This Season is the Floot (Part-1)

in #myanmar6 years ago

ဝါဆိုဝါခေါင် ရေဖောင်ဖောင် ( အပိုင်း-၁)

Hello , all steemit member .

"ဝါဆိုဝါခေါင် ရေဖောင်ဖောင်" ဟူသော စကားစု လေးသည် ယခုလို အချိန်ကာလ့  ကို ရည်ညွှန်းပြောဆို ခေါ်ဝေါ် ကြခြင်း ဖြစ်ပါသည်

ဝါဆိုလ ဝါခေါင်လ တို့တွင် မြစ်ရေချောင်းရေ များသည် မိုးတွင်းကာလ ဖြစ်သည့် အားလျှော်စွာ မိုးများစွာရွာသွန်း သည့် အတွက်ကြောင့် မြစ် ချောင်း
အင်း အိုင် တို့တွင် ရေများပြည့်လျှံ လျက် ရှိပြီး မြင်ပြင်ကျယ် ရေပြင်ကျယ်
မြင်ကွင်းများကို ရေဖောင်ဖောင် ဟူ၍ ခေါ်ဆို သုံးနုန်း ကြခြင်း ဖြစ်ပါသည်

image

ဝါဆိုလသည် ပြက္ခဒိန်တွင် ဇွန်လနှင့် ဇူလိုင်လတွင် ကျရောက်ပါသည်
ဝါခေါင်လသည် ပြက္ခဒိန်တွင် ဇူလိုင်လ နှင့် သြဂုတ်လတွင် ကျရောက်ပါ
သည်

ဝါဆိုလသည် မြန်မာ့ရာသီစက်ဝန်း၏ စတုတ္ထမြောက် လဖြစ်ြှပီး ဝါခေါင်လ မှာ
ပဉ္စမမြောက် လ ဖြစ်ပါသည်

ဝါဆိုလသည် နွေတစ်ပိုင်း မိုးတစ်ပိုင်းလရာသီ ဖြစ်ပြီး ဝါခေါင်လ ကတော့
မိုးရာသီတွင် ပါဝင်ပါသည်

ဝါဆိုလသည် မြန်မာ့ဆယ့်နှစ်လရာသီ တွင် နေ့တာအရှည်ဆုံးလ ဖြစ်ပါသည်
မိုးရွာသည့် အချိန်တွင် ရာသီဥတု မှာ အေးမြပြီး မိုးမရွာသည့် အချိန်ဆိုလျင်
ရာသီဥတုမှာ ပူပြင်းလှပါသည်

သစ်ပင်ပန်းမန်များ စိမ်းလန်စိုပြေ ပြီး သစ်သီးသစ်ဥ ဟင်းသီး ဟင်းရွက် အသီးအနှံ များပေါများ သီးပွင့် ကြသော အချိန်ကာလ လည်းဖြစ်ပါသည်

ပန်းမျိုးစုံ ပွင့်လန်း မွေးပျံ့ လျက်လည်း ရှိသော ကာလ လည်း ဖြစ်ပါသည်

"ဝါဆိုဝါခေါင်ရေဖောင်ဖောင်" ဆိုသည့်အတိုင်း ဝါဆိုလတွင် မိုးများရွာသွန်းပြီး ရာသီမှ အေးမြသာယာလှ ပါသည်

…… ဆက်ရန် ……

@mamamyanmar

Sort:  

ထမင်းထုပ် ဘယ်အချိန်လာဝေရမလဲ ပြောပါ ဟီးးးး

အမငီး မမ က စစ်ကိုင်းတောင်ပေါ် တက်ပြေးမှာ

ဝါဆိုဝါခေါင်
ရေတွေကြီးလို့
သပြေသီးမှည့်
ကောက်စို့ကွယ်
ဟီးးးးမှတ်မိတော့ဘူး

#သပြေသီးကောက်

ဝါဆိုဝါခေါင် ရေတွေကြီးလို့
သပြေသီးမှဲ့ ကောက်စို့ကွယ်
ခရာဆူးချုံ ဟိုအထဲက
မျှော့နက်မဲကြီး တွယ်တတ်တယ်
မျှော့နက်ဆိုတာ ချို နဲ့လားကွဲ့
မြွေနဂါးတောင် ကြောက်ဘူးကွယ်
တို့လည်းကြောက်ပေါင် အတူသွားစို့
အုန်းလက်နွားလေး ထားခဲ့မယ်
သွားကွယ် သွားကွယ်

တို့ဆီတော့ ပူတာအေ နေလို့ကို မရဘူး

လွန်ခဲ့တဲ့ ၄ရက်လောက်ကတော့ အရမ်းကိုပူတာ နေလို့ကိုမရဘူး
ခု မိုးဖွားလေး တေ ကျ ပြီး တစ်နေကုန် မိုးအုံ့ နေတော့ သာသာယာယာ
လို့ပြောရမှာ

ရေများချိန်မို့ ဒီလဆိုပျော်စရာကောင်းတယ်
လှေစီးလို့ကောင်းတယ်

This post has received a 25.00% upvote from @lovejuice thanks to @mamamyanmar. They love you, so does Aggroed. Please be sure to vote for Witnesses at https://steemit.com/~witnesses.

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.031
BTC 59005.68
ETH 2516.43
USDT 1.00
SBD 2.48