တွန်းအား

in #myanmar6 years ago

FB_IMG_1524973561560.jpg

မင်္ဂလာပါ ချစ်‌မိတ်‌‌ဆွေအ‌ပေါင်းတို့။ တွန်းအားဆိုတဲ့‌ဝေါဟာရကို နည်းနည်း‌ဆွေး‌နွေးပါရ‌စေ။ အ‌ကြောင်းအရာတစ်‌ခုခု ၊‌လေ့လာမှုတစ်‌ခုခု၊အလုပ်‌တစ်‌ခုခု လုပ်‌ဘို့ တွန်းအားဟာ အ‌ရေးကြီးလှပါတယ်‌။ ကိုယ်‌‌တွေ့ ကြုံတာ‌လေးနဲ့ဘဲ နှိုင်းယှဉ်‌ပြပါ့မယ်‌။ အရင်‌တုန်းက လျှပ်‌စစ်‌အ‌ကြောင်းကို မ‌လေ့လာဖြစ်‌ပါဘူး။ ‌ကျောင်းတုန်းက Minor အဖြစ်‌‌လောက်‌သင်‌ခဲ့တာ‌လောက်‌ဘဲရှိခဲ့ပါတယ်‌။ ‌ကျောင်းပြီး‌တော့ အထူးမ‌လေ့လာဖြစ်‌ပါဘူး။ကိုယ်‌နဲ့မသက်‌ဆိုင်‌သလို ထားခဲ့တယ်‌။ အခုသင်‌တန်းတက်‌ရ‌တော့ အင်‌တာနက်‌က စာအုပ်‌ရှာရတာနဲ့ အလုပ်‌ကိုရှုပ်‌‌နေတာဘဲ။ ‌သြော်‌တွန်းအားဆိုတာ ဒါဘဲလားလို့ ‌တွေးမိလို့ပါ။

111.jpg
crd.org.source

steemitမှာလည်း power တိုးချင်‌‌တော့ ညည ထ‌ရေးရတာအ‌မော။ အတူတူလုပ်‌တဲ့သူငယ်‌ချင်း‌တွေ မလုပ်‌‌တော့‌ပေမယ့်‌ ကိုယ်‌က‌တော့ ကိုယ့်‌တွန်းအားအရှိန်‌‌ကြောင့်‌ ဆက်‌လုပ်‌‌နေပါတယ်‌။ တွန်းအား‌လေး‌လျော့မှာကို စိုးရိမ်‌မိတယ်‌။ ဘာကို‌တွေးမိလည်းဆို‌တော့ တွန်းအားကို ဖန်‌တီးလုပ်‌ယူလို့ရတာဘဲလို့ စဉ်းစားမိလို့ပါ။ အလုပ်‌တစ်‌ခုကို လုပ်‌လက်‌စ ဆက်‌မလုပ်‌‌တော့ဟာ လုပ်‌ချင်‌စိတ်‌တွန်းအား‌လျော့နည်းသွားလို့ပါ။ ပျင်းတယ်‌တို့ ဘာဖြစ်‌လို့တို့ဆိုတာနဲ့ အ‌ကြောင်းအမျိုးမျိုးပြ‌နေ‌တော့တာပါဘဲ။ စာ‌ရေးရမှာ ပျင်းလာပြီဆို သတိသာထား‌ပေ‌တော့။ ငါ့ တွန်းအား‌လျော့‌နေပြီဆိုတာ အချက်‌‌ပေး‌နေတာပါဘဲ။ ဒါဆို ‌လောင်‌စာ‌လေး‌တွေထပ်‌ထည့်‌ရမှာပါ။ တွန်းအား‌တွေတိုး‌အောင်‌ စိတ်‌ခွန်‌အား‌တွေတိုး‌အောင်‌ ဘဝတူမိတ်‌‌ဆွေနဲ့ ပိုမိုထိ‌တွေ့ဆက်‌ဆံ စကား‌ပြောသင့်‌ပါတယ်‌။ ညှိုးသွားတဲ့ပန်းက‌လေး ‌ရေနဲ့ထိရင်‌ ပြန်‌လန်းလာသလို တွန်းအား‌တွေအသစ်‌တဖန်‌ ဖြစ်‌‌ပေါ်‌စေပါတယ်‌။ ပန်းတိုင်‌ထားခြင်းဟာလည်း တွန်းအားတစ်‌ရပ်‌ဖြစ်‌‌စေပါတယ်‌။ ဖြစ်‌နိုင်‌ရင်‌ပန်းတိုင်‌ကို step by step ချမှတ်‌သင့်‌ပါတယ်‌။ အ‌ဝေးကြီးတန်းထားရင်‌ အားပျက်‌‌စေနိုင်‌ပါတယ်‌။ ‌ရောက်‌‌တော့မယ်‌ ‌ရောက်‌‌တော့မယ်‌ဆိုရင်‌ တွန်းအား‌တွေဖြစ်‌‌စေပါတယ်‌။ ဖြစ်‌နိုင်‌ရင်‌ ရက်‌မပျက်‌‌စေနဲ့။ ရက်‌ပျက်‌တာ‌တွေဖြစ်‌လာရင်‌ ‌နောက်‌တစ်‌ခါရက်‌ပျက်‌ဘို့ တွန်းအားဖြစ်‌‌စေတယ်‌။ထိုတွန်းအားက မ‌ကောင်းဘူး‌ပေါ့ဗျာ။ပျင်း‌စေတဲ့တွန်းအား‌ပေါ့။ တစ်‌နာရီ‌လောက်‌ အချိန်‌‌ပေးနိုင်‌ရင်‌ postကို‌နေ့တိုင်းတင်‌လို့ရပါတယ်‌။ ‌စာ‌ရေးရတာ ငြီး‌ငွေ့လာရင်‌ လမ်း‌ကြောင်း‌ပြောင်း‌ရေးကြည့်‌‌ပေါ့။အဓိက က‌ရေးချင်‌စိတ်‌‌လေးထက်‌သန်‌ဘို့ ဦးစား‌ပေး လုပ်‌‌ဆောင်‌ရမှပါ။

21-1.jpg
crd.org.source
တွန်းအားရဲ့သ‌ဘောသဘာဝက ‌စေ့‌ဆော်‌စိတ်‌နဲအများကြီးသက်‌ဆိုင်‌ပါတယ်‌။ ကျွန်‌‌တော်‌မကြမကြာ‌ရေးတဲ့ ‌စေ့‌ဆော်‌စိတ်‌ဟာ တွန်းအားအတွက်‌ မရှိမဖြစ်‌ပါဘဲ။ chat group‌တွေငြိမ်‌သက်‌‌နေခြင်းဟာ သိပ်‌‌တော့မ‌ကောင်းဘူဗျ။ ပွဲဆူ‌အောင်‌ နည်းနည်းချွန်‌လိုက်‌ရင်‌ ‌ကောင်းမလားလို့။ active ဖြစ်‌‌နေရင်‌ ဘာလုပ်‌လုပ်‌ မပင်‌ပန်း‌စေပါဘူး။ ‌ပေါ့‌ပေါ့ပါးပါးနဲ့ဝီရိယမှန်‌မှန်‌ ဇွဲသန်‌သန်‌ လုပ်‌‌ဆောင်‌နိုင်‌ဘို့ အ‌ရေးကြီးဆုံပါ။
ဒီလိုဘဲ ဘုရားရှိခိုးရာမှာလည်း ပုံမှန်‌လုပ်‌ဖြစ်‌ဘို့ တွန်းအားလိုပါတယ်‌။ တရားစာဖတ်‌ခြင်း ၊တရား‌ခွေနား‌ထောင်‌ခြင်း ၊တရားမိတ်‌‌ဆွေ‌တွေနဲ့ စကား‌ပြောခြင်းစသဖြင့်‌‌စေ့‌ဆော်‌စိတ်‌‌လေးဖန်‌တီးရမှာပါ။ ဒါမှတွန်းအား‌တွေဖြစ်‌‌ပေါ်လာပြီး ဆက်‌လက်‌လုပ်‌ဖြစ်‌‌စေပါတယ်‌။postတစ်‌ခု‌ရေးပြီးရင်‌‌တော့ ‌‌ပျော်‌ရွှင်‌မှု‌တွေဖြစ်‌‌ပေါ်လာပါတယ်‌။ ဆက်‌လက်‌‌ရေးဘို့လည်း တွန်းအား ဖြစ်‌‌စေပါတယ်‌။ မိတ်‌‌ဆွေတို့လည်း တွန်းအား‌လေး‌လျော့လာရင်‌ မီးထိုး‌ပေးပါလို့‌ပြောကြားရင်း နိဂုံးချုပ်‌လိုက်‌ပါတယ်‌။

MSC-228
@mahaw

Sort:  

ဟုတ်ကဲ့ ဥဥ မဟော် ခုလို တွန်းအားလေး တစ်ခု ထပ်တိုးပေးတာ ကျေးဇူးပါဗျာ ။

အ ပြန်‌အလှန်‌တွန်းကြတာ‌ပေါ့ဗျာ။

ဟုတ် ရေးပါ့မယ်ချင့်😁

Posted using Partiko Android

မတ်‌မတ်‌ကြည်‌‌ရေး ဖြစ်‌ဖို့ တွန်းအား‌တွေ ဖန်‌တီး‌ပေးပါ့မယ်‌။

motivation လို့ပြောပြောနေကြတဲ့ တွန်းအားဆိုတာ တကယ်လိုအပ်ပါတယ် ။သူများမတွန်းပေးရင် ကိုယ့်ဘာသာတွန်းတတ်အောင်လုပ်ယူရတာပေါ့၊တစ်ခါတစ်လေအပြင်းစိတ်ဝင်ရင် သိပ္ပံမောင်ဝပြောတဲ့ဖွားဒွေးကြီး ကြိမ်လုံးနဲ့သာ အဆော်ခံချင်တာပဲ၊ အင်္ဂလိပ်စာလေ့လာပါဆို ခဏပဲ ဟိုရောက်သည်ရောက်နဲ့ကိုယ်ဘာသာစိတ်မရှည်ဘူး

တစ်‌ခုခု‌လေ့လာမယ်‌ဆို ‌ရေတတ်‌ငဇင်‌ရိုင်းလို ဖြစ်‌‌နေတာ ဆိုးတယ်‌။ဦးမင်းေ ပြာသလို ကိုယ့်‌ကိုယ်‌ကို အားမရပါဘူး။

အဓိက က​တော့ အ​လေ့အကျင်​ပဲဗျာ့
ကောင်း​သောအ​လေ့အကျင့်​များကို ငယ်​ငယ်​ကတဲက
အကျင့်​ပါ​အောင်​လုပ်​ထားမယ်​ဆိုရင်​ကြီးလာရင်​ ​နောက်​ကသိပ်​ပြီးတွန်းအားမ​ပေးရ​တော့ဘူး

‌အ‌လေ့အကျင့်‌မှသည်‌ အကျင့်‌ဆီသို့‌ပေါ့‌နော်‌။‌ကျေးဇူးပါဦးယု။

တွန်းအားနှင့် ဆွဲအား ဘယ်ဟာ ပိုကောင်းလေမလဲ

Posted using Partiko Android

ဆွဲအားများရင်‌‌တော့ ပျင်းလို့အိပ်‌ယာထဲကထမှာမဟုတ်‌။

သေချာတာပေါ့အစ်ကို ။အစ်ကိုရေးပြပေးထားတာ လိုရင်းကို ထိမိပေါ်လွင်စေပါတယ်။တကယ်လက်တွေ့လည်း နေ့တိုင်း post တင်ပြီး ကြိုးစားနေတာ လေးစားအားကျမိပါတယ်ခင်ဗျာ။ကျွန်တော်လည်း ကြိုးစားပြီး လုပ်ဆောင်ပါ့မယ်အစ်ကို

ကျွန်‌‌တော်‌လည်း အများကြီးကြိုးစားရဦးမှာပါ။ဆရာတင်‌တို့ ဆရာစိုးတို့post လို‌ရေးနိုင်‌‌အောင်‌ကြိုးစားရမှာပါ။‌ကျေးဇူးပါကိုသန့်‌။

သား ရယ် သမီး ရယ် မိန်းမရယ် ယောက္ခမရယ် ယောက္ခထီးရယ် ဆိုတဲ့ တွန်းအားတွေတောင် အတော်များနေပါပြီ ကိုမဟော်ရယ် နောက်ထပ်တွန်းအား ထပ်ထည့်မယ်ဆိုရင် ချောက်ထဲ ထိုးကျတော့မလားပဲ ☺☺☺ ကိုယ်တိုင်ဖန်တီးချက်လေးတွေကိုမြင်ရတိုင်း ရလာတဲ့ ပီတိကို ဖန်တီးဖူးသူတိုင်းကတော့ သိနေမှာပါဗျာ

‌ရေးပြီးရင်‌ ‌ဖြစ်‌တဲ့ခံစားမှုက အရသာ

ကိုယ်သိပ်မလုပ်ချင်,သိပ်မကျွမ်းကျင်တဲ့ အရာတစ်ခုဆို အဲ့ဒီ့အရာလုပ်ဖြစ်ဖို့ မနည်းတွနိးအားပေးနှိုးယူရတယ်။ကိုယ်လုပ်ချင်တာများကျတော့ တွန်းအားတောင်သိပ်မလိုဘူး။ကိုယ့်ဆန္ဒအရ အလိုအလျောက်ကို လုပ်လို့။

Posted using Partiko Android

ခက်‌တာက ကိုယ့်‌ဆန္ဒကအ‌ပျော်‌ဘက်‌များ‌နေတာ။

ရေးပြီးရင်း ရေးချင်တဲ့စိတ်ဖြစ်စေပါတယ်

Posted using Partiko Android

ကိုမဟော် မီးထိုးပါ
ကျနော် လေပင့်ပေးပါ့မယ် 😊

Coin Marketplace

STEEM 0.29
TRX 0.11
JST 0.033
BTC 63458.69
ETH 3084.37
USDT 1.00
SBD 3.99