တိုက်‌တွန်းပါရ‌စေ

in #myanmar5 years ago

FB_IMG_1524973561560.jpg

ချစ်‌ခင်‌‌လေးစားအပ်‌ပါ‌သော steemitညီအစ်‌ကို‌မောင်‌နှမများ အားလုံး မင်္ဂလာပါ။ မိတ်‌‌ဆွေတို့ကို တစ်‌ခု‌လောက်‌ တိုက်‌တွန်း ‌ပြောကြားပါရ‌စေ။ ကျန်းမာ‌ရေးအတွက်‌ ‌နေ့စဉ်‌ အ‌သေးစား ကိုယ်‌လက်‌‌လေ့ကျင့်‌ခန်း‌လေး‌တွေ လုပ်‌‌ပေးကြဘို့ တိုက်‌တွန်းချင်‌ပါတယ်‌။ လူငယ်‌ ဖြစ်‌ဖြစ်‌ လူကြီးဖြစ်‌ဖြစ်‌ လုပ်‌သင့်‌ပါတယ်‌။ အနည်းဆုံး‌တော့ လမ်း‌လျှောက်‌ခြင်းကို လူကြီးများ အထူးလုပ်‌သင့်‌ပါတယ်‌။

IMG_20180916_125055.jpg

လူငယ်‌‌တွေအ‌နေနဲ့ အားကစားခန်းမတို့ ဂျင်‌တို့ မသွားနိုင်‌‌လည်း အ‌သေးစား‌လေ့ကျင့်‌ခန်းတို့လုပ်‌‌ပေးသင့်‌တယ်‌။ ကိုယ်‌လက်‌လှုပ်‌ရှားမှု‌လေ့ကျင့်‌ခန်း လုပ်‌ပြီးရင်‌ စိတ်‌ပိုင်းဆိုင်‌ရာ ခွန်‌အားလည်းတိုး‌စေပါတယ်‌။ မိမိကိုယ်‌ကို ယုံကြည်‌မှုလည်းတိုး‌စေတယ်‌။ ဖြစ်‌နိုင်‌ရင်‌ လူငယ်‌‌တွေအ‌နေနဲ့ စနစ်‌တကျ ‌လေ့ကျင့်‌‌ပေးနိုင်‌ရင်‌ အ‌ကောင်းဆုံးပါ။ ကိုယ်‌ခန္ဓာလှ‌တော့ ကြည့်‌လို့‌ကောင်းတာ‌ပေါ့။ ကျန်းမာ‌ရေးလည်း‌ကောင်းသလို စိတ်‌‌ပျော်‌ရွှင်‌မှုလည်းပို‌ဖြစ်‌‌စေပါတယ်‌။ ‌ဆောင်းတွင်း‌ရောက်‌ရင်‌ မနက်‌‌စော‌စောလမ်း‌လျှောက်‌ခြင်း ၊‌ပြေးခြင်းဟာ အရသာ‌ကောင်းတစ်‌ခုပါ။ စိတ်‌ကြည်‌နူးစရာပါ။သံဃာ‌တွေစီစီရီရီဆွမ်းခံကြွတဲ့မြင်‌ကွင်းဟာ နံနက်‌ခင်းရဲ့လှပတဲ့ပုံရိပ်‌‌လေး‌တွေပါဘဲ။ အခု‌ခေတ်‌လူငယ်‌‌တော်‌‌တော်‌များများဟာ ကိုယ်‌လက်‌လှုပ်‌ရှား ‌လေ့ကျင့်‌ခန်း‌တွေ သိပ်‌မလုပ်‌ကြ‌တော့ဘူး။ ‌ရေချိုးခါနီး ၁၀မိနစ်‌‌လောက်‌ လုပ်‌နိုင်‌ရင်‌လည်း မဆိုးပါဘူး။ မိန်‌ခ‌လေး‌တွေလည်းအတူ
တူပါဘဲ။ လှသာလှချင်‌တာ။ ‌လေ့ကျင့်‌ခန်းကြ မလုပ်‌ချင်‌ကြဘူး။ အနည်းဆုံးထိုင်‌ထ‌လေးလုပ်‌နိုင်‌ရင်‌ဘဲ အဆင်‌‌ပြေပါတယ်‌။ မိမိကိုယ်‌ကို ယုံကြည်‌မှုဟာ လုပ်‌ယူလို့ရပါတယ်‌။ စိတ်‌လက်‌‌ပေါ့ပါးပြီး လန်းဆန်း‌နေ‌စေပါတယ်‌။ ‌တော်‌‌တော်‌များများက အသက်‌ကြီးရင်‌ မလုပ်‌ကြ‌တော့သလို အိမ်‌‌ထောင်‌ကျပြီးရင်‌လည်း လှည့်‌မကြည့်‌ကြ‌တော့ဘူး။ အမျိုးသမီး‌တွေပိုဆိုး။ ကိုယ့်‌ခန္ဓာကို မထိမ်းသိမ်းကြ‌တော့။ ကျွန်‌‌တော်‌‌ပြောချင်‌တာက လှပဘို့ အထူးဂရုစိုက်‌ခိုင်းတာ မဟုတ်‌ပါဘူး။ ထိုက်‌သင့်‌တဲ့ စိတ်‌ချမ်းသာမှု‌တွေ ပိုင်‌ဆိုင်‌‌စေချင်‌လို့ပါ။ အသက်‌ကြီးလာ‌လေ လှုပ်‌ရှားမှုက ပိုလိုအပ်‌လာပါတယ်‌။ ဆိုင်‌ကယ်‌‌တွေ‌ပေါ်လာ‌တော့ စက်‌ဘီးလည်း မစီးဖြစ်‌ကြ‌တော့ဘူး‌လေ။

20180929_081603.jpg

ကျွန်‌‌တော်‌‌တောင်‌ စဉ်းစား‌နေတာ။ အလုပ်‌ဆင်း အလုပ်‌ပြန်‌ကို စက်‌ဘီးနဲ့ သွားရင်‌‌ကောင်းမလားလို့ ‌တွေး‌နေတာ။ ဆီကို‌ချွေတာရာလည်း ‌ရောက်‌တာ‌ပေါ့။ ကျန်းမာ‌ရေးအတွက်‌လည်း အလုပ်‌ဖြစ်‌တယ်‌။ ဗိုက်‌ကလည်းအဆီများလာပြီးရွှဲ‌နေပြီ။ ထိုအစီအစဉ်‌ကို အ‌ကောင်‌အထည်‌‌ဖော်‌ဦးမှ။ မိတ်‌‌ဆွေတို့လည်း ကျန်းမာ‌ရေးအတွက်‌ ကိုယ်‌လက်‌လှုပ်‌ရှားမှု လုပ်‌ပါလို့ အကြံပြုတိုက်‌တွန်းရင်း နိဂုံးချုပ်‌လိုက်‌ပါတယ်‌။

MSC-228
@mahaw

Sort:  

လမ်းက​တော့ ​လျှောက်​ရသဗျို့ ဆိုင်​ကယ်​မစီးရနယ်​​မြေဆို​တော့
ဆိုင်​ကယ်​ ကို့်​ယ့်​စီမှာမထား အဲ​တော့​ခြေလျှင်​​ရှောက်​​နေရတယ်​ဗျာ့
အရာရာ TAX I ဆိုလဲ မတပ်​နိုင်​ဘူး

ကျန်းမာ‌ရေး‌ကောင်းတာ‌ပေါ့ ဦးယု။

နံနက်ခင်းလမ်းလျှောက်ဖြစ်တယ်

‌ကောင်းတဲ့အ‌လေ့အကျင့်‌‌လေးပါ။‌ကျေးဇူးပါ ဗျာ။

အာ့ကျ ကွီးက ခြေလျင် ဈေးသွားတော့မာလား😁

Posted using Partiko Android

‌ဈေး‌တော့ ဆိုင်‌ကယ်‌နဲ့‌ပေါ့။မတ်‌မတ်‌ကြည်‌တို့ ထိုင်‌ထ‌လေ့ကျင့်‌ခန်း လုပ်‌‌နော်‌။

လုပ်ချင်ပုလေ ပင်းတေ😁

Posted using Partiko Android

သေချာတာပေါ့ လေ့ကျင့်ခန်းလေးတစ်ခုခုလုပ်ရင် ပိုပြီး ကောင်းမွန်တာပေါ့။ကြိုးစားလေ့ကျင့်ဆောင်ရွက်ကြရမှာပါ။

စိတ်‌ကိုလန်းဆန်း‌ပေါ့ပါး‌စေတယ်‌ ကိုသန့်‌‌ရေ။‌ကျေးဇူးပါ။

ကိုယ်တောင်စက်ဘီးဝယ်စီးမလားတွေးနေတာ။

မနက်‌ခင်းတို့ ည‌နေ‌စောင်းတို့ ဆို အဆင်ေ ပြပါတယ်‌ ဆရာ။ ဝယ်‌လိုက်‌ဆရာ။

ကိုမဟော်ကြီး စက်ဘီးနဲ့ ပဲ
ရုံးဆင်းရုံးတက်တော့မလားဗျ

စက်‌ဘီး နဲ့အလုပ်‌တတ်‌‌တော့မယ်‌။

အသက် ၃၀ မှာ အားကစား မလုပ်ရင် ၅၀ မှာ သိသာလာလိမ့်မယ်

Posted using Partiko Android

‌အ‌သေးစား ‌လေ့ကျင့်‌ခန်းက ဘယ်‌အရွယ်‌မဆို လုပ်‌သင့်‌ပါတယ်‌။‌ကျေးဇူးကိုဟိန်း။

ဟုတ်​ပါတယ်​...ကိုယ်​လက်​လှုပ်​ရှား​လေ့ကျင့်​ခန်းတကယ်​လိုအပ်​ပါတယ်​...အများကြီးမလုပ်​နိုင်​​တောင်​ပုံမှန်​လမ်း​လျောက်​တာမျိုး....

Posted using Partiko Android

ဟုတ်‌ပါတယ်‌ညီမ။ ‌ကျေးဇူးပါ‌နော်‌။

မှန်တယ်ဗျို့ နေ့စဉ်ပုံမှန် မိနစ်၃၀ခန့် လမ်းလျှောက်ပါတဲ့

ဦး‌ထွေး‌ကော ‌လျှောက်‌ ဖြစ်‌လား။

စက်ဘီးစီးလေ့ကျင့်ခန်းက လုပ်နိုင်ရင်အကောင်းဆုံးပဲဗျ ဒီမှာတော့ စက်ဘီးကို မနက် ညနေ လေ့ကျင့်ခန်းအနေနဲ့ စီးနေတဲ့သူတွေအများကြီးပဲဗျ ကျွန်တော်တော့ မပါဘူး ဟီး ☺

ဦးစိုး က ပိုလုပ်‌ရမှာ။အသက်‌ကြီး‌လေ ပိုဂရုစိုက်‌ရမယ်‌‌လေ။

Coin Marketplace

STEEM 0.36
TRX 0.12
JST 0.040
BTC 70839.13
ETH 3563.41
USDT 1.00
SBD 4.77