"ဗိုလ်‌လုပ်‌ချင်‌တယ်‌ဆိုတာ လွယ်‌သလား ခက်‌သလား ရာမ"

in #myanmar6 years ago

FB_IMG_1524973561560.jpg

ချစ်‌ခင်‌‌လေးစားအပ်‌ပါ‌သော Steemit ညီအစ်‌ကိုများ မင်္ဂလာပါ။အ‌ကြောင်းအရာတစ်‌ခု အဖြစ်‌အပျက်‌တစ်‌ခု လုပ်‌‌ဆောင်‌ချက်‌တစ်‌ခုဟာ ‌ဘေးက ကြည့်‌‌နေတာနဲ့ ကိုယ်‌တိုင်‌ကြုံ‌တွေ့ရခြင်းအ‌ပေါ်မှာ ခံယူမှု ခံစားမှု‌တွေဟာ ‌တော်‌‌တော်‌ကွာခြားကြတယ်‌။ကိုယ်‌ချင်းစာတရား‌တွေ ၊လုပ်‌ကိုင်‌နိုင်‌တဲ့ စွမ်းရည်‌‌တွေ ခဏထားပါဦး။ မြင်‌တဲ့ရှူ‌ထောင့်‌တစ်‌ခုတည်းကို ‌အရမ်းကွာခြားလွန်းပါတယ်‌။
သူတစ်‌ပါးတို့ ဖြစ်‌ပျက်‌သွားတဲ့ ကိစ္စ‌များကို ‌ဝေဖန်‌သုံးသပ်‌ကြရင်‌ တကယ့်‌ ပညာရှိသုခမိန်‌လို့ ထင်‌ရ‌လောက်‌‌အောင်‌ ‌တော်‌ကြတယ်‌။ သူတို့ခွဲခြမ်းစိတ်‌ဖြာပြီး ‌အကျိုးအ‌ကြောင်း‌လေး‌တွေ‌ထောက်‌ပြကြတာ တကယ်‌‌ကောင်းတယ်‌ဗျ။ ဒါက‌တော့ ဒီလိုမဖြစ်‌သင့်‌ဘူး၊ ဒီလိုလုပ်‌လိုက်‌ရင်‌မဆိုးဘူး။၊အခု‌တော့ ဒီလိုဆို‌တော့ မ‌ကောင်း‌တော့ဘူး၊စသဖြင့်‌ ‌ဘေးက‌နေပြီး ကိစ္စရပ်‌တစ်‌ခု အဖြစ်‌အပျက်‌တစ်‌ခုကို အကျိုးအ‌ကြောင်း ကြစွာ မှန်‌ကန်‌စွာ သုံးသပ်‌နိုင်‌ကြတယ်‌။ တစ်‌‌ယောက်‌နှစ်‌‌ယောက်‌မဟုတ်‌သလို တစ်‌ချို့တ‌လေလည်းမဟုတ်‌ဘူး‌နော်‌။ လူ၁၀၀ မှာ ၈၀ ‌ကျော်‌ ၉၀‌ လာက်‌က လုပ်‌သင့်‌လုပ်‌ထိုက်‌ ဖြစ်‌သင့်‌ဖြစ်‌ထိုက်‌ အမှားအမှန်‌ကို အလွယ်‌တကူ‌ပြောဆိုနိုင်‌ကြတယ်‌။ ပညာတတ်‌မှမဟုတ်‌ပါဘူး။အချို့ဆို အချက်‌ကျကျ ‌ထောက်‌ပြ‌ပြောဆိုတာ ‌ရှေ့‌နေတစ်‌‌ယောက်‌ ‌လျှောက်‌လဲချက်‌‌ပေးတယ်‌လို့‌ ထင်‌ရ‌လောက်‌‌အောင်‌ ‌ကောင်းမွန်‌လှတယ်‌။

rvln0n05b7.jpg
crd.org.source

လူတိုင်းလူတိုင်းဟာ ‌ကောင်းတာကိုလုပ်‌ချင်‌တယ်‌ ၊‌ကောင်း‌ကောင်‌ဝတ်‌ ‌ကောင်း‌ကောင်းစား ‌ကောင်း‌ကောင်း‌နေထိုင်‌ချင်‌တယ်‌၊ ‌ကောင်းမွန်‌‌သောသမိုင်းကို ကမ္ဗည်းထိုးချင်‌တယ်‌၊ကိုယ့်‌သားသမီး ကိုယ့်‌မိသားစုကိုလည်း အ‌ကောင်းဆုံး‌သောအရာ‌တွေ ဖြည့်‌ဆည်း‌ပေးချင်‌တယ်‌၊အမှားမရှိ‌သော ပုဂ္ဂိုလ်‌ဖြစ်‌လိုသလို သမာသမတ်‌ကျ‌သောလူသားလည်းဖြစ်‌ချင်‌ကြပါတယ်‌။
ကိုယ်‌နှင့်‌မဆိုင်‌‌သော အဖြစ်‌အပျက်‌ ၊ အ‌ကြောင်းအရာ၊အမှုကိစ္စ‌တွေမှာ မှန်‌ကန်‌စွာ သုံးသပ်‌နိုင်‌ပြီး ကိုယ်‌နှင့်‌သက်‌ဆိုင်‌တာကြ‌တော့ ဘာလို့ မလုပ်‌နိုင်‌ကြတာပါလိမ့်‌။ ‌တွေးစရာ မ‌ကောင်းဘူးလား။ ခရီးအကွာအ‌ဝေးမှာ သတ်‌မှတ်‌ထားတဲ့ မိုင်‌တိုင်‌ဆိုတာရှိသလို ဘယ်‌ပညာရပ်‌မဆို သူ့ရဲ့ အရည်းအချင်းကို‌ဖော်‌ပြတဲ့ level ဆိုတာ ရှိပါတယ်‌။ ‌ဝေဖန်‌သုံးသပ်‌တဲ့‌နေရာမှာ သူနဲ့ပက်‌သက်‌တဲ့ အရည်းအချင်း(skill) မရှိဘဲ ‌ပြောလို့ရ‌ပေမယ့်‌ ကိုယ်‌တိုင်‌ လုပ်‌ကိုင်‌ရင်‌ ကိုယ်‌‌ပြောသလို မဖြစ်‌တာက လိုချင်‌တဲ့ ရလာဒ်‌ရဲ့ level မ‌ရောက်‌လို့ပါ။

35738998_713338875724493_6089956140429344768_n.jpg
crd.org.source

။အလွယ်‌ကူဆုံး ဥပမာပြရရင်‌ ‌ဘောလုံးပွဲတစ်‌ပွဲကို ကြည့်‌တယ်‌ဆိုပါစို့။ ဟိုလိုလုပ်‌လိုက်‌ပါ၊ကွင်းလယ်‌ကဘယ်‌လို၊‌ရှေ့တန်းက တိုက်‌စစ်‌မဖွင့်‌လို့၊‌နောက်‌တန်းက ဘယ်‌လိုလူကပ်‌‌နေလည်းမသိဘူး၊ဒီလိုအချိန်‌မှာ ‌နည်းပြက နည်းစနစ်‌‌ပြောင်းသင့်‌ပြီ၊ဘယ်‌လိုဦး‌နှောက်‌နဲ့ ဒီစကားကွက်‌ကို မ‌ပြောင်း‌သေးတာလဲ၊ဂိုးသမားက ကြက်‌ဖမ်း ဖမ်း‌နေတယ်‌စသဖြင့်‌ ‌ပြောဆိုသံ‌တွေကြားဖူးကြမှာပါ။အချို့ဆို ‌ဘောလုံးအကယ်‌ဒမီ‌ကျောင်းက ဆင်းလာရသလား ‌အောက်‌‌မေ့ရတယ်‌။ ‌ဘောလုံးပွဲတစ်‌ပွဲကို သုံးသပ်‌တာများ ချီးကျူးစရာအရမ်း‌ကောင်းတယ်‌။ ကမ္ဘာ‌ကျော်‌ ‌မော်‌ကြီးလည်းရစရာမရှိသလို ကမ္ဘာ့အ‌ကောင်းဆုံးသမား ဒို‌လေးလည်း ဆဲခံရတာမိုးမွှန်း‌နေတာဘဲ။ ပွဲကြိုသုံးသပ်‌ချက်‌ ၊ပွဲပြီးသုံးသပ်‌ချက်‌ ‌ပြောကြားတဲ့ TV အစီအစဉ်‌က တင်‌ဆက်‌တဲ့ပုဂ္ဂိုလ်‌‌တွေဆို ပို‌တောင့်‌ အံ့သြဘို့‌ကောင်း‌သေး။ ပညာရပ်‌ဆန်‌ဆန်‌ ပ‌ရော်‌ဖက်‌ရှင်‌နယ်‌ကျကျ ‌ပြောဆိုကြတာ။ တစ်‌ခုဘဲ ပွဲကြိုတစ်‌မျိုး ပွဲပြီးတစ်‌မျိုး ‌ပြောတာ‌လေးပါဘဲ။‌နောက်‌တစ်‌ခုက ဆဲဆိုခံရတဲ့သူက ‌ပြောပြလို့မရ‌အောင်‌လစာများ‌နေတဲ့ ကမ္ဘာ့ထိပ်‌တန်း‌တွေပါ။ ဟုတ်‌ပြီ သူတို့‌ပြောတာမမှန်‌ဘူးလားဆို‌တော့ မှန်‌တာဘဲ။ကျွန်‌‌တော်‌ဆိုလိုချင်‌တာကို မြင်‌‌လောက်‌ပါပြီ‌နော်‌။
ကိုယ့်‌မှာရှိတဲ့အရည်‌အချင်း level ‌လောက်‌ဘဲ ကိုယ်ဖြတ်‌‌သန်းခွင့်‌ ‌လျှောက်‌လှမ်းခွင့်‌ ရကြတယ်‌။သိ‌သ‌လောက်‌ မလုပ်‌နိုင်‌ခြင်းဟာ လိုအပ်‌တဲ့ levelမ‌ရောက်‌လို့ မလုပ်‌နိုင်‌ပါဘူး။အဓိက ကျွန်‌‌တော်‌‌ဆွေး‌နွေးချင်‌တာက တစ်‌ကြိမ်‌သာ‌လျှောက်‌ခွင့်‌ရမယ့်‌ လမ်းမှာ ဘယ်‌လို‌လျှောက်‌မလဲ။ သူတစ်‌ပါးကို သုံးသပ်‌နိုင်‌တဲ့အမြင်‌မျိုးနဲ့ ကိုယ်‌တိုင်‌‌လျှောက်‌နိုင်‌ရင့်ဘဝ‌မှာအောင်‌မြင်‌မယ်‌ဆိုတာ ‌ပြောစရာ‌တောင်‌လိုမယ်‌မထင်‌ပါဘူး။

images.jpeg
crd.org.source

တစ်‌ခု‌တော့ ‌ပြောစရာရှိတာ‌ပေါ့။ ဗိုလ်‌‌အောင်‌ဒင်‌ ‌ပြောသလို‌ပြောရရင်‌ ဗိုလ်‌လုပ်‌ချင်‌တယ်‌ဆိုတာ လွယ်‌သလား ခက်‌သလား ရာမ လို့ဘဲ ‌ပြောရမယ်‌။" သမိုင်းဆို‌သောမှတ်‌တမ်းဆရာကြီးက ရာဇဝင်‌မှာ ကမ္ဗည်းထိုးဘို့ သင်‌တို့ကို‌စောင့်‌ကြည့်‌‌နေတယ်‌ " လို့ ‌ပြောကြားရင်း နိဂုံးချုပ်‌လိုက်‌ပါတယ်‌။

MSC - 228
@mahaw

Sort:  

ရေးထားတာလေးက လိုသလိုဆွဲယူနိုင်တယ် မြင်နိုင်တယ်လို့ ထင်ရပေမဲ့ အကြောင်းအရာတစ်ခုကို မိမိဝေဖန်သုံးသပ်သလို ကိုယ်တိုင်လက်တွေ့ကျကျ ကြိုးစားလုပ်ဆောင်ကြရင်ဖြင့် အောင်မြင်သောသူတွေ ဖြစ်လာကြမယ်လို့ ဦးတည်ထားတာလေးလို့ ထင်မြင်မိပါတယ်။ရည်ရွယ်ချက်ကောင်းမွန်သော post လေးပါအစ်ကို။

မှန်‌ပါတယ်‌ ကိုသန့်‌‌ရေ။အဓိပ္ပာယ်‌ကို စာဖတ်‌သူဘဲ ဆုံးဖြတ်‌ခွင့်‌‌ပေးထားတာ ။‌လေးစားလျက်‌

အတွေးတွေက ဆန်းသစ်ပါ့ဗျာ

မဟုတ်‌ပါဘူးဗျာ။ဒီလိုဘဲ ‌ရေးမိ‌ရေးရာ ‌ရေးလိုက်‌တာပါ။

မလွယ်ပါဘူး ကိုကြီးမဟော်

လွယ်‌‌အောင်‌လုပ်‌ရမှာ‌ပေါ့ ညီရာ။လုပ်‌ချင်‌ရင်‌ ဖြစ်‌ပါတယ်‌။‌ကျေးဇူးပါညီ။

This post has received a 5.25 % upvote from @booster thanks to: @mahaw.

လက်ညှိုးလေး ကွေးတတ်ဖို့ ဆယ်နှစ်ဆယ်နှစ်လားဗျ

ဟားးးးး !လက်ညိုှး‌လေး ‌ကွေးတတ်‌ဘို့ လိုတယ်‌။

တော်တန် Skill နဲ့ တော် အလွယ်တကူ ဝေဖန်ဖို့ မဖြစ်နိုင်ဘူး
လွယ်သလားဆိုတော့ လွယ်မယ်ထင်သလို ခက်ခဲနေပါလိမ့်မယ့် အကိုကြီးရေ

လွယ်‌ခြင်း ခက်‌ခြင်းက ကိုယ့်‌အ‌ပေါ်မှာသာ မူတည်‌ပါတယ်‌ညီ။

Steemမှာတောင် ကိုယ့် Rp ကိုယ်မြှင့်ယူရတာဘဲ

မိမိကိုယ်‌သာ မိမိ မြှင့်‌တင်‌ရတာပါ။‌ကျေးဇူးပါညီမ။

သနပ်​ ​မောင်းတံ​ကို လက်​ညှိုး​လေး​ကွေးတပ်​ယုံနဲ့
ဗိုလ်​ ဖြစ်​တာ ​လောင်း​လောင်းအဂိုးမှာ ချန်​ခဲ​တော့

ဟားး !

တစ်​ခုခု​ဝေဖန်​မယ်​ဆိုကိုယ့်​မှာလည်းပြည့်​ပြည့်​၀၀နားလည်​ထားမှ​ဝေဖန်​သင့်​တယ်​ဆိုတဲ့သ​ဘောမျိုးလား?bro.....​ကောင်း​သောပိုစ့်​ပါ...

‌ရေးထားတာက လိုသလို ဆွဲယူလို့ရတယ်‌။‌ကျေးဇူးပါညီမ။

မလွယ်ပါဘူး ရူးနိုင်တယ်

‌ခေါင်းစဉ်‌တပ်‌လိုက်‌မှ ‌တွေးစရာ‌တွေ များသွားတာ။‌ရေးတုန်းက တစ်‌မျိုး။

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 63134.74
ETH 3052.94
USDT 1.00
SBD 3.81