Pomelo and Health

in #myanmar5 years ago (edited)

ကျွဲကောသီး နှင့် ကျန်းမာရေးကောင်းကျိုးများ

Hello , all steemit member.

အခုလို မိုးရာသီ ကျွဲကောသီးများ လှိုင်လှိုင်ပေါ ပါသည်

ဒီနေ့ အစားတစ်လိုင်း ကိုယ်ဒေ ၏ ထုံးစံ အတိုင်း မန္တလေး ဈေဝယ်သွားရင်း ကိုင်းတန်းဈေး သစ်သီးပွဲရုံတန်း ဆီ အရောက်တွင် ကျွဲကောသီး များအား တွေ့မြင် ၍ ဝယ်ယူစားသောက်ရင်းဖြင့် ကျွဲကောသီးစားသောက်ခြင်းဖြင့် ရရှိစေနိုင်သော ကျန်းမာရေးကောင်းကျိုးများအား ရေးသား လိုက်ပါသည်

image

ကျွဲကောသီး အားကြိုက်နှစ်သည်သည့်အတွက် ကျွဲကောသီးပေါ်ချိန်တွင် အဝစားတတ်ပါသည်

ကျွဲကောသီး ၏ အပြင်ပုံပန်း သဏ္ဌာန်သည် ရှောက်ပန်းသီး နှင့် ဆင်တူပါသည် သို့သော်သေချာ ကြည့်မည် ဆိုပါက ရှောက်ပန်းသီးနှင့် ကျွဲကောသီး သည် အပေါ်ယံ အခွံ ကွဲပြားပါသည်

အတွင်းသားမှာလည်း ကျွဲကာသီးသည် ရှောက်ပန်းသီးထက် အမွှာဆံ ပိုကြီး၍ အရသာမှာချိုပါသည်

ရှောက်ပန်းသီး အများစုမှာ အချဉ်ဓာတ်ကဲပြီး လေဝင်ပါက ခါသက်လွယ်ပါသည်

ကျွဲကောသီးတွင် အက်ဆစ်ဓာတ် ပါရှိ ပြီးအသီး အရွယ်အစားမှာ ကြီးမားပါသည်

ကျွဲကောသီး ၏ အတွင်းသားအရောင်သည် ပန်းရောင် နှင့် အဝါရောင်ဟူ ၍ ၂မျိုး တွေ့မြင်ရပါသည်

စိုက်ပျိုးသည့် ရေမြေ သဘာဝနှင့် အမျိုးအစားပေါ် လိုက်၍ အသီး ၏ အရွယ်အချို အချဉ် အသီးဖွံ့ထွားမှုများ ရှိတတ်ပါသည်

ကျွဲကောသီးသီး ၏ ပုံသဏ္ဍာန် မှာ လုံးဝန်းပြီး၊ အချင်းမှာ ၃၀-စင်တီမီတာလောက် ရှိတတ်ပါသည်

အပြင်ပိုင်း အခွံအရောင် သည် အစိမ်းဖျော့ရောင်ဖြစ်ပြီး၊ အသီး မှည့်လာသော အခါတွင် အဝါရောင် ပြောင်း သွားပါသည်

အပေါ်ယံ အခွံသည် အသားထူထူပွပွ ဖြစ်သည့်အတွက် အခွံ ခွာရ လွယ်ကူပါ သည်

ကျွဲကောသီးထဲရှိ အသားမွှာ များ အား အစိပ်လိုက် ဒီတိုင်းစားကြသလို အမွှာလေးများခြွေ၍ အရသာမှုန့်တိုနှင့် တို့၍ ၄င်း နယ်၍ ၄င်း ရှောကိသီသုပ်ကဲ့သို့ အသုပ်သုပ် ၍ လည်း စားသောက်ကြပါသည်

ကျွှဲကောသီးအား အရည်ညှစ်၍ ဖျော်ရည် အနေနဲ့လည်း ဖျော်သောက်ကြပါသည်

မြန်မာနိုင်ငံ နေရာအနှံ့တွင် ကျွဲကောသီးပင် များပေါက်ရောက်ကြသော်လည်း မွန်ပြည်နယ် တနင်္သာရီတိုင်း တို့မှ ထွက်ရှိသော ကျွဲကောသီးမျာူက အရသာပိုမိုကောင်းသည့်အတွက် အလွန် နာမည်ကြီးပါသည်

ကျွဲကောသီးကို တရုပ်ြ တို့က ဂရိတ်ဖရု သီး ဟု ခေါ်ဝေါ်လေ့ ရှိကြ ပြီး တရုတ် ရိုးရာ အခမ်းအနား များတွင် နမိတ်ကောင်းသည့် မင်္ဂလာ ရှိသော အသီး အဖြစ် အခမ်းအနား များတွင် အသုံးပြုလေ့ရှိကြပါသည်

image

ကျွှဲကောသီး စားပေခြင်းဖြင့် ရရှိစေနိုင်သော ကျန်းမာရေျးကာင်းကျိုးများ

ကျွဲကောသီး တွင်

ဗီတာမင်စီ ပရိုတင်း ကယ်စီယမ် မဂ္ဂနီစီယမ် ဖော့စဖရက်စ်ဓာတ် ဆိုဒီယမ်
ပိုတက်စီယမ် သံဓာတ် စသည့် လူ၏ ခန္ဓာကိုယ် ကို အကျိုးပြုစေသည့် ဗီတာမင်ဓာတ်များ ပါဝင်ပါသည်

ကင်ဆာရောဂါ ကို ကာကွယ် စေပါသည်

သွေးအားနည်းရောဂါ မှ ကာကွယ်ပေးနိုင်ပါသည်

သွေးတိုးရောဂါ သက်သာစေပါသည်

ပန်းနာရင်ကြပ် ကို သက်သာ ပျောက်ကင်းစေပါသည်

အရိုးပွခြင်း ကို ကာကွယ်ပေးနိုင်ပြီး၊ အရိုး ကို ခိုင်မာစေပါသည်

သွားဖုံး သွေးယိုစီးခြင်း ကို ကာကွယ်ပေးပြီး သွားများ ကို ခိုင်မာစေပါသည်

အနာ များကို ကျက်စေပါသည်

ကိုယ် အလေးချိန် ကျ စေပါသည်

အသားအရေ ကို ကြည်လင်ဝင်းပစေပါသည်

အအေးမိနှာစေး ချောင်းဆိုးခြင်းနှင့် ရာသီဖျား များ ကို အလွယ် တကူ မကူးစက်စေနိုင်ပါ

ကိုယ်ခံစွမ်းအား ကိုလဲ တိုးတက်ကောင်း မွန်စေသောကြောင့် အဖျားရောဂါ ကိုကာကွယ်စေပါသည်

ပင်ပန်းနွမ်းလျခြင်း အိပ်မပျော်ခြင်း လည်ပင်းနာခြင်းနှင့် ဆီးချိုရောဂါ တို့ကို သက်သာ ပျောက်ကင်းစေပါသည်

ခန္ဓာကိုယ် ထဲရှိ အဆိပ်အတောက် များကို ဖယ်ထုတ်ပေးကာ၊ သွေးကိုလဲ သန့်စင်စေ ပါသည်

ထို့ကြောင့် တရုတ်ရိုးရာဆေးမြီးတို ကုထုံး များတွင် ကျွဲကောသီး ကို အသုံးပြုလေ့ ရှိကြပါသည်

မှတ်ချက် -

ကျွဲကောသီး ကို သံပုရာသီးနှင့် တွဲဖက် မစားသင့်ပါ သေစေနိုင်ပါသည်

အလွန် အကျွံ စားသုံးပါက ကျောက်ကပ် ကျောက်တည်ခြင်း ဝမ်းချုပ်ခြင်း စသည့် ဘေးထွက် ဆိုးကျိုးများ ဖြစ်စေနိုင်ပါသည်

မွေးရာပါ ဗိုက်တာမင်စီနှင့် ဓာတ် မတည့်သူများ ကျွဲကောသီး ကို စားမိ ပါက၊ အရေပြားပေါ်တွင် အဖု အပိမ့် အနီစက်များ ထွက်ပြီး အရေပြား ကို ရောင်ရမ်း စေတတ်ပါသည်

အာရောဂျံ ပရမံလာဘံ ကျန်းမာခြင်းသည် လာဘ်ကြီး တစ်ပါး ဆိုသည့်အတိုင်း ရောဂါဖြစ်လာ မှ ကုသခြင်းထက် ကြိုတင် ကာကွယ်ခြင်းက အကောင်းဆုံးနည်းလမ်း မို့ အစာလည်းဆေး ဆေးလည်းအစာ ဟူသည့် စကားအတိုင်း ကျန်းမာရေးနှင့်ညီညွတ်စေသည့် ကျွဲကောသီးအား စားသောက်ပေးကြစေရန် ရည်ရွယ်လျက်

@mamamyanmar

Sort:  

ဆောင်းရာသီ အပူကျအောင် စားပေးရတယ်

မြင်တာနဲ့ ဝယ်စားပလိုက်တာ ဘဲ

မွန်ပြည်နယ်တွင်များပြားစွာအသီးအောင်ပါသည်

အဲ့ဘက်က ဈေးပေါလား မမတို့ဆီမှာ ၁လုံး ၁၅၀၀

ဈေးမပေါပါဘူးသမီးရေအလုးံရေပေါာမူတည်ပြီဈေးကြီးတယ်

သိဘူး ကိုယ်​​တွေက ​ရှောက်​သီးပဲ ​ခေါ်တာ😁😁

Posted using Partiko Android

😁😁

Posted using Partiko Android


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.

ရေးထားတာကောင်းပါတယ် sis ရေ။ ဗဟုသုတရပါတယ်။ ကျွဲကောသီ တစ်လုံးလောက်တော့ ပို့ပေးဦးနော်။

Your post has been chosen by C2 myanmar curation team.Members: @mmunited, @aggamun and @nayhlaingsoe.

Coin Marketplace

STEEM 0.24
TRX 0.11
JST 0.033
BTC 62441.28
ETH 3020.61
USDT 1.00
SBD 3.79