Gathering အတွေ့အကြုံများ-2

in #myanmar6 years ago

FE985717-D996-4BF8-9D51-BD949C9AF59A.jpeg

ထို့နောက်ညနေရောက်သောအခါ MSC gathering သို့လာမည့်လူစာရင်း၏ သုံးပုံနှစ်ပုံလဲ လူစုံပြီဖြစ်သည်။တော်တော်များများလဲ ရောက်လာကျပြီမဟုတ်ပါလား။ ကျန်ရှိနေသည့် လူများမှာ မနက်ဖြန်မနက် (သြဂုတ် 4 ရက်နေ့မနက်)မှ ရောက်လာကြမည်ဖြစ်သည်။ထိုေ့ကြာင့် အတန်ငယ်လူစုံသည်နှင့် ကိုကချင်ဟင်နရီ နှင့် ကိုသက်တို့ဦးဆောင်ကာ ရိုးရာ ထန်းရည်ဆိုင်သို့ လူငယ်ယောကျာင်္းလေးများချည်းစုကာ ကားတစီးဖြင့် ချီတက်ခဲ့ကြပါသည်။

ရိုးရာထန်းရည်ဆိုင်သို့ရောက်သော် ထန်းရည်များမှာကြ၊ ငုံးကြော်၊ကြက်ကြော်စသည့် အစားအသောက်များ မှာကာ တပျော်တပါးဝိုင်းဖွဲ့စားသောက်ကြပါသည်။ မြို့ပြလူနေမှုတွင် တွေ့ရကြုံရခဲလှသည့် သဘာဝ ထန်းရည်ကို သောက်ရင်း တစ်ယောက်နှင့်တစ်ယောက် အပိုတွေမပါ ဖုန်းတွေအင်တာနက်တွေ ခတ္တခဏပိတ်ကာ အချင်းချင်း ခင်မင်ရင်းနှီးစွာဖြင့် မိတ်ဆက်ကြ၊စကားစမြည်ပြောကြခြင်း အမှုတို့ကို ပြုလုပ်ကြခြင်းဖြစ်ပေသည်။ ထိုမှ အချင်းချင်း ပိုမို၍ရင်းနှီးမှု၊ယုံကြည်မှု၊ခင်မင်မှုများရစေသည့် MSC ၏ ရိုးရာ gathering လေးတစ်ခုပင်ဖြစ်ပါသည်။

61D257B9-1480-420B-A21D-B85BCC2D03BA.jpeg

ရိုးရာထန်းရည်ဆိုင်ရောက်မှ ထပ်မှန်ရောက်ရှိလာသော MSC members များသည်လည်း တည်းခိုရာနေရာမှာ ထန်းရည် ရသည့်ဆိုင်သို့ အသုတ်လိုက် လိုက်လာကြပါသည်။ရိုးရာထန်းရည်ဆိုင်သို့ ထပ်မှန်ရောက်ရှိလာကြသူများမှာ ကို (@) Don juan နှင့် ဆရာ (@)yuzana တို့ပဲဖြစ်ကြသည်။ ထို့နောက် တပျော်တပါး စားကြသောက်ကြ မိတ်ဆက်ပြီးကြသော အခါ ရိုးရာထန်းရည်ဆိုင်မှ တည်းခိုရာသို့ ခြေလက်များလေးလံစွာဖြင့် ပြန်လာခဲ့ကြပါတော့သည်။

ထို့နောက် ညနေ နေမဝင်မှီ၊နေမစောင်းမှီ ကိုကချင် နှင့် admin များမှ လူစုံသလောက်ဖြင့် MSC gathering အမှတ်တရ ဓာတ်ပုံမှတ်တမ်းများ၊ဗီဒီယိုမှတ်တမ်းများ ကို ဧရာဝတီကမ်နားတွင် သွားရောက်၍ ရိုက်ကူးရန် ပြင်ဆင်ကြပါတော့သည်။ထိုမှ မိမိတို့သည် MSC gathering အမှတ်တရ အင်္ကျီများဝတ်ကာ မိမိတို့ MSC members များသည် မိမိတို့တည်းခိုရာ ဝါးကျောင်းမှ သိပ်မဝေးလှသည့် ဧရာဝတီလှေဆိပ်အနီးသို့ ချီတက်ခဲ့ကြသည်။

46DCFF9F-1E99-41A9-BFFA-A635E33AD2B4.jpeg

လှေဆိပ်အနီးသို့ရောက်သော် ဧရာဝတီမြစ်ကမ်းနံဘေးတွင် MSC gathering အမှတ်တရ ဓာတ်ပုံမှတ်တမ်းများသွားရောက် ရိုက်ကူးခဲ့ကြပါသည်။ မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးပြီးစီး၍ MSC leader,admin များ နှင့် အဖွဲ့သားများသည် ကြုံတောင့်ကြုံခဲ ဧရာဝတီိ၏ နေဝင်ဆည်းဆာ၊ညနေဆည်းဆာတို့ကို အတူတကွ ကြည့်ရှု့ကာ တည်းခိုရာ ဝါးကျောင်းသို့ ပြန်ခဲ့ကြပါတော့သည်။

written by @mgtoetat
photos by @mgtoetat
MSC-073
post on busy

Sort:  

အမှတ်တရတွေ လွမ်းနေတုန်းပါ

လွမ်းစရာပါဗျာ

ကြည်နူးစရာတွေ့ဆုံပွဲ

ဟုတ်ပါဒေ

ထန်းရည် မမှီလိုက်တာ နာသွားတယ်😁😁😁

ဟဲ ဟဲ

အမှတ်တရလေးတွေပါဘဲဗျာ

တန်ဖိုးဖြတ်မရဘာဘူးဗျာ

အတွေ့ အကြုံလေးတွေ မျှဝေပေးလို့  ကျေးဇူးပါဗျာ

ဟုတ်ကဲ့ဗျ

ပြောတော့ ဖုန်းတွေ ဘာတဲ့ မလှဆုံးပုံတွေရအောင်လုပ် ဆေးထိုးပြီး gp ထဲ လိုက်ဖြန့်ပြီးတော့ ဟွန့်

ဟဲ ဟဲ ဝနာမိပါဗျာ

အမှတ်​တရ​တွေ့ဆုံပွဲ။

ဟုတ်ပါတယ်ဗျာ

ခုကိုပုဂံပြန်သွားချင်လာပြီ

ဟုတ်ပါပြီဗျာ တက်ကြွတဲ့ ဖိုးကြက်ဖပါဘဲဗျာ

နမူးဒေ

မပြောင်သင့်ပါ😁

ထန်းရည်သောက်ချင်တယ်

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70601.40
ETH 3576.96
USDT 1.00
SBD 4.75