‌သိသူ‌ဖော်‌စား မသိသူ‌ကျော်‌သွား

in #myanmar6 years ago

FB_IMG_1524973561560.jpg

မင်္ဂလာပါ ချစ်‌မိတ်‌‌ဆွေ အ‌ပေါင်းတို့။ ဒီရက်‌ပိုင်းမအားတာနဲ့ postတင်‌တာ အရှိန်‌‌လျော့သွားတယ်‌။ ‌ရေးနိုင်‌တုန်း‌လေး ‌ရေးထားတာ‌ကောင်းပါတယ်‌။ အချိန်‌မရရင်‌ မ‌ရေးနိုင်‌ဘူး။ သင်‌တန်းတက်‌ဖို့ ရှိတယ်‌။ ‌မေတ္တာတရားနဲ့ပက်‌သက်‌ပြီး ‌ဆွေး‌နွေးတင်‌ပြပါရ‌စေ။ ‌မေတ္တာထားခြင်းဟာ စိတ်‌‌အေးချမ်း‌စေဘို့ အဓိက အ‌ကြောင်းတရား‌တွေထဲမှာ ပါဝင်‌ပါတယ်‌။‌မေတ္တာတရားဟာ ဘာကိုအ‌ခြေခံလည်းဆို‌တော့ ကိုယ်‌ချင်းစာတရားကို အ‌ခြေခံပါတယ်‌။ ‌မေတ္တာပြည့်‌ဝတဲ့သူ‌တွေရဲ့ ရုပ်‌ရည်‌ဟာ မြင်‌သူတိုင်း‌အေးချမ်း‌စေသလို ကျက်‌သ‌ရေလည်းရှိပါတယ်‌။ လှိုင်းတစ်‌ခုအ‌နေနဲ့တည်‌ရှိပြီးပတ်‌ဝန်းကျင်‌ကိုသက်‌‌ရောက်‌‌စေတယ်‌။

2866630583_b6c5996b8b.jpg

crd.org.source

‌ရှေးတုန်းက ဆရာ‌တော်‌ကြီး‌တွေဟာ ‌မေတ္တာတရားနဲ့ နာမကျန်းတဲ့ ဒကာ ဒကာမ‌တွေကို ‌‌စောင့်‌‌ရှောက်‌ကြတယ်‌။ စွမ်းအားပြည့်‌ဝ‌သော ‌မေတ္တာလှိုင်းများဖြင့်‌ ‌ရောဂါ‌တွေ‌ပျောက်‌ကင်း‌စေတာ အများအပြားပါ။ သူ‌တော်‌စင်‌သူ‌တော်‌‌ကောင်း‌တွေဟာ ‌မေတ္တာတရားဖြင့်‌ ကမ္ဘာကြီးကို ‌စောင့်‌‌ရှောက်‌ကြတယ်‌။ ‌မေတ္တာလှိုင်း‌တွေဟာ စကြာဝဠာအနှံ့ ပျံ့နှံ့‌နေပါတယ်‌။ သိသူ‌ဖော်‌စား မသိသူ‌ကျော်‌သွားဆိုသလို ထိုလှိုင်းကြီးကို အသုံးချတတ်‌တဲ့သူ‌တွေက ‌ကောင်းကျိုး‌တွေခံစား‌နေကြ‌နေပါတယ်‌။ ‌မေတ္တာလှိုင်းဟာစွမ်းအင်‌တစ်‌ခုလို စကြာဝဠာအနှံအမြဲမ‌ပျောက်‌မပျက်‌တည်‌ရှိ‌နေပါတယ်‌။ ပွင့်‌‌တော်‌မူကြကုန်‌ပြီး‌သော ဘုရားရှင်‌အဆူဆူတို့ရဲ့‌မေတ္တာဓာတ်‌လှိုင်းဟာ စကြာဝဠာထဲမှာ ဖြန့်‌ကျက်‌စွာ‌တည်‌ရှိ‌နေပါတယ်‌။ထို့အတူ ရဟန္တာ ပုဂ္ဂိုလ်‌မြတ်‌ကြီး‌တွေရဲ့ ‌မေတ္တာလှိုင်း‌တွေ ၊သူ‌တော်‌စင်‌ သူ‌တော်‌‌ကောင်းတို့ ပို့သတဲ့ ‌မေတ္တာဓာတ်‌‌တွေဟာ လှိုင်းအဖြစ်‌တည်‌ရှိ‌နေပါတယ်‌။

maxresdefault.jpg
crd.org.source

ကမ္ဘာသူ ကမ္ဘာသား‌တွေ မမြင်‌ရတဲ့ ‌ဘေးဒုက္ခ‌တွေကို ကြိုတင်‌ဖယ်‌ရှားသွားတဲ့ ဖြစ်‌စဉ်‌‌တွေဟာ အများအပြားပါ။ သတ္တဝါ‌တွေ အတွက်‌ အမြဲပို့လွှတ်‌‌နေတဲ့ ‌မေတ္တာလှိုင်းဟာ အန္တရာယ်‌‌တွေ ‌ဘေးဒုက္ခ‌တွေကိုဖယ်‌ရှား‌စေပါတယ်‌။သာမန်‌လူ‌တွေမသိ‌ပေမယ့်‌ အကျင့်‌စရဏ‌ကောင်းမွန်‌တဲ့ ပုဂ္ဂိုလ်‌မြတ်‌များက သိပါတယ်‌။ ညစဉ်‌ညတိုင်း ကမ္ဘာကြီးကို ‌မေတ္တာတရားဖြင့်‌ ‌စောင့်‌‌ရှောက်‌ကြတယ်‌။ ‌မေတ္တာလှိုင်း‌တွေပို့လွှတ်‌ကြတယ်‌။
စွမ်းအားတို့ စွမ်းအင်‌တို့ကို ယူတတ်‌ရင်‌ ပို‌အောင်‌မြင်‌သလို ထိ‌ရောက်‌မှုစွမ်းအားကလည်း ပိုကြီးမားပါတယ်‌။ သဘာဝတရား ကြီးဆီက အငှားစွမ်းအင်‌ယူရတယ်‌တဲ့။ ‌ရှေး‌ရှေးက ပုဂ္ဂိုလ်‌‌တွေ ဟာ ထိုလျှို့ဝှက်‌ချက်‌ကို သိရှိပြီး ‌ဖော်‌စားသွားကြတယ်‌။ ထို‌ဆေးနည်းကို ‌နောက်‌‌နေ့ ဆက်‌လက်‌‌ဖော်‌ပြ‌ပေးပါ့မယ်‌။ လမ်း‌လျှောက်‌ရတာထက်‌စာရင်‌ ယာဉ်‌ရထားနဲ့သွားရတာ ပိုမြန်‌တာ‌ပေါ့။ မိတ်‌‌ဆွေတို့ အတွက်‌ ကား‌ကောင်း‌ကောင်း‌လေး စီစဉ်‌ထားပါတယ်‌။ လိုက်‌ဖို့ ‌စောင့်‌‌နေ‌ပါလို့ ‌ပြော ကြားရင်း နိဂုံးချုပ်‌လိုက်‌ပါတယ်‌။
အားလုံးကျန်းမာချမ်းသာကြပါ‌စေ။

ကျမ်းကိုး -ရတနာသုံးပါး‌ကျေးဇူး

MSC - 228
@mahaw

Sort:  

ကမ္ဘာသူ ကမ္ဘာသားတွေအတွက် ပို့လွှတ်နေတဲ့ မေတ္တာလှိုင်းတွေကြောင့် ဘေးအန္တရာယ်တွေကို ဖယ်ရှားပေးနိုင်တယ်ဆိုတာ စိတ်ဝင်စားစရာပါ။ဆက်လက်အားပေးစောင့်မျှော်နေပါမယ်။ကားကောင်းကောင်းလေးစီစဉ်ပေးထားမှတော့ မလိုက်ပဲ ဘယ်သူနေနိုင်ပါ့မတုံး အစ်ကိုမဟော်ရေ။

‌ကျေးဇူးပါကိုသန့်‌။အခုတင်‌ထားပြီးပါပြီ။

မေတ္တာတရားသည် အောင်နိုင်ခြင်းတရားပင်...
မေတ္တာတရား ကင်းမဲ့လာ ကမ္ဘာလောက မငြိမ်းချမ်းပါ

မှန်‌ပါတယ်‌ကိုဟိန်း။‌ကျေးဇူးပါ‌နော်‌။

တူတူဘဲ ၂ရက်မရေးမိဘူးအကိုရေ
မေတ္တာသည်သာအောင်နိုင်ရာမို့  မေတ္တာထားနိုင်အောင် ကြိုးစားပါမည် ။

That right.သိပ်‌‌ကောင်းတဲ့ စိတ်‌ကူး‌လေးပါညီမ။‌ကျေးဇူး‌နော်‌။

မေတ္တာ ဆိုတဲ့လက်​နက်​သည်
ကမ္ဘာမှာ အစွန်းထက်​ဆုံးလက်​နက်​တခုပါ

ဟုတ်‌ကဲ့ပါ ဦးယု။‌ကျေးဇူးပါ‌နော်‌။

You got a 5.96% upvote from @upmewhale courtesy of @mahaw!

Earn 100% earning payout by delegating SP to @upmewhale. Visit http://www.upmewhale.com for details!

Thank for your sopport.

မှန်ပါတယ်ဗျာ Love is the great ပါ

‌ကျေးဇူးပါညီ။

အမှန်​ပါပဲရှင်​။မေတ္တာတရားကအ​ရေးကြီးဆုံးပါပဲ။

‌မေတ္တာ ပြည့်‌ဝ‌အောင်‌ အတူတူကြိုးစာကြတာ‌ပေါ့။‌ကျေးဇူးပါ အစ်‌မ။

ရန်သူပင်နေ့တိုင်း မေတ္တာပို့လျှင် ချစ်ခင်လာပါသတဲ့

‌မှန်‌ပါတယ်‌ညီမ။‌ကျေးဇူးပါ‌နော်‌။

မေတ္တာတရားတွေ ခြုံလွှမ်းတော့ နွေးထွေးမှု ရရှိပါ၏

ကားစီးချင်ပါဖု လင်ပျံစီးချင်ထာ လင်ပျံ လုပ်ပေး လင်ပျံလုပ်ပေး ☺☺☺

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64513.75
ETH 3146.11
USDT 1.00
SBD 3.95