ခဲ​လေသမျှ ...

in #myanmar6 years ago (edited)

image

မှန်းချက်​နဲ့ နှမ်းထွက်​က မကိုက်​​ပေ ..
မကိုက်​ဆို တက်​တက်​စင်​​အောင်​လွဲ
ပါစင်​​အောင်​ကိုလွဲသကိုးဗျ ...
တခြား ဟုတ်​ရိုးလား .. ကမ္ဘာ့ဖလား​လေ ... ကမ္ဘာ့ဖလား​ပေါ့ဗျာ ...

image
Credit Original Image Source

နည်းစနစ်​ကျကျ ကစားတတ်​လွန်းလို့
ကျုပ်​သိပ်​ကြိုက်​တဲ့ ဂျာမနီ​လေ ..
လောင်းကစား​ဝါသနာပါလှတယ်​ လို့​တော့ မဟုတ်​​ပေမယ့်​ (ဟီး .. အဲ့လိုစကားခံထားမှပါ​လေ) ​ဘောလုံးပွဲ ဆိုတာလည်း အနည်းငယ်
လောင်းထားမှ ကြည့်​ရတာ အရသာရှိတဲ့အမျိုးမို့ (ဟုတ်​ ဟုတ်​ မဟုတ်​ ဟုတ်​) အနည်း
ငယ်​​သော ​လောင်း​ကြေး​လေးထည့်​ပြီး အား
ပေးပြီဆိုကာမှ မက်​ကစီကို ရဲ့ အသည်းခွဲဂိုး 
အောက်​မှာ ဂျာမန်​သား​တွေ မျက်​ရည်​ဝိုင်းခဲ့​ပါ​ပေါ့လား ...

image
Credit Original Image Source

အဲ .. ​နောက်​တစ်​သင်းက အာဂျင်​တီးနား ..
ကျုပ်​အချစ်​​တော်​ မက်​ဆီရဲ့ ​ခြေစွမ်းပြတာ​တွေ ကြည့်​ချင်​လွန်းလို့ ​ယုံကြည်​ကာ ပုံအပ်​ထားပါမှ ​(​အောင်​မ​လေး ..) ခရို​အေးရှားက သုံးဂိုးပြတ်​ သရီး ဇီးနဲ့ ​အောင်​ပွဲခံသွားပါ​လေ​ရောလား
မက်​ဆီနဲ့ သူ့ အာဂျင်​တိုင်းသား​တွေကို ကျုပ်​​ကောင်း​ကောင်း​မေတ္တာ ပို့မိတာ​ပေါ့ဗျာ ...

image
Credit Original Image Source

ကဲ .. အခု​တော့ ​ရွှေကျင်​သား ပဒတ်​ လိုက်​သလိုပဲ ​ပြောချင်​မိ​တော့တယ်​ဗျာ ...

တစ်​ခါက ​ရွှေကျင်​သားတသိုက်​ ​တောထဲ ပဒပ်​သွားလိုက်​တယ်​​ပေါ့ဗျာ .. ပဒပ်​တစ်​​ကောင်​ကို ​တွေ့ပြီး အသည်းအသန်​ လိုက်​ပါ​လေ​ရောတဲ့ .. ပဒပ်​က​ပြေး .. သူတို့ကလိုက်​ ..
ဒါနဲ့ ပဒပ်​က တွင်း​ဟောင်းကြီးတစ်​ခု (​တောင်​ပို့ကြီးတစ်​ခုထင်​ပါရဲ့)ထဲ ဝင်​​ပြေးခါနီး ​ရွှေကျင်​သားတစ်​​ယောက်​က လက်​ထဲပါတဲ့ ဓားနဲ့
လှမ်းပစ်​လိုက်​တယ်​တဲ့ဗျာ.. ကံဆိုးတဲ့ ပဒပ်
ခမြာ အမြှီးမှန်​ပြီး ပြတ်​သွားပါ​လေ​ရော ..
ပြတ်​သွားတဲ့ အမြှီးက တစ်​ဖျတ်​ဖျတ်​ခါလို့
ပဒပ်​က​တော့ တွင်းထဲဝင်​သွား​လေရဲ့ ...

ဒါနဲ့ ​ရွှေကျင်​သားတို့က ဘာလုပ်​တယ်​မှတ်​လဲ
တွင်းဝနားသွားထိုင်​ပြီး ပဒတ်​ပြန်​အထွက်​လာ ထိုင်​​စောင့်​​နေကြ​တာ​ပေါ့ဗျာ ..
တော်​​တော်​​လေး ​စောင့်​လို့မှ ပဒတ်​က 
ပေါ်မလာ အချိန်​အ​တော်​ကြာ​လေ​တော့ သူတို့ စိတ်​ဆိုးပြီ​လေ ..
အဲ့ဒီမှာ ​တစ်​​ယောက်​က ထ ​ပြောပါ​လေ​ရော ..
" ​နေ​လေ .. ​နေ​ပေါ့ ... နင်​သာ အမြှီးပြတ်​လို့ ပဒတ်​ရာမဝင်​မှာ .. ငါတို့က ငါးပိချက်​နဲ့ စားလို့လည်း ရပါ့ဗျာ .." တဲ့​လေ ......
(ကြားဖူးနားဝကို ပြန်​​ပြောခြင်းဖြစ်​လို့
မှားရင်​ အမှန်​ပြင်​​ပေး ဖြည့်​​တွေး​ပေးပါလို့ .. ဟီး)

ဟုတ်​တယ်​ .. ကျုပ်​လည်း အဲ့ဒီလိုပဲ ​ပြောလိုက်​ချင်​​တော့တယ်​ ..
" ​နေ​လေ .. ​နေ​ပေါ့ .. ငါ့ ကုန်​သွားတဲ့ ပိုက်​ဆံက ပြန်​ရှာ ခဏ​ပေါ့ .. နင်​တို့သာ ပြိုင်​ပွဲက ထွက်​ရမှာ .. ဟင်း .. ဟင်း .. ဟင်း .."

image
Written by @myanmarpyithar
MSC - 103

Sort:  

ဒါမျိုးတော့ ဇွဲမလျော့နဲ့ . . . ထပ်လောင်းဗျာ ဟီး

ကျွန်​​တော့်​နဲ့အတူ ရှယ်​ယာဝင်​လို့ရတယ်​​နော်​ .. 😂😂

Congratulations! This post has been upvoted from the communal account, @minnowsupport, by myanmarpyithar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဟားဟား ကုန်သွားတဲ့ပက်ချံတွေကို မနှမြောပါဘူး နင်တို့မကန်တာနင်တို့ရှုံးလေ ဟေဟေး ဘောလုံးဟာအလုံးကြီးမိုလို့ ဘာမှပြောမရ။တော်သေးတယ် နှစ်သင်းပဲကန်လို့ သုံးသင်းတစ်ပွဲမှာကန်လို့ကတော့ ရှုံးဖို့ 100%ပဲ ကိုမြန်မာရေ။

တိန်​ .. တစ်​ပွဲ သုံးသင်းကန်​ရင်​​တော့ ရှိတာ​ရောင်းပြီး ဒိုင်​လုပ်​​တော့မယ်​ ..ကိုယ့်​ကံက ခပ်​​ကောင်း​ကောင်းဆို​တော့ ဒါလည်းမ​သေချာပါဘူး​လေ ..

ပွဲ​တွေအများကြီးကျန်​​သေးပါတယ်​လို့ ထပ်​​​လောင်း အဲ်​​လေ ထပ်​အား​ပေးပါအူးလို့

ဒါ​ပေါ့ ကို​အောင်​ကြီးရာ ..​ယောက်ျားတို့ဇွဲ ​သေခါမှ ​လျှော့ဆိုသလိုပ ..😂😂

နောက်​ပွဲ​တေအများရီးကျန်​ပါ​သေးတယ်​။fightingထပ်​​လောင်း​ပေါ့😁😁😁

မြှောက်​​ပေး​နေတယ်​​ပေါ့​လေ .. 😀😀

ဟီးဟီး ဟားဟား ရီစရာ အတော်ပြောတတ်ပ😁

အဟီး ..အဲ့လိုပဲ ​ပြောပစ်​လိုက်​တယ်​ ကိုကြီးရာ .. ဟုတ်​တယ်​ .. ​အေး​ရော..😂😂

ဟုတ်ပါ အချစ်တော်မက်ဆီကြီး အားကိုးထားတာ 0 3တဲ့
ညနက်ထိစောင့်ပြီးကြည့်ရတာ အိပ်ရေးပျက်တာပဲ့အဖတ်တင်တယ်

ဟုတ်​တယ်​ဆို .. ဂယ်​ပဲ ဂယ်​ပဲ ..😂😂

ပြုံးလိုက်မိပါသည်

ငင့်​ .. သူများက ရှုံးပါတယ်​ဆို ..သူက ပြုံးနိုင်​​သေးတယ်​လားလို့ .. 😀

စာက လေးထောင့်တွေချည်းပဲ ဖတ်ရဝူးးးး

ငင်​ .. ဟုတ်​လားဘုရား .. ဘယ်​လိုဖြစ်​တယ်​မသိ ...

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 64549.55
ETH 3170.62
USDT 1.00
SBD 4.13