ပျင်းရိခြင်း

in #myanmar5 years ago

FB_IMG_1524973561560.jpg

ကျွန်တော်တို့ တွေရဲ့ တိုးတက်မှုကို အဓိက ဟန့်တားနေတာက ပျင်းရိမှုပါဘဲ။ ရည်ရွယ်ချက်ကောင်းလေးတွေ ထားခဲ့တယ်။ မကြာဘူး ပျက်သွားတယ်။ အလေ့အကျင့်ကောင်းလေးတွေလုပ်ခဲ့တယ် မကြာဘူး ပျက်သွားတယ်။ လေ့လာသင်ယူမှုတွေ လုပ်ခဲ့တယ်။ ခဏဘဲ လုပ်ဖြစ်တယ်။ ကျွန်တော်တို့ ရဲ့ ဝီရိယက ပျင်းရိမှုကို မကျော်နိုင်ဘူး ဖြစ်နေတယ်။ ချမှတ်ခဲ့တဲ့ plan အတိုင်းသာ ဆက်လုပ်ဖြစ်နေရင် တစ်ခုခုတော့ ထူးချွန်နေပါပြီ။ ကြိုးစားမှုအရာအားလုံးရဲ့ ရန်သူဟာ ပျင်းရိခြင်းပါဘဲ။

images (13).jpeg
crd.org.source

အလုပ် လုပ်နေခြင်းသည် ပျင်းရိခြင်းကို ရင်ဆိုင်ဘို့  အကောင်းဆုံးနည်းဖြစ်ပါတယ်။ ပျင်းရိခြင်း ၆ ပါးဘဲရှိပေလို့ သာဘဲ။ ၆၀ ဆို ဒုက္ခ။ လုပ်စရာရှိတာကို ဘာမှမတွေးဘဲ ထလုပ် လိုက်ပါ။ အလုပ်တစ်ခုပြီးရင် ယုံကြည်မှုတစ်ခုတိုးသလို စိတ်အားတက်ကြွခြင်းလည်း ဖြစ်စေပါတယ်။ နောက်အလုပ်တစ်ခု လုပ်ဖို့ လည်း တွန်းအားဖြစ်စေပါတယ်။ ပျင်းရိခြင်းဆိုတာ လောင်စာကုန်ခမ်းလို့ ဖြစ်ပေါ်တဲ့လက္ခဏာပါ။ အရှိန်ကောင်းကောင်း ဝီရယနဲ့ ခုတ်မောင်းနိုင်ရင် ဘရိတ်တောင် လိုက်ပေးရပါတယ်။

download (1).jpeg

crd.org.source

ပျင်းရိခြင်းဟာ ရထားလိုပါဘဲ။ စစထွက်ခြင်း တာထွက်ခြင်းမှာ အားစိုက်ရပေမယ့် အရှိန်ရသွားရင် အား သိပ်မစိုက်ရတော့ပါဘူး။ကျွန်တော်တို့ က သူ့ အထာကို သဘောပေါက်ဖို့ လိုတယ်။ ကိုယ်ပျင်းနေရင် ပျင်းနေပြီဆိုတာ သိဘို့ အရေးကြီးတယ်။ ဆင်ခြေပေါင်းမြောက်များစွာနဲ့  အကာအကွယ်ယူပြီးလာတတ်လို့ ပါ။ စိတ်အားထက်သန်မှုဟာ ပျင်းရိခြင်းကို အနိုင်ယူနိုင်စွမ်းရှိပါတယ်။ အမြဲတမ်း စိတ်အားထက်သန်နေရင် ပျင်းရိခြင်း မဝင်ရောက်နိုင်ပါဘူး။ ဒါကြောင့် စိတ်အားထက်သန်ဖို့  သက်ဆိုင်ရာ လောင်စာလေးတွေ မပြတ်ထည့်ပေးဖို့  လိုအပ်ပါတယ်။ စစ်တပ်စကားနဲ့ ပြောရမယ်ဆိုရင် ထောက့်ပို့ ပေါ့ဗျာ။ ရှေ့တန်းစစ်မျက်နှာအတွက် ထောက်ပို့ ဟာ အရေးကြီးလှပါတယ်။ အလုပ်တစ်ခုမှာ စိတ်အားထက်သန်မှုလျော့နည်းလာပြီဆိုရင် ကျန်တာတွေပါ အားနည်လာပါတယ်။ တစ်ဖြည်းဖြည်းရှေ့ ဆက်မလုပ်နိုင်တော့ဘဲ ရပ်ဆိုင်းတဲ့အထိ ဖြစ်သွားကြပါတယ်။ နမူနာပြရမယ်ဆိုရင် အများကြီးပါ။

SteamTrain2.jpg
crd.org.source

ကျွန်တော်တို့  steemit မှာဘဲ ကြည့်ပါဦး။ ပြောခဲ့တဲ့စကားတွေ ပေးလိုက်တဲ့ ကတိတွေ ပေးခဲ့ပြီး ဘယ်ရောက်သွားမှန်းတောင်မသိ။ အပြောကတော့ ရွှေမန်းဘဲ။ ဆင်ဖမ်းမယ် ကျားဖမ်းမယ် ဆိုတဲ့သူတွေ မနည်းမနောပါ။ ပြီးတော့ အကြောင်းအမျိုးမျိုးပြပြီး ကြားဘူတာတွေမှာ ဆင်းနေခဲ့ကြတယ်။ တကယ်တမ်းသူတို့ ကို အနိုင်ယူသွားလည်း ပျင်းရိခြင်းပါဘဲ။ ပျင်းရိခြင်းဟာ များစွာသော ဆင်ခြေဆင်လက်တွေ ဖြစ်ပေါ်စေပါတယ်။ မိတ်ဆွေကောင်းတွေအတွက် နှမြောမိတယ်။ တစ်ချို့ က သူတို့ ကိုယ်သူတို့ တောင် မသိသွားရှာဘူး။ သူတို့ ရဲ့ ပျင်းရိမှုက သူတို့ ကိုအနိုင်ယူသွားတာ မသိဘဲ ဈေးကျလို့  နားတယ်လို့ ဘဲ ထင်သွားကြတယ်။ လောင်စာမထည့်နိုင်တဲ့ရထားက ထိုးရပ်တာပေါ့ဗျာ။ ယခုတော့ MSC မှာ ရထားကြီး ၁၀ စီးခန့် ဘဲ နေ့စဉ် ခုတ်မောင်းလျက်ရှိပါတယ်။ ယခုအချိန်မှာ သွားနှုန်းထက် သွားနေဖို့ ပိုအရေးကြီးပါတယ်။ ရာသီဥတုက အရမ်းအေးတော့ ရထားရပ်လိုက်ရင် ပြန်နှိုးဘို့ ခက်ခဲပါတယ်။ ဖြစ်နိုင်ရင် မရပ်ဘို့  အရေးကြီးပါတယ်။ ရထားမရပ်ရအောင် လောင်စာလေးတွေမပြတ်ဘို့  အရေးကြီးလှပါတယ်။ ကိုင်း ! တို့ ညီအစ်ကိုမောင်နှတွေ မနားကြေး မရပ်ကြေး
နော်။ ဆက်လက်ခုတ်မောင်းကြပါစို့ လို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

MSC- 228
@mahaw

Sort:  

တစ်ခါတစ်ရံ အရမ်းအေးလို့ အိပ်ငိုက်နေမိတာ

နိုးနိုးကြားကြားနဲ့  ရထားပေါ် စည်းစည်းလုံးလုံး စီးနင်းတော့မယ်ဗျာ

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70887.21
ETH 3581.98
USDT 1.00
SBD 4.75