ဘဝရဲ့တန်ဘိုးကို ဘာနဲ့ တိုင်းတာသလဲ

in #myanmar5 years ago

FB_IMG_1524973561560.jpg

မင်္ဂလာပါ မိတ်ဆွေအပေါင်းတို့ ။
ကျွန်တော် တွေးမိသောအတွေးလေးတစ်ခုကို တင်ပြပါရစေ။ ဘဝရဲ့ တန်ဘိုး တို့  အောင်မြင်မှုတို့ ဆိုပြီး စကားလုံး ကြီးကြီးတွေ မပြောလိုပါဘူး။ ပတ်ဝန်းကျင်မှာ မြင်တွေ့ ရတာကို တွေးမိခြင်းပါ။ ညနေ၃နာရီလောက်ဆို ကျွန်တော် ကလေးကျောင်းကြိုရပါတယ်။ ကျောင်းမလွှတ်ခင် ကျောင်းရှေ့မှာ မြင်ကွင်းစုံပေါ့။ အင်းတကော်က မိတ်ဆွေတော်တော်များများကို ဆုံဖြစ်တဲ့နေရာပါ။ ကားရှိတဲ့သူက ကား ဆိုင်ကယ်ရှိတဲ့သူက ဆိုင်ကယ် နဲ့ လာကြိုကြပါတယ်။

images (17).jpeg

crd.org.source

လူတစ်ယောက်ကို သတိထားမိတယ်။ သူဟာ လူရိုးလူအေးပုံစံပါ။ အသောက်အစားမရှိဘူး။ စကားပြောပုံဟာ ယဉ်ကျေးသလို ဖော်ရွှေစွာဆက်ဆံတတ်တယ်။ တစ်နေ့ သူ့ ကိုဘယ်မှာတွေ့လဲဆိုတော့ အလှူခံမဏ္ဍတစ်ခုမှာ မိုက်နဲ့ ဟောပြောနေတာ တွေ့ မိတယ်။ နားထောင်ရသလောက် ပြောပုံဆိုပုံတွေဟာ နှံ့နှံ့ စပ်စပ်သိပုံရပါတယ်။ ရပ်ကွက်ရဲ့ သာရေးနာရေးမှာ ဦးဆောင်ဦးရွက်ပြုလုပ်နေတာ မြင်တွေ့ ရပါတယ်။ ဆိုင်ကယ်မစီးတတ်လို့  သူ့ သမီးလေးကို ဆိုက်ကားကိုကိုယ်တိုင်မောင်းပြီး ကျောင်းပို့ ကျောင်းကြိုလုပ်နေတာ တွေ့ ရပါတယ်။ နေပုံထိုင်ပုံအေးတယ် ဘာသာရေးကိုင်းရှိုင်းတယ်။ ဖော်ရွှေတယ်ပေါ့ဗျာ။

images (18).jpeg

crd.org.source

နောက်တစ်ခု သတိထားမိတာက အခြားတစ်ဦး။ ကျောင်းလာကြိုရင် ကိုယ်ပိုင်ကားနဲ့  သူ့ ခလေးကို ကြိုလေ့ရှိတယ်။ အသောက်အစားရှိတယ်။ ဒီခေတ်စကားနဲ့ပြောရရင် လူလည်ပေါ့။ မိန်းမကိစ္စလည်း သတင်းထွက်တယ်ဆိုပါတော့။ အသောက်အစားရှိတယ် နည်းနည်းရှုပ်တယ် ဒါပေမယ့် ငွေရှာနိုင်တယ်ပေါ့။ ဟုတ်ပြီထိုနှစ်ယောက်မှာ ဘယ်သူဟာ တန်ဘိုးရှိသော သူ ဘယ်သူဟာ သာတဲ့သူလဲလို့ ကျွန်တော်တွေးမိလို့ ပါ။ သူတို့ ရဲ့ခြားနားမှုပုံစံမြင်ရတော့ သတိထားမိခဲ့တာပါ။ ကိုယ်ပိုင်ကားစီးတဲ့သူက ဘယ်လိုကြောင့်ချမ်းသာနေလဲမသိပေမယ့် အရက်ကလေးတစ်မြမြနဲ့အမြဲတွေ့ ရတယ်။ ကိုယ်ပိုင်လုပ်ငန်းထောင်ထားတာတော့ မတွေ့ မိဘူး။ ဒါပေမယ့် သူကားစီးနိုင်တာတော့ ကြာပြီ။ဟိုအစ်ကိုကြတော့ ဆိုက်ကားစုတ်လေးနဲ့ တွေ့ ရတာ ကြာပြီ။သူတို့ နှစ်ယောက်ရဲ့ တန်ဘိုးကို ဘာနဲ့ပိုင်းဖြတ်ကြမလဲ။ မိတ်ဆွေတို့ နည်းနည်း တွေးကြည့်ပေးပါဦး။
၁။မိသားစုအတွက် မည်သူဟာ တန်ဘိုးရှိသလဲ
၂။ရောက်လာတဲ့ လူ့ ဘဝလေးမှာ မည်သူဟာတန်ဘိုးရှိစွာ ဖြတ်သန်းနေသလဲ။
၃။ထိုနှစ်ယောက်မှာ လူ့ တန်ဘိုး ဘယ်သူကပိုမြင့်မားသလဲ။
အထက်ပါမေးခွန်းကို မိတ်ဆွေတို့ ရဲ့  သုံးသပ်ချက်လေး နားထောင်ချင်မိတယ်ဗျာ။ ဖြစ်နိုင်ရင် နည်းနည်းလောက် မန့် ပေးခဲ့ပါဦး။ကျွန်တော့်အမြင်ကိုတော့ Cmမှာဘဲဖြေပါရစေ။အဓိက သိချင်တာက ဘဝရဲ့တန်ဘိုးကို နဲ့ တိုင်းတာတာလဲ ဘယ်လိုပိုင်းဖြတ်တာလဲသိချင်လို့ ပါ။ကျေးဇူးပြု မိတ်ဆွေရဲ့ အမြင်ကို ပြောကြည့်ပါဦးနော်။
အားလုံးကျန်းမာချမ်းသာပါစေလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

MSC -228
@mahaw

Sort:  

ကျေနပ်မှုနဲ့တိုင်းတာပါတယ်

Posted using Partiko Android

ကျေးဇူးပါကိုစော။

This post has received a 6.79 % upvote from @boomerang.

Thank for your support.

မိသားစု နဲ့ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်တဲ့လူက
ပိုပြီးတန်ဖိုးရှိမယ်လို့ ထင်ပါတယ်။

Posted using Partiko Android

ပြောပြပေးလို့  ကျေးဇူးပါbro။

လူအမျိုးမျိုး စိတ်အထွေထွေ တန်ဖိုးထားမှု ကွာသလေ

Posted using Partiko Android

မှန်ပါတယ်ကိုဟိန်း။ ကျေးဇူးပါဗျ။

အတိတ်ကံမတူလို့ ထင်တာပဲ လက်ရှိဘဝတော့ ဆိုက်ကားနဲ့ လူဟာ တန်ဖိုးရှိတဲ့သူပါအကို

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.032
BTC 63585.64
ETH 3035.86
USDT 1.00
SBD 3.84