" Goat Meat " For Cooking And Eating ( Part-2 ) Goat Meat Curry

in #myanmar7 years ago (edited)

" ဆိတ်သား " ကို အသုံးပြု လျက် စားသောက်ဖွယ်ရာ


များ ပြင်ဆင် ပြုလုပ်နည်းများ ( အပိုင်း -၂ )


image

ဆိတ်သား မိုးခိုသားနှပ်


Hello , all my steemit member.

ကျမ ရဲ့ steemit မှ မိတ်ဆွေ သူငယ်ချင်းများ အားလုံး
မင်္ဂလာ ပါ ရှင့်

ကျမ ရဲ့ Steemit member များ နှင့် friend များအားလုံး
အတွက် ရေးသား post တင်ပေးမယ့်

အကြောင်းအရာ ကတော့ " ဆိတ်သား " ကို အသုံးပြု ၍
စားသောက် ဖွယ်ရာ များကို ပြင်ဆင် ချက်ပြုပ် နည်း
အမျိုးမျိုး ရှိသည့် အနက် ဒီနေ့ ချက်ပြုပ် ပြင်ဆင် မျှဝေပေး
မှာကတော့

" ဆိတ်သားမိုးခိုသားနှပ် " နှင့် ပြုလုပ် နည်း ပြက်ဆင်ချက်
ပြုပ်နည်းအကြောင်း ကိုရေးသား မှာဖြစ်ပါတယ်

" ဆိတ်သား " ကို ဟင်းလျာ အဖြစ် ဖြင့် ချက်ပြုပ် ပြင်ဆင်
စားသောက်ကြသလို သရေ စာ အနေ နဲ့ လည်း စား
သောက် ကြပါတယ်

ဆိတ်သား ကိုပုံစံ အမျိုးမျိုး တို့ ဖြင့်ချက်ပြုပ် ပြင်ဆင်
စားသောက် ကြရာတွင်

ဆိတ်သားချက် ဆိတ်သားနှပ် ဆိတ်သားပြုပ်ကြော်
ဆိတ်ကလီစာ ချက် ဆိတ်ပုဆိုးကြမ်း အရည်သောက်
ဆိတ်ပုဆိုးကြမ်း အသုပ် ဆိတ်ဦး နှောက်ကြော်
ဆိတ် ဖိုက်တင်ဘောကြော် ဆိတ်ခြေထောက်စွပ်ပြုပ်
ဆိတ်သားအကြွတ်ကြော် ဆိတ်သားမွ ကြော်
ဆိတ်ရိုးကုဘားပဲဟင်း ဆိတ်သားခြောက်ဆီဆမ်း
ဆိတ်သားထောင်းကြော် ဆိတ်သားကင် ဆိတ်ဦးနှောက်
ကြော် ဆိတ်စဉ်းကော ကြော်/ချက် ဆတ်သားသုပ်
ဆိတ်သား အာလူးဆီပြန် ဆိတ်ရိုးကုလားပဲ ချက်
ဆိတ်သား ဒန်ပေါက် ဆိတ်နားရွက်သုပ် ဆိတ်နံရိုးစွပ်ပြုပ်
ဆိတ်သားလုံးကြော် ဆိတ်သားလုံးဆီပြန်ဟင်း
ဆိတ်သားခြောက်ငပိချက် ဆိတ်သားထောင်းသုပ်
စသည် ဖြင့် ဟင်းလျာ အဖြစ် ထမင်းနှင့် တွဲဖက်စားသောက် ကြ သလို

ဆိတ်သားကီးမား ဆိတ်သားပလာတာ ဆတ်သားပတ်ခ်
ဆိတ်သား စမူဆာစသည့်မုန့်ပဲ သရေ စာများ တွင် လည်း
ထည့်သွင်း ပြုလုပ် စားသောက်ကြပါတယ်

ဆိတ်သား မိုးခိုသား ဆိုသည်မှာ ဆိတ်၏ လက် ပေါင်
တို့ တွင် ရှိသော မိုးရေ မစိုနိုင်သော နေရာ တွင်ရှိ သောအသား
အား ခေါ် ဆိုခြင်း ဖြစ်ပြီး နူးညံ့သော အသား ဖြစ်တယ်
လို့ ဆိုပါတယ်

" ဆိတ်သားမိုးခိုးသားနှပ် ဟင်း"ဟာ ဆိုရင် ချက်ပြုပ်ပြင်ဆင်ရ
လွယ်ကူစေပြီး အရသာကောင်းမွန်သည့် ဟင်းတစ်ခွက်
ဖြစ်ပါတယ်

ဆိတ်သားမိုးခိုသားသည် နူးညံ့ သည့် အတွက် ချက်ပြုပ်
ချိန် သက်သာ စေသည့် အပြင် အရသာ မှာလည်း
ထူးခြား ကောင်းမွန်ပါတယ်

ဆိတ်သားမိုးခိုသားနှပ်


ပါဝင်ပစ္စည်းများ

1- ဆိတ်သားမိုးခိုသား- ၂၅ကျပ်သား

2-ကြက်သွန်နီ - ၃လုံး

3-ကြက်သွန်ဖြူ - ၃မွာ

4- ဂျင်း - ၁တက်

5- ဗီနီကာ ဟင်းစားဇွန်း -၁ဇွန်း

6- ဒိန်ချဉ်ဟင်းစားဇွန်း - ၂ဇွန်း

7-ဆီ -၁၀ကျပ်းသား

8-ဆား -အနည်းငယ်

9- နန္နင်းမှုန့် - အနည်းငယ်

10- အရောင်တင်မှုန့် - အနည်းငယ်

11-အရသာမှုန့် - အနည်းငယ်

12-မဆလာ - အနည်းငယ်

13- ကရဝေး ရွက် ( သို့ ) ပျဉ်းတော်သိမ်ရွက်- ၃ရွက်
( အမွေးနံ့ ကြိုက်ပါက )

တို့ လိုအပ်ပါတယ်

ပြုလုပ်နည်း အဆင့်ဆင့်

ပထမ ဆုံး ဆိတ်သား တွင် အကြောများ အကျိအချွဲ များ ပါ ပါက ဒါးဖြင့် လှီးထုပ် ဖယ်ရှား ထားပါ

ဆိတ်သားမိုးခိုသားများ ကို အနေတော် အတုံးများတုံးထားပါ

ရေစင်အောင်ဆေးပါ

ရေဆေးထားသော ဆိတ်သားတုံး များအား ဗီနိကာ နှင့်
နယ်ပြီး ထပ်မံ ရေဆေး ပေးပါ အညှီနံ့ များပျောက်သွား
စေရန် ဖြစ်သည်

ထို့နောက် ရေစစ်ထားပါ

ကြက်သွန်နီ များအား အခွံ သင် လေးစိပ်စိပ် ထားပါ

ဂျင်း ကြက်သွန်ဖြူ များအား အခွံ သင်ထားပါ

အခွံသင်ထားသော ဂျင်း ကြက်သွန်ြဖူ များအား သီးခြားဆီ
ငရုတ်ဆုံ တွင် ကြေညက်အောင် ထောင်းထားပါ

ထို့နောက်

ရေစစ်ထားသော ဆိတ်သားမိုးခိုသား များ တွင်
ထောင်းထား သော ဂျင်းများအား အရည် ညစ်ထည်
ဒိန်ချဉ် များထည့် ဆား အရသာမှုန့် နန္နင်းမှုန့် အရောင်တင်
မှုန့် မဆလာ တို့ ထည့် နယ်ပြီး မိနစ် ၃၀ ခန့် နှပ်ထားပါ

ဆိတ်သားဟင်းများ ချက်ပြုပ် ရာတွင် ဒယ်အိုးကို အသုံးပြု
ခြင်း ထက် ဇောက်နက်သော ဒန်အိုး ကို အသုံးပြု ပါက
ဟင်း မှာ နူးအိ ၍ အကျက်မြန် စေပါတယ်

ဇောက်နက်သော ဒန်အိုးတစ်လုံး တွင် ဆီထည့်ပါ
ဆီပူလာပါက ကရဝေး ရွက်များထည့်
ကရဝေးရွက် များ အရောင်ပြောင်းပါက ကြက်သွန်နီထည့်
ထို့နောက် ကြက်သွန်ဖြူ ထည့်ပါ

ကြက်သွန်နီ/ ဖြူ များ ရွှေရောင် သန်းလာ ပြီး အနံ့ မွေး
လာပါက နှပ်ထားသော မိုးခိုသား များထည့် မွှေပေး
ခဏ အဖုန်းအုပ်ထားပါ

ဆီဝေ့ လာပါက ထပ်မံ မွှေ ပေးပြီး ဟင်းမြုပ်ရုံ ရေထည့်
အဖုံးပြန် အုပ်ကာ မီးမျင်းမျင်း ဖြင့် ချက်ပါ

ရေခမ်း ပြီ ဆီပြန်လာပါက အပေါ့ အငံ မြည်း ၍ ပုဂံ တွင်
ထည့် တည်ခင်းပြင်ဆင် စားသောက်နိုင်ပါပြီ

အရသာ လည်းရှိ နူးအိ မွေးကြိုင် နေသည့် ဆိတ်သားမိုးခို
သားနှပ် ဟင်းလျာ တစ်ခွက် ဖြစ်ပါတယ်

image

ထို့ကြောင့် ဆိတ်သား မစားကြသူများ အမဲသား ကြိုက်နှစ်
သက် သူများ မှလည်း "ဆိတ်သား " ကို ချက်ပြုပ် ပြင်ဆင် စားသောက်သည့် နည်းလမ်း အတိုင်း ပြုလုပ်နိုင် ပါတယ်

ဆိတ်သားနှင့်ပတ်သက်သော ဟင်းလျာများ အားချက်ပြုပ်
ပြင်ဆင်ရာတွင် ကျမ ပြုလုပ်စားသောက်ဖူးသော နည်းလမ်းများကိုသာ ပြုလုပ် ပြင်ဆင် post တင်ရေးသားမှာ ဖြစ်သည့်
အတွက် ချက်ပြုပ်နည်း မတူညီမှုများ ကွဲလွဲ မှု့ များ ရှိပါကလည်း
နားလည် ပေးကြရန် အထူးမေတ္တာ ရပ်ခံ ပါတယ်

( မှတ်ချက် - ကျမ အသုံးပြု ပြင်ဆင်ချက် ပြုပ် ရာတွင်
အသုံးပြု သောပါဝင် ပစ္စည်းမျာ သည် အိမ်တိုင်း မိးဖို ချောင်
တိုင်း တို့ တွင် အလွယ် တစ်ကူ ဝယ် ယူ ရရှိစေသော
ပစ္စည်း များ ဖြင့်သာ ပြင်ဆင် ပြုလုပ် သွားခြင်းဖြစ်ပါသည် )

Steemit မှ သူငယ်ချင်းမိတ်ဆွေ များ အားလုံး လည်း
လွယ်ကူ အဆင်ပြေ အရသာ ရှိစွာ ပြင်ဆင် ချက်ပြုပ်
စားသောက်ကြပါလို့

Steemit မှ fri များ အားလုံး ကျန်းမာ ချမ်းသာ ကြပါစေ

written and made-
@mamamyanmar

MSC-070

Sort:  

အစားအသောက်က လူနဲ့တဲ့တယ် ဆိတ်သားစားခြင်လာပြီ

ဆိပ်သားနှပ်မစားရတာအတော်ကြာပီဗျာ အရမ်းစားချင်နေပီနော် အဲလိုနှပ်တာလေးဆိုအရမ်းကြိုက်

အဲ့ မှာရှိဘူးလား
ကြွေးချင်ထှာအေ

ဖတ်လိုက်တာဗိုက်တောင်ဆာသွားတယ်အမရယ်

အားဆိုလည်း စားလိုက်တော့ နော

ဟင်းပြောင်းသေးဘူးလား

သြော် ဗိုက်ဆာတာ

စားချင်တယ်

ဆိတ်သားရှောင်ထားပါတယ်ဆို သရေယိုအောင် လာချက်ပြနေတယ် good good

ရှောင်ပါနက်အေ စားပါ

ဆိတ်​သားနှပ်​အရမ်းကြိုက်​၊ဒ​ပေမယ့်​စားနိုင်​ပူး😂😂

ဘာလ်ု့

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64243.42
ETH 3152.93
USDT 1.00
SBD 4.28