Monetize နှင့် ကျွန်တော်

in #myanmar6 years ago (edited)

20181017_100339.jpg
Monetizeဆိုသောစကားလုံးကို SMTs တွေအကြောင်းလေ့လာသည့်အခါ သွားပြီးတွေ့သည်။ ဘာမှန်းမသိ။ Dictionary တွေတစ်အုပ်ပြီးတစ်အုပ်ရှာတော့လည်းမတွေ့ monetary အထိတော့တွေ့သည် ငွေရေးကြေးရေးဖြစ် သည်။ Monetize ကိုလည်းပထမတော့ ငွေရေးကြေးရေးဟုသာနားလည်ထားခဲ့သည်။ နောက်တော့မှ Google search တွင်ရိုက်ရှာကြည့်တော့မှ Monetize ကိုငွေရေးကြေးရေးဟုဘာသာပြန်ရုံဖြင့် မလုံလောက်ကြောင်းတွေ့ရပါ သည်။

To monetize is to make money. If you write a popular blog, figureout how to monetize it so you don’t work for free. To monetize also means to establish a country’s legal tender, as in to literally make money.

(Monetize ပြုလုပ်ရန်ဆိုသည်မှာငွေရှာရန်ပင်ဖြစ် သည်။ လူသိများသော Blog တစ်ခုတွင် သင်က စာရေးသား ခဲ့လျှင်ထိုအတွက်လည်းအခမဲ့မလုပ်လို ဘူးဆိုလျှင်Monetize ကိုဘယ်လိုလုပ်ရသည်ကို နားလည်သဘောပေါက်ထား ရပါမည်။ ငွေရှာမှုကိုပီပီပြင်ပြင် ပြုလုပ်ရန်မှာလိုမျိုး Monetize ကိုတိုင်းပြည်တစ်ခု၏တရားဝင် ငွေကြေးကိုထူထောင် ရန်လည်းဆိုလိုပါသည်။)

The word money hides in monetize because it’t all about money. Establishing a new currency, or printing money, like when the European Union decided to monetize the Euro as its new currency. This verb is sometimes used to mean “Exhange for money” These days, monetize often refers to figuring out a way to make money from a website or app.

(Monetize တွင်ငွေဆိုသောစကားလုံးကိုဖျောက် ထားခြင်းဖြစ်သည်။ ဥရောပဘုံဈေးအဖွဲ့မှ Euro ကိုငွေကြေး အသစ်အဖြစ်ထူထောင်ရန်ဆုံးဖြတ်သကဲ့သို့ printing money သို့မဟုတ်ငွေကြေးအသစ်တစ်ခုကို ထူထောင်ခြင်းဖြစ် သည်။ ဤ Verb ကိုတစ်ခါတစ်ရံ “Exhange for money” ဟုအနက်ဖွင့်သည်။ ယခုအခါတွင် ဝက်ဘ်ဆိုင်များနှင့် Mobile application များတွင် ငွေရှာရန်နည်းလမ်းတစ်ခု အဖြစ်နားလည်သဘောပေါက်ရန် monetize ကိုမကြာခဏ ညွှန်းဆိုလာကြသည်။)

ဒီလောက်ဆိုလျှင် Monetize ကိုအကြမ်းခန့်မှန်းနိုင်ပြီထင်ပါသည်။မကြာသေးမီက အိမ်နီးချင်းထိုင်းနိုင်ငံတွင် Digital ငွေကြေးကို ဘဏ်များတွင်အသုံးပြုရန် ဆောင်ရွက်မည်ဟု ဖတ်မိသိမိလိုက်သည်။ ဒါလည်း Monetize လုပ်ချင်းပင်ဖြစ်သည်။ အချို့နိုင်ငံများ၏ ရုံးလုပ်ငန်းများတွင် Paperless စနစ်ကိုစတင်ကျင့်သုံးနေကြသလို တစ်ချိန်တွင် Printing Money နေရာတွင်လည်း Digital Currency ဖြင့်အစားထိုးလာနိုင်ပါသည်။

ယခုအခါမြန်မာနိုင်ငံတွင်လည်း Wave Money, OK Money, CB Pay, KBZmBanking စသည်ဖြင့် အသုံးပြု ၍ ငွေသားကိုဖျောက်ထား(Hide)၍ ငွေပေးချေခြင်များဆောင်ရွက်လာသည်ကို တွေ့နေရပါပြီ။ သို့သော် ငွေသားကိုင်ဆောင်မှုကိုလည်း လက်မလွှတ်နိုင်သေးပါ။ကန်စွန်းရွက်သည်ကို OK money ဖြင့်ငွေပေးချေလို့ မဖြစ်သေး သို့သော် တစ်နေ့နေ့တစ်ချိန်ချိန်တွင် ကမ္ဘာ့လူသားတိုင်း ငွေသားကိုင်ဆောင်သုံးစွဲမှုခေတ်ကုန်ဆုံးမသွားဘူးဟုတော့ မည်သူမျှပြောနိုင်လိမ့်မည်မထင်ပါ။

ထိုအခါတွင် Monetization ဟူသောခေတ်တစ်ခေတ်ကိုမလွဲမသွေရောက်ရှိလာပါလိမ့်မည်ဟူ၍...

မင်းစိုးနိုင်

MSC-010

Photo-Google

Sort:  

အဲဒီလို monetize ဖြစ်လာမယ့် အချိန်လေးကိုတော့ လိုချင်လှပါ၏။ဗဟုသုတရပါတယ်ဦးမင်း။

ဖြစ်လာမှာပါ ဖုန်းတွေတောင်အယုတ် အလတ်အမြတ်မရွေးကိုင်နေကြပြီ

Posted using Partiko Android

ဖြစ်လာမှာပါ ဖုန်းတွေတောင်အယုတ် အလတ်အမြတ်မရွေးကိုင်နေကြပြီ

Posted using Partiko Android

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

Thank you

Posted using Partiko Android

မြန်‌မာလည်း ဖြစ်‌လာဘို့ မကြာ‌တော့ပါဘူးလို့ ထင်‌ပါတယ်‌။

ဒါပဲလေ မကြာမီလာမည် မျှော်

Posted using Partiko Android

အမယ်ဆာမင်းစိုးရယ် ကန်စွန်းရွက်သယ်လည်း OK တွေ True တွေကိုင်ကုန်ပြီနော် အထင်မသေးနဲ့ဗျို့ တဖြည်းဖြည်းနဲ့တော့ ငွေကြေးလည်ပတ်တဲ့စနစ်ပြောင်းနေတာပဲ ဆာမင်းစိုးရေ

လူတိုင်းဖုန်းကိုင်နေတော့ ဟုတ်တယ်နော်မဖြစ်လာဘူးလို့ပြောမရဘူး

Posted using Partiko Android

စာလုံးအဓိပ္ပါယ်​ကတစ်​မျိုးတည်းသတ်​မှတ်​လို့မရဘူး​ပေါ့​နော့...

Posted using Partiko Android

ဟုတ်တယ် အင်္ဂလိပ်လေ့လာရတာအသုံးပြုတဲ့နေရာအလိုက်အဓိပ္ပါယ်ကကွဲသွားတော့ တစ်ခါတစ်ခါ အားလျော့တယ်

Posted using Partiko Android

တို့ခေတ်ရောက်မည် မလွဲပါ ဦးမင်းရေ
တဖြည်းဖြည်းတော့ မျှော်လင့်နေရတာပါပဲလေ

သူများတွေ ထက်အရင် digital money. လောကထဲရောက်နေကြတာဆိုတော့

Posted using Partiko Android

kcherukuri from kryptonia.

You got a 6.36% upvote from @upmewhale courtesy of @minsoenaing!

Earn 100% earning payout by delegating SP to @upmewhale. Visit http://www.upmewhale.com for details!

Congratulations @minsoenaing ! You received a 1.04% upvote from @kryptoniabot & @kryptonia for your task of 200 SUP Today.

Remember to receive votes from @kryptoniabot

Run a task on Kryptonia.*Join free here Kryptonia Account
Use the tags KRYPTONIA or SUPERIORCOIN in your Steemit post.

Delegate to the Kryptonia Upvote by clicking links: 10SP , 50SP , 100SP , 500SP , 1000SP

Due to an increased amount of tasks, we have changed up the voting power to evenly spread out the Upvote amount.

ကိုယ်​​တော့ ဘာမှသိဘူး ဦးမင်း ​ရေ ခုမှ သိတယ်​ 😊😊

Posted using Partiko Android

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 66772.03
ETH 3237.54
USDT 1.00
SBD 4.25