ပါရဂူလားဒေါက်တာလား

in #myanmar6 years ago

ပါရဂူလားဒေါက်တာလား
image
ပါရဂူဘွဲ့၊ဒေါက်တာဘွဲ့တွေရဖို့ စာတမ်း(Thesis)ရေးတယ်၊ စာတမ်းပြုစုတယ် ဆိုပြီးကြားဖူးကြမှာပါ။ ဒီလို ဘွဲ့တွေ အတက်စာတမ်းပြုစုကြရာမှာတော့ မြန်မာပြည်ကစာတမ်းအများစုနဲ့ နိုင်ငံတကာကစာတမ်းတွေနဲ့ကွာခြားချက်အချို့ရှိပါ တယ်။ နိုင်ငံတကာမှာကစာတမ်းပြုစုပြီဆိုရင် သူယူမယ့်ဘွဲ့နဲ့သက်ဆိုင်တဲ့ လက်တွေ့စမ်းသပ်တီထွင်မှုတစ်ခုခုပြုလုပ်ရ ပါတယ်။ဒီလက်တွေ့စမ်းသပ်မှုကနေမှ သူတပါးမတီထွင်ရသေးတဲ့ အသစ်အဆန်းတစ်ခုခုကိုကိုယ်က တီထွင်စမ်းသပ်ပြ သပြီး၊ အောင်မြင်တော့မှ ဒီစမ်းသပ်မှုကိုစာတမ်းအဖြစ်ရေးရတာပါ။မြန်မာပြည်ကဘွဲ့တော်တော်များများ(အကုန်လုံးမဆို လိုပါ) ကတော့ ဖြတ်ညှပ်တွေများပါတယ်။ ကိုယ်တိုင်ဘာတစ်ခုမှ မတီထွင်ယုံမကပဲ သူများရေးပြီးသားတွေရှာထည့်တာ၊ ပေါင်းစပ်တာ၊ကူးယူတာတွေကနေ စာတမ်းတစ်ခုဖြစ်လာကြတာပါ။
image
ဒါကြောင့်မို့မြန်မာတွေဟာ တကယ်မတတ်တော့ပဲ အစစအရာရာနောက်ကျကျန်ခဲ့ရတာဆိုရင်မှားမယ်မထင်ပါဘူး။ ဒီလို တကယ်စမ်းသပ်ပြီးရရှိလာတဲ့ စာတမ်းတစ်ခုဟာဘယ်လောက်အထိအရေးပါပါသလဲ။သြစတေးလျနိုင်ငံသား မစ္စတာ Friend Argantan ဟာဆိုရင် ကျောင်းကို ၁၀ တန်းအထိပဲပညာသင်ကြားခဲ့ပါတယ်။ သူဟာစားဝတ်နေရေးအတွက် အဝီစိ တွင်းတူး(စက်ရေတွင်းတူး)တဲ့ လုပ်ငန်းထဲကို ၁၀ တန်းမအောင်ပဲဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ သူ့ရဲ့ကျိုးစားအားထုတ်မှု ကြောင့်သူဟာ စက်ရေတွင်းတူးတဲ့လုပ်ငန်းမှာ Expert တစ်ယောက်ဖြစ်လာပါတယ်။သူတို့နိုင်ငံသားတွေရဲ့ထူးခြားချက်လား၊ သူကိုယ်တိုင်ရဲ့ထူးခြားချက်လားဆိုတာမသိပေမယ့်။Friend Argantan ဟာ သူ (စက်ရေတွင်းတူးတဲ့လုပ်ငန်း) အလုပ်စပြီး ဝင်ရောက်လုပ်ကိုင်လာကတဲက မှတ်တမ်းမှတ်ရာတွေကို စနစ်တကျရေးသားထားခဲ့ပါတယ်။
image
နောက်ဆုံးမှာတော့ သူရေးသားမှတ်သားခဲ့သမျှစာရွက်စာတမ်းတွေကို သူတို့ဆီက တက္ကသိုလ်တစ်ခုကိုပေးပို့ လိုက်ပါတယ်။ပေးပို့လိုက်တယ်ဆိုရင်ပဲ အဲဒီတက္ကသိုလ်က သူ့စာတွေအားလုံးဖတ်ရှုပြီး သူ့ကို စက်ရေတွင်းတူးတဲ့လုပ်ငန်း ဆိုင်ရာ ပါမောက္ခအဖြစ်ခန့်အပ်ခဲ့ပါတယ်။သူကတော့ ကျွန်တော်စက်မှုလယ်ယာသင်တန်းကျောင်းမှာ ကျေးရွာရေရှိရေးအ တွက်စက်ရေတွင်းတူးသင်တမ်းတက်ရောက်ခဲ့စဉ်က နိုင်ငံခြားသားဆရာတစ်ဦးဖြစ်ပါတယ်။

နောက်ထပ်တစ်ယောက်ကို တင်ပြချင်ပါသေးတယ်။ သူနံမည်ကဦးနီလို့ခေါ်ပါတယ်။ သူကတော့ပညာမတတ်ပါ ဘူး ဆင်းရဲပါတယ်။သူကငါးဖားရှာစားရသူတစ်ယောက်ဖြစ်ပါတယ်။ သူ့အကြောင်းတကူးတကတင်ပြရတာကတော့ သူရဲ့ ငါးမျှားတဲ့ပညာကြောင့်ဖြစ်ပါတယ်။ သူဟာ ငါးမျှားထွက်တော့မယ်ဆိုရင် သူ့ဆီကဝယ်ယူမည့်သူကို ကြိုတင်ဖောက်သည် စပ်သွားလေ့ရှိပါတယ်။ သူငါးဖမ်းတိုင်း (၃)ပိဿာ တိတိဖြစ်ပါတယ်။ငါးဘတ်ဖမ်းသွားတဲ့အခါ ငါးဘတ်မဟုတ်တဲ့ အခြားငါး တစ်မျိုး မျိုးမိရင်မယူပဲပြန်လွှတ်ပေးလေ့ရှိပါတယ်။ငါးခူ၊ ငါးကျီး၊ ငါးရံ့၊ စတဲ့ငါးတစ်မျိုးခြင်းစီအတွက် ငါးစာကိုလည်း တစ်မျိုးစီ စီမံသွားလေ့ရှိပါတယ်၊ ဒီနေ့ တီကောင်နဲ့ဖမ်းရမှာ၊ ဒီနေ့က ခါချဉ်ဥနဲ့ဖမ်းရမှာ၊ ဒီနေ့က ကြက်ဥနဲ့ဖမ်းရမှာလို့ပြောပြီးသွားပါ တယ်။သူပြောတဲ့ငါးပဲပါလာလေ့ရှိပါတယ်။တခြားငါး ပါမလာပါဘူး။မိရင်လည်းပြန်လွှတ်ခဲ့တာပါ။

သူဘာကြောင့်ဒီလိုအတတ်ပြောနိုင်တာလည်း တစ်နေ့တော့သူနောက်ကို ကျွန်တော်လိုက်သွားခဲ့ပါတယ်။ သူက သူငါးဖမ်းသွားလေ့ရှိတဲ့ လော့သော်ချောင်း၊ အိုင်၊ လယ်ကွက်စသည်ဖြင့်တွေ့တဲ့အခါ ငြမ်းပြီးစိုက်ကြည်နေပြီး ရေအလှုပ် မျက်အလှုပ်တွေကြည့်ပြီး ဒီထဲမှာ ငါးခူတွေ၊ ဒီထဲမှာတော့ ငါးဘတ်ကွ၊ ဒီထဲမှာတော့ ငါးရံ့ စသည်ဖြင့်ပြောပါတယ်။ သူဖမ်းလေ့ရှိတဲ့ (၃)ပိဿာမပြည့်လောက်ရင်လည်း မဖမ်းပါဘူး။သူပြောတိုင်းလည်းမလွဲပါဘူး။ ဒါကြောင့် ငါးသည်တွေကို ကြိုပြီးဖောက်သည်စပ်သွားနိုင်တာပါ။သူကစာတစ်လုံးမှမတတ်ပါဘူး။ သူသာစာတတ်ပြီး သူ့အတွေ့အကြုံတွေကို မှတ်တမ်း တွေရေးသားပြီး တက္ကသိုလ်တစ်ခုခုကို ပို့ပေးခဲ့မယ်ဆိုရင် စာတမ်းတစ်ခုဟာဘယ်လောက်အထိအရေးပါပါသလဲ။ သြစတေး လျနိုင်ငံသား မစ္စတာ Friend Argantan လိုမျိုး ငါးမျှားပါရဂူ ပါမောက္ခတစ်ယောက်ဖြစ်လာလေမလား။ ဒါမှမဟုတ် ၁၀ တန်းလောက်နဲ့စာတမ်းလာတင်လို့ အရူးဘွဲ့ပဲပေးလေမလား။စဉ်းစားရင်း……

မင်းစိုးနိုင်

MSC-010

Photo – google

Sort:  

ဒီမှာတော့စာတမ်းက ချိတ်ဆွဲရုံပဲဖြစ်နေတုံး မိုးပျံအောင်တော်နေလဲ စာတမ်းက အမှိုက်ပဲဖြစ်နေဆဲထင်ပါတယ် ဆရာမင်းစိုးရယ်

တော်တဲ့သူကဘွဲ့ရချင်ရမယ်၊ အတန်းအောင်ချင်မှအောင်မယ် ၊ဥပမာ တစ်ချို့ဂီတပညာရှင်တွေ ပါရဂူလောက်တော်တာတွေရှိတယ်

အခြားနိုင်ငံက စာတမ်းတွေကတော့ အသုံးပြုခံရလေ့ ရှိပါတယ်။
မြန်မာနိုင်ငံက စာတမ်းတွေကတော့ စာတမ်းဖတ်ပွဲပြီးရင် ဘီရိုထဲ
အသိမ်းခံရလေ့ရှိပါတယ်။

အသုံးဝင်ပုံလေးကွာသွားတာနေမှာ

သူများနိုင်ငံသည်လက်တွေ့ကိုချီးကျူးအသုးံပြုကြပါသည်

အတန်းပညာထက်တကယ်တတ်ဖို့လူလိုတာပေါ့နော်

ငါးမျှားပါရဂူ အသုံးလေးသဘောကျတယ်ဗျို့

ခုတော့မရှိတော့ပါဘူး ဆင်းရဲလွန်းလို့ ရောဂါကုစရာပိုက်ဆံမရှိလို့ဆုံးရှာပြီ

ပညာရေးသမိုင်းကိုက ဒီလို ဆင်းသက်လာတော့လည်း ဒီလို ဒေါက်ဘွဲ့တွေ ပေါ်ထွက်လာရတာပါဘဲ ဘယ်လောက်သေးငယ်တဲ့ အတက်ပညာဖြစ်ဖြစ် တဖက်ကန်းခပ်တက်ကျွမ်းဖို့လိုအပ်ပါတယ် သို့မှသာ ပါရဂူတစ်ဆူလို့ ခေါ်ဆိုထိုက်ပါတယ်

မှန်ပါတယ်စုလှိုင်ရေ

မြန်မာနိုင်ငံမှာလည်း တစ်ပွဲစားလို့ အမည်တွင်တဲ့ ကျွမ်းကျင်ပညာရှင်တွေ ရှိခဲ့ဖူးပါတယ် သို့ သော်လည်း ချောင်ထိုးခံရတာပဲ ဦးမင်းရေ စနစ်ပဲ အပြစ်ဆိုရမလားမသိဘူး

စနစ်ထက်လူတွေမကောင်းခဲ့တာပေါ့နော်၊ ညံ့တဲ့သူတွေ

မြန်​မာပြည်​ကစာတမ်းများက​တော့ဖြတ်​ညှပ်​ကပ်​များသည်​လို့မြင်​ပါတယ်​။

ကဲသိတဲ့သူကစပြင်ကြတာပေါ့၊တပည့်များတဲ့သူတွေ ငယ်ငယ်ထဲက ဖြတ်ညှပ်ကပ်လက်မခံနဲ့တော့

ဖတ်ရတာ ဗဟုသုတရတယ်ဗျာ👍
ငါးဖမ်းသူလည် သူပညာနဲ့သူပ

ကျေးဇူးပါ

ကျွန်တော်တို့နိုင်ငံမှာ ဦးပွင့်ကောင်း ဆိုတာရှိခဲ့တယ်။ ပွင့်ကောင်းငံပြာရည်လုပ်ငန်းရှင်ပေါ့။ နောက်တော့ ရွှေပုဇွန်ကိတ် လုပ်ငန်းလုပ်တယ်။ ၇ တန်းပဲ အောင်ပါတယ်။ ယူနစ်စကိုက စားသောက်ကုန်နဲ့ပတ်သက်လို့ ပါရဂူဘွဲ့ပေးခဲ့ပါတယ်။

ဒါတောင်နိုင်ငံခြားကလှမ်းပေးရတာပေါ့နော်၊မြန်မာပြည်တက္ကသိုလ်တွေကတော့ ၇ တန်းဆိုပေးမှာမဟုတ်ဘူး

အိမ်နီးချင်းဖြစ်တဲ့ ထိုင်းမှာတောင် ကိုယ်တက်ချင်တဲ့တက္ကသိုလ်ကို ဝင်ခွင့်ဖြေ အောင်ရင်တက်လို့ရတယ်။ ဒီမှာက .... ဒီမှာက... လာမည်မျှော်ပေါ့ဗျာ

သု‌တေသနစာတမ်းဆိုတာ ပညာရပ်‌အတွက်‌ အလွန်‌အကျိုးများ‌သော လက်‌ဆင့်‌ကမ်းနိုင်‌‌သောအရာပါ။ငါးဖမ်းသမားကြီး စာတမ်းမလုပ်‌ခဲ့‌တော့ သူ့ပညာဘယ်‌သူ့မှမရဘူး‌ပေါ့။

စာမှမတတ်ပဲလေ၊ ဘေးကကိုယ်ကလည်းစာတတ်သင့်သလောက်တတ်ပေမယ့် မရေးနိုင်ခဲ့ပါဘူး၊ဘယ်တက္ကသိုလ်ကလက်ခံမလဲ

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 63851.10
ETH 3059.36
USDT 1.00
SBD 3.85