ကျွန်‌‌တော်‌နှစ်‌သက်‌‌သော သမိုင်း

in #myanmar6 years ago (edited)

FB_IMG_1524973561560.jpg

သမိုင်း ဆို‌သော စကားလုံးကို ကျွန်‌‌တော်‌ နှစ်‌သက်‌တယ်‌။ ဘာဖြစ်‌လို့လဲဆို‌တော့ လူအ‌ကြောင်းကို လူ‌တွေသိ‌အောင်‌ မှတ်‌တမ်းထားခဲ့လို့ပါ။ လူဟာ ‌သေသွား‌ပေမယ့်‌ သူ့သမိုင်းက မ‌သေဘူး‌လေ။ ဘာသာရပ်‌ထဲမှာလည်း အကြိုက်‌ဆုံးမို့ ပို‌လေ့လာဖြစ်‌တယ်‌။ သမိုင်းနဲ့ ယှဉ်‌တွဲပြီး ဘာကိုသတိထားမိလည်းဆို‌တော့ အချိန်‌ကိုသတိထားမိတယ်‌။ သမိုင်းနဲ့ပက်‌သက်‌တဲ့ ‌နေရာတစ်‌ခု‌ရောက်‌တိုင်း တစ်‌ချိန်‌တုန်းက ဒီ‌နေရာမှာ ဆိုတာကို ‌တွေးမြင်‌မိတယ်‌။ ကျွန်‌‌တော်‌တို့ မြန်‌မာဘုရင်‌‌တွေအ‌ကြောင်း‌ရေးထားတဲ့ ဦးကုလားကြီးရာဇဝင်‌ ၊မှန်‌နန်းရာဇဝင်‌ ၊ မြန်‌မာမင်းများအ‌ရေး‌တော်‌ပုံ ၊အစရှိသဖြင့်‌ တန်‌ဘိုးရှိ‌သော သမိုင်းကျမ်းများ ‌ကို ဖတ်‌ရှူ့ခွင့်‌ရခြင်းဟာ အတုယူစရာ ၊‌ရှောင်‌ရှားစရာ၊သင်‌ယူစရာ ‌တွေ ‌ပြောမကုန်‌‌အောင်‌များပြားပါတယ်‌။ ဒီ‌ခေတ်‌ ဒီအ‌ခြေအ‌နေ ၊လက်‌ရှိလူ‌နေမှုပုံစံကို လက်‌ရှိကိုယ်‌သက်‌တမ်းအချိန်‌‌လောက်‌သာ မြင်‌‌တွေ့ခံစားခွင့်‌ ‌လေ့လာခွင့်‌ရတာပါ။ သမိုင်းထဲမှာ အချိန်‌‌တွေ အများကြီးပါဝင်‌လို့ သက်‌တမ်းကြာမြင့်‌စွာ ‌‌နေထိုင်‌ရသလို အကျိုးအများကြီးဖြစ်‌ထွန်း‌စေပါတယ်‌။

1-12-600x338.jpg

crd.org.source

နိုင်‌ပန်းလှ‌ရေးတဲ့ ရာဇာဓိရာဇ်‌ အ‌ရေး‌တော်‌ပုံကျမ်း ဖတ်‌‌တုန်းက ကျွန်‌‌တော့်‌ရဲ့ ခံစားချက်‌‌လေးနည်းနည်း ‌ပြောပြချင်‌ပါတယ်‌။ ခပ်‌ငယ်‌ငယ်‌က ဖတ်‌ခဲ့တာပါ။ ဟံသာဝတီနဲ့ အင်းဝ စစ်‌ပွဲကို‌ကျော‌ထောက်‌‌နောက်‌ခံထားပြီး တင်‌ပြတာ။‌ပြောရမယ်‌ဆိုရင်‌ မွန်‌နဲ့မြန်‌မာ‌ပေါ့ဗျာ။ စာသာဖတ်‌‌နေရ‌ပေမယ့်‌ ကိုယ်‌က မြန်‌မာဆို‌တော့ အင်းဝကို အား‌ပေးတာ‌ပေါ့။ အင်းဝနိုင်‌တဲ့စစ်‌ပွဲဆိုရင်‌ ဖတ်‌ရတာ မြိန်‌လိုက်‌တာ။ ဟံသာဝတီသားတို့ စစ်‌နိုင်‌တဲ့ တိုက်‌ပွဲဖတ်‌ရရင်‌ ရင်‌ထဲမှာကျလိကျလိနဲ့။ စာ‌ရေးသူ က မွန်‌ဆို‌တော့ မွန်‌အသား‌ပေး‌ရေးသလိုပါဘဲ။ ဖြစ်‌ချင်‌‌တော့ ဘုရင်‌မင်း‌ခေါင်‌ တပ်‌‌နောက်‌ဆုတ်‌ထွက်‌‌ပြေးတဲ့အချိန်‌ သူ့မိဖုရားကျန်‌ခဲ့တယ်‌။ ရာဇာဓိရာဇ်‌ က သိမ်းပိုက်‌လိုက်‌တဲ့အခန်း ဖတ်‌ရတာ ရင်‌ထဲမှာ တနုန့်‌နုန့်‌နဲ့။ စိတ်‌တိုလွန်းလို့ ထမင်း‌တောင်‌မစားနိုင်‌ဘူး။ ‌မောမင်းသမီးမိဖုရား သိမ်းပိုက်‌ခံရတာ။ ဒါ‌တောင်‌ ‌တောင်‌မိဖုရား ဆင်‌ကဲနဲ့ ‌တွေ့လို့ ကံ‌ကောင်းတာ။ ဆင်‌ကဲက‌တော့ ကံဆိုးတာ‌ပေါ့ ၊‌ယောင်‌စရာရှားလို့ အိုဆင်‌ကဲ လို့ ‌ယောင်‌‌တော့ ‌သေစမ်းနန္ဒိယ။ ‌

15672715_393700684302193_1861519957355873688_n.jpg
crd.org.source

မင်းရဲ‌ကျော်‌စွာ ‌ပေါ်လာမှဘဲ မြန်‌မာဘက်‌ကစစ်‌‌ရေးသာလာတာ။ လဂွန်းအိမ်‌ကိုလည်း မင်းရဲ‌ကျော်‌စွာ ဖမ်းတာ။ ကျွန်‌‌တော်‌နှစ်‌သက်‌တဲ့ သူရဲ‌ကောင်း‌တွေထဲမှာ လဂွန်းအိမ်‌ တစ်‌‌ယောက်‌ အပါအဝင်‌ပါ။ လဂွန်းအိမ်‌ကို စ ဖတ်‌ဖြစ်‌တာက ကာတွန်းစာအုပ်‌။ နှင်း‌ကေသရာဇာချစ်‌တဲ့ သူရဲ‌ကောင်း။ သူ့ကို ကြိုက်‌လို့ ရာဇာဓိရာဇ်‌အ‌ရေး‌တော်‌ပုံကျမ်း ဖတ်‌ဖြစ်‌တာ။ သူရဲ‌ကောင်းစိတ်‌ဓာတ်‌‌တွေက ‌လေးစားဘို့ ‌ကောင်းသလို အားကျဖို့လည်း အရမ်း‌ကောင်းတယ်‌ဗျာ။ ‌သေ‌လောက်‌‌အောင်‌‌ကြောက်‌ရတဲ့ ရာဇာဓိရာဇ်‌လိုမင်းမျိုးကို မိဖုရား‌ပေးမှစစ်‌ထွက်‌မယ်‌လို့ ‌ပြောရဲတာ သူတစ်‌‌ယောက်‌ဘဲရှိတယ်‌။ ‌တောင်းတဲ့သူက ‌တောင်းရဲသလို ‌ပေးတဲ့သူက ‌လည်း တကယ်‌‌ပေးတယ်‌ဗျာ။ လက်‌ဖျားခါရ‌လောက်‌‌အောင်‌ အံ့သြမိတယ်‌။ သူလည်းအပွဲပွဲ နွဲခဲ့သမျှ မင်းရဲ‌ကျော်‌စွာနဲ့မှ အဖမ်းခံလိုက်‌ရတယ်‌။ မင်းရဲ‌ကျော်‌စွာက ရာဇာဓိရာဇ်‌အားကိုးရတဲ့ လက်‌ရုံ‌တွေကို တစ်‌ခုချင်းဖြုတ်‌တာ။ ရာဇာဓိရာဇ်‌နဲ့ မင်းရဲ‌ကျော်‌စွာက သမိုင်း‌တွေရှိတယ်‌။ သူတို့နှစ်‌‌ယောက်‌ပက်‌သက်‌မှုက နည်းနည်းထူးဆန်းတယ်‌။ တစ်‌ဘဝ‌တောင်‌ မဟုတ်‌ဘူး။ နှစ်‌ဘဝ‌တောင်‌ ‌ရေစက်‌ဆုံတာ။ အံ့သြဖို့‌ကောင်းသလို ‌ကြောက်‌ဖို့လည်း‌ကောင်းတယ်‌။ ယခင်‌ဘဝက သူတို့နှစ်‌‌ယောက်‌ ဘယ်‌လိုပက်‌သက်‌ခဲ့တယ်‌ ၊ယခုဘဝမှာ ဘယ်‌လိုဖြစ်‌သွားလဲဆိုတာကို ‌နောက်‌အပိုင်းမှဆက်‌‌ရေး‌ပေးမယ်‌‌နော်‌။
Yarzar da yit.jpeg

crd.org.source
အား‌ပေးလို့ ‌အားလုံးကို ‌ကျေးဇူးတင်‌ပါယ်‌ခင်‌ဗျာ။

ကျမ်းကိုး- မြန်‌မာမင်းများအ‌ရေး‌တော်‌ပုံ
ရာဇာဓိရာဇ်‌အ‌ရေး‌တော်‌ပုံကျမ်း

MSC- 228
@mahaw

Sort:  

သမိုင်းကို ဘာလို့သင်​လဲဆို​တော့မအ ​အောင်​လို့တဲ့ ကိုမ​ဟော်​လဲ အ​တော်​​လေ့လာထားတာပါ့လား

ဦးယုေ ပြာသလို မအ ‌အောင်‌ပါ။‌ကျေးဇူးပါ။

You got a 4.33% upvote from @emperorofnaps courtesy of @mahaw!

Want to promote your posts too? Send 0.05+ SBD or STEEM to @emperorofnaps to receive a share of a full upvote every 2.4 hours...Then go relax and take a nap!

တချိ့သမိုင်းကြောင်းတွေကျတော့ မှတ်တမ်းတင်သူရဲ့ အာဘော်တွေပါဝင်နေလေမလား

မှန်‌တာ‌ပေါ့ဗျာ။ ထိုကျမ်းက မှန်‌နန်းရာဇဝင်‌ကျမ်း‌ရေးသားပုံ‌တွေနဲ့မတူဘူး။

မှတ်မှတ်ရရ နှင်းကေသရာ သမိုင်း စာအုပ်ကို ည တစ်ညလုံး မအိပ်ပဲ ဖတ်ခဲ့ဖူးတယ်😁

ဟုတ်‌တယ်‌ အဲ့စာအုပ်‌က ‌တော်‌‌တော်‌ဖတ်‌လို့ ‌ကောင်းတယ်‌။

သမိုင်းဆို အရမ်းကြိုက်​တယ်​ ဖတ်​ရတာ 😊😊

ကျွန်‌‌တော်‌လည်းကြိုက်‌တယ်‌။‌ကျေးဇူးပါ ကိုလွမ်း။

သမိုင်း​တွေထဲကအမှား​တွေကိုသင်​ခန်းစာယူသင့်​ရင်​ယူရမှာပါပဲ။

မြန်မာ့သူရဲကောင်းတွေက ဘယ်သူမှ သတိမထားမိတဲ့အပြင် ငယ်ငယ်ကျောင်းသားဘ၀က ကျန်စစ်သားကွ ဘုရင့်နောင်ကွ အလောင်းမင်းတရားကွ လို့အော်ခဲ့ပေမယ့် ခုခေတ်မှာတော့ အဲဒါတွေ စိတ်မ၀င်စားကြတော့ဘူးဗျို့ ကိုမဟော်ရေ

ကလေးတွေ အော်အော်နေတာကတော့ ကျန်ကျောင်းကွ ဂျူမုံကွ တဲ့ဗျာ

09fc3ba997d72105b72c1463e2e2ae20.png

အခု‌ခေတ်‌က စာအုပ်‌ရှာ‌ဖွေရတာ လွယ်‌သွားပါပြီ။ကျွန်‌‌တော်‌တို့တုန်းက သူများဆီက ငှားဖတ်‌ရတာ ။ခ‌လေး‌တွေကို ဘယ်‌စာအုပ်‌ကဘယ်‌လို‌ကောင်းတာ၊ဘာ‌ကြောင့်‌ ဒီစာအုပ်‌ကို ဖတ်‌သင့်‌တယ်‌ဆိုတာကို သွယ်‌ဝိုက်‌‌သောနည်း ဖြင့်‌ ချပြ‌နေတာပါ။စာအုပ်‌လမ်ွးှန်‌ သ‌ဘောမျိုး‌ပေါ့။‌ကျေးဇူးပါဦးစိုး။

အလွန်ကြိုက်ခဲ့တဲ့ စာအုပ်တွေပါပဲ

ဖတ်‌လို့‌ကောင်းတယ်‌ဗျ။

သမိုင်းစာ​ပေ​တွေ မဖတ်​ဖူး​သေးဘူး ဖတ်​ကြည့်​အုံးမှပါ။

သမိုင်းစာ‌ပေ‌တွေက ဘဝသင်‌ခန်းစာ‌တွေ အများကြီးရ‌စေတယ်‌။

သမိုင်းဖတ်တော့မအ တော့ဘူးပေါ့

ဟုတ်‌ကဲ့ပါ ဦးမင်း။‌ကျေးဇူးပါဦး‌ရေ။

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70884.24
ETH 3570.27
USDT 1.00
SBD 4.76