တောင်လှေကားမြို့သို့ အလည်တစ်ခေါက် (3)

in #myanmar7 years ago (edited)

A984682F-BBBC-4C65-9AAE-46500124E11D.jpeg
တရုတ်ဘုံကျောင်း(chinese buddhist temple)တွင် မိမိတို့သူငယ်ချင်းတစ်စုလုံး အုပ်စုလိုက် အမှတ်တရဓာတ်ပုံရိုက်ကြပြီးနောက် ဘုံကျောင်းရှေ့ ရှမ်းခေါက်ဆွဲဆိုင်တွင် နေ့လည်စာအဖြစ်ရှမ်းခေါက်ဆွဲဝင်စားကြသည်။ထူခြားသည်မှာ ဘုံကျောင်းသည် သက်သက်လွတ်စာသည့် ဘုံကျောင်းဖြစ်သောကြောင့် ဘုံကျောင်းအနီးတဝိုက်ရှိ ရှမ်းခေါက်ဆွဲဆိုင် ရှမ်းအစားအသောက်ဆိုင်များတွင်လည်း သက်သက်လွတ်သာ သုံးဆောင်နိုင်သည်။ ထို့ကြောင့် ခရီးသွားများအနေဖြင့် ရှမ်းခေါက်ဆွဲကို ဘာသား၊ညာသား များနှင့်မမှာရန် သတိပြုသင့်သည်။မိမိမှာ မနက်က ရှမ်းခေါက်ဆွဲစားခဲ့ပြီးဖြစ်သည့်အတွက် ရှမ်းထမင်းချဉ်သာ မှာလိုက်သည်။

ထို့နောက် ဘုံကျောင်းမှာ တဆင့် ပိတ်ချင်းမြောင်သို့ ကားဆရာအားပြော၍ ဆက်လက်ခရီးဆက်ခဲ့ကြသည်။ "ပိတ်ချင်းမြောင်"သည် ပြင်ဦးလွင်ခရိုင် မြိုင်ကြီးကွေ့အလွန် ဝက်ဝံရွာအနီးတွင် တည်ရှိသည်။ ပြင်ဦးလွင်-မြိုင်ကြီးကွေ့- ဝက်ဝံ လမ်းပိုင်းသည် အလွန် သာယာလှသော နေရာများဖြစ်သည်။ ဝက်ဝံဆိုသည်မှာလည်း "ပိတ်ချင်းမြောင်"အနီးရှိ ရွာကြီးတစ်ရွာဖြစ်သည်။ ပိတ်ချင်းမြောင်သည် ရေတံခွန်ငယ်လေးများဖြင့် ရေတသွင်သွင်စီးဆင်းနေပြီး "ပင်းတယ"ရွှေဥမင်လှိုင်ဂူကဲ့သို့ ပိတ်ချင်းမြောင်ရှိလှိုင်ဂူထဲတွင် မြတ်စွာဘုရားရှင်ဆင်းတုတော်များစွာ တည်ထားခြင်းဖြစ်သည်။
9EFF51BB-7EDE-4BEE-963B-22205770081C.jpeg
ရေတသွင်သွင် စီးဆင်းနေသော ရေတံခွန်လေးများတွင် ဓာတ်ပုံရိုက် အပန်းဖြေရင်း လှိုင်ဂူတော်တွင်းသို့ဝင်ရောက် အပန်းဖြေရခြင်းဖြစ်သည်။ လှိုင်ဂူတော် အနီးတွင် မက်မန်းသီး၊ပြင်ဦးလွင်ဒေသထွက် ပဲစိမ်းကြော်၊ဝိုင်(wine)၊မက်မန်းဝိုင်၊စပျစ်ဝိုင်စသဖြင့် ဒေသထွက်ကုန်များကိုလည်းဝယ်ယူရရှိနိုင်သည်။ မိမိနှင့် သူငယ်ချင်းများသည် ပိတ်ချင်းမြောင်သို့ရောက်ရောက်ချင်း အလွန်သာယာ၍ရေတသွင်သွင် စီးဆင်းနေသောကြောင့် လှိုင်ဂူတော်တွင်းသို့ဝင်၍ ဘုရားမဖူးနိုင် ဝိုင်း၍ ပိုစ့်ပေါင်းစုံပေးကာဓာတ်ဖမ်းပွဲတော်ကြီး ကျင်းပကြလေတော့သည်။ထို့နောက်တွင် မိမိက ဘုရားဝင်ဖူးကြမည်ဟု သတိကြီးပေး၍မနည်းဆွဲခေါ်ရသည်။

လှိုင်ဂူတော်တွင်းရှိ ဘုရားများစွာဖူးမျှော်ပြီးနောက် အပြန်လမ်းတွင် မက်မန်းသီးဝယ်သူကဝယ် ပဲစိမ်းကြော်ဝယ်သူက ဝယ် ဝိုင်ဝယ်သူကဝယ် နှင့် စောင့်ပေးရသေးသည်။ထို့နောက် ပိတ်ချင်းမြောင်မှ တဆင့် မိမိတို့သည် ပွဲကောက်ရေတံခွန် (သို့) BE waterfall သို့ခရီးဆက်ခဲ့ကြသည်။ ပွဲကောက်ရေတံခွန် (သို့) BE waterfall ကတော့ ရေတံခွန်ဖြစ်ပြီး ရေကစားနိုင်သည်။အပန်းဖြေနိုင်သည်။မိမိတို့သူငယ်ချင်များ ပွဲကောက်ရေတံခွန်သို့ရောက်ရှိသောအခါ ထုံးစံအတိုင်း ဓာတ်ဖမ်းကျ၍ ကျန်သူငယ်ချင်းများမှာလည်း ရေကစားရန်ကျွန်တော့်ကို ဝိုင်းဂျီကျကျ၍ ခွင့်ပြုရသည်။ထိုင်စောင့်ရတော့သည်။
0DBEA76B-7C38-43D8-9217-2552E0FAB537.jpeg
ထို့နောက် အပြန်လမ်းတွင် ဒီဇင်ဘာစားဥယျာဉ်သို့ဝင်၍ ခနနားကြသည်။ ဒီဇင်ဘာစားဥယျာဉ်သည် ဧကအတော်ကျယ်သည့် ခြံကြီးဖြစ်ကြီးဖြစ်ပြီး စတော်ဘယ်ရီလည်းစိုက်သည်။ နွားခြံလည်းရှိ၍ နို့ထွက်ပစ္စည်းများရရှိနိုင်သည်။ စတော်ဘယ်ရီ စိုက်ပျိုးချိန်တွင် စတော်ဘယ်ရီ သီးပွင့်ပုံကို သွားရောက်လေ့လာသင့်သည်။မိမိတို့ သူငယ်ချင်းတသိုက်တော့ နွားနို့၊စတော်ဘယ်ရီးဖျော်ရည်၊ဒိန်ချဉ်စသဖြင့် အသီးသီးမှာယူသုံးဆောင်ကြသည်။

ဆက်ရန်(final)-
myanmar steemit
written by @mgtoetat
photos by @mgtoetat

Sort:  

ဝိုင်တွေက သောက်လို့ကောင်းလားမသိဘူးနော်😂😇😇

good ပေါ့ဗျာ 😁😁

@mgtoetat So much information thanks for sharing.

Nice Post Bro!

thanks bro!!

ပြင်​ဦးလွင်​ကို ​နောက်​တစ်​​ခေါက်​ထပ်​သွားချင်​လာပြီ အ​ရေးအသား​ကောင်းလို့ :-)

သွားဗျာ ဒီချိန်လေးက ခရီးသွားရာသီလေး ဂွတ်တယ် 👍👍

သွားချင်တာ

လုပ်လိုက်တော့ 😁😁

thank you for sharing valuable information.

မိုးကုန်ရင် သွားသေးတာပေါ့

ချ ချ အားပေးတယ် a good journey!!

မျှော်နေပါ့မယ်ဗျာ

ဟုတ်ဘီဗျာ!!

ဒီဇင်ဘာခြံနောက်ဖက်ကို ဆက်ဝင်သွားရင် ရေတံခွန်လေးတစ်ခုရှိပါသေးတယ်

ဟုတ်လားခင်မျ မရောက်လိုက်ဘူး!! သွားစရာတွေကတော်တော်တော့များတယ်နော် အချိန်လောက်တယ်လို့ကမရှိဘူးဗျာ

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.032
BTC 59234.78
ETH 2525.56
USDT 1.00
SBD 2.47