Gathering အတွေ့အကြုံများ-Final

in #myanmar6 years ago

BDAAAA52-667D-46C0-9A7F-A15AC5FB8F7F.jpeg

မနက် (၈) နာရီလဲထိုး ပုဂံတွင်လျှောက်လည်ရန်၊ဘုရားပတ်ဖူးရန်အတွက်စီစဉ်ထားသည့် ကားနှင့် ကားဆရာများလည်းရောက်ရှိလာပြီဖြစ်သည်။အားလုံး hijet ကားတစ်စီးနှင့် လိုက်ထရပ်ကားတစ်စီးတို့ဖြစ်သည်။ ထို့ကြောင့် တက်ကြတက်ကြဟူ၍ အားလုံးကားပေါ်သို့ နေရာယူကြသည်။ MSC မှ admin ပိုင်းနှင့် လူကြီးများကို လိုက်ထရပ်တွင်နေရာယူစေပြီး မိမိနှင့် လူငယ်များမှာ hijet တွင်စု၍နေရာယူလိုက်ကြပါသည်။

လူကြီးများလည်း ကားကျယ်သောလိုက်ထရပ်ပေါ်တွင် လွတ်လွတ်လပ်လပ်ဖြစ်စေရန် နှင့် လူငယ်များ လည်း hijet ပေါ်တွင် တစ်စုတစ်စည်းတွင် လွတ်လွတ်လပ်လပ်ဖြစ်စေရန် ဖြစ်သည်။ ထို့နောက် အားလုံး တည်းခိုရာဝါးကျောင်းကို စွန့်ခွာကာ အကိုဟင်တည်းခိုရာ ဟိုတယ်သို့ထွက်ခဲ့ကြသည်။ ကိုဟင်ကို ဝင်ခေါ်ရန်အတွက်ဖြစ်သည်။ကိုဟင်ကို ဝင်ခေါ် သရပါတံခါးမှဖြတ်ကာ မိမိတို့ ပုဂံဘုရားပတ်ဖူးမည့် gathering လာ MSC members အကုန်လုံး ပုဂံရှေးဟောင်းမြို့တော်အတွင်းသို့ဝင်ခဲ့ကြတော့သည်။

61D257B9-1480-420B-A21D-B85BCC2D03BA.jpeg

စစချင်း ပုဂံမြို့ဟောင်း၊နန်းတော်ရာ စသည်တို့ကို တွေ့မြင်ကြရပါသည်။ထို့နောက် ပထမဆုံးအနေဖြင့် အဖွဲ့သားများ ဧရာဝတီကမ်းနားတွင်ပင် တည်ရှိသည့် လောကနန္ဒာဘုရားသို့ သွားရောက်ဦးခိုက်ခဲ့ကြသည်။ထို့နောက် ဘုရားပေါ်မှ ဧရာဝတီမြစ်၏အလှကို ခံစား၊ကိုယ်စီကိုယ်စီ ဓာတ်ပုံများရိုက်ကြပြီးနောက် ကိုကချင်၊ admin team နှင့် gathering လာ members များ စုပေါင်း၍ အမှတ်တရဓာတ်ပုံများရိုက်ခဲ့ကြပါသည်။ပြီးနောက် မိမိသက်ဆိုင်ရာ ကားများပေါ်သို့တက်ကာ ပြသာဒ်ကြီးဘုရားသို့ ချီတက်ခဲ့ကြပါတော့သည်။

ပြသာဒ်ကြီးဘုရားရောက်သော် ထုထည်ကြီးမားလှသည့် ဘုရားကြီး၏ ဗိသုကာလက်ရာအနုသခုမတို့အားငေးမောကာ ဘုရားဖူးခဲ့ကြပါသည်။သို့သော် ဘုရားကြီးအပေါ်သို့တက်ခွင့်မပေးတော့ပေ။ထို့မှ ရာဇကုမာရ်ကျောက်စာတည်ရှိသည့်မြစေတီ နှင့် ဧရာဝတီကမ်းနားတွင်ပင်တည်ရှိသည့် တည်းခိုရာဝါးကျောင်းနှင့်နီးသည့် ဗူးဘုရားတို့အားပတ်ဖူးခဲ့ကြသည်။ထို့နောက်နေ့လည်စာစားချိန်လည်း ကျရောက်ပြီးဖြစ်သဖြင့် နေ့လည်စာသုံးဆောင်ရန်ဝါးကျောင်းသို့ပြန်ခဲ့ကြသည်။

46DCFF9F-1E99-41A9-BFFA-A635E33AD2B4.jpeg

နေ့လည်စာသုံးဆောင်ပြီးနောက် ကိုကချင်နှင့် admin မှ MSC နှင့်ပက်သက်သည့် ရှေ့ဆက်မည့်လမ်းစဉ်များ၊ကိစ္စရပ်များနှင့် member များနှင့် နှီးနှောဖလှယ်သည့် ဟောပြောပွဲအခမ်းအနားကို ပြုလုပ်ခဲ့ပါသည်။ထို့မှ ကိုကချင်မှ မိမိကိုယ်ကို မိတ်ဆက်၊MSC ရှေ့ရေးနှင့် ဆောင်ရန်ရှောင်ရန်များကို ပြောကြားသည်။ပြီးနောက် MSC members များတစ်ဦးနှင့်တစ်ဦးမိတ်ဆက် MSC ရှေးရေးအတွက်လိုအပ်သည်များကိုရင်းရင်းနှီးနှီး ဆွေးနွေးအကြံပြုကြကာ MSC ၏ 2017-2018 gathering ကိုအောင်မြင်စွာကျင်းပပြီးစီးကြောင်းကြေညာသည်။

gathering အစီအစဉ်ပြီးဆုံးသွားပြီဖြစ်သော်လည်း အချို့မှာ တနင်္ဂနွေမှပြန်မည့်သူများရှိသလို အချို့မှ တနင်္ဂလာနေ့ မနက်မှကားလက်မှတ်ကြိုဖြတ်ထားသူများလည်းရှိကြသည်။ထိုသူများမှာ တည်းခိုရာတွင် မူရင်းအစီအစဉ်အတိုင်း August 3,4,5 ပြီးမှ ပြန်ကြမည်ဖြစ်သည်။မိမိမှာလည်း ကိုကချင်တို့လမ်းခွဲသွားပြီဖြစ်၍ ညကားဖြတ်ကာ နောက်တကြိမ် gathering ပြန်စုံနိုင်ရန်ခွဲခွာခဲ့ရပါတော့သည်။

written by @mgtoetat
photos by @mgtoetat
MSC-073
post on busy

Sort:  

ကုန်ကြမ်းတော်တော်ရသွားတာကိုး

ဟုတ်ပါတယ် ကိုစိုးရေဟီး 😁

ရေးလို့ ကုန်တော့ဘူးနော့ အားကျတယ်အေ

ကုန်ပါဘီဗျ ဇာတ်သိမ်းပါပြီ😁

‌နောင်‌နှစ်‌ ထပ်‌ဆုံကြမယ်‌ bro.

ဒါပေါ့ ဘဒို ☺️

နောက်နှစ်ကျ ဆုံချင်ပါတယ်ဗျာ

ကြုံမှာပါဘဒို

လည်ရင်းပတ်ရင်းပေါ့

ဒါပေါ့ဗျာ

အားကျတယ်​ဆုံချင်​ပါ​သေးသည်​။

နောက်ကြုံမှာပါ

ဒီနှစ်​မလာနိုင်​​ပေမဲ့​နောက်​နှစ်​ဖြစ်​​အောင်​လာမှာပါ...​ပျော်​စရာMSC Gatheringပါ....

နောက်နှစ်ဆုံကြမယ်ဗျာ

ရှေ့ပွဲမှာစုံနိုင်အောင်ကြိုးစားပါ့မယ်

ဟုတ်ကဲ့ဗျာ

ကိုယ်​​တွေ​တော့ တစ်​ဝကြီးနား​ထောင်​​နေရုံသာ​ပေါ့ဗျာ☺

နောက်ကြုံမှာပါဗျ

gathering သွားခဲ့တဲ့သူတွေကို အားကျလိုက်တာ။

နောက်နှစိတောင်ကြီးgatheringကျ လာခဲ့ပေါခမျာ

Coin Marketplace

STEEM 0.29
TRX 0.11
JST 0.034
BTC 66095.77
ETH 3184.92
USDT 1.00
SBD 4.12