သိသူ‌ဖော်‌စား မသိသူ‌ကျော်‌သွား (၂)

in #myanmar6 years ago (edited)

FB_IMG_1524973561560.jpg

ချစ်‌ခင်‌‌လေးစားရပါ‌သော steemit ညီအစ်‌ကို‌မောင်‌နှမများ မင်္ဂလာပါ။ သဘာဝတရားကြီးဆီက စွမ်းအင်‌ထုတ်‌ယူပုံကိုဆက်‌လက်‌‌ဖော်‌ပြ‌ပေးပါ့မယ်‌။ အ‌ကြောင်းအရာကို ပြန်‌‌နွှေးရရင်‌ စကြာဝဠာ အနှံ့ မှာ ပွင့်‌‌တော်‌မူကြတဲ့ ဘုရားရှင်‌အဆူဆူ တို့ရဲ့‌မေတ္တာလှိုင်းများ ၊ရဟန္တာ ပုဂ္ဂိုလ်‌ ကြီးများ ၊အဂ္ဂသာဝက မဟာ သာဝက ပုဂ္ဂိုလ်‌မြတ်‌ကြီးတို့ရဲ့‌မေတ္တာလှိုင်းများ၊ သူ‌တော်‌စင်‌ သူမြတ်‌‌လောင်းတို့ ပို့သတဲ့‌မေတ္တာတရား‌တွေဟာ လှိုင်းအဖြစ်‌ စကြာဝဠာ အနှံ့တည်‌ရှိ‌နေပါတယ်‌လို့ တင်‌ပြ‌ခဲ့ပါတယ်‌။

images.jpeg

crd.org.source

ဘုရားတစ်‌ဆူရဲ့ ‌မေတ္တာလှိုင်းအားဟာ ‌ပမာဏကန့်‌သတ်‌လို့ မရနိုင်‌‌လောက်‌‌အောင်‌ များပြားပါတယ်‌။ ပွင့်‌‌တော်‌မှုပြီးကြတဲ့ ဘုရားရှင်‌အဆူဆူဆိုရင်‌ ဆိုဖွယ်‌ရာမရှိ‌တော့ပါဘူး။ စကြာဝဠာထဲမှာ ရှိတဲ့ထိုလှိုင်းအား‌တွေဆီမှ စွမ်းအား‌တွေကို အငှားအသုံးချမှာ ဖြစ်‌ပါတယ်‌။ ‌ပထမဦးဆုံး ကျွန်‌‌တော်‌တို့ဟာ သီလ‌ဆောက်‌တည်‌ထားပါ။ စိတ်‌တည်‌ငြိမ်‌‌အောင်‌ ၁၀မိနစ်‌ ၁၅မိနစ်‌‌လောက်‌အာနာပါနမှတ်‌‌နေ‌ပေးပါ။ စိတ်‌တည်‌ငြိမ်‌ပြီဆိုမှ ဘုရားရှင်‌အဆူဆူတို့ရဲ့‌မေတ္တာလှိုင်း‌တွေ ၊ရဟန္တာများရဲ့ ‌မေတ္တာဓာတ်‌‌တွေ ၊သူ‌တော်‌‌ကောင်း သူမြတ်‌‌လောင်းတို့ ပို့သတဲ့ ‌မေတ္တာဓာတ်‌‌တွေကို ကျွန်‌‌တော်‌မျိုးခံယူပါတယ်‌လို့ စိတ်‌တွင်းရွတ်‌ဆိုပါ။ အာရုံထဲမှာလည်း စကြာဝဠာအတွင်းကလှိုင်း‌တွေ ကိုယ့်‌‌ခေါင်းထဲစီးဝင်‌‌နေတယ်‌လို့ ပုံ‌ဖော်‌အာရုံညွှတ်‌‌ပေးပါ။ ပြီး‌တော့ စီးဝင်‌လာပြီ၊ စီးဝင်‌‌နေပြီဆိုပြီး ‌ဖြေး‌ဖြေးချင်းရွတ်‌ဆို‌နေပါ။ စိတ်‌ကလည်း အာရုံညွှတ်‌ထားပါ။ ဘယ်‌‌နေရာကို ဦး‌စား‌ပေးကြည့်‌ရမလဲဆို‌တော့ နှာတံ‌ပေါ်ဒါမှမဟုတ်‌နှာ‌ယောင်‌‌ပေါ် စိတ်‌ကိုထားပါ။ ‌ခေါင်း‌ပေါ်‌ရေ‌လောင်းလိုက်‌ရင်‌ နှာ‌ခေါင်း‌ပေါ်‌ရေစီးကျသလို အာရုံ‌ဖော်‌ထားပါ။ လုပ်‌ပါများလာရင်‌ နှင်းမှုန်‌နှင်းဖတ်‌‌လေး‌တွေကျ‌နေသလို ခံစား‌ရပါလိမ့်‌မယ်‌။ တကယ်‌စီးဝင်‌‌နေပြီဆိုပြီး ယုံကြည်‌ချက်‌ ပြင်းထန်‌‌နေဘို့လိုပါတယ်‌။ငါ့ခန္ဓာကိုယ်‌ထဲ ‌မေတ္တာဓာတ်‌‌တွေ တကယ်‌စီးဝင်‌‌နေပြီလို့ ယုံကြည်‌ထားပါ။အလင်းလှိုင်းကြီး ကိုယ့်‌‌ခေါင်း‌ပေါ် စီးဝင်‌‌နေတဲ့ ပုံစံမျိုး‌ပေါ့။ထိုနည်းအတိုင်း ‌မေတ္တာခံယူတာကို နာရီဝက်‌‌လောက်‌ပြုလုပ်‌‌နေပါ။

images (1).jpeg
crd.org.source

ဒုတိယအဆင့်‌အ‌နေနဲ့ ရတနသုတ်‌မှာပါရှိတဲ့ မြတ်‌စွာဘုရားနဲ့သက်‌ဆိုင်‌တဲ့ ရတနာကို သစ္စာဆိုမှာဖြစ်‌ပါတယ်‌။ ပါဠိလိုမရွတ်‌ဘဲ မြန်‌မာလို ရွတ်‌ဆိုရပါမယ်‌။ ရွတ်‌ဆိုနည်းက‌တော့
ဤလူ့ပြည်‌ ၊နတ်‌ပြည်‌ ၊ဗြဟ္မာပြည်‌ ၊နဂါးပြည်‌ ၊ဂဠုန်‌ပြည်‌ တို့တွင်‌ ‌ကောင်းမြတ်‌‌သော ရတနာ‌တွေရှိကြပါကုန်‌၏။ထိုရတနာအ‌ပေါင်းတို့တွင်‌ မြတ်‌စွာဘုရားတည်းဟူ‌သော ရတနာတည်‌သာ အ‌ကောင်းလွန်‌ဆုံး အသာလွန်‌ဆုံး ရတနာတစ်‌ပါးဖြစ်‌ပါသည်‌။ ဤသစ္စာစကားသည်‌ မှန်‌ကန်‌‌သော သစ္စာစကားဖြစ်‌ပါသည်‌။ ဤမှန်‌‌ကန်‌‌သော သစ္စာစကား‌ကြောင့်‌ သတ္တဝါ‌တွေ ‌ဘေးရန်‌ခပ်‌သိမ်းကင်း‌ဝေးပြီး ချမ်းသာကြပါ‌စေ လို့ ‌ရွတ်‌ဆိုပါ။
တတိယအဆင့်‌အ‌နေနဲ့ ကိုယ်‌အာသန်‌ရာ‌မေတ္တာပို့နည်းနဲ့ သတ္တဝါ‌တွေကို ‌မေတ္တာပို့ရမှာဖြစ်‌ပါတယ်‌။ ဥပမာ ကိုယ့်‌အိမ်‌ ၊ရက်‌ကွက်‌ ၊မြို့နယ်‌ ၊ တိုင်း ၊နိုင်‌ငံ ၊ ကမ္ဘာ ၊စကြာဝဠာ အစရှိသဖြင့်‌ တဖြည်းဖြည်း ကိုယ့်‌‌မေတ္တာကို ဖြန့်‌ကြက်‌လိုက်‌ပါ။ အရပ်‌ဆယ်‌မျက်‌နှာ ပို့နည်းနဲ့လည်း ပို့လို့ရပါတယ်‌။ ‌မေတ္တာသုတ်‌မှာပါတဲ့ ခန္ဓာကိုယ်‌ ကြီး‌သော ‌သေးငယ်‌‌သော ၊ဝ‌သော ပိန်‌‌သော ၊ ရှည်‌‌သော တို‌သောသတ္တဝါ‌တွေကိုပို့သတဲ့နည်းနဲ့လည်း ‌မေတ္တာပို့နိုင်‌ပါတယ်‌။ ကိုယ်‌အာသန်‌ရာနည်းနဲ့ ကိုယ်‌ရွတ်‌ဆိုရတာ အားရတဲ့နည်းနဲ့ ပို့သနိုင်‌ပါတယ်‌။ အဓိက ခံယူထားတဲ့ ‌မေတ္တာဓာတ်‌‌တွေနဲ့ သတ္တဝါ‌တွေကို ‌မေတ္တာပိုဖို့ပါဘဲ။
စတုတ္ထအ‌နေနဲ့ ဒုတိယ အဆင့်‌မှာဆိုခဲ့တဲ့ နည်းအတိုင်းရွတ်‌ဆိုပြီး ဤမှန်‌ကန်‌‌သောသစ္စာစကား‌ကြောင့်‌ မိတ်‌‌ဆွေတို့ လိုရာဆု‌တောင်းပါ။ ကျွန်‌‌တော်‌က‌တော့ ရတနသုတ်‌မှာပါတဲ့ ထိုသစ္စာဆိုနည်းကို အလွန်‌နှစ်‌သက်‌ပါတယ်‌။ မျက်‌နှာသစ်‌တိုင်း ‌ရေ‌သောက်‌တိုင်း ထိုမြန်‌မာပြန်‌ကိုရွတ်‌ဆိုပြီး ပြုလုပ်‌‌လေ့ရှိတယ်‌။ သတိထားရွတ်‌ပါများရင်‌ ‌နောက်‌ဆို‌ရေ‌သောက်‌တိုင်း မျက်‌နှာသစ်‌တိုင်း အကျင့်‌ဖြစ်‌ပြီးရွတ်‌ဆိုမိ‌နေပါတယ်‌။ မိတ်‌‌ဆွေတို့လည်းနှစ်‌သက်‌ရင်‌ ပြုလုပ်‌ပါလို့ တိုက်‌တွန်းလိုပါတယ်‌။
‌‌နောက်‌ဆုံးအဆင့်‌အ‌နေနဲ့က‌တော့ ကိုယ်‌ပြုခဲ့တဲ့ ကုသိုလ်‌‌ကောင်းမှု‌တွေကို အမျှ‌ဝေ‌ပေးဖို့ပါဘဲ။
ကိုယ့်‌ရဲ့‌မေတ္တာတရား‌တွေ ၊‌မေတ္တာဓာတ်‌‌တွေဟာ တစ်‌‌နေ့ထက်‌‌တစ်‌‌နေ့ ပြည့်‌ဝလာပြီ၊ ကြီးထွားလာ‌နေပြီလို့ မိမိစိတ်‌ကို နှိုး‌ဆော်‌‌နေသင့်‌ပါတယ်‌။ ယုံကြည်‌မှု‌တွေမြှင့်‌တင်‌‌ပေး‌နေရပါမယ်‌။ ကျွန်‌‌တော်‌ ဒီကျင့်‌စဉ်‌ကို post တင်‌ဖူးပါတယ်‌။ ဖတ်‌ခဲ့တာလည်းကြာပြီ မိတ်‌‌ဆွေအသစ်‌‌တွေလည်းဖတ်‌ဖြစ်‌‌အောင်‌ ထိုအ‌ကြောင်းအရာ ထပ်‌‌ရေးခြင်းဖြစ်‌ပါတယ်‌။ ဒီ‌ဆောင်းပါးဟာ စာအုပ်‌နှစ်‌ကို အ‌ခြေခံပြီး ပြန်‌လည်‌ sharingလုပ်‌ခြင်းပါ။ ပထမစာအုပ်‌က ဓမ္မာစရိယဦး‌ဌေးလှိုင်‌‌ရေးတဲ့ ရတနာသုံးပါး‌ကျေးဇူး ပါ။ ဒုတိယစာအုပ်‌က ပထဝီဇယမန္တန်‌နှင့်‌ ‌မေတ္တာကျင့်‌စဉ်‌စာအုပ်‌ပါ။ထိုစာအုပ်‌ရဲ့စာ‌ရေးဆရာ‌တော့ မမှတ်‌မိဘူး ဖြစ်‌‌နေတယ်‌။
အခုလို ပြီးဆုံး‌အောင်‌ဖတ်‌‌ပေးလို့ ‌ကျေးဇူးအထူးတင်‌ရှိပါတယ်‌။ မလုပ်‌နိုင်‌‌သေး‌တောင်‌ တစ်‌ချိန်‌ချိန်‌မှာ လုပ်‌မယ်‌လို့ စိတ်‌ကူး‌လေးရသွားရင် ဝမ်းသာလှပါပြီ။မိတ်‌‌ဆွေအားလုံး ကျန်းမာချမ်းသာပါ‌စေလို့ ဆု‌တောင်းရင်း နိဂုံးချုပ်‌လိုက်‌ပါတယ်‌။

ကျမ်းကိုးစာရင်း - ရတနာသုံးပါး‌ကျေးဇူး
ပထဝီဇယမန္တန်‌နှင့်‌ ‌
‌မေတ္တာကျင့်‌စဉ်‌

MSC - 228
@mahaw

Sort:  

နည်းနည်းတော့ မြင့်သွားပြီ

မ မြင့်‌ပါဘူး ညီမရယ်‌။‌ကျေးဇူးပါ‌နော်‌။

ကိုမ​ဟော်​ကို​တော့ ​လေးစားသွားပြီဗျာ ဘာသာ​ရေး စာအုပ်​​တွေ
အ​တော်​ နှံစပ်​တာဘဲ

အချင်းချင်းကိုေ မြှာက်‌‌နေ ပြန်‌ပြီ။ ‌ရေးကွက်‌‌တွေ ‌လျှောက်‌ စဉ်းစားရတာပါ ဦးယု။‌ကျေးဇူးပါ ဦး။

ဘုရားရဲ့ တရားတော်တွေ တန်ခိုးတော်တွေ အသံတွေဟာ
စကြာဝဌာမှာပြန့် နှံ့ နေတယ်လို့  သိပ္ပံပညာရှင်တွေက
ရှာဖွေတွေ့ ရှိထားတယ်လို့ ဖတ်ဖူးပါတယ်အကို

အစ်‌ကိုလည်းကြားဖူးတယ်‌။ကိုးကားရမှာ အသိအကျမသိလို့။‌ကျေးဇူးပါညီ။

ပြုလုပ်​ရမည့်​အဆင့်​​လေးဆင့်​ရှိတာ​ပေါ့​နော့....

အမျှ‌ဝေတာပါရင်‌ ၅ ဆင့်‌ ။‌ကျေးဇူးပါ ညီမ။

This post has received a 3.47 % upvote from @booster thanks to: @mahaw.

Thank for your support.

ပရိတ်ကြီး၁၁သုတ်ကို ပါဠိလိုပဲ ရွတ်ဖူးတယ် ကျေးဇူးပါဆရာ ခုလို ရေုးပြလို့😊

လုပ်‌ ပြန်‌ပြီ ၊ဆရာမ‌ခေါ်ပါနဲ့ဆို။‌ကျေး‌ဇူးပါညီမ။

ဒီဘက်မှာလည်း နှံ့စပ်ပါကော ကိုမဟော်

ပါးပါး‌လေးပါ ညီ။‌ကျေးဇူး‌ပါ။

မေတ္တာကျင့်စဉ် အောင်သွားလို့ ကတော့ ဘဝအတွက် စိတ်ချရပြီပေါ့

မှားတာရှိရင်‌ ‌ထောက်‌ ပြပါ အရှင်‌ဘုရား။ ဦးခိုက်‌ပါတယ်‌ဘုရား။

I am a source of energy.

wool! very good.

မေတ္တာဓာတ်တွေ တကမ္ဘာလုံးများများ လွှမ်ြးံခုံနိုင်ကြပါစေ

‌ကောင်းမွန်‌ မြင့်‌ မြတ်‌‌သော အ‌တွေး‌လေးပါ ဦးစိုး။

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.033
BTC 64057.95
ETH 3104.17
USDT 1.00
SBD 3.90