အ​ကောင့်​သစ်​မိတ်​ဆက်​ခြင်း

in #myanmar6 years ago (edited)

DQmWNPuC5qZZ1eTEWf7ye2dVudZgDJnRXKmZfdt8iQaGhLC.png

Steemit myanmar အဖွဲ့ ဝင်​များအားလုံးမင်္ဂလာပါလို့  နှုတ်​ခွန်းဆက်​သပါတယ်​။
...
ကျ​နော်​ ပထမအ​ကောင့်​ name @ahkhayar (Msc -048) နဲ့ ​ဖွင့်​လှစ်​ထား​သော steemit အ​ကောင့်​မှာ ပက်​ဝါသ့်​​မှားယွင်း​နေ​သော​ကြောင့်​ပြန်​လည်​ဝင်​၍ မရ​တော့ပါ။ ထို့​ကြောင့်​ ယခု @minkhantnyar နာမည်​ဖြင့်​ ယခင်​စတီးမစ်​ အ​ကောင့်​ (Msc no. 048) အတိုင်း ပြန်​လည်​အသုံးပြုရန်​​လျှောက်​ထားပြီးဖြစ်​ပါသည်​။

အ​ကောင့်​​ပက်​ဝါသ့်​​မှားယွင်း​နေခြင်းမှာ​ပေါ့ဆ မှု​ကြောင့်​ဆိုလျှင်​လည်းမမှား​ပေ ..

လောကတွင်​လူတိုင်းအမှားနှင့်​မကင်း​ပေးသို့ ​သော်​ မိမိ​ဆောင်​ရွက်​ လုပ်​ကိုင်​​နေ​သောအလုပ်​တခု ယခု ကဲသို့ မထင်​မှတ်​ပဲ ကျဆုံးသွားသည့်​အခါ အလွန်​ပင်​ခံစားခဲ့ရပါသည်​။မိမိကိုယ်​ကိုမိမိလည်း ​ပေါ့ဆမှုအတွက်​ အလွန်​ပင်​ စိတ်​တိုမိပါသည်​။

လေးလ​ကျော်​ .. ကာလအတွင်းထိုက်​သင့်​သ​လောက်​ ရရှိ​နေခဲ့​သော အရာများကို တစ်ချက်​ထဲနှင့်​အပြီးတိုင်​စွန့်လွှတ်​လိုက်​ရ
သည်​မှာမတန်​​ပေ။

twl-fastlane-fastest-way-to-lose-weight-1.jpg

ပက်​ဝါသ့်​ပြန်​​တောင်းနည်း recover လုပ်​နည်း များကို စနစ်​တကျအချိန်​​ပေးမ​လေ့လာခဲ့သည်
မှာလည်း အမှားယွင်းတစ်​ခုပင်​ ဖြစ်​ပါသည်​။"မိုးလွန်​မှ ထွန်​ချ " " စစ်​​ရောက်​မှ မြှားချွန်​ "ဆိုသကဲ့  တကယ့်​အ​ရေးကြုံချိန်​တွင်​ အသုံးပြုရန်​နည်းပညာမရှိ​တော့​ပေ ။(ပျင်းရိခြင်းအကျိုးပါပေ။)

မိမိကိုယ်​ကို အားကိုးလိုစိတ်​နည်းပြီး တပါးသူချည်းအကူညီ​တောင်း​နေရသည်​မှာအားနာလှပြီ
ဖြစ်​တာ​ကြောင့်​အ​ကောင့်​သစ်​အားဖွင့်​လှစ် အသုံး ပြု ခဲ့ခြင်းဖြစ်​ပါသည်​။

user သစ်​များ အ​နေဖြင့်​လည်း မိမိ steemit
Password ကို အတတ်​နိုင်​ဆုံး မိမိလိုသည့်​အခါ ပြန်​လည်​အသုံးပြုနိုင်​​အောင်​ ထိန်းသိမ်း
ကြဖို့  ​ပြောပြချင်​ပါသည်​။ ပက်​ဝါသ့်​​ပျောက်​ဆုံးခဲ့လျှင် အ​ကောင့်​ ဆုံးရှုံးမှုက ​ပြောမပြ တတ်​​အောင်​ feel ဖြစ်​ရပါသည်​။

ကိုယ်​​တွေ့ ကြုံခဲ့ရသည့်​အရာတခုမို့  ကိုယ့်​လို မခံစား​စေချင်​ မကြုံ​စေချင်​ပါ။

ယခု ကဲ့  pro အ​ပြောင်းလဲ Sp စုရန်​ စည်းကမ်းများသတ်​မှတ်​ထားချိန်​တွင်​ ပက်​ဝါသ့်​ မ​ပျောက်​ဆုံး၊ မ​မေ့​လျော့ရန်​ ပိုမို အ​ရေးကြီးလာ​ပေသည်​။

အ​ကောင်းဆုံး ပက်​ဝါသ့်​ ထိန်းသိမ်းနည်းက​တော့ မိမိ personal mail တွင်​ ထည့်​သွင်းထိန်းသိမ်းထားလျှင်​ပိုမို​ အဆင်​​ပြေပါသည်​။ဒါကကျ​နော်​ စိတ်​ကူးနဲ့အဆင်​​ပြေ​အောင်​ထိန်းသိမ်းထားခဲ့ခြင်းပါ ။

အရင်​ပက်​ဝါသ့်​အ​ဟောင်းမှာထိုကဲ့သို့ ထိန်းသိမ်းထားခဲ့​သော်​လည်း ပျက်​စီးသွားရခြင်းမှာ အ​ကောင့်​ကို ကလိလိုက်​မိသည်​ဟုထင်​ပါသည်​။ထို့ အတွက်​အ​ကောင့်​ကို မကလိမိဖို့  မိမိနား မလည်​လျှင် ကျွမ်းကျင်​သူများကို အရင်​​မေးမြန်းပြီးမှ မိမိ​ဆောင်​ရွက်​ချင်​သည်​များကို ပြုလုပ်သင့်​ပါသည်​။

မိမိပက်​ဝါသ့်​ကို အ​ရေးကိစ္စမရှိပဲ တခြားသူဆီမ​ပေးမိဖို့ က လည်းသတိထားသင့်​ပါသည်​။ စိတ်​ချရသည်​ဟုဆို​သော်​လည်း password နှင့်​ဆိုင်​​သော function တခုခုကို ကလိလိုက်​မိပါက ဆုံးရှုံးသူမှာ မိမိသာလျှင်​ဖြစ်​ပါသည်​။

ထို့အတွက်​ ​ပေး​လောက်​စရာအ​နေအထား မရှိပါက မ​ပေးဖို့ နဲ့  ရှင်းရှင်း​ပြောရရင်​ မယုံဖို့ ကိုသတိ​ပေးပါရ​စေ ။

မိမိမှာ ယခုကဲ့သို့ စတီးမစ်​ပလက်​​ဖောင်း​ပေါ်ဝင်​​ရောက်​လာကြခြင်းမှာ ဝါသနာအရ ၊ ​ငွေ​ကြေးအရ ​သော်​လည်း​ကောင်း Team work ၏ လုပ်​ငန်း​ဆောင်​တာများကို နှစ်​သက်​သည်​က တ​ကြောင်း စသည်​ဖြင့်​ ဝင်​​ရောက်​ခဲ့  ခြင်းဖြစ်​ပါသည်​။

images.jpeg

Team work ဆိုသည်​မှာ စည်းလုံးညီညွတ်​စွာ
နေထိုင်​လုပ်​ကိုင်​ခြင်း နှင့်​ တစ်​ဦးကိုတစ်​ဦး​ဖေး
မကူညီညီ သွန်​သင်​ညွှန်​ပြမှုဟု အကြမ်းဖျင်း
အ​နေနဲ့  Defination ဖွင့်​ဆိုချင်​ပါသည်​။

Team work ​အောက်​မှာ ရှိ​နေသူများအခက်​ခဲ ရှိလာပါက ဒီ team ဆိုတဲ့​ခေါင်းစဉ်​​အောက်​က လူ​တွေမှာ ကူညီဖို့  ဆွဲ​ခေါ်ဖို့  ​ဖေးမဖို့ တာဝန်​ရှိပါတယ်​။

ကျ​နော်​သည်​ စာ​ရေး​တတ်​​သောစာ​ရေးဆရာမဟုတ်​ပါ။ သို့​သော်​ မိမိ​ရေးသည့်​စာအတွက်​ ခံစားချက်​ရှိကြစမြဲပါ။ စာတိုသည်​ဖြစ်​​စေ၊ စာရှည်​သည်​ဖြစ်​​စေ ခံစားချက်​ အ​တွေးရှိကြစမြဲ ။

ကျ​နော်​တို့သည်​ အိပ်​ရာထဲတွင်
.... မွေးဖွားခဲ့ကြသည်​။
..... ငိုခဲ့ကြသည်​။
...... ရယ်​ခဲ့ကြသည်​။
...... ပျော်​ခဲ့ကြသည်​။
...... အိပ်​ခဲ့ကြသည်​ ။
နောက်​ဆုံး​သေဆုံးခဲ့ကြရသည်​။

ခေါင်းစဉ်​က " The Bed "

.... ​နောက်​တစ်​ခုက

" သက္ကရာဇ်​ဖြိုသူများ "
....

အဖြူကိုအနက်​ဆိုး
သက္ကရာဇ်​ဖြိုလိုသူ
ဇရာအိုသူများ ။
...
ဒါတွေ ဟာအဓိပ္ပာယ်မရှိပဲစာဖြစ်မလာပါဘူး ။
......

ဖတ်​ရှူ့ သူများအ​နေဖြင့်​ ဤအ​ကြောင်းအရာ
များကို မည်​ကဲ့သို့ မြင်​ပါသနည်း။

Comment ​ပေးခဲ့ကြပါ။မျှ​ဝေ​ပေးခဲ့ကြပါ။
သွန်​သင်​ညွှန်​ပြခဲ့ကြပါ။

ဆက်​လက်​​ရေးသားချင်​ပါ​သေးသည်​။
အချိန်​မမှီ​တော့လို့  ... ဤမျှသာ။ကိုယ်​စီကိုယ်​ငှစိတ်​ချမ်းသာကြပါ​စေ။

Steemit အဖွဲ့ ကြီး ​အောင်​မြင်​တိုးတက်​ပါ​စေ။အဖွဲ့  ဝင်​များအားလုံးကျန်းမာကြပါ​စေ ။

...

Writimg by @minkhantnyar (MSC-048)

Photo ... google

Sort:  

အတူတြူုး စာကြတာပေါ့ bro

ကြိုးစားချင်းသည်
အောင်​မြင်​ခြင်း ကြိုးစားကြတာ​ပေါ့ဗျာ

Account ပျက်သွားတာ နှမြောစရာကြီး။သူ့စာဖတ်မှ ကိုယ်လည်း password နဲ့ပက်သက်တဲ့အကြောင်းတွေ ဖတ်ထားဦးမှလို့ တွေးမိတယ်။ သတိပေးတာကျေးဇူးပါ။

utube မှာ လုပ်နည်းကိုင်နည်းတွေရှိပါတယ်။
အနည်းအကျဉ်းလောက်တော့လေ့လာထားပေါ့
လိုရမယ်ရ ။ Steemit ကပက်ဝါသ်ပြ သနာ ဖြေရှင်းရခက်တယ် ။

ကွန်တော်လည်း အကောင့်တစ်ခုဆုံးသွားဖူးတယ် ၊password ကမှတ်မထားလိုက်မတာ ၊အကောင့်ကဝင်လို့တော့ရတယ်၊ ဒါပေမယ့် နောက်ပိုင်း စက်အပြောင်းအလဲလုပ်တဲ့အခါ ဝင်မရမှာစိုးလို့ အသစ်ဖွင့်လိုက်တာ

ကျနော့် အကောင့်က အသေချာသိမ်းထားပါလျှက်နဲ့ သိမ်းထားတာနဲ့ ပြန်ဝင်မရတော့တာ
...
အရင်တည်းက သတိထားမိတယ် တခုခုလွဲနေပြီဆိုတာသိတယ် အဲ့ တာ အသစ်မဖွင့်မိပဲ
ဆက်သုံးလိုက်တော့ အကုန်ပါကုန်ရောပေါ့  ။မက်လောက်စရာမရှိဘူးဆိုပေမယ့် နှမျောမိတယ် ။

Powerအားကျနေလို့voteအားလျော့ပေးခဲ့တယ်နော်

ရပါတယ် အဆင်ပြေသလို ပေါ့ ...
ဝင်မန့် ပေးတဲ့ အတွက်ကျေးဇူးပါ ။
လောလောဆယ် ကျုပ်ကတော့ဘာပါဝါမှ မရှိသေး

အ​ကောင့်​Passwordက​တော်​​တော်​မှတ်​ထားမှတန်​ကာကျတယ်​။ကိုယ်​ချင်းစာပါတယ်​။

ဟုတ်တယ် အသေချာသိမ်းထား တော်ကြာနေ အပျိုကြီး အပိုင်းဆက်မရေးလိုက်ရနေမယ် :D

တူတူကြိုးစာတာပေါ့ညီ

အသစ်​ပြန်​လာ​တော့ ကျွန်​​တော်​ အ​ဖော်​ရ

အရေခွံ လဲတာ ဟ :D

ညထဲကဖတ်နာ ခုမှ ပြီးတယ်

ဟာ ... ဘယ်​လို​တောင်​လား

Congratulations! This post has been upvoted from the communal account, @minnowsupport, by Ahtinkaya from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.034
BTC 66540.93
ETH 3186.50
USDT 1.00
SBD 4.11