နတ္တလင်း မြို့မှကျောင်းဆရာ

in #myanmar7 years ago (edited)

နတ်တလင်းမြို့ကကျောင်းဆရာ
2017-10-17 10.16.00.png
နတ်တလင်းမြို့တွင်ကျောင်းဆရာတွေအများကြီးရှိပါသည်။ ကျွန်တော်တင်ပြလိုသော ကျောင်းဆရာမှာ မူလတန်းဆရာပါ။ ဟိုတစ်ခေတ်ဆီက ကျောင်းဆရာဖြစ်ဖြစ်ဘာဖြစ်ဖြစ်၊ဝန်ထမ်းမှန်သမျှ လစာဖြင့်မလောက်င, ကြသဖြင့် နည်းမျိုးစုံဖြင့်အသက်ရှင်ရပ်တည်ရန်ကြိုးစားကြရသည်ဖြစ်ရာ ထိုကျောင်းဆရာလေးမှာ ကျောင်းသား များကို မုန့်များရောင်းချရသည်။ ဆရာကကျောင်းသားကို မုန့်ရောင်းသည်ဆိုသည်မှာ အရပ်ရပ်နေပြည်တော် ကြားလို့မှမတော်ဟုဆိုနိုင်သော်လည်းကျောင်းသားများကို အချိန်ပိုကျူရှင်ခေါ်ပြီးတော့ပိုက်ဆံတောင်း၊မတက်လျှင် ပြဿနာရှာတတ်သော ဆရာ၊ဆရာမများနှင့်နှိုင်းစာလျှင် အများကြီးတော်သေးသည်ပေါ့။
သိရှိကြသည့်အတိုင်း အခြားသော စီးပွားရေးဌာနများမဆိုထားနှင့် ပညာရေးနှင့် သာသနာရေးဝန်ကြီးဌာန များအထိပင်အကျင့်ပျက်ခြစားမှုများရှိခဲ့သည့် နိုင်ငံတွင် မိမိတို့အသက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် နာသုံးနာ ဆရာများလည်းနာသုံးမနာနိုင်ခဲ့ရသည့် အခြေအနေများကြောင့် မိမိကျောင်းသားမိမိကျူရှင်ကို ခေါ်ငွေရှာရသည့် ခေတ်မျိုးတွင် သူလိုကိုယ့်အကျင့်တော့အပျက်မခံပဲ မဖြစ်ဖြစ်အောင်ဘဝရပ်တည်သူများလည်းရှိပေသေးသည်ကို ချီးကြူးအပ်ပါသည်။
အဆိုပါ မုန့်ရောင်းသည့် မူလတန်းပြကျောင်းဆရာကလေးတွင် ဝက်မကြီးတစ်ကောင်လည်းမွေးထားလေ သည်။ကျောင်းမှပြန်လာလျှင် ဝက်စာအတွက်အရပ်ထဲလှည့်ကာ ထမင်းရည်လိုက်ယူရသည်။ ထိုခေတ်က ထမင်းပေါင်းအိုးများလည်း အသုံးပြုသူနည်းပါးလှသေးသဖြင့် ထမင်းချက်လျှင် ထမင်းရည်ငှဲ့ချက်သော အလေ့ အထရှိကြရာ အိမ်တိုင်းလိုလိုတွင် ထမင်းရည်အိုးများရှိကြသည်။ထိုထမင်းရည်အိုးထဲတွင် ထမင်းကျန် ဟင်းကျန် များပါ ပေါင်းထည့်တတ်လေရာ ကျောင်းဆရာလေး၏ ဝက်စာအတွက် အဆင်ပြေလှပေသည်။သည်လိုနှင့် ကျောင်းဆရာလေး၏ ဝက်မကြီးသည်ဝက်ကလေးများပေါက်သည့်အချိန်သို့ရောက်ရှိလာလေသည်။ ဝက်ကလေး တစ်ဆယ့်တစ်ကောင်တိတိပေါက်သည်ဆိုပါ၏။ထုံးစံအားဖြင့်တော့ တစ်လခွဲခန့်ပြည့်၍ ဝက်များသားခွဲချိန် ရောက် လျှင် ဝက်သားပေါက်များကို ရောင်းချပစ်တတ်ကြသော်လည်း၊ ကျောင်းဆရာလေးမှာ ရောင်းချမပစ်ပဲ ကြိုးစား ပမ်းစား ထမင်းရည်စု၍ ဝက်လေးများကိုဆက်လက် မွေးမြူလေရာ ဝက်ကြီးဆယ့်တစ်ကောင်ဖြစ်ထွန်းလာလေ တော့သည်။ ထိုအချိန်က မန္တလေးတွင် လပ်ကီးဟိုတယ်ပေါ်လာပြီး ဝက်များကိုဈေးကောင်းပေးသည် ဟုကြား သဖြင့် ဝက်တွေ အားလုံးကိုရောင်းချရန်ကားစီးလုံးငှါး၍ မန္တလေးသို့တက်ခဲ့သည်။ အမှန်ပင် သူတို့ဒေသ၌ ၃၀၀၀ ကျပ်ခန့် ဈေးပေါက်သော ဝက်တစ်ကောင်ကို ၈၀၀၀ ခန့်ရရှိရာ မျှော်မှန်းသည်ထက်ပင် ပိုက်ဆံများရရှိလာ လေသည်။
ထိုအချိန်မှစ၍ ကျောင်းဆရာလေးသည် ကျောင်းဆရာဘဝကိုစွန့်ကာ ဝက်ကုန်သယ်ဘဝသို့ကူးပြောင်း ရောက်ရှိသွားလေတော်သည်။ နတ္တလင်းမြို့နယ်အတွင်းမှာ ဝက်များလိုက်လံဝယ်ယူပြီး နောက်တစ်ခေါက် မန္တလေး သို့တက်ရောင်းသည်။ နောက်တစ်ခေါက်၊နောက်တစ်ခေါက်၊နောက်တစ်ခေါက်ပေါင်းများစွာ ရောင်းဝယ်ခဲ့သော အခါ ယခုအခါ ဝက်ကုန်သည်သူဌေးလေးဖြစ်လာလေသည်။သူ၏ကြိုးစားမှုကြောင့် နတ်တလင်းမြို့တွင် ကြီးကျယ် ခမ်းနားလှသော အိမ်ကြီးတစ်အိမ်ဆောက်လုပ်နိုင်ခဲ့ပြီး ၊ ရန်ကုန်မြို့ရွှေဘုံသာအလယ်လမ်းတွင် တိုက်ခန်းတစ်ခန်း ဝယ်ယူနိုင်ခဲ့ပါသည်။
အထက်ပါကျောင်းဆရာလေး၏ စီးပွားဖြစ်ထွန်းကြီးပွားလာမှုတွင် သူ၏ ကြိုးပမ်းအားထုတ်မှုများက အဓိက အချက်အနေဖြင့်ပါဝင်နေသည်မှန်သော်လည်း အချိန်အခါ ကံကြမ္မာ၏ သတ္တိထူးများကိုလည်း ထင်ရှားတွေ့ရှိ နိုင်ပေသည်။ သူ၏ဝက်ကလေးများကို ဝက်ကြီးများဖြစ်လာစေသည့်အချိန်အခါ၊ မန္တလေးတွေဝက်တွေကိုဈေး ကောင်းပေနေသည့်အချိန်အခါ၊ ကျောင်းဆရာလေးက ကြားသိခြင်း၊တကယ်တော့ထိုခေတ်အခါက Facebook လည်းမရှိသေး Moblie Phone များလည်းမရှိသေးပါ။ မည့်သည့်သတင်းကိုအခြေခံပြီး စွန့်စွန့်စားစား ကားစီးလုံးငှါး ၍ မန္တလေးသို့ ဝက်သွားရောင်းမည်ဟူသောစိတ်ကူးကိုဖြစ်ထွန်းလာစေပါသနည်း။ ဆိုဗီယက်ပြည်ထောင်စုပြို ကွဲသွားသည့်အတွက် မန္တလေးက ကြံသကာကုန်သည် ချမ်းသာသွားခဲ့ဖူးခြင်းသည်လည်းအချိန်အခါ၏ ဂုဏ်သတ္တိ တစ်မျိုးပင်ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ လူတစ်ယောက်ချမ်းသာကြွယ်ဝလာမှုသည် အချိန်အခါ ကျမှုက လည်းအခရာကျကြောင်းတင်ပြလိုခြင်းဖြစ်ပါသည်။
ရေးသားသူ - မင်းစိုးနိုင်
MSC010
Photo – google

Sort:  

Please share us about how the brown slab-sugar trader getting rich when the soviet union falling down....

ရေးပါဦးမယ်

Good Post! ​လေးစားစရာဆရာများပါ​ပေ

@cmtzco has voted on behalf of @minnowpond. If you would like to recieve upvotes from minnowponds team on all your posts, simply FOLLOW @minnowpond.

To receive an upvote send 0.25 SBD to @minnowpond with your posts url as the memo
To receive an reSteem send 0.75 SBD to @minnowpond with your posts url as the memo
To receive an upvote and a reSteem send 1.00SBD to @minnowpond with your posts url as the memo

လေးစားအားကျမိပါတယ်အကိုရေ

အားကျရင် အချိန်အခါ ပြီဆိုလက်မနှေးစေနဲ့ 

အားကျရင် ကိုယ့်အချိန်အခါ ကျပြီဆိုလက်မနှေးစေနဲ့ 

ဝက်​​မွေး သူ​ဌေးဖြစ်​လွယ်​တယ်​တဲ့ မှန်​တာဗျို

အမှန်ပဲ

ဂုဏ်ယူပါသည်ဆရာ

စာရေးသူကိုတော့မဟုတ်လောက်ဘူး။

best teacher

ဘဝရှင်သန်မှုအတွက်ပေါ့

Time and circumstance

အချိန်အခါကိုပြောတာလား

ဟုတ် ဆာ

ဖတ်ရကာင်းတယ်ဦးလေးရာ

အားပေးရင်ရေပြီ

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64961.60
ETH 3103.64
USDT 1.00
SBD 3.86