ချိုမြိန်‌‌စေ‌သောအသီး

in #myanmar6 years ago

FB_IMG_1524973561560.jpg

မင်္ဂလာပါချစ်‌မိတ်‌‌ဆွေအ‌ပေါင်းတို့။ ပထမဦးစွာ ကျွန်‌‌တော့်‌postများကို ဖတ်‌ရှူ့‌ပေး‌သောမိတ်‌‌ဆွေများကို ‌ကျေးဇူးတင်‌စကား‌ပြောကြားလိုပါတယ်‌။ vote and commentများကို ဂရုတစိုက်‌‌ပေး‌နေတဲ့ proအဖွဲ့နဲ့ ညီအစ်‌ကို‌မောင်‌နှမများကို ‌ကျေးဇူးတစ်‌ခုခု‌တော့ တုန့်‌ပြန်‌ချင်‌ပါတယ်‌။ ကျွန်‌‌တော်‌စာ‌ရေးသားရာမှာ မထူးချွန်‌၊မ‌ကောင်းမွန်‌‌တောင်‌ မိတ်‌‌ဆွေတို့ကို အကျိုးရှိ‌စေတဲ့အသိတစ်‌ခုခု‌တော့ massage ‌ပေးဖြစ်‌‌အောင်‌ ကြိုးစား‌ရေးခဲ့ပါတယ်‌။ ဒါဟာဘာကိုဆိုလိုချင်‌လည်းဆို‌တော့ ကျွန်‌‌တော်‌လုပ်‌နိုင်‌သ‌လောက်‌နဲ့ ‌မိတ်‌‌ဆွေတို့ကို‌ကျေးဇူးဆပ်‌‌နေတာပါ။ ‌နောက်‌ဆုံးရသတစ်‌မျိုးမျိုး‌ပေးစွမ်းနိုင်‌‌အောင်‌ ကြိုးစား‌နေပါတယ်‌။

68771124-288-k421785.jpg

crd.org.source

ကျွန်‌‌တော်‌ ဟိုအရင်‌ရက်‌က ‌ဖြေလို့ရရင်‌ ‌ဖြေ‌ပေးပါ ‌ခေါင်းစဉ်‌နဲ့ postတင်‌ခဲ့ပါတယ်‌။ ထို‌နေ့ကြမှထူးထူးခြားခြား steemitက updateလုပ်‌‌တော့ ကျွန်‌‌တော့်‌post‌လေးကို မဖတ်‌ဖြစ်‌ကြဘူးထင်‌တယ်‌။ တစ်‌ပတ်‌‌လောက်‌နားခဲ့ရတာဆို‌တော့ မ‌တွေ့ဘို့များပါတယ်‌။ ဘာကို‌တွေးမိလဲဆို‌တော့ ‌စေတနာပါရင်‌ ဘာ‌စားစား ချိုတယ်‌ ‌ကောင်းတယ်‌ ဆိုတာကို ‌တွေးမိလို့ပါ။ အခုတ‌လော မိတ်‌‌ဆွေတို့post အ‌ရေးအသား‌တွေတိုးတတ်‌လာ‌နေသလို ဖတ်‌ရတာလည်း အရသာရှိတယ်‌။ ‌စေတနာ‌လေး‌တွေထည့်‌‌ရေး‌တော့ ဖတ်‌ရတာချိုမြိန်‌‌စေပါတယ်‌။ ထိုအတွက်‌လည်း‌ကျေးဇူးတင်‌ပါတယ်‌။ ‌ကောင်းခြင်း မ‌ကောင်းခြင်းထက်‌ ဖတ်‌ရတာချိုမြိန်‌မှုဟာ ပိုတန်‌ဘိုးရှိပါတယ်‌။ စာအ‌ရေးအသား‌တွေ ထိ‌တွေ့ရတာဟာ တစ်‌‌ယောက်‌နဲ့တစ်‌‌ယောက်‌စိတ်‌ချင်း ထိ‌တွေ့‌နေသလို ခံစား‌ရပါတယ်‌။ ‌နေ့တိုင်းနီးပါးဒီလူ‌တွေ‌လောက်‌ဘဲpostတင်‌ကြ‌တော့ ထိ‌တွေ့ခွင့်‌ပိုရလာပါတယ်‌။ postတစ်‌ခုဖတ်‌ရင်‌ စာဖတ်‌သူဟာ ကိုယ့်‌အ‌တွေးနဲ့ကိုယ်‌ စာကိုဝတ္ထုကို ပုံ‌ဖော်‌ပြီး မြင်‌‌ယောင်‌ပြီး ဖတ်‌ကြပါတယ်‌။ ပုံ‌ဖော်‌တဲ့‌နေရာ ၊အာရုံပြုတဲ့‌နေရာ၊ ဖတ်‌‌နေတုန်းအာရုံထဲကပုံရိပ်‌ဟာ postပိုင်‌ရှင်‌ကို ကိုယ့်‌စိတ်‌ကူးနဲ့ ကိုယ်‌မြင်‌‌ယောင်‌ပါတယ်‌။ ‌တွေ့ထိပါများလာ‌တော့ စာ‌ရေးသူရဲ့စိတ်‌‌နေစိတ်‌ထားကို ပိုမြင်‌‌တွေ့လာသလို သူ‌စေတနာပါတာ‌တွေကိုလည်း သတိထားမိလာတယ်‌။

gg.jpg
crd.org.source

တစ်‌ခါတ‌လေကျ‌တော့လည်း စာ‌ရေးရတာအခက်‌အခဲဖြစ်‌ကြမှာပါ။ ‌ရေးစရာမရှိတာတို့ ၊ ဘာ‌ရေးရမလဲစဉ်းစားရခက်‌‌နေတာတို့ ဖြစ်‌ရင်‌ ရင်‌ထဲရှိတာကို ‌ပေါ့ပါ့ပါးပါး‌ရေးချင်‌ရာ‌ရေးချလိုက်‌ပါ။ ‌စေတနာ‌တွေပါ‌တော့ ဘာချ‌ရေးရးချိုမြိန်‌မှာပါ။ အဓိက က ‌ရေးဖြစ်‌ဘို့ပါဘဲ။ ‌လေးငါး‌ကြောင်း‌လောက်‌‌ရေးပြီးရင်‌ ‌ခေါင်းစဉ်‌တို ဦးတည်‌ချက်‌တို့ရှာ‌တွေ့ပါတယ်‌။ မိတ်‌‌ဆွေတို့ရဲ့ ‌စေတနာအသီး‌လေးကို ‌စောင့်‌‌မျှော်‌‌နေရင်း နိဂုံးချုပ်‌ပါရ‌စေ။

MSC- 228
@mahaw

Sort:  

ချစ်သောမျက်စိဖြင့် ကြည့်လျှင် အရာရာဟာ လှပကြပေမှာပါ

Posted using Partiko Android

သိပ်‌‌ကောင်းတဲ့စာသားဗျာ။‌ကျေးဇူးပါကိုဟိန်း။

ချစ်သောမျက်စိဖြင့် ကြည့်လျှင် အရာရာဟာ လှပကြပေမှာပါ

Posted using Partiko Android

စေတနာသီးလေးတွေ
စတီးသစ်ပင်ကြီးမှာ သီးနေတာ ခဲလို့ပ ကွယ်

အားရစရာ‌ပေါ့ဦး‌ထွေး‌ရေ။

ဆရာမ​ဟော်​​ပြောစကား​တွေမှန်​ပါတယ်​ဗျာ
စေတနာနဲ့လုပ်​ရင်​ ​စေတနာ​ရောင်​ပြန်​ဟပ်​ပါတယ်

ရင်းရင်းနှီးနှီးဘဲ‌ခေါ်ပါဦးယုရယ်‌။

မေတ္ထာဖြင့် ထုံမွမ်းနေသော စေတနာဖြင့် ပြုလုပ်အပ်သော အရာတို့သည် ချိုမြိန်သော အရသာကို ပေးစွမ်းနိုင်ကြပါပေသည်

ဟုတ်‌ပါတယ်‌ဦးစိုး‌ရေ။‌ကျေးဇူးပါ‌နော်‌။

ွဘာလုပ်လုပ်​​စေတနာပါ​တော့​ကောင်းပါတယ်​...

Posted using Partiko Android

ဟုတ်‌ပါတယ်‌ညီမ။

အဓိကက​စေတနာပါ ​စေတနာနဲ့​ဆေးကုရင်​ ​ဆေးမစွမ်း​တောင်​​ရောဂါက​ပြောက်​သတဲ့ ကိုမ​ဟော်​​ရေ့

Posted using Partiko Android

‌စေတနာပါ‌တော့ ဖတ်‌လို့‌ကောင်းတာ‌ပေါ့ ဘဘကြီးရာ။

စေတနာလေားတွေ စားသုံးသွားပါတယ် ပြန်လည် မျှဝေနိုင်ဖို့တော့ ကြိုးစားရဦးမည် ။

‌တွေ့ မြင်‌ရပါတယ်‌ကိုဒို။‌ကျေးဇူးပါ။

ဟုတ်တယ်အကို။ဒါကြောင့်ဘာလုပ်လုပ်စေတနာထားပြီးလုပ်သင့်ပါတယ်

ရှမ်းကြိုက်ရင်နွားချောဆိုတဲ့စကားပုံရှိတယ်လေ ကိုမဟော်ရဲ့။

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 61618.64
ETH 3009.45
USDT 1.00
SBD 3.78