ချစ်‌ရပါ‌သော ‌မောင်‌

in #myanmar6 years ago

BROF8QICYAAXD33.jpg
crd.org.source

လူငယ်‌‌လေးတစ်‌‌ယောက်‌အ‌ကြောင်း ‌ပြောပြမယ်‌။ ‌မောင်‌ ဘယ်‌သူဆို‌တော့ ‌မောင်‌ လို့ဘဲ နာမည်‌‌ရွေးလိုက်‌တယ်‌။
မောင်‌ ဟာ အမြဲ‌ပျော်‌‌ပျော်‌‌နေတတ်‌သလို သူနဲ့ပက်‌သက်‌တဲ့ သူတိုင်းကိုလည်း ‌ပျော်‌ရွှင်‌မှု ဖြစ်‌‌ပေါ်‌စေတယ်‌။ ဒါ‌ကြောင့်‌ လူချစ်‌လူခင်‌လည်း ‌ပေါများတယ်‌။ နယ်‌မြို့‌လေးတစ်‌မြို့မှာ ‌မောင်‌ တစ်‌‌ယောက်‌ ၁၀တန်း‌ရောက်‌‌တော့ အိမ်‌က guide ထား‌ပေးတယ်‌။ မောင်‌က ဆရာမ အိမ်‌ကို ညဆို သွားအိပ်‌ရတယ်‌။ ည ၇း၀၀ က‌နေ ၁၁း၀၀ထိ စာကြည့်‌ရပြီး မနက်‌၄း၀၀ ထရတယ်‌။‌မောင်‌ တစ်‌‌ယောက်‌တည်းကို Guideလုပ်‌‌ပေးတာ။သူက မူလတန်းပြ ဆရာမ။ ဆရာမ နဲ့ ‌မောင်‌က ၁၀နှစ်‌‌လောက်‌‌တော့ ကွာတယ်‌။ ‌မောင်‌က ၁၀တန်းဆို‌တော့ စိတ်‌ကစားတတ်စ‌အရွယ်‌‌ပေါ့။ ည စာကျက်‌ရင်‌ ‌ဆရာမက‌မောင့်‌‌ဘေးနားကထိုင်‌ခုံမှာ သိုး‌မွေးထိုးပြီး ထိုင်‌‌စောင့်‌တယ်‌။ ‌မောင်‌ ၇း၀၀နာရီ‌ရောက်‌တာနဲ့ ဆရာမလည်း စာကြည့်‌စားပွဲ မှာ‌ရောက်‌ပြီးသားဘဲ။‌ ‌မောင်‌က စာလုပ်‌‌နေရင်းနဲ့ ခိုးခိုးကြည့်‌တယ်‌။

mg.jpg
crd.org.source

မသိမသာ‌လေး သူနှစ်‌သက်‌‌ကြောင်းပြတယ်‌။ဆရာမက ပုံမှန်‌ဘဲ။ ဒါ‌ပေမယ့်‌ အချိန်‌ကြာလာ‌တော့ နီးစပ်‌မှုက‌နေ သံ‌ယောဇဉ်‌‌တော့တွယ်‌မှာ‌ပေါ့။ ချစ်‌ဖို့‌ကောင်းတဲ့ လူငယ်‌‌လေးတစ်‌‌ယောက်‌ရဲ့ ဆိုးနွဲ့ဒဏ်‌ကို သူမလည်း ကြာ‌တော့ ‌တောင့်‌မခံနိုင်‌‌တော့ဘူး။ဒီလိုနဲ့ မ နဲ့ ‌မောင်‌ ဇာတ်‌‌လမ်း‌လေး ဖြစ်‌‌ပေါ်လာ‌တယ်‌။ ‌မောင်‌ GTIတက်‌တဲ့အထိ ဆရာမနဲ့ ချစ်‌သူ‌တွေ ဖြစ်‌တုန်း။‌‌‌မောင်‌ ‌ကျောင်း ပြီးခါနီး‌တော့ ဆရာမ သူ့ခံစားချက်‌ကိုရင်‌ဖွင့်‌လာတယ်‌။ ‌မောင့်‌ကိုရင်‌နင့်‌‌အောင်‌ချစ်‌‌ပေမယ့်‌ ‌မောင့်‌ကိုလက်‌မထပ်‌နိုင်‌ဘူးတဲ့။ ‌မောင်‌ လမ်းမမှား‌အောင်‌ထိန်း‌ကျောင်းခဲ့တာ။ မ ရဲ့လုပ်‌ရပ်‌ကို တစ်‌ချိန်‌ကျ‌မောင်‌ နားလည်‌မှာပါလို့ စာအ‌ကြောင်းကြားတယ်‌။ ‌မောင်‌တစ်‌‌ယောက်‌ ရူးပြီ‌ပေါ့။ ‌မောင်‌ တို့‌ခေတ်‌တုန်းက စာ အဆက်‌အသွယ်‌ဘဲ ရှိတာ‌လေ။ ‌မောင့်‌ဆီကို စာ တဖြည်းဖြည်းအလာကျဲသွား‌တော့တယ်‌။ ‌မောင်‌ ကစာပြန်‌လို့မရဘူး။ ရပ်‌ကွက်‌မှာစာအားလုံးကိုဟာ ‌မောင်‌ တို့ အိမ်‌ အရင်‌ရာက်‌တယ်‌။ ပြီးမှ ‌ဝေဖြန့်‌တာ။ ဆရာမဟာ ‌မောင့်‌ကို အလိမ္မာနည်းသုံးပြီး အဆက်‌အသွယ်‌တစ်‌ဖြည်းဖြည်း ဖြတ်‌သွားတယ်‌။‌မောင်‌တစ်‌‌ယောက်‌ ‌ကျောင်းပိတ်‌လို့ ပြန်‌လာ‌တောင်‌ ဆရာမဆို‌တော့ ‌တွေ့ခွင့်‌မရ။ ‌ကျောင်းသွား‌ကျောင်းပြန်‌‌လေးဘဲ တစ်‌‌နေရာက‌နေ ‌ချောင်းကြည့်‌‌နေရတဲ့ အဖြစ်‌။လူငယ်‌‌လေးတစ်‌‌ယောက်‌ လမ်းမမှား‌အောင်‌ သူ့ရဲ့နှလုံးသားနဲ့ရင်းပြီး ထိန်း‌ကျောင်းသွားတာ ‌လေးစားစရာ‌ကောင်းပါတယ်‌။သူမလည်း ချစ်‌တာဘဲ ဒါ‌ပေမယ့်‌ ဖြစ်‌ချင်‌တာထက်‌ ဖြစ်‌သင့်‌တာကို လုပ်‌သွားတယ်‌။ကိုင်‌တွယ်‌သွားတာ စံနမူနာပြ‌လောက်‌တယ်‌။ ဇာတ်‌သိမ်းခန်းဟာ အရမ်းညှင်‌သာလွန်းတယ်‌။ဘာဖြစ်‌လို့လဲဆို‌တော့ တစ်‌‌ယောက်‌နဲ့တစ်‌‌ယောက်‌ လမ်းခွဲစကားမှမ‌ပြောကြတာ။ သူမက ‌မောင့်‌ကိုလက်‌မထပ်‌နိုင်‌ဘူးလို့ဘဲ‌ပြောတယ်‌။ ‌မောင့်‌ကို ဘယ်‌လိုချုပ်‌လည်းဆို‌တော့ ဆရာမဆိုတဲ့ သူ့ရဲ့ဂုဏ်‌သိက္ခာအတွက်‌ တို့နှစ်‌‌ယောက်‌လက်‌ထပ်‌လို့ မဖြစ်‌ဘူးတဲ့။ ‌မောင်‌ တစ်‌‌ယောက်‌ မိုက်‌ရူးရဲဆန်‌စွာလည်း သူ့မမကိုငဲ့ပြီးလုပ်‌မရ။သူတို့နှစ်‌‌ယောက်‌ကို ကြည့်‌ပြီး ဝတ္ထု‌ရေးဘို့ စိတ်‌ကူးထားတယ်‌။လမ်းခွဲစကားမ‌ပြော‌တော့သူတို့နှစ်‌‌ယောက်‌ဟာ မ‌ပေါင်းသင်းရ‌ပေမယ့်‌ ထာဝရချစ်‌သူ‌တွေပါ။
l-5xdvaoo0.jpg
crd.org.source

‌ချစ်‌ရပါ‌သော‌မောင်‌ ...
ကျွန်‌မ ရင်‌‌တွေ ကွဲချင်‌ကွဲပါ‌စေ
‌မောင့်‌ဘဝ‌လေး သာယာစိုပြည်‌‌နေတာ ကြား‌နေရရင်‌ဘဲ ‌ကျေနပ်‌ပါသတဲ့လား
ဆရာမ‌လေးရယ်‌........

MSC -228
@mahaw

Sort:  

ချစ်အဘိဓမ္မာဆရာမရဲ့ လမ်းပြကြယ် အချစ်ဇာတ်လမ်းလေးပေါ့

ရသပိုင်း စမ်း‌ရေးကြည့်‌တာကိုဟိန်း။

မိန်းကလေး အတွေး မိန်းကလေး အချစ်လေး ကို မြင်လိုက်ရတာ ရင်ထဲတစ်မျိုးကြီးပဲ။

ငိုချင်‌ရင်‌ ငိုချလိုက်‌ပါ ကိုညီ။ကန်‌‌တော့‌နော်‌ စ တာ။

ငမ့် တကယ်ငိုချလိုက်မှာ ဗြဲ ---

စိတ်​မ​ကောင်းစရာဇာတ်​လမ်းပါဘဲ....ဖြစ်​သင့်​တာကို​ရွေးချယ်​သွားတာ...

ဆန္ဒကို သိက္ခာနဲ့ ထိန်းသွားတာ။

ဖတ်ပြီးစိတ်မကောင်းဖြစ်မိတယ်
ချစ်သူတိုင်းကိုညားစေချင်တာ အမှန်ပါ

ခ‌လေးလို မ‌တွေးပါနဲ့ကွယ်‌ ၊ချစ်‌သူတိုင်း ညားရင်‌ ဖြစ်‌ချင်‌တိုင်း ဖြစ်‌‌နေမှာ‌ပေါ့။

သနားမိတယ်

‌မောင်‌‌လေး‌တွေ လိုက်‌‌ကြွေ မ‌နေနဲ့ဦး။

သိပ်ချစ်ရသော မောင်
ကျွန်မဟာ ဆူးများတဲ့နှင်းဆီမဟုတ်ပေမယ့်
မောင် ခူးမရတဲ့ စံပယ်အဖြစ် မောင့်ကို မွှေးပျံ့ မှု ပေးနေမှာပါ မောင်

စပယ်‌ရနံ့‌လေး ရရင်‌ဘဲ
‌ကျေနပ်‌တတ်‌‌နေ ပါပြီ' မ'ရယ်‌........

အဟား မိုက်​တယ်​ဗျာ ကို့်​မ​ဟော်​ ထင်​မထားဘူး လုံးခြင်းထုပ်​ဗျာ
အား​ပေးမယ်

ကိုယ်‌က ဝတ္ထု မ‌ရေးတတ်‌တာ ခက်‌တယ်‌ ဦးယု။

မပေါင်းလိုက်ရသောအချစ်

‌ပေါင်း‌စေချင်‌ရင်‌ ‌နောက်‌post ကျ ‌ပေါင်းခိုင်းလိုက်‌မယ်‌။‌ကျေးဇူးပါဗျ။

ခံစားချက်ကို ဥပက္ခာထားပြီး ဖြစ်သင့်တာကို ဦးစားပေးတဲ့ လူငယ်တွေကို အတုယူထိုက်ပါတယ်

မှန်‌ပါတယ်‌ ညီမ။‌ကျေးဇူးပါ။

ဖတ်ရင်းနဲ့ ခံစားမှုက ရင်ထဲဆို့တက်လာတယ် ကိုမဟော်ရေ

သင်‌ခန်းစာယူစရာ လို့ဘဲ သ‌ဘောထားလိုက်‌ပါ bro.

Coin Marketplace

STEEM 0.33
TRX 0.11
JST 0.034
BTC 66530.34
ETH 3251.57
USDT 1.00
SBD 4.36