ဆွမ်းတစ်​နပ်

in #myanmar6 years ago

image

ပျော်​ရွှင်​စရာ သင်္ကြန်​ရက်​များမှာ ကုန်​ဆုံးခဲ့​​ချေ ပြီ ။ သင်္ကြန်​မ​ရောက်​မီ တစ်​လ​လောက်​ကတည်းက ​မျှော်​ကြရ ​တွေးပြီး​ပျော်​ကြရ​​သော သင်္ကြန်​သည်​ အခု​တော့ နှုတ်​ဆက်​သွားပြန်​​ချေပြီ ။သင်္ကြန်​နှုတ်​ဆက်​သွား​​သော်​လည်း နှစ်​ဦး၏အစဖြစ်​​သော နှစ်​ဆန်းတစ်​ရက်​​နေ့မှာ 
ရောင်​နီဦးအလင်း​ရောင်​နှင့်​အတူ ​ရောက်​ရှိလာ​ပေပြီ​။

ယ​နေ့ နှစ်​ဆန်းတစ်​ရက်​​နေ့သည်​ မြန်​မာ့နှစ်​သစ်​၏ ပထမဦးဆုံး​သော ​နေ့ရက်​ဖြစ်​သည်​နှင့်​အညီ ကုသိုလ်​​ကောင်းမှု ပြုလုပ်​ကြသူများ
အလွန်​များပြားလှ​ပေ၏။ ဤကဲ့သို့​သော ​နေ့ထူး​နေ့မြတ်​တွင်​ စာ​ရေးသူတို့မိသားစု ၏
အလှူဒါန​လေးတစ်​ခုအား ​အ​ပေါင်းသင်းမိတ်​​ဆွေများ သာဓု​ခေါ်နိုင်​ရန်​အလို့ငှါ ​ဝေငှ ​ပြော​ပြချင်​မိပါသည်​ ။

image

စာ​ရေးသူတို့ ရွာဦး​ကျောင်းတွင်​ သင်္ကြန်​တွင်း ဝိပသနာ ခုနှစ်​ရက်​ တရားစခန်းရှိ၏ ။
ယ​နေ့ နှစ်​ဆန်းတစ်​ရက်​​နေ့တွင်​ တရားစခန်းတွင်​ ဝိပသနာတရားအားထုတ်​ကာ သံသရာမှ လွတ်​လမ်းရှာ​နေကြ​သောသံဃာ​တော်​များနှင့်​ ​အမျိုးသား ၊ အမျိုးသမီး ယောဂီ တစ်​ရာ​ကျော်​အား အာရုံဆွမ်းနှင့်​ ​နေ့ဆွမ်း ဆပ်​ကပ်​လှုဒါန်းခွင့်​ရ​သည့်​အတွက်​ အလွန်​ကြည်​နူးဝမ်း​မြောက်​မိပါသည်​။

တရားအလုပ်​ အားထုတ်​ကာ သီလစင်​ကြယ်​၍ ဝိပသနာတရားများအား ကြိုးစားအားထုတ်​​နေကြ​သော​ သံဃာ​တော်​များနှင့်​ ​ယောဂီများ ဆွမ်းစား​ဆောင်​အတွင်းသို့ ​တည်​ကြည် ​အေးချမ်းစွာ ကြွလာကြပြီး အလှူ့ရှင်​များကို ​မေတ္တာပို့ပြီး ငြိမ်​သက်​ ​အေး​ဆေးစွာ ဆွမ်းဘုန်း​ပေး​နေ​သော အခိုက်​အတန့်​​လေးကို မြင်​ရသည့်​အခိုက်​ အလွန်​ကြည်​နူးမိ​သော ပီတိ​စိတ်အဟုန်​​ကြောင့်​ကြက်​သီး​မွှေးညှင်းပင်​ ထမိပါသည်​။ ဆွမ်းကပ်​ အပြီးတွင်​ အချိုပွဲအတွက်​ သစ်​သီးများအပြင်​ ​ရေခဲမုန့်​နှင့်​ ကိတ်​မုန့်​များထပ်​မံ ကပ်​​​လေ၏ ။ ချို ချဉ်​ ငံ စပ်​ ခါး တို့ကို ရသတဏှာအတွက်​ သုံး​ဆောင်​ခြင်းမဟုတ်​ဘဲ တရားအားထုတ်​​သော ခန္ဓာအတွက်​ အာဟာရ ဖြစ်​​စေဖို့သာ​ဆို​သောရည်​ရွယ်​ချက်​ဖြင့်​ သုံး​ဆောင်​​ကြပြီးလျင်​ ငြိမ်​သက်​​အေး​ဆေးစွာ ဆွမ်းစား​ဆောင်​ထဲမှ ပြန်​ကြွသွားကြပါသည်​ ။

image

image

image

image

ထို့​နောက်​ ဆွမ်း​ကပ်​တရားနာကာ မိမိတို့ ပြု ပြု သမျှ​သော ကုသိုလ်​အဖို့ကို ​ရေစက်​ချကာအမျှ​ပေး​ဝေလိုက်​ပါ​တော့၏။ စာ​ရေးသူ၏ စတီးမစ်​မှ စာ​ရေး​ဖော်​ စာ​ရေးဖက်​ ရဲ​ဘော်​ရဲဘက်​ မိတ်​​ဆွေအ​ပေါင်းတို့အားလည်း သာဓု​ခေါ်နိုင်​ရန်​ ​ရေးသားလိုက်​ရခြင်း ဖြစ်​​ပေ​တော့သတည်း ......

image
Written by @myanmarpyithar
MSC 103

Sort:  

သာဓု သာဓု သာဓုပါ

နှစ်​သစ်​မှာ လုပ်​ငန်းအသစ်​​တွေ ကားအသစ်​​တွေ အိမ်​အသစ်​​တွေ ပိုင်​ဆိုင်​နိုင်​ပါ​စေ အစ်​ကို​ရေ ..

good ဗျာ

ကျေးဇူးပါ အစ်​ကို​ရေ .. နှစ်​သစ်​မှာ ​ပျော်​ရွှင်​ချမ်း​မြေ့ပြီး ​အောင်​မြင်​မှု​တွေ ရရှိပိုင်​ဆိုင်​ပါ​စေဗျာ

သာဓု သာဓု သာဓုပါဗျာ...

ကိုလင်းလည်း နှစ်​သစ်​မှာ ​ပျော်​ရွှင်​ချမ်း​မြေ့ပါ​စေ ခင်​ဗျ ..

နှစ်သစ်ကို ကုသိုလ်ကောင်းမှုနဲ့အတူကြိုလိုက်ရတာပေါ့။ဝမ်းသာပါတယ် အကိုရေ...

ဟုတ်​တယ်​ အစ်​ကို​ရေ .. တကယ့်​မင်္ဂလာပါပဲဗျာ .. နှစ်​သစ်​ရဲ့ ကုသိုလ်​ကို နှစ်​သစ်​ရဲ့ proမှာ ​ပြောပြခွင့်​ရလို့ ဝမ်းသာမိပါတယ်​ဗျ..

သာဓု သာဓု သာဓုပါရှင်​။ဒီထက်​မကလှူ နိုင်​တန်းနိုင်​ပါ​စေရှင်​။

ကျေးဇူးပါ မအိခင်​ဗျ .. မအိလည်း နှစ်​သစ်​မှာ ကျန်းမာ ချမ်းသာ လိုအင်​ဆန္ဒ​တွေ ပြည့်​ဝပါ ​စေခင်​ဗျ ..

သာဓုပါဗျာ ကိုယ်တိုင်လဲ ကြိုးစားအားထုတ်နိုင်ပါစေ သာသနာကြီးကိုလည်း များစွာ ထောက်ပံ့နိုင်ပါစေ ။

ဟုတ်​ကဲ့ပါ အစ်​ကို​ရေ .. ကိုယ်​တိုင်​လည်း အားထုတ်​နိုင်​​အောင်​ကြိုးစားပါ့မယ်​ဗျ .. ​ကျေးဇူးပါဗျ ..

ဝမ်း​မြောက်​ဝမ်းသာ သာဓု​ခေါ်ပါတယ်​ အကို​ရေ
သာဓု သာဓု သာဓု ပါဗျာ

ကျေးဇူးပါ ကို​အောင်​ကြီး​ရေ .. ကို​အောင်​ကြီး တစ်​​ယောက်​ နှစ်​သစ်​မှာ ကျန်းမာ ထီ​ပေါက်​ ပါ​စေဗျား ..

အရေးအသားလေးတွေ ကောင်းတယ်ဗျာ .သာဓုလည်းခေါ်ပါတယ်

ဟုတ်​ .. ခုလိုအား​ပေးတာ အားရှိ​စေပါ​စေဗျာ .. သာဓု​ခေါ်ဆိုတဲ့အတွက်​ကြည်​နူးမိပါတယ်​ဗျာ ..

သာဓု သာဓု သာဓု ခေါ်ပါတယ်ဗျာ

ဟုတ်​ကဲ့ပါ ကိုကြီး​ရေ ... သာဓု​ခေါ်တဲ့အတွက်​ ကုသိုလ်​ရှင်​များကဲ့သို့ ကုသိုလ်​​တွေ အပြည့်​အဝ ရပါပြီဗျာ ..

ကောင်းတယ်ဗျာ နှစ်သစ်ကုသိုလ် ပြုနိုင်တာ သာဓု သာဓု သာဓု ပါ

ကျေးဇူးပါဗျ .. နှစ်​သစ်​မှာ အစ်​ကိုလည်း အစစ အဆင်​​ပြေပြီး ကျန်းမာ ချမ်းသာပါ​စေဗျာ ..

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 64140.77
ETH 3133.36
USDT 1.00
SBD 4.15