Alter , Rection and Devotees ( Part - 2 )

in #myanmar6 years ago (edited)

ဆွမ်းတော်ကြီး အာရုံတော် ဝတ်အသင်း (အပိုင်း - ၂ )

Hello , all steemit member.

ရှေးအစဉ်အလာမပျက် စစ်ကိုင်းမြို့၏ ဝါတွင်းသုံလ ဘုရားစဉ်များတွင် အရုဏ်တော်ဆွမ်းတော်ကြီး ကပ်လှူပူဇော်ပွဲ ကျင်းပကြပုံ ဓလေ့အစဉ်လာများကို ဗဟုသုတ ရရှိနိုင်စေရန် ရေးသားလိုက်ပါသည်

မြန်မာနိုင်ငံအတွင်းရှိ မြို့ရွာများတွင် ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော ပွဲတော်များကို ကျင်းပလေ့ရှိရာတွင် ဗုဒ္ဓပူဇနိယဘုရားပွဲ ဘုရားထီးတော်တင်လှူပွဲ စွယ်တော်လှည့်ပွဲ နှစ်ကျိပ်ရှစ်ဆူပူဇော်ပွဲ စသည်ဖြင့် ရပ်ရွာဓလေ့အရ ဗုဒ္ဓပူဇနိယပွဲတော်များ ကျင်းပလေ့ရှိကြပါသည်

image

စစ်ကိုင်းမြို့တွင်လည်း ဝါတွင်းကာလ ဗုဒ္ဓပူဇနိယ ပွဲတော်များ ကျင်းပရာတွင် အခြားမြို့ရွာများနှင့်မတူ တစ်မူ ထူးခြားသည့် ဝါတွင်းသုံးလပတ်လုံး အဖိတ်နေ့တွင် သက်ဆိုင်ရာ ဘုရားစဉ်လှည့် သွားရောက်၍ ဆွမ်းတော်ကြီး ကပ်လှူပူဇော်ပြီး ဥပုသ်နေ့နံနက်တွင် မိမိတို့ရပ်ရွာများသို့ ပြန်လာကြပါသည်

ဘုရားစဉ်လှည့်၍ ဆွမ်းတော်ကြီး လှူဒါန်းကြရာတွင်
စစ်ကိုင်းမြို့ပေါ်နှင့် စစ်ကိုင်းမြို့အနီး ဝန်းကျင်မှ ကျေးရွာများပါ ဆွမ်တော်ကြီး ဝတ်အသင်းများ ဖွဲ့စည်းကြပြီး သဒ္ဓါတရားထက်သန်စွာ ဆောင်ရွက်ကြပါသည်

ဝါတွင်းကာလ ဆွမ်းကပ်ဓလေ့စဉ်လာ ဖြစ်ပေါ်လာပုံကို လေ့လာရာ "ဥဩမြည်ဟည်း "ဆွမ်းတော်ကြီး" ဟူသော ပေါရဏ အမှတ်အသားအရ သက္ကရာဇ် ၁၁၅၆ ခုနှစ် ဘိုးတော်ဘုရားလက်ထက်တွင် စတင်ပေါ်ပေါက်ခဲ့သည်ဟု သိရပါသည်

မည်သူ့ကိုအကြောင်းပြု၍ မည်သူကစတင်ခဲ့သည် ဟူသော အထောက်အထားကို ရှာဖွေမတွေ့ရှိရ သော်လည်းစလေ ဦးပုညရေးသည့် သံပိုင်းလင်္ကာအရ - ကုန်းဘောင်မင်းဆက် ရှစ်ဆက်မြောက် သာယာဝတီမင်းလက်ထက်တွင် ဝါဆိုဆွမ်းကပ်ဓလေ့ ထွန်းကားလာသည်ဟု ဆိုနိုင်ပါသည်

image

ထိုသို့ထွန်းကားလာသည့် ဆွမ်းတော်ကြီး ကပ်လှူတဲ့ ဓလေ့ကို စည်ပင်ဖွံ့ဖြိုးစေပြီး ဂုဏ်ယူဖွယ်ရာဓလေ့ တစ်ခုအဖြစ် ချီးမြှောက်ခဲ့သည်မှာ မင်းတုန်းမင်းတရားကြီး,ဖြစ်သည်ကို တွေ့ရပါသည်
ဆွမ်းတော်ကြီး အဖွဲ့များအာူ ချီးမြှင့်မြှောက်စားခဲ့ကြောင်းကို ရာဇဝင်မှတ်တမ်းများ၌ ဖော်ပြထားသည်ကိုလည်း တွေ့ရပါသည် ဆွမ်းတော်ကြီးအလှူကို ပြုစုသည့် ဦးစို ဟူသော ဥပသကာကြီး၏ အကြောင်းကို လေ့လာ၍ သိရှိရပါသည်

ဦးစိုသည် အပေါင်းအသင်းဥပသကာ (၅ဝ)နှင့် တိုင်ပင်ပြီး သက္ကရာဇ် (၁၁၉၉)ခု ကဆုန်လဆန်း (၁၅) ရက်မှစ၍ အရုဏ်ဝတ်အသင်းကို ဖွဲ့စည်းခဲ့သည် ဟုဆိုပါသည်

ထိုသို့ဖွဲ့စည်းပြီး မြို့တော်ဝန်းကျင် လေးပြင်လေးရပ်မှ လူအများသဒ္ဒါတရား တိုး ပွားများစေရန် တရားဟော၍ သီတင်း ဥပုသ်နေ့တိုင်း ကုသိုလ်ပြုကြသည် ထိုသို့ ဦးစိုနှင့် ဥပသကာ (၅ဝ)တို့၏ သာသနာ့အကျိုး သယ်ပိုးသည့် ကောင်းမြတ်သော ဓလေ့ကို ချီးမြှောက်သည့်အနေဖြင့် မင်းတုန်းမင်းတရားကြီးသည် ခေါမတိုင်းဖြစ် ပုဆိုး အင်္ကျီ၊ အပေါ်လွှမ်းတဘက်နှင့် ရွှေ ငွေ စပါး တို့ကို ထောက်ပံ့ချီးမြှင့်ခဲ့သည်ဟု သိရှိရပါသည်

ထို့ပြင် ဆွမ်းတော်ကြီး အသုံးအဆောင် ပရိဘောဂများကိုလည်း အသင်းသားများအတွက် ပြုလုပ်ပေးခဲ့သည်

၎င်းတို့မှာ ဒေါင်းပေါင်ကွပ်ကြုပ် ကလပ် အုပ်တို့ ဖြစ်သည် ထိုပစ္စည်းများကို ရွှေပိန်းချ မှန်စီပြီး အဖျားတွင် စိန် ပတ္တမြား စသော နဝရက်ကိုးပါးစီခြယ်ပေးခဲ့သည်

image

အုပ်ကို သိုင်းဖွဲ့ရန် တန်ဆာဖြစ်သော ကွန်ခြာတမုတ်ကြိုးနှင့် ထမ်းပိုး စသော ပစ္စည်းများတွင် သကလတ် ဖဲ ကတ္တီပါအိတ် အမြိတ်ပါကျသော ပန်းဖွား ကတော့ ငွေဖော့ ရွဲလုံးတို့ကို ဖွဲ့ချည်သုံးစွဲစေခဲ့သည်
အခွင့်ထူးအနေဖြင့် သိုင်းကို ရှေ့ကထား၍ သွားလာခွင့်ပြုသည်အထိ ချီးမြှင့်မြှောက်စားခဲ့ပါသည်

ထို့ကြောင့် ယနေ့ကာလ အရုဏ်တော်ဝတ်အသင်းများ ဝင်းခင်း၍ မင်းခမ်းမင်းနားဖြင့် လှည့်လည်သည်ကို ဂုဏ်ယူဖွယ် မြင်ကွင်းအဖြစ် တွေ့မြင်ရခြင်းဖြစ်ပါသည်

ထိုသို့ သက္ကရာဇ် (၁၁၅၆)ခုနှစ်မှ စတင် ပေါ်ပေါက်ခဲ့သော အရုဏ်တော်ဝတ်အသင်းများနှင့် ဆွမ်းတော်ကြီးကပ်လှူသည့် ဓလေ့သည် ယနေ့တိုင် စစ်ကိုင်းနှင့် အနီးဝန်းကျင်တွင် ရှင်သန် စည်ပင်လျှက်ရှိပါသည်

ကမ္ဘာမှာ မြန်မာနိုင်ငံတစ်ခုတည်းမှာသာရှိသော မြန်မာနိုင်ငံမှာမှ သူတော်စဉ် သူတော်မြတ်တို့ပျော်မွေ့ရာ သူတော်ကောင်းတရားများစည်ပင်ထွန်းကားရာ ရာဇဝင်သမိုင်းအစဉ်အလာကြီမားတဲ့ အင်္သခရာစောယွန်းရဲ့ ဇေယျာရွှေမြေ ( ရွှေတိုင်းဒေသ) စစ်ကိုင်းမြို့ မှာသာမြင်တွေ့ခွင့်ရရှိတဲ့ ကြည်ညိုဂုဏ်ယူစရာ ဘာသာရေးဆိုင်ရာ အစဉ်အလာ တစ်ခု ဖြစ်ပါသည်

…… ဆက်ရန် ……

@mamamyanmar

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks , your supported. I am ever used esteem.

စည် ဗျောသံတဝေဝေ
ကျက်သရေ တက်နေထိရှိပါတဲ့
တို့မြန်မာပြေ

လပြည့်နေ့ စစ်ကိုင်း လာခဲ့အေ

လပြည့်နေ့ လူစည်မှာ လူများတဲ့နေရာတွေ
လူမတိုးနိုင်ပါဘူးအေ

Congratulations @mamamyanmar! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

SteemitBoard Ranking update - Resteem and Resteemed added

Support SteemitBoard's project! Vote for its witness and get one more award!

Coin Marketplace

STEEM 0.32
TRX 0.11
JST 0.034
BTC 66384.36
ETH 3272.25
USDT 1.00
SBD 4.27