တရားတန်ဖိုးအပိုင်း(၃)

in #myanmar6 years ago

image
crd-org-source
ကျွန်တော်အပိုင်း(၃)မှာ ကိုအောင်ခန့်ကလည်ချောင်းကင်စာဖြင့်ဝေ
ဒနာပြင်းစွာခံစားနေရတဲ့ကိုသက်ဦးညီမလေးအား တရားပြပုံအား
ဆက်လက်ဖေါ်ပြသွားပါ့မယ်။ကိုအောင်ခန့်ကကိုသက်ဦးအိမ်ရောက်တဲ့အခါမှာ လူနာစောင့်နပ်စ်မလေးအား "ဆရာမ လူနာအရမ်းနာလာရင်ဘာလုပ်ပေးပါသလဲ" မေးတဲ့အခါ ဆရာမက" အနာသက်သာအောင် ဆေးထိုးပေးပါတယ်။ ညဘက်ရောက်ရင်တော့အိပ်ဆေးထိုးပေးပါတယ်"လို့ပြန်ပြောပါတယ်။ကိုအောင်ခန့်က လူနာအမျိုးသမီးဆီသို့သွားပြီး ညီမဝေဒနာခံစားရတာတော်တော်ပြင်းလားမေးရာ လူနာက မခံမရပ်နိင်လောက်အောင် ပြင်းထန်ပါတယ်လို့ပြန်ပြောပါတယ်။ ကိုအောင်ခန့်ကဟုတ်ပြီညီမ ညီမခံစားနေရတဲ့ဝေဒနာတွေ ရော့နည်းသက်သာသွားအောင် အစ်ကိုကူညီပေးပါ့မယ်လို့ပြောရာ လူနာအနေနဲ့ အားကိုးရှာနေတဲ့အချိန်ဖြစ်၍ လက်ခံပါတယ်လို့ပြန်ပြောပါတယ်။ကိုအောင်ခန့်မှ"ဒါဆို အစ်ကိုပြောတာကို ၁၅မိနစ်လောက် စိတ်ဝင်စားစွာနဲ့ သီးခံနားထောင်ပေးပါလို့ ပြောရာလူနာမှ ခေါင်းညိတ်ပြပါတယ်။
image
crd-org-source
ညီမအရမ်းနာလာလို့ ဆရာမကအိပ်ဆေးထိုးပေးပြီးအိပ်ပျော်သွားတဲ့အချိန်ညီမနာသေးလား။ လူနာက အိပ်ပျော်နေတော့နာတာ ဘယ်သိမှာလည်းလို့ပြန်ဖြေပါတယ်။ ထိုအခါ ကိုအောင်ခန့်က ဟုတ်ပြီညီမရယ် နောက်တစ်ခုထပ်မေးမယ်နော် လူတစ်ယောက်ကိုထုံဆေး
(သို့) မေ့ဆေးပေးပြီး အဲဒီလူရဲ့အသားကို ဓားနဲ့ခွဲမယ်ဆိုရင် ဒီလူနာတယ်လို့ပြောမလား။ လူနာက ဘယ်ပြောမလဲ မေ့နေတာကိုးလို့ပြန်ဖြေပါတယ်။ ကိုအောင်ခန့်က အဲဒါပါပဲညီမရယ် ရုပ်တရားမှာ နာတာ ကျင်တာ ကိုက်တာ ခဲတာ မရှိပါဘူး။ ဖေါက်ပြန်တဲ့သဘောလေးပဲရှိပါတယ်။ အဲဒီ နာတာ ကျင်တာကိုက်တာ ခဲတာ တွေဟာ စိတ်ဆိုတဲ့နာမ်တရားမှာဖြစ်နေတာပါ။ စိတ်ကခံစားနေတာပါ။ ညီမခံစားနေရတဲ့ဝေဒနာတွေဟာ တကယ်ဖြစ်နေတာကရုပ်တရားမှာပါ။ ခာံးနေတာက နာမ်တရား(စိတ်)မှာပါ။ လုံးဝကိုလွဲနေတယ်ဆိုတာကို ညီမခံစားမိရဲ့လားလို့မေးတဲ့အခါ လူနာက ရေးရေးလေးမြင်လာသလိုပဲလို့ပြန်ဖြေပါတယ်။ ကိုအောင်ခန့်စိတ်ထဲမှာလည်း ဒီအမျိုးသမီး ပါရမီဓာတ်အခံပါတယ်ဆိုတာ သိလိုက်ပါတယ်။ ဆက်၍ကိုအောင်ခန့်က အိပ်ဆေးထိုးတာ ထုံးဆေးထိုးတာ မေ့ဆေးပေးတာတို့ဟာ ရုပ်နဲ့နာမ်(စိတ်)ကို ခဏတာခွဲလိုက်တဲ့သဘောပါ။ အကြာကြီးခွဲလိုတော့
မရဘူးညီမရဲ့ အကြာကြီးခွဲရင်လူ့အသက်ပါသေဆုံးသွားလိမ့်မယ်လို့ပြောတဲ့အခါလူနာအမျိုးသမီး ငြိမ်၍နားထောင်နေတာကို တွေ့ရပါတယ်။ ကိုအောင်ခန့်ကဆက်၍ လက်ရှိအချိန်မှာ ထူးခြားတာတစ်ခု ဖြစ်နေတယ်ညီမသိလားလို့မေးရာလူနာမှခေါင်းခါပြပါတယ်။ ညီမ အစ်ကိုပြောတဲ့အကြောင်းအရာတွေကိုနားထောင်နေတဲ့ အချိန်မှာနာသေးလား။ အဲဒီလိုမေးလိုက်မှပဲ နာတာကိုသတိရသွားပြီ တကျွတ်ကျွတ်နဲ့ငြီးနေပြန်ပါတယ်။ ကိုအောင်ခန့်ကညီမရေ အဲဒါရုပ်နာမ်တရားတို့ရဲ့အစပါပဲ။ ရုပ်နဲ့နာမ် သီးသန့်ဆိုတာကိုဖေါ်ပြနေတာပါ။ ရုပ်မှာဖြစ်တဲ့ဝေဒနာကို စိတ်ကညွှတ်မိလို့ဒီလိုခံစားရတာပါ။ ဒီစိတ်ကိုဝေဒနာမှာမထားပဲ ကမ္မဌာမ်းအာရုံမှာထားနိုင်မယ်ဆိုရင် ဒီဝေဒနာကိုဘယ်သိတော့မလဲလို့ရှင်းပြရာလူနာအမျိုသမီးက အသေးစိတ်ပြောပြဖို့တောင်းဆိုပါတယ်။ ကိုအောင်ခန့်ဆက်၍ မိမိရဲ့စိတ်လေးအား နှာသီးဖျားမှာထားပြီး ဝင်လေလေးဝင်လာရင် ဝင်တယ်လို့သိနေပြီး ထွက်လေလေးထွက်သွားရင် ထွက်တယ်လို့သိပေးနေရပါမယ်။ မထမပိုင်းမှာတော့သမာဓိအားကနည်းသေးတဲ့အတွက် စိတ်ကဝေဒနာပေါ်ရောက်လိုက် နှာသီးဖျားရောက်လိုက်နဲ့ ဖြစ်နေပါလိမ့်မယ်။ စိတ်ပြန်လွင့်တာနဲ့ စိတ်ကိုပြန်စုစည်း နှာသီးဖျားမှာပြန်ထား ဒီလိုလုပ်နေရင်းနဲ့ စိတ်လေးတည်ငြိမ်မှုရလာပါလိမ့်မယ်လို့ သင်ပေးတဲ့အခါ လူနာကခေါင်းညိတ်ပြီး မျက်လုံးမှိတ်ကာ အာရုံပြုနေပါတော့တယ်။ကိုအောင်ခန့်လည်း သူငယ်ချင်းကိုသက်ဦးကို နုတ်ဆက်ပြီးပြန်ခဲ့ပါတယ်။
image
crd-org-source
ဒုတိယရက်နေ့မှာ ကိုအောင်ခန့်လူနာအိမ်ကို ပြန်လာခဲ့ပါတယ်။ အိမ်လည်းရောက်ရော သူနာပြု ဆရာမက အံ့သြသောလေသံဖြင့် လူနာကအရင်လိုဆိုးဆိုးရွားရွားမအော်တော့ပဲ တခါတရံညီးတာလောက်ပဲရှိတော့တယ်လို့ ကိုအောင်ခန့်ကိုပြောပါတယ်။ ဆရာမကဆက်၍ ကျွန်မသူ့ကို စမ်းသပ်ကြည့်တော့ ရောဂါအခြေနေကပိုဆိုးလာတယ်။ နလုံးခုံနှုံး နဲ့ သွေးပေါင်အခြေနေကလည်းတော်တော်ဆိုးလာတာတွေ့
ရပေမဲ့ လူနာကတဖြည်းဖြည်းငြိမ်လာတာကို တွေ့ရတယ်လို့ပြောပြပါတယ်။ ကိုအောင်ခန့်က ခေါင်းညိတ်ပြပြီး လူနာဆီသို့သွားကာ ညီမဘာတွေထူးခြားလဲလို့မေးရာ လူနာက စိတ်က နှာသီးဖျားမှာ ရောက်နေတဲ့အချိန်မှာ ဝေဒနာကို မသိသလိုခံစားရပါတယ်လို့ပြန်ပြောပါတယ်။ ဟုတ်ပြီညီမ သမာဓိအားကောင်းလာပြီဆိုတော့ နောက်တဆင့်တက်ကြတာပေါ့။ နောက်တဆင့်အားဆက်လက်ဖေါ်ပြပါဦးမည်။
steemit မိသားစုများ ကျန်းမာချမ်းသာပါစေဗျာ။
MSC-251
writer @mgmglattt

Sort:  

ရုပ်နဲ့နာမ် တစ်ခုချင်းစီကို သေသေချာချာ သိမြင်စေရန် ပြောပြသွားတဲ့ ဥပမာလေးဟာ ကောင်းလွန်းပြီး လူတိုင်းအတွက်သိလွယ်စေပါတယ်။ဒီလိုသိလွယ်အောင် ပေးလိုက်တဲ့ အစ်ကိုရဲ့ စေတနာဟာ အမြတ်ဆုံးကုသိုလ်ရရှိနေပါပြီ။လောကမှာ အလှူတကာ့အလှူတွေထဲမှာ တရားအလှူဟာ အမြတ်ဆုံးဖြစ်နေလို့ပါ။ နောက်အပိုင်း ဆက်အားပေးမယ်အစ်ကို။လေးစားစွာဖြင့်

ငါ့ညီရဲ့replyတွေအရမ်းကောင်းတယ်
replyကိုကြည့်ပြီး ငါ့ညီမှာလည်းပါရမီအခံရှိပါလိမ့်မယ်

ဆက်​ဖတ်​ပါ့မယ်​...ဗဟုသုတရပါတယ်​.. .

ဟုတ်ကဲ့ပါ ကျေးဇူး

အ‌သေတတ်‌‌အောင်‌ ‌လေ့ကျင့်‌ထားရမှာ‌ပေါ့ အစ်‌ကို။

ဟုတ်တယ်မဟော်ရေ

ပါရမီ ဓါတ်ခံ ကောင်းတော့လည်း မှတ်သားရတာ အနှစ်သာရရှိလှပါတယ် နောက်ထပ်တစ်ဆင့်တက်ပုံလေး စောင့်ပါအုံးမယ် ခင်ဗျာ

စောင့်မျော် မှုအတွက်ကျေးဇူးပါ

ဝင်သက် ထွက်သက်မှတ်တက်လာတော့ ဝေဒနာလျော့သွားတာပေါ့

ဖတ်တာများလာတော့ သိလာပြီပေါ့
ဟုတ်?

You got a 1.32% upvote from @brupvoter courtesy of @mgmglattt!

အခြေခံကျတဲ့ အခုလိုနည်းတွေကို များများရေးပေးပါ အစ်ကို ဖတ်ရတာ အရမ်းတန်ဖိုးရှိပါတယ်ဗျ အခုလိုပြန်လည်မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျ

ဟုတ်ကဲ့ပါဗျာ
အားလုံးအတွက်တန်ဖိုးရှိတယ်ဆိုရင် share ရကြိုးနပ်ပါတယ်ဗျာ

ကျနော့်ကို တစ်ခါပြောပြဖူးတာ ဒီအကြောင်းလား

ဟုတ်တယ်

မသိတာ​တွေသိလာရတယ်​ဗျ..အား​ပေး​နေပါ့မယ်

တင်ရကြိုးနပ်ပါတယ်ဗျာ

ဟုတ်ပါတယ်ဗျာ တရားအကြောင်း ဖြန့်ဝေသူ ဆရာက အလင်းစေတမန်ပါပဲ😊

မကြည်ကမြှောက်နေပြန်ပြီ

Coin Marketplace

STEEM 0.37
TRX 0.12
JST 0.040
BTC 70162.45
ETH 3540.43
USDT 1.00
SBD 4.79