်းလန်းကြိုက်တတ်တဲ့ ပရိသတ်တစ်ချို့ဟာ သူတို့ကြိုက်တဲ့ အနုပညာရှင်တွေနောက်လည်းတကောက်ကောက်လိုက်တတ်ပါတယ်။

အနုပညာရှင်တစ်ယောက်ကို စွဲလန်းစွာကြိုက်လို့ သူပါတဲ့ အစီအစဉ်တွေ,သတင်းတွေအကုန်ကြည့်တာ,သူ့နောက်လိုက်တာတွေကလည်း အချိန်ကုန်,ငွေကုန်စေပါတယ်။စဉ်းစားဥာဏ်မပြည့်စုံသေးတဲ့ ပရိသတ်တစ်ချို့ကလည်း အနုပညာရှင်တစ်ချို့ရဲ့ မကောင်းတဲ့အမူအကျင့်တွေ,ဝတ်စားဆင်ယင်မှုတွေ လိုက်လံကျင့်သုံးတတ်ကြသေးတယ်။တစ်ချို့ပရိသတ်အချို့အတွက်ကြတော့လည်း သူတို့ကြိုက်တဲ့အနုပညာရှင်ဟာ သူတို့အတွက်ခွန်အားပါ။စံပြအတုယူစရာပါ။ကိုယ်ကြိုက်တဲ့ အနုပညာရှင်ကို စံပြထားအတုယူရင်း ပိုတော်ပိုကောင်းတဲ့ လူတွေဖြစ်လာတာလည်းရှိပါတယ်။အနုပညာရှင်ဟာ ပရိသတ်တွေကို ပျော်ရွှင်မှု,ဝမ်းနည်းမှုတွေနဲ့ ခံစားမှုရသမျိုးစုံ ပေးစွမ်းသလို စွဲလန်းမှုကြီးစွာနဲ့ အတုယူရင် ကောင်းကျိုးဆိုးကျိုးတွေလည်း ပေးကြတယ်မဟုတ်ပါလား။

Photo credit -google image Author-myothuzar,MSC-033

Sort:  

ဟုတ်တယ် ma myo ရေ။ သဘောကျတာနဲ့ အတုယူတာ ခွဲခြားထားမှဖြစ်မှာရယ်

ဟုတ်တယ်

MSC နံပါတ်ထည့်ပါ။

ဟုတ်။ဆရာ။

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.034
BTC 66137.63
ETH 3161.38
USDT 1.00
SBD 4.13