လွတ်လပ်ရေးနေ့ အမှတ်​တရ

in #myanmar5 years ago

လွတ်လပ်ရေးနေ့ အမှတ်​တရ

ဒီ​နေ့ဟာ ကျွန်​​တော်​တို့ မြန်​မာနိင်​ငံရဲ့ လွတ်​လပ်​​ရေး​နေ့ ဖြစ်​ပါတယ်​ ခင်​ဗျာ။
လွတ်​လပ်​​ရေး​နေ့ ဖြစ်​​သော​ကြောင့်​ ကျွန်​​တော်​တို့ နိင်​ငံတွင်း အစိုးရ ရုံးများ ​ကျောင်းများ ပိတ်​ကာ ​ပျော်​ပွဲ ရွင်​ပွဲများကျင်းပ​နေကြပါတယ်​။

image

ကစားနည်း​တွေက​တော့ အစုံပါပဲဗျာ။
ခေါင်းအုံးရိုက်​ပြိုင်​ပွဲ​တွေ ​ချောတိုင်​တက်​ပွဲ​တွေ အ​ပြေးပြိုင်​ပွဲ အစား ပြိုင်​ပွဲ အကုန်​ ကျင်းပ​နေကြတာ ​ပျော်​စရာ ​ကောင်းလှပါတယ်​ဗျာ။
ဒီ​တော့ ဒီ​နေ့ဒီရက်​မှာ ကျွန်​​တော့်​ မိတ်​​ဆွေများလည်း ​ပျော်​ရွင်​​နေကြမယ်​လို့ ယုံကြည်​ပါတယ်​ဗျာ။

လွတ်​လပ်​​ရေး​နေ့ အ​ကြောင်း ကျွန်​​တော်​ ဖတ်​မိသ​လောက်​ သိသ​လောက်​က​လေးက​တော့

တတိယ အင်္ဂလိပ်-မြန်မာစစ်ပြီးသောအခါ ကျွန်​​တော်​တို့ မြန်မာနိုင်ငံဟာ အင်္ဂလိပ်လက်အောက်သို့ ကျရောက်ခဲ့ရသည်။၁၉၄၂ ရောက်တဲ့အခါမှာတော့ အင်္ဂလိပ်တွေကို ဂျပန်အကူညီနဲ့ တိုက်ထုတ်နိုင်ခဲ့ပါတယ်။၁၉၄၂ မှ ၁၉၄၄ အထိ ဂျပန်နဲ့ လက်တွဲခဲ့သော်လည်း ၁၉၄၅ မှာတော့ လက်တွဲဖြုတ်ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၇ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာတော့ ဗိုလ်ချုပ်အောင်ဆန်း ဟာ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့အတူ ပင်လုံ စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။ထို့နောက်မှာတော့ ဗိုလ်ချုပ်အောင်ဆန်း နဲ့ အတူ ဝန်ကြီးများ လုပ်ကြံခံခဲ့ရပါတယ်။

ဗိုလ်ချုပ် နဲ့ ခေါင်းဆောင်ဝန်ကြီးများရဲ့ အသက်ပေးကြိုးပမ်းမှုကြောင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာတော့ မြန်မာနိုင်ငံဟာ လွတ်လပ်သောအချုပ်အချာ အာဏာပိုင် နိုင်ငံဖြစ်လာခဲ့ပါတယ်။

image

ဒါ​ကြောင့်​ ကျွန်​​တော်​တို့ရဲ့ လွတ်​လပ်​​ရေး ​နေ့ အထိမ်းအမှတ်​အဖြစ်​ မြို့တိုင်း နယ်​တိုင်းမှာ အားကစားပွဲ​တော်​များ ကျင်းပ​ပေးကြပါတယ်​။
ဟုတ်​ကဲ့ ဒီ​နေ့က​တော့ ၇၁ နှစ်​​မြောက်​ မြန်​မာနိုင်​ငံရဲ့ လွတ်​လပ်​​ရေး​နေ့ဖြစ်​ပါတယ်​ ခင်​ဗျာ။

@lwanwai
Msc 045

Steemmonsters Game ​လေး ကို စိတ်​ဝင်​စားလို့ ​ဆော့ချင်​ရင်​ ​အောက်​က Link က​နေ ဝင်​​ရောက်​ကစားနိင်​ပါတယ်​ ခင်​ဗျာ။

Steemmonsters ဂိမ်း ကစားရန်

https://steemmonsters.com?ref=lwanwai

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ငယ်ငယ်တုန်းက လွတ်လပ်ရေးနေ့ဆို အရမ်းပျော်ခဲ့တာ

ဟုတ်​တယ်​ မမစု တူတူပဲ 😊

Posted using Partiko Android

လွပ်​လပ်​​ရေး​နေ့နဲ့တိုက်​ဆိုင်​​တော့ ​ကောင်းပါတယ်​ဗျာ

ဟုတ်​တယ်​ ကိုယု ​ရေ 😊

Posted using Partiko Android

ဟုတ်​တယ်​ ကိုယု ​ရေ 😊

Posted using Partiko Android

တကယ် လွတ်လပ်ကြပါစေ မြန်မာပြည်

Posted using Partiko Android

ငယ်ငယ်ကလွတ်လပ်ရေးနေ့ မှာပြိုင်ပွဲတွေထဲကအပြေးနဲ့အပ်ချည်ထိုးပွဲဝင်ပြိုင်တာပျော်စရာ

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 63517.53
ETH 3062.83
USDT 1.00
SBD 3.81