ရင့်ကျက်ခြင်းဆိုတာဒီလိုလား

in #myanmar6 years ago

image
ရင့်ကျက်ခြင်းဆိုတာ ဖြည်းဖြည်းခြင်းဖြစ်လာတာ။ သင်ခန်းစာတစ်ခုကိုရလိုက်တာနဲ့ အမှားကနေအမှန်ဖြစ် သွားတာမဟုတ်ဘူး။ အမှားကြီးကနေ အမှားလေးဖြစ်သွားတာ။ နောက်ထပ်သင်ခန်းစာတွေထပ်ရတော့ အမှား လေးကနေ ထပ်ပြီးသေးတဲ့အမှားတစ်ခု အဖြစ်ပြောင်းလာတယ်။ ပြီးပြည့်စုံသော အမှန်တရားအစစ်နဲ့ ပိုပိုနီးစပ် လာတာ ရင့်ကျက်ခြင်းရဲ့ သဘောသဘာဝပဲ။ တကယ့်အမှန်တရား၊ ပြီးပြည့်စုံမှုကိုတော့ မရနိုင်ဘူး။ ဒါဘာမှမဖြစ် ပါဘူး။

ဘဝမှာပြီးပြည့်စုံသောအမှန်တရားဆိုတာကိုပဲရှာမနေသင့်ဘူး။(ဘာသာရေးကိုမဆိုလိုပါ) ကိုယ့်ရဲ့အမှား တွေကို နည်းနည်းခြင်းတိုက်ဖျက်ရင်း မနေ့ကလောက် ဒီနေ့မမှားတော့ဘူးဆိုတဲ့ အခြေအနေကို ရောက်ဖို့သာ ကြိုးစားသင့်တယ်။

ဒီလိုအမြင်နဲ့ ကြည့်မယ်ဆိုရင် တစ်ကိုယ်ရည်ရင့်ကျက်မှုဆိုတာ သိပ္ပံနည်းကျတွက်လို့ရပြီ။ ကျွန်တော်တို့ ရွေးချယ်ထားတဲ့ ခံယူချက်တွေဟာ ကျွန်တော်တို့ရဲ့ စံနှုန်းတွေဖြစ်လာမယ်။ ကျွန်တော်တို့ရဲ့ အပြုအမူတွေဟာ ဒီစံနှုန်းတွေကို စမ်းသပ်မှုတွေဖြစ်လာမယ်။ စမ်းသပ်မှုတွေကရလာတဲ့ အဖြေတွေဟာ ကျွန်တော်တို့လေ့လာလို့ ရတဲ့အချက်အလက်တွေ ဖြစ်လာတယ်။

အလုံးစုံမှန်တဲ့ အတွေးအခေါ်ဆိုတာမရှိပါဘူး။ (ဗုဒ္ဓဟာအတွေးအခေါ်မဟုတ်ကြောင်းသိစေလို) ကိုယ့်အ တွေ့အကြုံပေါ်မှာမူတည်ပြီး အမှန်အမှားဆိုတာ တူမှာမဟုတ်ပါဘူး။ကျွန်တော် ခင်ဗျားနဲ့တခြားလူတွေအားလုံးဟာ ကိုယ့်သမိုင်းနဲ့ကိုယ်ရှိပြီးသားတွေ၊ ကိုယ့်အတွေ့အကြုံနဲ့ကိုယ်၊ ခံစားချက်လည်းကိုယ်စီ။ ဒီတော့ တစ်ယောက်ချင်း သတ်မှတ်ထားတဲ့ အမှန်တရားဆိုတာရှိပြီးသား ။ဘဝမှာ မှန်တယ်လို့ထင်တဲ့ အရာတွေက တစ်ယောက်နဲ့တစ် ယောက် ဘယ်လိုမှမတူနိုင်ဘူးမဟုတ်လား။ နည်းပညာအသစ်တွေလေ့လာသင်ယူရတာ၊ စာရေးနေရတာတွေကို ကျွန်တော်ကြိုက်တယ်။ တန်ဘိုးထားတယ်။ ဒါတွေဟာကျွန်တော်တစ်ယောက်တည်းအတွက်သာ မှန်တဲ့ခံယူချက် ဖြစ်တယ်။ ဒါတွေဟာလည်း ပြောင်းလဲနိုင်သေးတာပဲ။ ကျွန်တော့ရဲ့ ရင့်ကျက်ခြင်းတွေ အမြင်တွေပြောင်းလာသလို ကျွန်တော်သတ်မှတ်တဲ့ အမှန်တရားတွေကလည်း ပြောင်းလာမှာပဲမဟုတ်လား။ ကျွန်တော်အသက်ကြီးလာတာ၊ ရင့်ကျက်လာတဲ့အခါ အမှားတွေလည်း နည်းနည်းခြင်းလျော့သွားပါလိမ့်မယ်။

လူတော်တော်များများဟာ ဘဝမှာ “မှန်”ချင်တဲ့ စိတ်ကိုစွဲလမ်းနေတာနဲ့တင် သူတို့ဘဝကို တန်အောင် နေဖို့မေ့နေကြတယ်။ ဘဝမှာအပိုင်တွက်ခြင်း(သေချာခြင်း)ဆိုတာ ရင့်ကျက်မှုရဲ့ရန်သူပါပဲ။ မဖြစ်လာသေးတဲ့ အရာ ကိုဘယ်တော့မှ အပိုင်မတွက်သင့်ပါဘူး။သေချာတဲ့အရာတွေကိုပဲလိုချင်နေမဲ့အစား မသေချာမှုတွေကို အမြဲလိုက် ရှာနေသင့်တယ်။ ကိုယ့်ကိုယ်ကိုယ်မသေချာခြင်းတွေ ၊ကိုယ်ခံစားချက်ကိုမယုံကြည့်ခြင်းတွေ၊ ဘာဖြစ်မယ်မှန်း မသိတဲ့ အနာဂါတ်ရဲ့ မရေရာမှုတွေကိုတန်ဖိုးထားရမယ်။လူဆိုတာအမှားမကင်းဘူးမဟုတ်လား။

အမှားအယွင်းတွေကသာ ကျွန်တော်တို့ကို ပြောင်းလဲစေတဲ့အရာတွေဖြစ်တယ်။ ရင့်ကျက်ဖို့အခွင့်အရေး ဖြစ်တယ်။နောက်တစ်ခုက ကောင်းတဲ့အတွေ့အကြုံ၊ မကောင်းတဲ့အတွေ့အကြဲုဆိုတာကိုလည်း ကျွန်တော်တို့ဦး နှောက်က သေသေချာချာခွဲခြားတတ်တာမဟုတ်ဘူး။ဘဝမှာ အရုန်းကန်ရဆုံး၊ စိတ်ဖိစီးမှုအများဆုံး အချိန်တွေ ကနေ လန်းဆန်းတဲ့ခွန်အားတွေ ရလာတာလည်းရှိသလို အပျော်ဆုံးအချိန်တွေ၊ အကျေနပ်ဆုံးအတွေ အကြုံတွေကနေ စိတ်ဓာတ်ကျစရာတွေ၊ အာရုံနောက်စရာတွေ ပေးခဲ့တာတွေလည်းရှိတယ် လေ။

လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ လောက်က လူတွေကိုကြည့်ပြီး လျှပ်စစ်မီးမရှိ Hand phone မရှိ သူတို့တွေဘယ်လိုများနေကြပါလိမ့်လို့ထင်ရသလို အနာဂါတ်နှစ် ၅၀၀ မှာလည်း ကျွန်တော်တို့ကိုပြန်ကြည့်ရင် ကျွန်တော်တို့ခေတ်ကလူတွေ ပိုက်ဆံနဲ့ဘဝကိုတန်ဖိုးဖြတ်နေတာတွေကြည့်ပြီးရယ်နေကြမလား။ အရေးကြီးတဲ့သူ တွေကိုအဖက်မလုပ်ပဲ၊ နာမည်ကြီးဆယ်လီတွေကို အသည်းအသန်အားပေးနေကြတာ ကြည့်ပြီးအံ့သြမယ်။ ကျွန်တော်တို့ရဲ့ စစ်ပွဲတွေကိုကြည့်ပြီးခေါင်းခါသက်ပြင်းချကြမယ်။ရက်စက်ကြမ်းကြုတ်မှုတွေကိုကြည့်ပြီး ရွံ့ကြမယ်။ ကျွန်တော်တို့ခုအချိန်မှာမသိသေးတဲ့အမှန်တရားတွေကို သူတို့ပိုသိလာကြပြီး ကျွန်တော်တို့ထက်အမှားတွေပိုပို လျော့ကျသွားနိုင်မယ်လေ။

မင်းစိုးနိုင်

MSC-010

Photo – Google

Sort:  

အမှန်တရားကိုတော့ အချိန်က ပဲ သက်သေပြနိုင်မယ် ထင်ပ
photo လေး save လိုက်မယ်နော် ကြိုက်လို့

တစ်ခုလောက်သက်သေပြပါ

ဘာတွေ သက်သေပြခိုင်းနေတာလဲဆာမင်းစိုးရယ် ဘုကို သက်သေပြခိုင်းနာလဲလို့ဆို ☺☺

ဟီး...မည်သည့်အရာအဆိုစာရင်းဇယားအရ သက်သေပြနိုင်သည်လို့ရေးထားလို့လေ၊မိန်းမကို ဖုန်းဘေမကုန်ပါဘူးဆိုပြီးလိမ်ပြထားတဲ့စာရင်းလေးဖြစ်ဖြစ်

အာ့ အလွန့်အလွန်ထိပ်တန်းလျို့ဝှက် ဆာမင်းစိုးရယ် ☺☺

အနာဂတ်​မှာ​တော့ ခု​ခြေ​နေကိုကြည့်​ပြီး ပြုံး​နေကြပါလိမ့်​မယ်​ဗျာ

တွေးစရာတွေချည်းပါပဲ့

တွေးတွေး

အသက်ကြီးလို့ မရင့်ကျက်နိုင်ပါဘူး ရင့်ကျက်ခြင်းဆိုသည်မှာ အဓိက သာမည သေချာခွဲခြမ်းပြီး အမှားနည်းအောင် လုပ်ဆောင်နေသူသာ ရင်ကျက်ခြင်းကို ရှာဖွေနေသူပါ

ဒါလည်းမှန်တာပဲ

ရာစု တစ်ခုနဲ့ တစ်ခုကြား အပြောင်းအလဲတွေက တော်တော်များပါတယ်

တကယ်တော့ ဆယ်စုနှစ်မှာတောင်အပြောင်းအလဲများ နေပါပြီ

သေချာခြင်းဟာ ရင့်ကျက်မှု ရန်သူ
နက်တယ်ဗျ တွေးကြည့်ဦးမယ် စာက တိုပေမယ့် တန်ဖိုးမဖြတ်နိုင်တာတွေ ပါတယ် only for me ပေါ့ဗျာ

2 + 2=4 ဆိုတာသေချာတယ်လေ
A+ B = ? မသေချာတော့ဘူး

အမှန်တရား ပြည့်စုံဖို့ထက် ရင့်ကျက်မှု သဘောထားကြီးမားမှု
တို့ဖြင့် နေတတ်ဖို့ အရေးကြီးပါမည်

မှန်လေသည်

အမှားတွေနည်းလာလေ သေးလာလေ ရင့်ကျက်လာလေတဲ့လား။

အမှားတွေဆက်လုပ်နေရင် မရင့်ကျက်ဘူးလေ

လူတိုင်းကတော့ လူမှန်တွေချည်းပါပဲ။
မမှန်တာကတော့ မိမိခံယူချက်တွေပေါ်မူတည်ပြီး အမှန်တရားတွေ
ကွဲပြားသွားကြတာပေါ့နော် ဆရာစိုး။

ကိုယ့်ဘာသာတော့အမှန်တွေပေါ့ ဒါပေမယ့်အတွေ့အကြုံအရ လက်တွေ့မှာမှားတယ်လို့သိလိုက်တဲ့အခါ ရင့်ကျက်လာတာပေါ့

ငယ်ရွယ်သူတွေ အဖို့ အမှားများမယ် အသက်တွေကြီးလာလို့ ရင့်ကျက်လာရင် အမှားနည်းပါလိမ့်မယ်😊ဟုတ်ပါတယ် ဦးမင်း

တစ်ခုတော့ရှိတာပေါ့ဘာမှမလုပ်ရင်ဘာမှမမှားဘူး ။ဘာမှမမှားဘူးတော့အသက်သာကြီးလာမယ်ဘာမှလည်းမသိဘူး

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63464.16
ETH 3111.33
USDT 1.00
SBD 3.98