Subbath Day and Sagaing Pagodas ( Part - 13 )

in #myanmar6 years ago

ဝါတွင်း ၃ - လ နှင့် စစ်ကိုင်း ဘုရားပွဲများ ( အပိုင်း - ၁၃)

Hello , all steemit member.

ယနေ့ သည် သီတင်းကျွတ်လဆန်း ( ၈) နေ့ ဥပုဒ်နေ့ ဖြစ်ပါသည်

ကျမ တို့ စစ်ကိုင်းမြို့တွင် ဝါတွင်း ၃ လ ကာလ အတွင်းတွင် ဘုရေားပွဲ များပြုလုပ် ကျင်းပသော ဘုရားပွဲ ကျင်းပရာ ဘုရားစဉ် ဟူသည့် ဓလေ့ထုံးတမ်း တစ်ခု အဖြစ် နှစ်ပေါင်း မြောက်များစွာကတည်းမှ စတင်ကာ ယနေ့ကာလ အထိ တိုင်အောင် ဆင်နွဲ လာခဲ့ကြပါသည်

စစ်ကိုင်းမြို့ ၏ ဝါဆိုလပြည့် နေ့မှ သီတင်းကျွတ်လပြည့်လနေ့ အထိ
ဆင်ယင် ကျင်းပ ခဲ့သော ဘုရားစဉ် ဘုရားပွဲ များ ၏ ဘုရားအမည် များကို
စာချိုးလေးများ ဖြင့် ခေါ်ဝေါ် ခဲ့ကြပါသည်

ဘုရားစဉ် လင်္ကာ စာချိုးလေးကတော့

"ပုံ တောင် ဇေ ချမ်း ဥ နန်း နန် လေး ပ ထူ ရှင် ငါး အောင် ကောင်း "

ဟူ ၍ ဖြစ်ပါသည်

စစ်ကိုင်းမြို့ တွင် ဝါဆိုလပြည့် နေ့မှ သီတင်းကျွတ်လပြည့်လနေ့ အထိ ဆင်ယင် ကျင်းပ ခဲ့သောဝါတွင်းကာလ ဘုရားစဉ် ဘုရားပွဲ များ မှ

ယနေ့ ကျင်းပပြုလုပ်သော ဘုရားပွဲမှာ " အောင်မြေလောက "ဘုရားပွဲ ဖြစ်ပါသည်

ဘုရားစဉ် လင်္ကာ စာချိုးး တွင်တော့ " အောင် " ဖြစ်ပါသည်

အောင်မြေလောကဘုရား သည် စစ်ကိုင်း မြို ကမ်းနားလမ်းတွင် တည်ရှိ ပါသည်

image

အောင်မြေလောက ဘုရားသမိုင်း

အောင်မြေလောကစေတီ ၏ ဥာဏ်တော်အမြင့်မှာ ၃၇တောင်ဖြစ် ပါသည်

စစ်ကိုင်းမြို့ ရှိ အောင်မြေလောက ဘုရား၏ ဘွဲ့တော်သည် သုံးမည်ရ ဘုရားဖြစ်ပါသည်
(၁ ) အိမ်တော်ရာ
(၂) ကျောက်စေတီ
(၃) အောင်မြေလောက ဟု၍ ဖြစ်ပါသည်

အိမ်တော်ရာ - ဘိုးတော်ဦးဝိုင်းအိမ်နိမ့်စံ ဘဝ တွင် ငယ်ကျွန်တွေနဲ့ နေခဲ့တဲ့နေရာမှာ တည်ထား သည့်အတွက် အိမ်တောရာ ဘုရား ဟု အမည်တွင်သည်

ကျောက်စေတီ - ဘိုးတော်မင်းဖြစ်ပြီးနောက် ဘိုးတော်က ကျောက်ချပ်တွေနဲ့ ဘုရာား ကန် သိမ်စသည်တွေကို ကျောက်တုံး တွေနဲ့ တည်ခဲ့လို့ ကျောက်စေတီ ဘုရား ဟု အမည်တွင်ပါသည်

အောင်မြေလောက - ဘိုးတော်နဲ့နောက်တော်ပါများ ဒီနေရာကနေ နန်းပြင် နန်းတွင်း အကူနဲ့ ဘုရင်ပြန်ဖြစ်လို့ အောင်မြေလောက ဘုရား ဟု အမည်တွင်ပါသည်

စစ်ကိုင်းမြို့ ရှိ အောင်မြေလောကစေတီကို အမရပူရမြို့နန်းတည် ဘိုးတော်မင်းတရား(ဗဒုံမင်း)ကတည်ထားခဲ့ပါသည်

စဥ့်ကူးမင်းလက်ထက်တွင်ဗဒုံမင်းသားအား မင်းသားတို့၏အဆောင်အယောင်နှင့်ကျေးကျွန်တို့ကို ရုတ်သိမ်း၍ စစ်ကိုင်း၌ အကျယ်ချုပ်ထားခြင်းခံခဲ့ရသည်
စဥ့်ကူးမင်း အညာသီဟတောဘုရားသို့ သွားရောက်ဖူးမြော်စဉ် ဖောင်းကားစားမောင်မောင်က ထီးနန်းကိုလုယူသည် (၇)ရက်မျှ မင်းဖြစ်ပြီးနောက်
စစ်ကိုင်း၌ စံနေရသော ဘိုးတော်မင်းတရားက ကျေးဟောင်းကျွန်ဟောင်းတို့ကိုစုရုံး၍အင်းဝရွှေနန်းတော် ကိုသိမ်းပိုက်စိုးစံခဲ့သည် စစ်ကိုင်းစံအိမ်တော်မှနေ၍ အင်းဝနန်းကိုလုပ်ကြံအောင်မြင်ခဲ့သဖြင့် စစ်ကိုင်း စံအိမ်တော်နေရာကိုအောင်မြေ အဖြစ်သတ်မှတ်ပြီး သက္ကရာဇ်(၁၁၄၄)တွင် " အောင်မြေလောကစေတီ " ကို တည်ခဲ့ပါသည်

ဤစေတီတော်ကြီးအားရှေးလူများက စံအိမ်တော်နေရာတည်ထားသဖြင့် "အိမ်တော်ရာစေတီ" ဟု၎င်း အောင်မြင်သောအထိန်းအမှတ်အဖြစ် " အောင်မြေလောက"စေတီ ဟု၎င်း အုတ်ပုံဆစ်ထား သောကျောက်တုံးတို့ ဖြင့်တည်ဆောက် ထားခဲ့၍ " ကျောက် စေတီ"ဟု၍ အမည်(၃ )မျိုးမှည့်ခေါ် ခဲ့ကြပါသည်

အချို့ကလည်း ၃မျိုး လုံပေါင်း၍ အိမ်တော်ရာ အောင်မြေလောက ကျောက်စေတီ ဟုခေါ်ကြပါသည်

image

စစ်ကိုင်းမြို့ ကအ်းနားလမ်း ရှိ သုံးမည်ရ အိမ်တော်ရာ ကျောက်စေတီ အောင်မြေလောက ဘုရားပွဲတော်ကြီး၏ ဗုဒ္ဓပူဇန်ယပွဲတော်ကြီးအား သီတင်လဆန်း ( ၈ ) နေ့တွင် ဆွမ်ကြီးလောင်းလှူ ခြင်း စာရေးတန်မဲ ကပ်လှူခြင်းများနှင့် အရုဏ်တော် ဝတ်အသင်းများက ဘုရားရှင်အား ဆွမ်းခဲဖွယ် သစ်သီး ဆီမီး ပန်း ရေချမ်းများ ကပ်လှူ ပူဇော်ခဲ့ကြပါသည်

…… နောက်တစ်ပတ် ဆက်ရန် ……

@mamamyanmar

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks , your supported and I am used ever esteem app.

သာဓုပါ

ကောင်းပါတယ် ကိုးကားချက်လေး ဘယ်ကယူတယ်ဆိုတာထည့်ပေးရင်ပိုအဆင်ပြေမှာပါ

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64999.89
ETH 3101.81
USDT 1.00
SBD 3.87