ကျွန်တော် နှင့် စစ်သား(၄)

in #myanmar6 years ago

FB_IMG_1484498227222-picsay.jpg

ကျွန်တော် နှင့် စစ်သား(၄)
❇❇❇❇❇❇❇❇❇❇❇

(အားလပ်သည့်ရက်များမှ စာရေးရသဖြင့် ရှေ့နောက် အစီအစဉ်မကျ ဖြစ်နေပါက သည်းခံပေးကြပါရန် တောင်းပန်အပ်ပါသည်။)

ပြီးခဲ့သည့် ဆောင်းပါးတွင် ဘာသာရေး ပဋိပက္ခစတင်ဖြစ်ပွားသည့် ညအခြေအနေအကြောင်း ရေးသားခဲ့ပါသည်။ မိမိတို့ အိမ်ရှေ့လမ်းကြားတွင် တဝုန်းဝုန်ဖြင့် သွားလားလှုပ်ရှားနေသူများအကြောင်း ပြောပြချင်ပါသည်။ ထိုသူများမှာ တောမီးလောင်၊ တောင်ကြောင်လက်ခမောင်းခတ်ကြသူများ ဖြစ်ကြပါသည်။ ပဋိပက္ခကို အကြောင်းပြု၍ မိမိတို့၏ ကိုယ်ကျိုးစီးပွားအတွက် အခြားသူများ၏ ပစ္စည်းများကို လုယက်ယူငင်ကြသူများ ဖြစ်ကြပေသည်။ ကာယကံရှင်ပိုင်ရှင်များမှာ ပဋိပက္ခကို တိမ်းရှောင်သွားကြချိန်တွင် အစောင့်အရှောက် ကင်းမဲ့နေသည့် ၎င်းတို့၏ ပစ္စည်းများကို အချောင်သမားများက ခိုးယူသယ်ဆောင်ကြခြင်း ဖြစ်သည်။

၎င်းအချောင်သမား တောကြောင်များများ အခွင့်ကောင်းရပြီ ယူဆကြ၍ ၎င်းတို့စိတ်ကြိုက် ပစ္စည်းများကို ခိုးယူလာကြပေသည်။ ထိုအခင်းဖြစ်ပွားသည့် ထိုညအစောပိုင်းတွင် စစ်သားများ ရောက်လာခြင်းမရှိပါ။ သို့သော် အဖွဲ့အစည်းများ၏ လျှို့ဝှက်မှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးနေသည်ကို ထိုသူများမသိရှိကြပေ။ နောင်အခါ ထိုသူများအားလုံး ၎င်းတို့၏ လုပ်ဆောင်ချက်များကြောင့် ထိန်းသိမ်းအပြစ်ပေးခြင်း ခံခဲ့ရပေသည်။ မှတ်တမ်းဓာတ်ပုံများရှိသဖြင့် ငြင်းဆို၍ မရခဲ့ပေ။


Credit to google image

၎င်းတို့နှင့် ဆန့်ကျင်ဖက်တွင်တော့ ပဋိပက္ခမှာ ကြီးမားကျယ်ပြန့်လာသည်။ မြို့ပေါ်တွင်သားမက ကျေးရွာများအထိပါ ကူးစက်သွားပြီး ကျေးရွာများမှပါ မြို့ပေါ်အထိ လူအုပ်စုကြီးများ တက်ရောက်လာကြပေသည်။ ကြားသည့်ရသည့်စကားများအရ မြို့ပေါ်မှ ဆရာတော်ကြီးများက ထိုလူထုကြီးများကို ထိန်းသိမ်းဖို့ ကြိုးစားခဲ့ကြသည်။ ဆရာတော်ကြီးများမှ ထိုလူအုပ်ကြီးများကို လူစုခွဲ၍ ပြန်ကြရန် မေတ္တာရပ်ခံသည်ဟု ဆိုပါသည်။ ဆရာတော်ကြီးများ၏ နောက်ကပ်လျက်တွင် စစ်သားများက ရင်ဘောင်တန်း၍ လိုက်ပါလာကြသည်။ ဆရာတော်ကြီးများ ရှေ့တိုးလာလျှင် လူအုပ်စုကြီးမှာ နောက်ဆုတ်သွားကြ၍၊ ဆရာတော်ကြီးများ နောက်ဆုတ်သွားကြလျှင် လူအုပ်စုကြီးမှာ ရှေ့သို့ပြန်တက်လာကြသည်။

ပဋိပက္ခမှာ တစ်မြို့လုံးဖြစ်ပွားနေခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ ရပ်ကွက်မှာ ဘာသာခြားမရှိသဖြင့် လွတ်ကင်းခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် အချို့သောနေရာများတွင် အဆောက်အဦးများ၊ ပစ္စည်းများမှာ ဖျက်ဆီးခံရရုံသာမက မီးဟုန်းဟုန်း တောက်လောင်နေပေပြီ။ တိမ်းရှောင်သွားကြသည့်သူများမှာ အများစုဖြစ်သော်လည်း တိမ်းရှောင်ခြင်းမရှိသည့် အချို့သောသူများမှာ ဝမ်းနည်းဖွယ် အဖြစ်အပျက်များ ဖြစ်ပေါ်ခဲ့ရသည်။ စစ်သားများ ရောက်လာသည့်အချိန်တွင်လည်း အဓိကနေရာများကို ထိန်းချုပ်နေရသဖြင့် အချို့သောနေရာများမှာ အခြေအနေပိုဆိုးသွားခြင်း ဖြစ်ပေမည်။


Credit to google image

အထက်ဖော်ပြပါ အဖြစ်အပျက်များမှာ နောက်ရက်များတွင် အခြားသူများ ပြန်ပြောပြ၍ သိရှိခဲ့ရခြင်း ဖြစ်ပေသည်။ ထိုညက ကျွန်တော်တို့ မိသားစုမှာ မသိသေးသဖြင့် ပုံမှန်အတိုင်း အိပ်ရာဝင်ခဲ့ကြသည်။ အခြားအိမ်များမှာ မအိပ်ရဲကြဘဲ မိုးလင်းပေါက် မီးများမှိတ်၍ ထိုင်စောင့်နေခဲ့ကြသည်။ ကျွန်တော်သိသည်မှာတော့ မနက်အစော အစ်မကို ဈေးလိုက်ပို့သည့်အချိန်တွင် ဖြစ်ပေသည်။ ထိုအချိန်က စက်ဘီးနှင့်လိုက်ပို့ချိန်တွင် ရာသီဥတု ထူးခြားမှုကို စ,တင်သတိထားမိခဲ့သည်။ အချိန်အခါမဟုတ်ဘဲ မြူနှင်းများ ထူထပ်စွာ ကျရောက်နေခြင်းဖြစ်သည်။ အမှန်မှာမူ မီးခိုးမှုန်၊ ပြာမှုန်များ ဖြစ်ပေသည်။ လူများသွားလာနေကြသည်မှာလည်း တိတ်ဆိတ်ငြိမ်သက်လွန်းလှသည်။ တစ်စုံတစ်ခုဖြစ်နေသည်ကို ခံစားမိသော်လည်း ဘာဖြစ်နေမှန်း မသိသေးပါ။ သွားရင်းသွားရင်နှင့် ဈေးဖက်အကူး သံလမ်းထိပ်သို့ ရောက်ရှိချိန်တွင်မူ လုံးဝမယုံကြည်နိုင်လောက်သည့် မြင်ကွင်းများကို တွေ့မြင်လိုက်ရပေသည်။

ထိုမြင်ကွင်းမှာ လွန်စွာထိတ်လန့်ဖွယ် ဖြစ်ပေသည်။ ဈေးအနီးအနားဝန်းကျင်ရှိ အဆောက်အဦးအတော်များများမှာ မီးလောင်ကျွမ်းခဲ့သည်ပုံစံမျိုးဖြင့် ပြိုလဲကျ၍ ပျက်စီးနေကြသည်။ နိုင်ငံခြားဇာတ်ကားများတွင် တွေ့မြင်ရလေ့ရှိသည့် စစ်မက်အကြီးအကျယ် ဖြစ်ပွားပြီးနောက် ကျန်ရစ်ခဲ့သည့် မြင်ကွင်းမျိုး ဖြစ်ပေသည်။ အဆောက်အဦးများမှာ မီးငြိမ်းနေကြပြီ ဖြစ်သော်လည်း မီးခိုးငွေ့များ အူထွက်နေကြသည်။ အဆောက်အဦး အပြိုအပျက်များ၊ ပစ္စည်းများဖြင့် လမ်းများပေါ်တွင် ပြန့်ကျဲနေပေသည်။

ဆက်လက်ရေးသားပါဦးမည်။

ဖတ်ရှုပေးသည့်အတွက် ကျေးဇူးပါ။

@mgmgkse
MSC-011

Sort:  

ဆက်​ဖက်​ပါဦးမယ်​ဆရာ

ဟုတ် ဆာ ကျေးဇူး

ပြန်လည်ပြီးတော့ မျှော်မကြည့်ချင်သောအကြောင်းအရာများပါဆာမောင်းရေ

အမှန်ပါပဲ။ လက်တွေ့တွေ့မြင်နေရချိန်မှာ ခံစားမှုက တစ်မျိုးပဲဗျ။ လူတိုင်းနီးပါး မျက်နှာမသာမယာချည်းပါပဲ။ ဒီထက်ဆိုးတဲ့အကြောင်းအရာတွေက ချန်ရေးခဲ့တာ အားလုံး သဘောပေါက်ကြမှာပါ။ အဖြစ်မှန်က င်္ကျွန်တော်ရေးထားတာထက် ပိုဆိုးပါတယ် ဆာ။

ဆရာမောင်း တော့ ကြုံဖူးလိုက်သေးတယ် ကျွှန်တော်တော့လမကြုံတွေ့ချင်ပေါင် ကြုံချင်သူလည်း ရှားမယ်ထင်ပါတယ်

ဆက်​လက်​ဖတ်​ဖို့​စောင့်​​နေပါ့မယ်​...ဆရာ

စောင့်မျှော်နေပါအုံးမယ်

မျှော်နေမယ်ဆရာ

ဆက်​လက်​အား​ပေးပါဦးမည်

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70753.86
ETH 3589.34
USDT 1.00
SBD 4.75