သာသနာတွင်းနှင့်သာသနာပ

in #myanmar6 years ago

image
သာသနာတွင်းဆိုသည်မှာ ဒါန!သီလ!ဘာဝနာဟူသော
သူတော်ကောင်းတရားများ ပျံနှံ ပွားများနေသောကာလ
တစ်ခုအားခေါ်ဆိုပါသည်။ သာသနာပဆိုသည်မှာ
ဒါန!သီလ!သမထသာရှိသောကာလတစ်ခုအား ခေါ်ဆိုပါသည်။ သူတော်စင်ရဟန်းဒါများသည် သာသနာတွင်းမှာသာ ပေါ်ပေါက်
နိုင်ပြီး သာသနာပ၍
မပေါ်ပေါက်နိုင်ပါ။ ရဟန်းဒါများသည် ကိလေသ
၁၅၀၀ အား မဂ်ဖြင့် အပြီးပယ်သတ်ပြီးသော သူတော်စင်
သူတော်ကောင်းများဖြစ်ပါသည်။
မြတ်စွာဘုရားသည် သာသနာအားနှစ်ပေါင်းငါးထောင်
ထားရှိခဲ့ပါသည်။ လက်ရှိအချိန်တွင် သာသနာနှစ်နှစ်ထောင့်ငါးရာ
ကျော်ခဲ့ပါပြီ။နှစ်ထောင့်လေးရာကျော် ကျန်နေ
သေးတယ်ဆိုပေမဲ့ ကျွန်တော်တို့အသက်အဲ့ဒီလောက်
မရှည်ပါဘူး။ ဘယ်နေ့သေမယ်ဆိုတာကိုလည်း မသိနိုင်ပါဘူး။ ဘယ်အရွယ်မှာသေမယ်ဆိုတာ
လည်းမသိပါဘူး။ ကျွန်တော်တို့ အတွက်အသေချာဆုံး
အချိန်ကတော့ လက်ရှိပစ္စုပ္ပန်အချိန်ပါပဲ။
image
ကျွန်တော်တို့ လက်ရှိရောက်နေတဲ့အချိန်က သာသနာ
တွင်းမှာပါ။ သာသနာတွင်းမှာလူဖြစ်ဖို့ဆိုတာ လုံးဝကို
မလွယ်ကူပါဘူး။ ကျွန်တော်တို့ စာဖတ်သူတို့ဟာ ဒီသာသနာတွင်း
လူဖြစ်ဖို့ ဘယ်လောက်တောင်ပါရမီ
တွေဖြည့်ခဲ့ရလဲမသိဘူး။ မြတ်စွာဘုရားဆို ဘုရားဖြစ်
ဖို့ လေးအသင်ချေနဲ့ ကမ္ဘာတစ်သိန်းပါရမီဖြည့်ကျင့်ခဲ့
ပါတယ်။ ပါရမီဖြည့်စဉ်ကာလပတ်လုံး လှူခဲ့တဲ့ အသွေးတော်ဟာ
သမုဒ္ဒရာလေးစင်းကရေတွေထက်
ပိုများပါတယ်။ စဉ်စားကြည့်ပါစာဖတ်သူတို့။ သမုဒ္ဒရာ
လေးစင်းမှာရှိတဲ့ရေတွေဟာ ဘယ်လောက်များသလဲ
ဆိုတာ ထုထည်နဲ့ပြောမယ်ဆိုရင်တောင် carculator
မှာ မဆန့်နိုင်ပါဘူး။ ဒီလောက်များတဲ့ရေတွေထက်
များတဲ့ အသွေးတော်တွေနဲ့ မြတ်စွာဘုရားဟာ ပါရမီ
ဖြည့်ကျင့်ခဲ့ရပ်ါတယ်။ ဒါကဘုရားဖြစ်ဖို့အတွက် ပါရမီ
ဖြည့်ရတာပါ။ ကျွန်တော်တို့သာသနာတွင်းမှာလူဖြစ်ဖို့
လည်း ပါရမီကို ဘယ်နှစ်ဘဝဖြည့်ကျင့်ရခဲ့သလဲမသိ
နိုင်ပေမဲ့ ဘဝပေါင်းများစွာဖြည့်ကျင့်ခဲ့ရတယ်ဆိုတာ
တော့အသေချာပါပဲ။ ဘဝပေါင်းများစွာပါရမီတွေဖြည့်
ကျင့်ပြီးတော့မှ တရားမသိ ကိလေသပေါင်းများစွာနဲ့
ကျွန်တော်တို့ဒီဘဝကြီးကို အပြီးသတ်ကြတော့မှာလား။
လုံးဝကိုမဖြစ်သင့်ပါဘူး။ တန်ဖိုးရှိလှတဲ့ ဒီသာသနာ
တွင်းမှာ လူဖြစ်မရှုးံဖို့အတွက် တစ်မဂ်တစ်ဖိုလ်တော့
ရသွားအောင် ကျင်ကြံအားထုတ်သင့်ပါတယ်။
image
ကျွန်တော်ပြောချင်တာလေးတစ်ခုရှိပါတယ်။ တရားရနိုင်တဲ့လူနဲ့ တရားမရနိုင်တဲ့လူရယ်လို့ နှစ်မျိုးရှိပါတယ်။ ရနိုင်တဲ့လူကတော့
တခြားလူတစ်ယောက်က ဝိပသနာုအကြောင်းပြောရင်
စိတ်ဝင်တစားနဲ့နားထောင်ပြီး ကိုယ်ကိုတိုင်လည်း ဝိပ
သနာတရားတွေကိုနာယူကာကျင့်ကျန်အားထုတ်ချင်တဲ့
စိတ်တွေ တဖွားဖွားဖြစ်ပေါ်ပါတယ်။ တရားမရနိုင်တဲ့
လူတွေကတော့ ဝိပသနာတရားကို နာလည်းမနာဘူး။
စိတ်လည်းမဝင်းစားဘူး။ ပြောလည်းနားမလည်ပါဘူး။ကျင့်ကျန်အားထုတ်ဖို့ဆိုဆာဝေလာဝေးပေါ့။ အဲဒီလူတွေကတော့ ဒီဘဝမှာလူဖြစ်ရှုံးတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သံသရာလွတ်ကြောင်းတရား
တွေရှိနေတဲ့ လက်ရှိဘဝမှာတရားမသိတော့ သေခါနီး
မှာကတိမမြဲတဲ့အတွက် အပါယ်လေးဘုံကို ရောက်ကြ
ရပါတယ်။ ကတိမမြဲဆိုတဲ့အဓိပ္ပါယ်ကတော့ သေခါနီး
မှာ ဖြစ်လာတဲ့ ဝေဒနာဟာပြင်းထန်လွန်းတဲ့အတွက်
စိတ်ကဝေဒနာပေါ်မှာ ညွှတ်ပြီးအပယ်လေးဘုံကျ
ရောက်တာကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။
image
ကျွန်တော်တို့ စာဖတ်သူတို့ဟာ သာသနာနဲ့လည်းကြုံ
တယ်။ သံသရာလွတ်ကြောင်းတရားဟောနိုင်တဲ့ ဆရာတော်တွေနဲ့လည်းကြုံတယ်။ နာနိုင်တဲ့ နား(အ
ကြားအာရုံကောင်းမွန်ခြင်း)လည်းကောင်းမွန်ခြင်း။ တ
ရားနာတဲ့အခါ နားလည်နိုင်တဲ့ အသိဥာဏ်ရှိခြင်း။ တရားအားထုတ်ရန် ကျန်းမာရေးကောင်းမွန်ခြင်း စတဲ့
ပြည့်စုံမှုတွေရှိနေရက်သားနဲ့ သာသနာနဲ့အလွဲမခံစေ
ချင်ပါဘူး။ ဘုရားဟောတဲ့ တရားတခွန်းရှိပါတယ်။
ကျွန်တော်တို့ပုထုဇဉ်တွေရဲ့ ထာဝရနေအိမ်က အပယ်လေးဘုံပါ။
လူပြည်ဆိုတာခဏတာလာလည်တာ
ပါ။ ကံအကြိုးပေးလို့သာသနာနဲ့ လာကြုံတဲ့အချိန်မှာ
အပယ်လေးဘုံကလွတ်မဲ့! သံသရာလွတ်မဲ့တရား(ဝိ
ပနာတရား) တွေကို အရေးအကြီးဆုံးလုပ်ရမဲ့အလုပ်
တစ်ခုလို့ ဆုံးဖြတ်ချက်ခြပြီး နေ့စဉ် ကျင့်ကြံအား
ထုတ်သင့်ပါတယ်။
image
သာသနာပမှာလူဖြစ်မယ်ဆိုရင်တော့ ဒါန!သီလ!သမထဆိုတဲ့ ကု
သိုလ်ကောင်းမှုတွေပဲရှိပါတယ်။
ဒါန - လှူဒါန်းခြင်း
သီလ စောင့်ထိမ်းခြင်း
သမထ -စိတ်တည်ငြိမ်အောင်ပြုလုပ်ခြင်း တို့ပါ။
ရနိုင်တဲ့အမြင့်ဆုံးကုသိုလ်တွေကတော့ လူ!နတ်!ဗြဟ္မာ တို့ပဲဖြစ်ပါတယ်။ သာသနာပအချိန်မှာ လူတွေ
လောဘ!ဒေါသ!မောဟအားတွေကြီးမားလွန်တဲ့အ
တွက်အကြမ်းဖက်မှုတွေ ကြီးနိုင်ငယ်ညင်းမှုတွေ ရာသီဥတုဖောက်
ပြန်မှုတွေ သာသနာတွင်းမှာထက်
အစပေါင်းများစွာ ဖြစ်လာပါလိမ့်မယ်။ အဲဒီအချိန်မှာ
လူဖြစ်မယ်ဆိုရင်တောင် ကုသိုလ်ကောင်းမှုလုပ်ဖို့
ထက် ကိုယ့်အသက်မသေအောင်မနဲနေရမှာပါ။
အဲဒါကြောင်မို့ ကျွန်တော်တို့ လက်ရှိပစ္စုပ္ပန်အချိန် သာ
သနာနဲ့ကြုံတွေ့ တုန်းဘာမှတွေဝေမနေပဲ သံသရာ
လွတ်ကြောင်းတရားတွေကို ကျင့်ကျန်ပွားများအားထုတ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။
MSC 251
@mgmglattt
photo credit facebook

Sort:  

အစ်ကိုရယ် ဘယ်လိုမန့်ရမယ်မှန်းတောင်မသိတော့ပါဘူး အစ်ကိုပေးလိုက်တဲ့ message လေးက အရမ်းကောင်းနေခဲ့ပါတယ်ဗျ ဖြစ်နိုင်ရင် တဏှာတွေကိုစွန့်ပြီး သာသနာ့ဘောင်ထဲပြေးဝင်ချင်မိပါတယ်ဗျ

ဖတ်ပေးအတွက်ကျေးဇူးပါ
အရမ်းကိုလုပ်သင့်တဲ့အချိန်ပါဗျာ

အင်မတန်ကောင်းတဲ့ပို့စ်လေး ဖတ်ခွင့်ရလို့ကျေးဇူးတင်ပါတယ်

ဗဟုသုတရပါတယ်​...​ကောင်း​သောပိုစ့်​ပါ...

အင်မတန်ကောင်းတဲ့ စုတုပြုလေားပါဘဲဗျာ

ဒီလို Post မျိုး ဖတ်‌ရတာ တရားအားထုတ်‌ချင်‌စိတ်‌ ဖြစ်‌‌စေပါတယ်‌။တွန်းအား ဖြစ်‌‌စေပါတယ်‌အစ်‌ကို။

ဟုတ်​ပါတယ်​ ကိုယ်​​သေရင်​ ကိုယ်​​နောက်​ပါမဲ့အရ​တွေကိုများများလုပ်​သင့်​ပါတယ်

သာဓု သာဓု သာဓု ပါဗျာ ကျေးဇူးတင်လျှက်

လော ဘ ဒေါသ မောဟ မရှိတဲ့အရပ်ဒေသ က ဘယ်မှာလဲဆရာ

နိဗ္ဗန်ပေါ့ကွာ

လောဘ ဒေါသ မောဟ တွေကင်းအောင် နေထိုင်းခြင်းဟာလည်း နိဗ္ဗာန်ပါဘဲခင်ဗျ ။

ဘုန်းကြီးအပြီးဝတ်လိုက်ပါလား

တရား​တော်​​တွေ နာကြားခံယူပြီးရင်​ ဖြစ်​တတ်​တဲ့ ခံစားမူမျိုးပါ အစ်​​ရေ။

ဟုတ်ပါတယ်

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.032
BTC 63754.85
ETH 3055.95
USDT 1.00
SBD 3.85