လူတွေဘာကြောင့်အိပ်စက်ကြရတာလဲ

in #myanmar6 years ago (edited)

လူတွေဘာကြောင့်အိပ်စက်ကြရတာလဲ
image

လူသားတိုင်းသည် ညဘက်ရောက်လျှင်အိပ်စက်ကြသည်။ အိပ်စက်ခြင်းကို သာမန်အားဖြင့် ကိုယ်နှင့် စိတ်တို့အား အနားပေးခြင်းမျှသာနားလည်ထားကြပါသည်။ အိပ်ယာမှနိုးထလာလျှင်လန်းဆန်းတက်ကြွလာသည်။ အိပ်ရေးမဝသူ ၊အိပ် ရေးပျက်ကြသူများမှာ လေးပင်ထိုင်းမှိုင်နေတတ်သည်။ လူတွေအိပ်စက်ကြသောအခါ လူ့လောကကြီးနှင့် အဆက်အသွယ် ခေတ္တပြတ်သွားသည်။လူ၏ဇီဝကမ္မလုပ်ငန်းများကို စိတ်ကပင်လုပ်ဆောင်ရသည်ဖြစ်၍ အိပ်နေသည့်အခါ သိစိတ်က အလုပ် မလုပ်တော့သော်လည်းမသိစိတ်က ဆက်လက်လုပ်ဆောင်ပေးနေသည်။ အသက်ရူခြင်း၊ သွေးလှည့်ပတ်နှင့်ခန္ဓာအတွင်း ဇီဝကမ္မပြုပြင်ခြင်းလုပ်ငန်းများကို မသိစိတ်က ဆက်လက်လုပ်ဆောင်ပေးရသည်။
ကျွန်တော်သည် လူများဘာကြောင့်အိပ်ကြတာလဲ ဆိုသောမေးခွန်းကိုမကြာခဏ မိမိဘာသာမေး၍ ဖြေကြည့်ပါ သည်။ လူတို့သည်မနက်နိုးထသည်နှင့် အလုပ်ရှိသူဖြစ်စေ မရှိသူဖြစ်စေ မျက်နှာသစ်ရန်၊ရေချိုးရန်၊ အိမ်သာတက်ရန်၊ မနက် စာစားရန် အလုပ်ရှိသူဆိုလျှင် ရုံးတက်ရန်၊ ဈေးရောင်းရန်စသည်ဖြင့် တန်းစီနေသောလုပ်ဆောင်စရာများကို တစ်ခုပြီး တစ်ခု ဆက်တိုက်လုပ်ဆောင်ကြရသည်။မိုးလင်းမှမိုးချုပ် အထူးသဖြင့် ကိုယ်ခန္ဓာနားရသည့်အခါမျိုး၌ပင်စိတ်ကအနားမရပဲ တွေး တောကြံစီနေရသည်။ ထိုသို့ ကိုယ်နှင့်စိတ်တို့အားမနားတမ်း လုပ်ဆောင်စေနိုင်ဖို့ဆိုသည်မှာ စွမ်းအင်လိုအပ်ပါသည်။ စွမ်း အင်ကို ဘယ်ကရသနည်းဆိုမူ ကျွန်တော်တို့စားသောက်နေကြသည့် အာဟာရမှရသည်။စားသောက်လိုက်သော အစာ အာဟာရများကို အူမှတဆင့်စုတ်ယူကာ သွေးအဖြစ်ပြောင်းလည်းလိုက်သည်။ယင်းသွေးတို့ကို ခန္ဓာအနှံ့နှလုံး၏ အကူအညီ ဖြင့်တွန်းပို့ကာ စွမ်းအင်ထုတ်လွှတ်မှုကြောင့် လောင်ကျွမ်းသွားသော ဆဲလ်အဟောင်းများနေရတွင် ဆဲလ်အသစ်များဖြင့် အစားထိုးပေးနေရသည်။ဤသည်ပင်လျှင် ဖြစ်ပျက်လုပ်ငန်းစဉ်ဟု ကျွန်တော်ယူဆပါသည်။ ကျွန်တော်တို့၏ ခန္ဓာကိုယ် ကြီးတွင် အချိန်နှင့်အမျှ ဆဲလ်များဖြစ်ပျက်နေပြီး စကားပြောခြင်း၊ တွေးတောကြံစည်ခြင်း၊ လှုပ်ရှားရုန်းကန်ခြင်းတို့ကြောင့် အချိန်နှင့်အမျှ ဆဲလ်များလောင်ကျွမ်းပျက်စီးနေကြသည်။ ထို့အပြင် မြတ်စွာဘုရားဟောကြားထားသော ဆယ့်တစ်ပါး သောမီးတို့ကြောင့်လည်း ခန္ဓာဆဲလ်များပျက်စီးကြရသည်ဟု ထင်မြင်မိပါသည်။
image
မီးဆယ့်တစ်ပါး
၁။တပ်မက်အားကြီး ရာဂမီး
၂။ကိုယ်ကိုဖျက်စီး ဒေါသမီး
၃။ဥာဏ်ရောင်ဖျက်စီး မောဟမီး
၎။ဖန်ဖန်ဖြစ်ပြီး ဇာတိမီး
၅။ဖန်ဖန်အိုပြီး ဇရာမီး
၆။ဖန်ဖန်သေပြီး မရဏမီး
၇။စိုးရိမ်အားကြီး သောကမီး
၈။ငိုကြွေးမပြီး ပရိဒေဝမီး
၉။ကိုယ်ဆင်းရဲကြီး ဒုက္ခမီး
၁၀။စိတ်ဆင်းရဲကြီး ဒေါမနဿမီး
၁၁။ရှိုက်ငင်အားကြီး ဥပါယာဿမီး

ထိုထိုသောမီးများကြောင့် လောင်ကျွမ်းပျက်စီးနေသော ဆဲလ်များကို အစာအာဟာရမှပြန်လည်ထောက်ပံပြုပြင်ပေး သည် ဆိုသော်လည်း အိပ်စက်နေသည့်အချိန်တွင်မူ အချို့သောမီးများ ငြိမ်းနေသည့်အတွက် ပိုမိုလျှင်မြန်စွာ ဆဲလ်သစ် များဖြင့် အစားထိုးပြုပြင်နိုင်မည်ထင်ပါသည်။စကားပြောခြင်း၊ တွေးတောကြံစည်ခြင်း၊ လှုပ်ရှားရုန်းကန်ခြင်းတို့မရှိတော့၍ စွမ်းအင်ကုန်ဆုံးမှုလျော့နည်းနေသည်။မောဟမီး၊ဇာတိ၊ဇရာ၊မရဏမီးတို့မှအပ ကျန်မီးခွန်နှစ်ပါးဖြစ်သော ရာဂမီး၊ဒေါသမီး၊ သောကမီး၊ပရိဒေဝမီး၊ ဒုက္ခမီး၊ ဒေါမနဿမီး နှင့် ဥပါယာဿမီးတိုလည်းခေတ္တအေးငြိမ်းနေပါသည်။သို့ဖြစ်၍ ခန္ဓာပြုပြင်မှု လုပ်ငန်းကို တွင်ကျယ်စွာပြုလုပ်နိုင်သဖြင့် နံနက်မိုးလင်းသောအခါအားအင်ပြည့်ဖြိုးနေပြီး နေ့စဉ်လုပ်ငန်းဆောင်တာများ ကိုလုပ် ဆောင်နေနိုင်ခြင်းဖြစ်မည်ထင်ပါသည်။ထို့ကြောင့် သဘာဝအရပင် လူများကိုအိပ်စက်ပေးရန်လိုအပ်နေခြင်းကြောင့်
လူတို့အိပ်စက်ကြသည်ဟုထင်ပါသည်။ယခုဆောင်းပါးပါ အတွေးအမြင်များသည် မှန်သလားမှားသလား။ မိမိဘာ သာဆန်း စစ်ဖို့သာဖြစ်ပြီး မည့်သည့်သပ္ပံပညာရှင်၊မည်သည့် ဘာသာရေးဆရာများ၏ အယူအဆများမဟုတ်ပါ။ ဗုဒ္ဓမြတ်စွာ ဘုရားက တစ်စက္ကန့်အတွင်း ကုဋေတစ်သိန်းဖြစ်ပျက်နေသည်ဟုဟောကြားထားပါသည်။ကျွန်တော်သာ နေ့ပိုင်းတွင် အပျက်များ၍ ညပိုင်းတွင် အဖြစ်များမည်ဟု ထင်မြင်ခန့်မှန်းတွေးခေါ်ကြည့်ခြင်းသာဖြစ်ပါကြောင်း

ရေးသားသူ-မင်းစိုးနိုင်
MSC 010
Photo- Facebook & Google

Sort:  

@minnowpondblue has voted on behalf of @minnowpond.
If you would like to recieve upvotes from minnowponds team on all your posts, simply FOLLOW @minnowpond.

            To receive an upvote send 0.25 SBD to @minnowpond with your posts url as the memo
            To receive an reSteem send 0.75 SBD to @minnowpond with your posts url as the memo
            To receive an upvote and a reSteem send 1.00SBD to @minnowpond with your posts url as the memo

အအိပ်နဲ့အစား အငှားလိုက်သည်အကိုရီး

ငှါးမယ်လေ တကယ်လား

@eileenbeach has voted on behalf of @minnowpond.
If you would like to recieve upvotes from minnowponds team on all your posts, simply FOLLOW @minnowpond.

            To receive an upvote send 0.25 SBD to @minnowpond with your posts url as the memo
            To receive an reSteem send 0.75 SBD to @minnowpond with your posts url as the memo
            To receive an upvote and a reSteem send 1.00SBD to @minnowpond with your posts url as the memo

အိပ်​​ရေမဝလို့ ခုဖျား​နေတယ်​ဗျို

အပျက်တွေများနေပြီ

@royrodgers has voted on behalf of @minnowpond.
If you would like to recieve upvotes from minnowponds team on all your posts, simply FOLLOW @minnowpond.

            To receive an upvote send 0.25 SBD to @minnowpond with your posts url as the memo
            To receive an reSteem send 0.75 SBD to @minnowpond with your posts url as the memo
            To receive an upvote and a reSteem send 1.00SBD to @minnowpond with your posts url as the memo

သွားအိပ်လိုက်အုံးမယ်နော် ။ ပြီးမှာလာဖတ်လိုက်မယ်။ :P

အိပ်နိုင်မှ စားနိုင်မှာ အိပ်အိပ်

ကျွန်တော်ကတော့ ဗိုက်ဝရင်အိပ်တယ် ငိငိ

ဖော်မြူလာပျက်ပြီ

@mrainp420 has voted on behalf of @minnowpond.
If you would like to recieve upvotes from minnowponds team on all your posts, simply FOLLOW @minnowpond.

            To receive an upvote send 0.25 SBD to @minnowpond with your posts url as the memo
            To receive an reSteem send 0.75 SBD to @minnowpond with your posts url as the memo
            To receive an upvote and a reSteem send 1.00SBD to @minnowpond with your posts url as the memo

good writing!

ကျေးဇူး

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63457.41
ETH 3119.12
USDT 1.00
SBD 3.94