Myanmar's Traditional Bullock-cart Race

in #myanmar6 years ago

မြန်မာ့ရိုးရာ နွားလှည်းပြိုင်ပွဲ အကြောင်း

Hello , all steemit member.

စက်တင်ဘာ ၃၀ ရက်နေ့ မှ အောက်တိုဘာလ ၃ ရက်နေ့ အထိ စစ်ကိုင်းမြို့နယ် ရွာသစ်ကြီး စံပြကျေးရွာတွင် မြန်မာ့ရိုးရာနွားလှည်း အကြော့မောင်းပြိုင်ပွဲ အား စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်

စစ်ကိုင်းမြို့နယ် ရွာသစ်ကြီး စံပြကျေးရွာ၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ရာဇမုနိဘုရား ဗုဒ္ဓပူဇနိယပွဲတော်၌ ထည့်သွင်းကျင်းပလေ့ရှိသော မြန်မာ့ရိုးရာနွားလှည်း အကြော့မောင်းပြိုင်ပွဲ ဖြစ်ပါသည်

image

နှစ်စဉ်ကျင်းပမြဲဖြစ်သော ရာဇမုနိဘုရား ဗုဒ္ဓပူဇနိယပွဲတော်တွင် မြန်မာ့ရိုးရာနွားလှည်း အကြော့မောင်းပြိုင်ပွဲကို ထည့်သွင်းကျင်းပလာခဲ့သည်မှာ ယခုအကြိမ်မြောက်သည် နှစ်ငါးဆယ်ပြည့်(ရွှေရတု)တိုင်ခဲ့ပြီ ဖြစ်ပါသည်

ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ့ရိုးရာနွားလှည်း အကြော့မောင်းပြိုင်ပွဲတွင် အဆင့်အတန်းအလိုက် ပြိုင်ပွဲများဖြင့်သတ်မှတ်ထားရာ

သွားမစိုက် နွားကလေး အကြော့မောင်းပြိုင်ပွဲ
သွားနှစ်ချောင်းစိုက် လှည်းကြော့မောင်းပြိုင်ပွဲ
သွားလေးချောင်း ခြောက်ချောင်းစိုက် လှည်းကြော့မောင်းပြိုင်ပွဲ
သွားအစုံ(အကြီးတန်း)နွားလှည်းကြော့မောင်းပြိုင်ပွဲ

ဟူ၍ ပြိုင်ပွဲ အမျိုးအစား လေးမျိုးဖြင့် လေးရက် ကျင်းပပြုလုပ်သွားခဲ့ပါသည်

ပါဝင်ယှဉ်ပြိုင်ခဲ့သည့် နွားလှည်းယာဉ်အစီး ၂၀ ရှိကြောင်း သိရှိရပါသည်

နွားလှည်းကြော့မောင်းပြိုင်ပွဲ သို့ အနယ်နယ်အရပ်ရပ်မှ နွားဝါသနာရှင်များလာရောက် ပြိုင်ဆိုင်လေ့ရှိကြောင်း နှင့် ပြိုင်ပွဲဝင်ကြေးအဖြစ် ပြိုင်ပွဲဝင်နွားလှည်းတစ်စီးအား ငွေကျပ် ၃၀၀၀၀ ကောက်ခံ ပြီး

ဆုကြေးများ အနေဖြင့် ပြိုင်ပွဲအမျိုးအစား လေးမျိုးအလိုက် ပထမဆုကို ပြိုင်ပွဲဝင် လှည်းယာဉ်တစ်စီး ဒုတိယဆုကို ရေခဲသေတ္တာ၊တတိယဆုကို ၂၄ လက်မTV၊နွားပြေးဆု ဂျော်ကီဆု နှင့် အခြားဆုများအားပေးအပ်ချီးမြှင့် ခဲ့ပါသည်

အခုလို မြန်မာ့ ရိုးရာ နွားလှည်းမောင်း ပြိုင်ပွဲများအား ကျင်းပပေးဖြင်းဖြင့်
တာင်သူလယ်သမားများ အနေနဲ့ အားလပ်ချိန်မှာ စိတ်အပန်းဖြေစေ ပြီး
မြန်မာနွားများ ရဲ့ ခွန်အား မြန်မာနွားများလှပမှု ၊မြန်မာနွားများရဲ့ စွမ်းပကား မြန်မာနွားများရဲ့ အဆင့်အတန်း ဘယ်လောက်ရှိတယ်ဆိုတဲ့ ဂုဏ်သတ္တိတွေကိုလည်း သိရှိနားလည်းစေ သည့်အပြင်

မြန်မာမှု မြန်မာယဉ်ကျေးမှု ဓလေ့ ထုံးတမ်း တို့အား ကမ္ဘာ သို့တိုင် သိရှိ ကြစေရန် မြန်မာမှု၊ မြန်မာ့ယဉ်ကျေးမှု ကို တိမ်မြုပ်ပျောက်ကွယ် မသွားအောင် ဆက်လက်ထိန်းသိမ်းဆောင်ရွက် ကြစေရန် စသည့် ရည်ရွယ်ချက် တို့ဖြင့်
နှစ်စဉ် နှစ်တိုင်း ကျင်းပခဲ့ ကြ့ခြင်း ဖြစ်သည်ဟု သိရှိရပါသည်

@mamamyanmar

Sort:  

CryptoBloggers-comment-header.png

Congratulations🎉, You received a upvote👍 from @Atombot - CryptoBloggers Community Bot. Thank you for using our bot🤖 and Joined our CryptoBloggers Server.


If you want to learn about steemit and want to more upvotes. Just Join our CryptoBloggers Community 👇

leftside arrow CryptoBloggers rightside arrow

👉 Delegation to the Atombot 👈

1 SP | 5 SP | 10 SP | 15 SP | 20 SP | 50 SP | 100 SP | Custom SP

CryptoBloggers-comment-footer.png

Congratulations @atombot ! You received a 11% upvote from @kryptoniabot & @kryptonia for your task of 300 SUP Today.

Remember to receive votes from @kryptoniabot

Run a task on Kryptonia.*Join free here Kryptonia Account
Use the tags KRYPTONIA or SUPERIORCOIN in your Steemit post.

Delegate to the Kryptonia Upvote by clicking links: 10SP , 50SP , 100SP , 500SP , 1000SP

Due to an increased amount of tasks, we have changed up the voting power to evenly spread out the Upvote amount.

ရိုးရာဓလေ့ထိန်းသိမ်းသင့်ပါသည်

ဟုတ်တယ်

ကောင်းသောအစဉ်လာတခုပါ😃😃

Posted using Partiko Android

ရိုးရာယဉ်ကျေးမှုကိုထိန်းသိမ်းသင့်တယ်

ဟုတ်ကဲ

Congratulations! This post has been upvoted from the communal account, @minnowsupport, by mamamyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

နွားပြိုင်ပွဲ မကြည့်ရတာ ကြားပေါ့

Posted using Partiko Android

ခုတော့ပြီးသွားပြီ လာမယ့်နှစ် လာခဲ့လေ

Coin Marketplace

STEEM 0.33
TRX 0.11
JST 0.034
BTC 66530.34
ETH 3251.57
USDT 1.00
SBD 4.36